Selected Filter (s): အားလုံး

ပုံစံ : အားလုံး

အားလုံးကိုရှင်း

Փտվ 12 2020

Life is Beautiful | Myanmar Signature : The Untold Story

Life is Beautiful - Reveal the untold story of Mrs Chit Chit, 95 years old, who once dream of being a famous woman but unfortunately the war happened. Let’s see how her life unfolds.

Read More
Հնվ 31 2020

ကမ္ဘာ့ကင်ဆာနေ့ : ကင်ဆာကင်းစင်သောကမ္ဘာသို့ အတူတကွချီတက်ခြင်း

ကင်ဆာရောဂါသည် ၂၁ ရာစုတွင် ကျွန်ုပ်တို့၏ကျန်းမာရေးနှင့် သုခချမ်းသာအပေါ် အကြီးမားဆုံး ရန်သူတစ်မျိုး ဖြစ်သည်။ လက်ရှိနှုန်းအားဖြင့် ၄င်းသည် သေဆုံးရသည့် နံပါတ်တစ်အကြောင်းရင်းအဖြစ် နှလုံးရောဂါထက် မကြာမီ ပိုများလာလိမ့်မည် ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးနီးပါး မည်သူမျှ ကင်ဆာရောဂါဖြင့် မကင်းကွာနိုင်ပါ။ အနဲဆုံး တစ်ဦးတယောက်သည် ကင်ဆာဖြစ်ဘူးကြောင်း သို့မဟုတ် မသိမသာကပ်လွဲကြောင်း ကျွန်ုပ်တို့အားလုံး သိရှိကောင်း သိရှိကြမည် ဖြစ်သည်။

Read More
Հնվ 21 2020

ကုသမှုဆန်းစစ်ချက် : ဆေးဝါးကျွမ်းကျင်သူ၏အမြင်ရှုထောင့်

“လူနာတိုင်း မိမိမှာ ကင်ဆာရောဂါရှိကြောင်း သိရတဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုရှိတာ ဓမ္မတာဖြစ်ပါတယ်။ ကင်ဆာ လူနာများဟာ စိတ်ရောကိုယ်ပါ အထူးပြုစုစောင့်ရှောက်မှု လိုအပ်ပါတယ်။ ဒီလူနာများ Bumrungrad ဆေးရုံမှာ ကုသမှုခံယူဖို့ ဆုံးဖြတ်ချက်ချတဲ့အခါ ကျမတို့ရဲ့ အသိပညာတွေကို အထူးနက်ရှိုင်းစွာ ဆန်းစစ်လေ့လာဖို့လိုအပ်ပြီး လူနာများရဲ့ လိုအပ်ချက်များနဲ့ ကိုက်ညီမှုရှိဖို့ လိုအပ်ပါတယ်။ ကျမတို့အနေနဲ့ အဟန့်အတားများကို အပြုံးသို့ တနည်းနည်းဖြင့် ပြောင်းလဲပေးရပါမယ်။  ဘာလို့လဲဆိုတော့ အားပေးစကားတစ်ခွန်းက ဆေးဝါးကောင်းတစ်ခွက်ပမာ အလွန်အရေးပါလို့ ဖြစ်ပါတယ်။ ဒါကို ကျမတို့ ဒီလိုလုပ်ဆောင်ပေးရတဲ့အတွက် ဂုဏ်ယူပါတယ်”

Read More
Հնվ 10 2020

ရင်းနှီးမြှုပ်နှံသူတယောက်မှ ရှယ်ယာကစားခြင်းသည် ကင်ဆာရောဂါပျောက်ကင်းမှုကို ဦးတည်စေခြင်း

ဤဇာတ်လမ်းသည် ဆွစ်လူမျိုး ရင်းနှီးမြှုပ်နှံသူတစ်ဦးမှ ၄င်း၏ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် ဆုံးဖြတ်ချက်ချခဲ့သူ စတော့ဈေးကွက်တွင် လုပ်ကိုင်နေစဉ် ဆေးရုံ၌ ဆေးကုသမှုရှာဖွေသူ Rudolf ၏ဇာတ်လမ်း ဖြစ်သည်။ “ကျနော် Bumrungrad ဆေးရုံအကြောင်းကို ဆွစ်ဇာလန်နိုင်ငံမှာ အခြေစိုက်တဲ့ ငွေကြေးဆိုင်ရာအဖွဲ့အစည်းမှာ စတော့ဈေးကွက် ရင်းနှီးမြှုပ်နှံမှု ရှာဖွေနေတဲ့ ကျနော့်အလုပ်ကနေ ပထမဦးစွာ သိခဲ့ပါတယ်။ Bumrungrad ဆေးရုံက ကျနော့်ရင်းနှီးမြှုပ်နှံမှုရွေးချယ်စရာတွေထဲမှာ အလွန်စိတ်ဝင်စားဖွယ် ကောင်းတဲ့ စတော့တွေထဲကတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ဆေးကုသစောင့်ရှောက်ရေးစံချိန်မြင့်မားတဲ့ ဂုဏ်သတင်းကြောင့် ဖြစ်ပါတယ်။ တနေ့မှာ ကျနော်ကိုယ်တိုင် ကင်ဆာရောဂါလူနာ ဖြစ်လာလိမ့်မယ်လို့ ကျနော် ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။ ဒါပေမဲ့ ကျနော်မှာ ရောဂါတွေ့ရှိရတဲ့အခါမှာ အချိန်ကုန် မခံဘဲ Bumrungrad ဆေးရုံ Horizon ကင်ဆာဌာနကို သွားရောက်ခဲ့ပါတယ်။”

Read More
Դկտ 24 2019

နောက်ထပ်ဂိမ်းအပြောင်းအလဲကြုံတွေ့ခြင်း - Wow အပြည်ပြည်ဆိုင်ရာကျွမ်းကျင်သူများ ESMO ၂၀၁၉ ခုနှစ်ပြပွဲတွင် ချို့ယွင်းသော DNA ပြုပြင်ရေးယန္တယားကို တိုက်ဖျက်သည့်ဆေးဝါးများ

ဥရောပဆေးဘက်ဆိုင်ရာကင်ဆာနှစ်ပတ်လည်အစည်းအဝေးသည် တကမ္ဘာလုံးမှ ကင်ဆာကျွမ်းကျင်သူများ အများဆုံး စုစည်းမှုများမှ တစ်ခုဖြစ်သည်။ နှစ်စဉ် သုတေသနရှင်များနှင့် ဆရာဝန်များသည် ကင်ဆာလူနာများအတွက် ကုသမှုပေးရာတွင် ၄င်းတို့၏ တွေ့ရှိချက်များနှင့် အတွေ့အကြုံများကို မျှဝေရန် လာရောက်ကြသည်။ ESMO ၂၀၁၉ ပြပွဲအတွက် RARP ဟန့်တားရေးဒြပ်များသည် ဘယ်ပြန်ညာပြန်လက်သီးထိုးသကဲ့သို့ ပွဲကြည့်ပရိတ်သတ်များကို အံ့အားသင့်စေမည့် သုတေသန တွေ့ရှိချက်ဖြင့် ပြပွဲအာရုံစူးစိုက်မှု ခံရသည်။

Read More
Դկտ 18 2019

Horizon အကြောင်း : Horizon ကင်ဆာဌာနလာရောက်ပြီးနောက် ဘဝသစ်

လက်တလှမ်းအမှီ ရယူနိုင်သော အဓွန့်ရှည်စွာ တည်တံ့သော မျှော်လင့်ချက်ဟု အဓိပ္ပါယ်ဖော်ဆောင်သည့် Horizon ၏သင်္ကေတ အကြောင်းကို Horizon ကင်ဆာဌာန၏တံဆိပ်အသစ်အကြောင်း ဖော်ပြခြင်းမရှိဘဲ ပြောပြရန် အလွန်ခက်ခဲသည်။

Read More
Դկտ 11 2019

ကင်ဆာပင်လယ်ဖြတ်သန်းခြင်း : သင်၏ဆရာဝန် သင်၏လမ်းကြောင်းပြလမ်းညွှန်

မြေပုံသည် ရေလမ်းခရီးသွားများအား သူတို့၏ပန်းတိုင်ခရီးသို့ လမ်းကြောင်းပြ လမ်းညွှန်ပေးသကဲ့သို့ Horizon ကင်ဆာဌာနမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၏ ရောဂါစစ်ဆေးမှုနှင့် လမ်းညွှန်ချက်သည် ကောင်းမွန်သောကျန်းမာရေးသို့ ပြန်လည်ရောက်ရှိစေရန် လူနာများအား လမ်းကြောင်းပြ ကူညီပေးသည်။ “လာရောက်တဲ့လူနာတိုင်း နာကျင်မှုတွေ စိုးရိမ်မှုတွေ ပြည့်နှက်နေပါတယ်။ ကျနော်တို့ ကင်ဆာရောဂါ ဆက်လက်ရင်ဆိုင်တိုက်ခိုက်ဖို့ ယုံကြည်ချက် မျှော်လင့်ချက်တွေနဲ့ အဲဒါတွေကို နှစ်မြှုပ်ရမယ်။ ကျနော်တို့ တန်ဖိုးအရှိဆုံးအရာတစ်ခု သူတို့ကို ပေးနိုင်တာကတော့ ကျနော်တို့ရဲ့ အာရုံစူးစိုက်မှုရှိပြီး ကျွမ်းကျင်မှုရှိတဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့ ဖြစ်ပါတယ်။” ဟု ကင်ဆာရောဂါနှင့် သွေးအထူးကုဆရာဝန် Horizon ကင်ဆာဌာန၏ တွဲဖက်ဒါရိုက်တာ Dr. Narongsak Kiatikajornthada မှ ဆေးဘက်ဆိုင်ရာဝန်ထမ်း၏တာဝန်ကို ပြောပြသည်။

Read More
Դկտ 02 2019

၂၀၁၉ ခုနှစ် ဆေးဝါးဆိုင်ရာနိုဘယ်ဆု : အောက်ဆီဂျင်ခံစားသိရှိခြင်းနှင့် ကင်ဆာရောဂါ “ပိတ်ပင်မှု” သဲလွန်စ

အောက်ဆီဂျင်သည် လူသားများ အသက်ရှင်သန်မှုနှင့် သုခချမ်းသာရှိမှုအတွက် အဓိကဖြစ်ကြောင်း လူတိုင်း သိရှိပြီး ဖြစ်ပါသည်။ သို့သော်လည်း ကျွန်ုပ်တို့၏ဆဲလ်များ မည်သို့ ခံစားသိရှိပြီး အောက်ဆီဂျင်အဆင့် ပြောင်းလဲမှုကို မည်သို့ လိုက်လျောညီထွေ ရှိပါသလဲ? ၂၀၁၉ ခုနှစ် ဆေးဝါးဆိုင်ရာနိုဘယ်ဆုကို anti-VEGF ကုထုံး ကင်ဆာရောဂါ၏ခက်ခဲနက်နဲမှု ဖြေရှင်းရာတွင် သဲလွန်စသစ် ရှာဖွေတွေ့ရှိမှုအတွက် ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။

Read More
Նյմ 22 2019

ကင်ဆာအပေါ်စိတ်ထား : အကောင်းမြင်အတွေးအခေါ်သည် သင့်အား စိတ်လွတ်လပ်ပေါ့ပါးစေခြင်း

“အကောင်းမြင်တွေးခေါ်ခြင်း၊ သင့်အပေါ် ဖိအားအလွန်မပေးခြင်း၊ သင့်တွင်ကင်ဆာမရှိကြောင်း အမြဲယုံကြည်ခြင်း၊ ပုံမှန်ကဲ့သို့ ပျော်ပျော်ရွှင်ရွှင်နေထိုင်ခြင်း ဒါတွေကတော့ ကင်ဆာကုသရေးမှာ အဓိကသော့ချက် ဖြစ်ပါတယ်”

Read More