bih.button.backtotop.text

Medical Coordination Office

ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဌာန


BH_Medical-Coordination-Office.jpg
 

ဘမ်ရွန်ဂရက်ဆေးရုံရှိ ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဌာန (MCO) သည် နိုင်ငံတကာမှလာရောက်၍ ဆေးကုသမှုခံယူသောလူနာများအတွက် မိမိတို့၏သက်ဆိုင်ရာနိုင်ငံ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်လာများနှင့်အညီ ထိရောက်မှုရှိသော ဝန်ဆောင်မှုများကိုပေးနိုင်အောင် ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်ပြီး အခမဲ့အကျိုးဆောင်ရွက်ပေးနေသည့် လုပ်ငန်းအစိတ်အပိုင်းဌာနတစ်ခု ဖြစ်သည်။ ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဌာနကို အာရပ်အဖွဲ့အစည်းနှင့် နိုင်ငံတကာအဖွဲ့အစည်း ဟူ၍နှစ်မျိုးခွဲခြားထားသည်။ အာရပ်အဖွဲ့တွင် ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေးဆရာဝန် (၉) ဦးနှင့် သူနာပြု (၃) ဦးတို့ပါဝင်သည်။ နိုင်ငံတကာအဖွဲ့တွင် နိုင်ငံပေါင်း ၃၀ကျော်ကိုကိုယ်စားနိုင်ပြုသည့် ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဆရာဝန် (၆) ဦးနှင့် သူနာပြု (၃) ဦးတို့ပါဝင်ပြီး ဘာသာစကားပေါင်း (၁၀) မျိုးကျော်ဖြင့် ဆက်သွယ်ပြောဆိုနိုင်သည်။ သင်တို့နှင့် အစကနဦး အီးမေလ်းပေးပို့ ဆက်သွယ်လိုက်သည့်အချိန်မှစ၍ သင်တို့၏နေထိုင်ရာအရပ်ကို ပြန်လည်ရောက်ရှိသည့် အချိန်ထိ ဌာနရှိ ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဆရာဝန် ၊သူနာပြုများက  ကူညီဆောင်ရွက်ပေးရန်အမြဲအသင့်ရှိနေပါသည်။

ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဌာနမှကူညီဆောင်ရွက်ပေးနိုင်သည့် ဝန်ဆောင်မှုများ

ဆေးရုံသို့မရောက်သေးမှီကာလ
  • ဆေးဘက်ဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့ က လူနာ၏ရောဂါရာဇဝင်မေးမြန်းစုံစမ်းရာတွင် အကူညီပေးခြင်း၊ ရောဂါစုံစမ်းစစ်ဆေးရှာဖွေရန်နှင့်နှင့်သက်ဆိုင်ရာကုသမှုများအတွက် အထူးကုဆရာဝန်ကြီးများရဲ့ ကနဦးအကြုံပြုချက်များကိုရရှိနိုင်ရန် စစ်ဆေးမေးမြန်းထားသောလူနာများ၏ သက်ဆိုင်ရာဆေးမှတ်တမ်း များကို ပြန်လည်စစ်ဆေးကြည့်ရှုပေးခြင်း၊
  • ရောဂါကုသရေးအတွက် ကျသင့်နိုင်မည့်ကုန်ကျစရိတ်များကို ခန့်မှန်းတွက်ချက်ရာတွင်လည်း ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ကူညီဆောင်ရွက်ပေးခြင်း
  • ဆေးရုံရှိပြင်ပလူနာဆေးခန်းများမှဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးရန်အတွက် ရက်ချိန်းယူရာတွင် အဆင်ပြေစေရန်ကူညီဆောင်ရွက်ပေးခြင်း၊
  • ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့်ရက်ချိန်းပြသနိုင်ရန်အတွက် စီစဉ်ရာတွင်ကူညီဆောင်ရွက်ပေးခြင်း၊
  • လူနာများကိုဘေးကင်းလုံခြုံစိတ်ချရန်လိုအပ်သည့်နေရာများသို့ပို့ဆောင်ရာတွင် သယ်ယူပို့ဆောင်ရေးအဖွဲ့ (Medical Transport Team)နှင့် ချိတ်ဆက်ညှိုင်းနှိုင်းပြီးကူညီဆောင်ရွက်ပေးခြင်း၊
  • အာမခံကုမ္ပဏီများ၊ သက်ဆိုင်ရာသံရုံးများနှင့် အခြားသော လုပ်ငန်းဆက်စပ်သည့်အေဂျင်စီများနှင့် ဆက်သွယ်ပြောဆိုဆက်ဆံရာတွင် ကူညီဆောင်ရွက်ပေးသော ဝန်ဆောင်မှုပေးခြင်း၊
  • ဘာသာစကားပံ့ပိုးမှု၊ အရေးကြီးပုဂ္ဂိုလ် (VIP) များတွေ့ဆုံနှုတ်ဆက်ခြင်း၊ လူနာများကို စောင့်ကြပ်ပေးခြင်း အစရှိသည့် လူနာများ၏လိုအပ်ချက်အရ အထူးစီစဉ်ဆောင်ရွက်မှုများကိုလည်းပြုလုပ်ပေးခြင်း၊
  • ခရီးသွားလာမှုနှင့် တည်းခိုနေထိုင်ရေးအတွက် Business Center နှင့်ညှိနှိုင်းဆက်သွယ်ရာတွင် ကူညီဆောင်ရွက်ပေးခြင်း၊
ဆေးရုံသို့ရောက်ရှိပြီးကုသမှုခံယူနေစဉ်ကာလ
  • အတွင်းလူနာများအတွက် ဧည့်ခံနှုတ်ဆက်ရန် လှည့်လည်ကြည့်ရှုပေးခြင်း
  • လူနာများ၏ရောဂါအခြေအနေများနှင့်ပတ်သက်ပြီး လတ်တလောအခြေအနေ နှင့်ရှေ့လျှောက်ဖြစ်လာနိုင်ချေရှိသောပြဿနာများကို ကူညီသုံးသပ်ချင့်ချိန်စဉ်းစားပေးခြင်း
  • လူနာ၏ ရောဂါအခြေအနေနှင့်ပတ်သက်ပြီ အကြောင်းအရာတစ်ခုခုရှိလာခဲ့ပါက ရှင်းလင်းပြတ်သားတိကျစွာ သိရှိနိုင်စေရန် ဆေးကုသမှုပေးသည့်အဖွဲ့နှင့် ညှိုင်းနှိုင်းပြောဆိုဆက်သွယ်ပေးခြင်း
  • လူနာ၏ရှေ့လျှောက်ကုသရေးလုပ်ငန်းစဉ်များနှင့် ဖြစ်လာနိုင်သည့်အခြေအနေများကို တိကျရှင်းလင်းစွာသိရှိနိုင်ရန် လိုအပ်လာလျှင် မိသားစုဝင်များနှင့် ဆေးကုသရေးအဖွဲ့တို့ကြား တွေ့ဆုံဆွေးနွေးနိုင်အောင် ကူညီဆက်သွယ်ထောက်ပံ့ပေးခြင်း၊
  • အသေးစိတ်အချက်အလက်များပါသည့် ဆေးမှတ်တမ်းအကျဉ်းချုပ်များကို ပြုလုပ်ပေးခြင်း၊
     
ဆေးရုံဆင်းပြီးကာလနှင့် ရက်ချိန်းပြသမှု
  • လူနာများ၏လိုအပ်ချက်နှင့်မျှော်လင့်ချက်များအားလုံးကိုက်ညီမှုရှိစေရန် ဆောင်ရွက်ရာတွင် ကူညီထောက်ပံ့ပေးခြင်း (ဥပမာ- ဆေးမှတ်တမ်းများ)၊
  • လူနာများ မိမိတို့နေရပ်နိုင်ငံများသို့ပြန်သည့်ခရီးစဉ်တွင် သယ်ယူပို့ဆောင်ရေးအဖွဲ့ (Medical Transport Team) နှင့်ချိတ်ဆက်ညှိနှိုင်းပြီးကူညီဆောင်ရွက်ပေးခြင်း၊
  • ဘေးကင်းလုံခြုံသောသယ်ယူပို့ဆောင်ရေးသေချာစေရန်အတွက် ၎င်းတို့၏ခရီးစဉ်ရောက်ရှိပြီးနောက် လူနာများနှင့်မိသားစုဝင်များကို ဖုန်း သို့မဟုတ် အီးမေလ်တို့ဖြင့် ဆက်သွယ်မေးမြန်းအတည်ပြုခြင်း၊
  • ဆေးရုံမှ ဆေးဝယ်လိုသူများအတွက် ဆေးရုံရှိဆေးဆိုင်များ၊ ဆေးရုံကိုယ်စားလှယ်ရုံးများ၊ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီများနှင့် ညှိနှိုင်းဆက်သွယ်ရာတွင်အကူအညီပေးခြင်း၊
     
 

Medical-Coordination-Office_2.png
 

ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဌာန (MCO) သည် အဆောက်အဦးနံပါတ် A (Building-A (Clinic Building))၏အထပ်နံပါတ် (၁၀)တွင်တည်ရှိပါသည်။ လူနာများအနေဖြင့် ဌာန၏ ဝန်ဆောင်မှုများကိုလိုအပ်ပါက ဧည့်သည်များကိုဝန်ဆောင်မှုပေးသည့်ကောင်တာများ (customer service counters)၊ ဆေးရုံမှတ်ပုံတင်စာရင်းပေးသွင်းရန်ဝန်ဆောင်မှုပေးသည့်ကောင်တာများ (registrations counters) l သူနာပြုကောင်တာများတစ်ဆင့်ဆက်သွယ်တောင်းဆိုနိုင်ပါသည်။ သို့မဟုတ် ဆေးရုံသို့ရက်ချိန်းပြရန်ဆက်သွယ်စဉ်ကာလ၌လည်း ဝန်ဆောင်မှုရယူနိုင်ရန် တောင်းဆိုနိုင်ပါသည်။
 
ဘမ်ရွန်ဂရက်ဆေးရုံ၏ ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဌာနသည် ပြည်ပ၌ကျန်းမာရေးစောင့်ရှောက်မှုခံယူလိုသောမည်သူတစ်ဦးတစ်ယောက်ချင်းအတွက်မဆို မိမိတို့ ဆေးကုသခံယူနေစဉ်အတွင်း  စိတ်ဖိစီးမှုကင်းရှင်းစွာဖြင့်ကုသမှုခံယူနိုင်ရန်အတွက် ဖွဲ့စည်းထားသည့် အာရှတွင် ပြီးပြည့်စုံသော နိုင်ငံတကာဆေးဘက်ဆိုင်ရာပံ့ပိုးကူညီမှု အဖွဲ့စည်းတစ်ခုဖြစ်ပေသည်။

ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့

Mr. Rajeev Rajan
စီးပွါးရေးဖွံ့ဖြိုးတိုးတက်ရေး အရာရှိချုပ်
 
 

International Medical coordination

Dr. Donya Hemmadhun
အကြီးတန်းညွှန်ကြားရေးမှူး၊ ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး
နှင့်ဆေးရုံတာဝန်စီမံခန့်ခွဲမှု
 

Dr. Nisarat Chanunpanich
အကြီးတန်း ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဆရာဝန်
နိုင်ငံတကာ ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး
 

ဒေါက်တာဇာနည်မင်း
အကြီးတန်း ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဆရာဝန်
မြန်မာနိုင်ငံ ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး
 

ဒေါက်တာညိုမင်းကို
အကြီးတန်း ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဆရာဝန်
မြန်မာနိုင်ငံ ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး
 

ဒေါက်တာအောင်လင်းထွဋ်
ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဆရာဝန်, SAARC
 

Dr. John Gachuiwung Shimray
ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဆရာဝန်
နိုင်ငံတကာ ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး
 

Dr. Sereywat Keo
ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဆရာဝန်
ကမ္ဘောဒီးယားနိုင်ငံဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး
 

Ms. Suthatip Tong-Orn
အကြီးတန်း ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးမှူး
နိုင်ငံတကာ ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး
 

Mr. Ganda Boy Sihotang
အကြီးတန်းဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးမှူး
နိုင်ငံတကာ ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး
 

အာရပ် ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး

Dr. Kasidis Srisanga
ဌာနခွဲညွှန်ကြားရေးမှူး
အာရပ် ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး
 

Dr. Abdo Showah
ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဆရာဝန်
အာရပ် ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး
 

Dr. Najood A. Issa
အကြီးတန်း ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဆရာဝန်
အာရပ် ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး
 

Dr. Peerada Piriyahaphan
ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဆရာဝန်
အာရပ် ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး
 

Dr. Nora Yumyuang, DDS
ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဆရာဝန်
အာရပ် ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး
 

Dr. Mohamed Hayedaud
ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဆရာဝန်
အာရပ် ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး
 

Dr. Zakiah Abdullah
ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဆရာဝန်
အာရပ် ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး
 

Dr. Nasihah Dama
ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဆရာဝန်
အာရပ် ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး
 

Dr. Bismellah Kassem
ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဆရာဝန်
အာရပ် ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး
 

Ms. Halimah Mauseng
ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးမှူး
အာရပ် ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး
 

Ms. Sofa Homsuwan
Coordination Nurse
Arabic Medical Coordination
 

Ms. Faesah Pohchi
Coordination Nurse
Arabic Medical Coordinatio
 

တည်နေရာ

ဆေးဘက်ဆိုင်ရာညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဌာန
အဆောက်အဦးနံပါတ် A၊ ၁၀ ထပ်၊ ဘမ်ရွန်ဂရက်ဆေးရုံ၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ။
သတင်းအချက်အလက်များနှင့် ပံ့ပိုးမှုများထပ်မံသိလိုပါကဆက်သွယ်နိုင်ရန်
ဖုန်းနံပါတ် +၆၆(၀)၂၀၆၆၈၈၈၈
Fax +၆၆(၀)၀၂၀၁၁၅၁၀၀