bih.button.backtotop.text

အပြည်ပြည်ဆိုင်ရာ ဘမ်ရွန်ဂရက် ဆေးရုံကြီး အကြောင်း

 

ကမ္ဘာ့အဆင့်မီ ကျန်းမာရေး စောင့်ရှောက်မှု

၁၉၈၀တွင် ထူထောင်ခဲ့သော အပြည်ပြည်ဆိုင်ရာ ဘမ်ရွန်ဂရက်ဆေးရုံကြီးသည် ကမ္ဘာ့အဆင့်မီ ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းနှင့် နိုင်ငံတကာ လူနာများကို ပံ့ပိုးပေးနေသည်မှာ ဆယ်စုနှစ် လေးနှစ် နီးပါးရှိပါတော့မည်။ နိုင်ငံတကာမှလူမျိုးစုံသော မြို့ကြီးဖြစ်သည့် “နတ်သမီးမြို့”ဟုတင်စားသော ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ မြို့လည်ကောင်တွင်တည်ရှိပြီး ၎င်းသည် တမူထူးခြားသော ဧည့်ဝတ်ကျေပွန်သောဓလေ့နှင့် အရသာရှိသော အစားအစာများအတွက် ကျော်ကြားသည်။ ဘမ်ရွန်ဂရက်သည် နိုင်ငံတကာအသိအမှတ်ပြု နှိုင်းယှဉ်၍မရသောဆေးရုံဖြစ်ပြီး ၁၉၈၉ကတည်းမှ ထိုင်းနိုင်ငံ စတော့ဈေးကွက်တွင် စာရင်းသွင်းခြင်းခံရသည်။ အရှေ့တောင်အာရှရှိ အကြီးမားဆုံး ပုဂ္ဂလိက ဆေးရုံထဲတွင် တစ်ခုအပါအဝင်ဖြစ်သော အပြည်ပြည်ဆိုင်ရာ ဘမ်ရွန်ဂရက်ဆေးရုံမှ နှစ်စဉ် နိုင်ငံပေါင်း ၁၉၀ကျော်မှ လူနာပေါင်း ၁.၁သန်းကို ဝန်ဆောင်မှုပေးသည်။
 

သမိုင်းမှတ်တိုင်များ

• စက်တင်ဘာ ၁၇ရက် ၁၉၈၀တွင် အိပ်ယာအသုံးအဆောင် ၂၀ဝကို ထည့်သွင်းခဲ့သည်။
• ၁၉၈၉တွင် ထိုင်းနိုင်ငံ စတော့ဈေးကွက်တွင် စာရင်းသွင်းခံရသည်။
• ဇန်နဝါရီ ၁ရက်နေ့ ၁၉၉၇တွင် ဆေးရုံအဆောက်အအုံကို ပြန်လည်ပြုပြင်သည်။
• မေလ ၂၀ဝ၈တွင် အပြည်ပြည်ဆိုင်ရာ ဘမ်ရွန်ဂရက်ဆေးခန်းအဆောက်အအုံကို ဖွင့်လှစ်သည်။
• ဖေဖော်ဝါရီ ၂၀ဝ၂မှစတင်ကာ Joint Commission International မှ အသိအမှတ်ပြုခြင်းခံရသည်။
• စက်တင်ဘာ ၂၀၁၇တွင် ကမ္ဘာ့အကောင်းဆုံးကျန်းမာရေး အသိအမှတ်ပြုခြင်းကို ခံရသည်။

Bumrungrad_AboutUS.jpg

အရည်အသွေး၊သိသာထင်ရှားသော အဖြေများနှင့် ဘေးကင်းမှု

အပြည်ပြည်ဆိုင်ရာ ဘမ်ရွန်ဂရက်ဆေးရုံသည် ၂၀ဝ၂မှစတင်ကာ ၅နှစ်ဆက်တိုက် အမေရိကားအခြေစိုက် Joint Commission International(JCI)မှ အသိအမှတ်ပြုခြင်းကိုခံရသော အာရှတွင် ပထမဆုံးဆေးရုံဖြစ်သည်။ ၂၀၁၇တွင် ဘမ်ရွန်ဂရက်သည်လည်း ရောဂါကူးစက်မှုအန္တရာယ်အတွက် DNV GL MIRလက်မှတ်ကို အာရှတွင် ပထမဆုံးရသော ဆေးရုံ ဖြစ်လာပြီး GHAမှ ချီးမြင့်သော အကောင်းဆုံး ကမ္ဘာ့ကျန်းမာရေးအသိအမှတ်ပြုဆုကို အမေရိကန်ဆေးရုံမဟုတ်သော ပထမဆုံး ဆေးရုံဖြစ်သည်။၎င်းသည် ဆေးကုသမှုနှင့်ကျန်းမာရေးစောင့်ရှောက်မှုယူရန် အပြည်ပြည်ဆိုင်ရာ ဘမ်ရွန်ဂရက်ဆေးရုံသို့ နိုင်ငံခြားမှလာသော လူနာများအတွက် ဘေးကင်းလုံခြုံမှုနှင့် အဆင့်မြင့်ဆုံး နိုင်ငံတကာ အရည်သွေးကို ထင်ဟပ်စေပါသည်။ ကျွန်ုပ်တို့၏ ဆေးဝါးဆိုင်ရာစံနှုန်းနှင့် များစွာသော အသိအမှတ်ပြုလက်မှတ်မှ ဘမ်ရွန်ဂရက်သည် မိမိနယ်မြေနှင့်ကမ္ဘာပေါ်တွင် ဆေးဖက်ဆိုင်ရာအမြင့်ဆုံး အောင်မြင်မှုနှုန်းနှင့် ရောဂါကူးစက်မှုအနည်းဆုံးကို ပြပြီးဖြစ်ပါသည်။

 

Bumrungrad_Award.jpg

ကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်

အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာဆေးရုံသည် အရည်သွေးရှိသော ကုသမှု၊လူနာပေါင်းစုံအတွက် တနေရာတည်းတွင် အဆင်ပြေသော ဆေးကုရာနေရာဖြစ်ရန်နှင့် ခက်ခဲသော ဆေးဝါးကုသမှုအတွက် နယ်ပယ်ပေါင်းစုံမှ အတွေ့ကြုံရှိ ဆရာဝန်များ၊သူနာပြုများ၊ကုထုံးလုပ်ပေးသူများ၊အာဟာရဗေဒ ပညာရှင်များ၊ဆေးဝါးနည်းပညာနှင့် အခြားကျွမ်းကျင်သော ဝန်ထမ်းများနှင့် ဖွဲ့စည်းထားသည်။ အပြည်ပြည်ဆိုင်ရာ ဘမ်ရွန်ဂရက်ဆေးရုံသည် ဆရာဝန် ၁၃၀ဝကျော်နှင့် ပံ့ပိုးပေးသော ကျွမ်းကျင်ပညာရှင်များ ၄၈၀ဝကျော်ကို ခန့်ထားသည်။ ဆရာတော်တော်များများသည် အမေရိကန်၊အင်္ဂလန်၊သြစတြေးလျ၊ဂျပန်နှင့် အခြားဆေးပညာနှင့်အဆင့်မြင့် အရည်သွေးအတွက် လူသိများသောနေရာများမှ နိုင်ငံတကာ လက်မှတ်ရထားပြီးဖြစ်သည်။ ကျွမ်းကျင်ပညာရှင်များနှင့် ကျွန်ုပ်တို့၏ဆေးပညာအသင်း ပူးပေါင်း၍ ပိုမိုကောင်းမွန်သော ကုသမှုကိုရပြီး ရောဂါကဏ္ဍပေါင်း၇၀ကျော်မှ လူနာများကို ကုသပေးသည်။

 Bumrungrad_specialties-2022.jpg
 

ဆန်းသစ်မှုနှင့်နည်းပညာ

အပြည်ပြည်ဆိုင်ရာ ဘန်ရွမ်ဂရက်ဆေးရုံကြီးသည် ဆေးဝါးနည်းပညာတွင် ဦးဆောင်နေပြီး လူနာများကို ခေတ်မီဆန်းသစ်သော ဝန်ဆောင်မှုကို ပေးသည်။
လတ်တလော တိုးချဲ့ထားသည်များမှာ ဘမ်ရွန်ဂရက်သည် ကင်ဆာကုသမှုအတွက် တိကျမှန်ကန်သောဆေးဌါနကို တိုးချဲ့ပြီး နည်းဆုံးပေါ်အဆင့်မြင့်ကုထုံးများသည် အမေရိကန်နှင့်ဥရောပမှဖြစ်သည်။
ကျွန်ုပ်တို့နောက်ဆုံးတိုးချဲ့ထားသည့် နောက်ထပ် နည်းပညာသုံးစက်မှာ နှလုံးစည်းချက်ကိုကုသသော ကာဒီရိုအင်စိုက်ဖြစ်ပြီး အရှေ့တောင်အာရှတွင် တစ်ခုတည်းရှိသော ဌါနဖြစ်သည်။
နည်းပညာသးုံစက်တွင် ဦးဆောင်နေသည်ကို ဆက်လက်ထိန်းသိမ်းရန် ဘမ်ရွန်ဂရက်သည် ကင်ဆာပညာရပ်အတွက် ကမ္ဘာပေါ်တွင် ပထမဆုံးIBM Watsonဖြစ်ခဲ့သည်။
IBM Watsonဆိုသည်မှာ စက်မှသင်ယူသော AIဖြစ်ပြီး လူနာများ၏ ထောင်နှင့်ချီသောသမိုင်းကိစ္စရပ်များမှ
အချက်အလက်များ၊ဆေးပညာဂျာနယ်နှင့်ဖတ်စာအုပ်များ၊နောက်ဆုံး ဆေးစစ်ချက်များနှင့် ၁၂သန်းစာမျက်နှာထက်မကပိုရှိသော စာအုပ်များကို ပါရဂူများမှ စမ်းစစ်နိုင်ရန် ကူညီပေးသည်။
ဤခေတ်မီသော နည်းပညာသည် ဆရာဝန်များနှင့်အထူးကုများကို ၎င်းတို့၏ တွေ့ရှိချက်များနှင့် အချက်အလက်များကို နှိုင်းယှဉ်ပေးပြီး အတတ်နိုင်ဆုံး အတိကျဆုံး ကုသမှုများကို ပံ့ပိုးပေးသည်။
ဆီးကြိတ်ကင်ဆာကို လက်ဖြင့်ခွဲစိတ်ကုသမှု စခဲ့သော်လည်း ယခုအခါ ဘမ်ရွန်ဂရက်စက်ရုပ်ခွဲစိတ်ဌါန ဖြစ်သွားပြီဖြစ်ပါသည်။
စက်ရုပ်အကူညီဖြင့် မာကိုပလက်စ်တီ၊မေဇာအက်စ်နှင့်ဒါဗင်ချီစနစ်ကဲ့သို့ နည်းပညာကြောင့် အရိုးဆစ်၊ကျောရိုးနှင့်ကင်ဆာလူနာများအတွက် ပိုမိုသင့်လျော်၍ တိကျကာ လျင်မြန်စွာသက်သာစေသည်။


Bumrungrad_inovation.jpg

သနားကြင်နာစွာ ဂရုစိုက်ခြင်း

သနားကြင်နာစွာ ဂရုစိုက်ခြင်းသည် အပြည်ပြည်ဆိုင်ရာ ဘန်ရွမ်ရရက်၏ တန်ဖိုးထားသော မူဖြစ်သည်။
Newsweek၊International Herald Tribune၊Reader’s Digest၊CBS 60 Minutes CNNမှ The Financial Times and Inside Manတွင် ဖော်ပြခြင်းခံရသည်။
အစီရင်ခံထားသည်တွင် ဘန်ရွမ်ဂရက်၏ အရည်သွေးရှိသောကုသမှုနှင့် နိုင်ငံခြားတွင် ဆေးကုရန်အတွက် ဆေးဖက်ဆိုင်ရာခရီးသွားမည့်နေရာစာရင်းတွင် ထိပ်တန်းစာရင်းတွင် ထားထားသည်။
ဘမ်ရွန်ဂရက်၏ ဆရာဝန်အားလုံးနီးပါးသည် အင်္ဂလိပ်စကားပြောကြသည်။လူနာလိုအပ်သော နိုင်ငံတိုင်းလိုလိုမှ ဘာသာစကားအတွက်
ဆေးရုံမှ စကားပြန် ၂၀ဝကျော်ကို အလုပ်ခန့်အပ်ထားပါသည်။
လူနာနှင့်လူမိသားစုများသည် သုဝဏ္ဏဘူမိလေဆိပ်ရှိ ကျွန်ုပ်တို့၏ ဘမ်ရွန်ဂရက် နိုင်ငံတကာလေဆိပ် ကိုယ်စားလှယ်ရုံးမှ ဟိုတယ်ဘူကင်ချိတ်ပေးခြင်းအပါအဝင် အကြိုအပို့ကိုလည်း လုပ်ပေးပါသည်။
ဘမ်ရွန်ဂရက်တွင် သက်တောင့်သက်သာရှိခြင်းသည်လည်း အရေးကြီးသော အခန်းကဏ္ဍဖြစ်သည်နှင့်အညီ ဆေးရုံ၏ တနေရာတည်းတွင်အကုန်ရသော ဆေးဖက်ဆိုင်ရာဝင်းကြီးသည် ရောဂါရှာဖွေစစ်ဆေးခြင်း၊အထူးညွှန်ကြားခြင်းနှင့် အပတ်နှင့်ချီပင်မဟုတ်ဘဲ ရက်ပိုင်းအတွင်း ကုသမှုပေးနိုင်ခြင်းတို့ကြောင့် နိုင်ငံတကာမှလူနာများသည် လိုအပ်သော ကုသမှုကိုရရှိပြီး အိမ်ကို စောစီးစွာ ပြန်နိုင်သည်။
အပြည်ပြည်ဆိုင်ရာ ဘမ်ရွန်ဂရက်ဆေးရုံသည် လူနာများအားလုံးအတွက် တပြေးညီဈေးမူကို လက်ကိုင်ထားပါသည်။ဆိုလိုသည်မှာ ဒေသခံနှင့် နိုင်ငံတကာလူနာသည် မည်သည့်နိုင်ငံသားဖြစ်ပါစေ ကုန်ကျငွေမှာ အတူတူပင်ဖြစ်ပါသည်။
ကြင်နာမှု၊နှစ်သိမ့်မှု၊သက်တောင့်သက်သာရှိမှုနှင့် အဆင်ပြေချောမွတ်ခြင်းနှင့်အတူ ဘန်ရွမ်ဂရက်သည် လူနာတိုင်းကို မည်သည့်နေရာမှ ဖြစ်ပါစေ တန်းတူညီမျှ ဆက်ဆံခြင်းဖြင့် ပို၍ကောင်းမွန်အောင် လုပ်ပါသည်။
ထို့ကြောင့် ထိုင်းအမည် ဘမ်ရွန်ဂရက်ဆိုသည်မှာ “လူတွေကို ဂရုစိုက်ခြင်း”ဟု အဓိပ္ပါယ်ရသည်။


Bumrungrad_Caring.jpg