bih.button.backtotop.text

မြေပုံ၊ လမ်းညွှန်နှင့် တက္ကစီငှားရမ်းခြင်း

အောက်ပါတို့သည် ဧရိယာပြမြေပုံ၊ အင်တာနက်မြေပုံ (ဂူဂဲလ်မြေပုံ)၊ ဆေးရုံဝင်းလမ်းညွှန်နှင့် အောက်ဆုံးတွင် တက္ကစီငှားရမ်းခြင်းဆိုင်ရာ အချက်အလက်များနှင့် ဘမ်ရွန်ဂရက်သို့ မည်သို့လာရောက်ရန်တို့ကို ဖော်ပြထား ပါသည်။ 

Map_BH.jpg

Click to download map
                  

ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီး - အင်တာနက်မြေပုံ

 
View Larger Map
 

ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီး၏ ဗင်ကားဝန်ဆောင်မှု (တစ်ကြောင်းသာ)

ဘမ်ရွန်ဂရက်သည် ဘန်ကောက်မြို့၏ လေဆိပ်သစ်အတွင်းရှိ ဆိုက်ရောက်နေရာ (ဇုံ C) ၌ ကိုယ်ပိုင်ကောင်တာ ဖွင့်လှစ်ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် လူနာများကိုတွေ့ဆုံ၍ လေယာဉ်ပေါ်မှဆေးရုံသို့အရောက် အထူးဝန်ဆောင်မှု ပေးနေပါသည်။
 

 

Bumrungrad International Suvarnabhumi Airport Representative

 

လူနာနှင့်မိသားစုဝင်များ အဆင်ပြေစေရန်အတွက် ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီးမှ ဗင်ကားများဖြင့် သုဝဏ္ဏဘူမိလေဆိပ်ကြီးမှ ဆေးရုံ သို့မဟုတ် ဆေးရုံအနီးရှိဟိုတယ်များသို့ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ အခမဲ့ပို့ဆောင်ပေးနေပါသည်။ ထိုကားသည် တစ်နာရီခြားတစ်ခါ သုဝဏ္ဏဘူမိလေဆိပ်ကြီးမှ (စီးနင်းသူအရေအတွက်ပေါ်မူတည်၍) ထွက်ခွာပါသည်။

 
ဆေးရုံ၏လေဆိပ်ကိုယ်စားလှယ်ရုံး အကြောင်း အသေးစိတ်ဖတ်ရှုရန်။ 
 

More detail about Airport Representative
 

သုဝဏ္ဏဘူမိလေဆိပ်မှ တက္ကစီငှားရမ်းခြင်း

ဆေးရုံသို့ သင့်ကိုယ်ပိုင်အစီအစဉ်ဖြင့် လာရောက်လိုပါက တက္ကစီငှားခြင်းသည် အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်။ လေဆိပ်ပင်မအဆောက်အဦး မြေညီထပ်တွင် တက္ကစီငှားရမ်းပေးသည့်ဝန်ဆောင်မှုရှိသည်။ ပုံမှန်အားဖြင့်တန်းစီသည့်လိုင်းသည် ရှည်လျားသော်လည်း မြန်ဆန်မှုရှိပါသည်။ တက္ကစီငှားရမ်းကောင်တာမှ ဝန်ထမ်းအား ဘမ်ရွန်ဂရက် (ဘမ်လွန်လ ဟုအသံထွက်) ဆေးရုံ Bumrungrad Hospital ဟုသာပြောလိုက်ပါ။ ကျွနု်ပ်တို့ဆေးရုံကြီးသည် အလွန်လူသိများသော ဆေးရုံကြီးဖြစ်ပါသည်။
 
တက္ကစီယာဉ်မောင်းများအားလုံး မီတာဖွင့်မောင်းမမောင်း သတိပြုပါ။ ယာဉ်စီးခသည် ၃၅ ဘတ်မှ စပါမည်။
လေဆိပ်မှငှားသော တက္ကစီများအတွက် အပိုငွေ ဘတ် ၅၀ ပေးရပါသည် (သင့်ခရီးဆုံးသွားသောအခါမှ မီတာမှကျသင့်ငွေနှင့်ပေါင်းကာ ယာဉ်မောင်းအားပေးနိုင်သည်။) ဟိုင်းဝေးအမြန်လမ်းမှလာရန် အကြံပြုလိုပါသည်။ ဟိုင်းဝေးလမ်းသည် မိုးပေါ်လမ်းဖြစ်၍ ဘမ်ရွန်ဂရက်အနီး မြို့လယ်ခေါင်သို့ ရောက်ရှိဆင်းသက်ပါလိမ့်မည်။

လေဆိပ်မှ (သို့) ဘန်ကောက်မြို့တွင်းတစ်နေရာရာမှ တက္ကစီငှားစီးပါက ဘတ် ၁၀၀ တန်များ ဆောင်ထားစေလိုပါသည်။ တက္ကစီယာဉ်မောင်းအများစုတွင် ပြန်အမ်းရန်ငွေများများ ပါမလာတတ်သောကြောင့် ဖြစ်ပါသည်။

တက္ကစီသမားများကို ဘောက်ဆူးအပိုငွေ ပေးနိုင်ပါသည်။ လေဆိပ်မှ ဆေးရုံကြီးအထိ ခရီးစဉ်အတွက် ဘတ် ၂၀ သည် သင့်တင့်သောဘောက်ဆူးငွေ ဖြစ်ပါသည်။