bih.button.backtotop.text

ဆေးရုံ၏တရားဝင်အသိအမှတ်အပြုခံရခြင်းနှင့် ရရှိခဲ့သည့်ဆုများ

 

အရည်သွေးနှင့်ဘေးကင်းလုံခြုံမှုအတွက် ဘမ်ရွန်ဂရက်ကို အသိအမှတ်ပြုခြင်း


အပြည်ပြည်ဆိုင်ရာ ဘမ်ရွန်ဂရက်ဆေးရုံတွင် ကျွန်ုပ်တို့၏ လူ့အဖွဲ့စည်းအတွက် ကျန်းမာရေးကောင်းမွန်စေရန် ကြိုးစားသည့်အပြင် ကမ္ဘာ့အဆင့်မီဆေးဖက်ဆိုင်ရာ စောင့်ရှောက်မှုများ၊ဦးစွာလမ်းဖောက်၍ သုတေသနနှင့်ကုသမှုများကိုပါ ပြုလုပ်ပါသည်။နှစ်ပေါင်းကြာလာသည်နှင့်အမျှ ဘမ်ရွန်ဂရက်သည် ၎င်း၏ အရည်အသွေး၊ဆန်းသစ်မှုနှင့် ကျန်းမာရေးနှင့်ဆေးဝါးတွင် အကောင်းဆုံးဖြစ်အောင် အားထုတ်သည်ကို အသိအမှတ်ပြုလာကြသည်။အောက်ပါအချက်များသည် လတ်တလော အသိအမှတ်ပြုခြင်းခံထားရသည်များဖြစ်သည်



Bumrungrad_Award_updated.jpg

  

Joint Commission International(JCI)

နိုင်ငံတကာအဆင့်မီ ထူးချွန်မှု
Joint Commission International(JCI)မှ ကျန်းမာရေး အသိအမှတ်ပြုခြင်းအတွက် ကမ္ဘာ့ဦးဆောင်သူအနေဖြင့် ဘမ်ရွန်ဂရက်ဆေးရုံကို အသိအမှတ်ပြုသည်မှာ အာရှတွင် ပထမဆုံး ဆေးရုံဖြစ်သည်။နိုင်ငံတကာအဆင့်မီရန် လိုအပ်သော ၃၅၀ကျော် စံနှုန်းများဖြင့် ခွဲစိတ်ရာတွင် သန့်ရှင်းမှုနှင့် မေ့ဆေးပေးသောလုပ်ထုံးလုပ်စဉ်တွင် ဆေးဝန်ထမ်း၏ အရည်အချင်းနှင့် ကျန်းမာရေးမူကိစ္စများကိုပါ အသိအမှတ်ပြုရန် ထောင့်ပေါင်းစုံမှ စစ်ဆေးပါသည်။JCIမှ ၂၀ဝ၂တွင် ပထမဆုံးအသိအမှတ်ပြုခဲ့သည်။ထိုအချိန်မှ စ၍ ဘမ်ရွန်ဂရက်သည် ၅နှစ်ဆက်တိုက် အသိအမှတ်ပြုခြင်းခံရသည်။JCIလက်မှတ်ကို ကြည့်ရန် ဤနေရာတွင် နှိပ်ပါ

ကမ္ဘာ့ကျန်းမာရေး အသိအမှတ်ပြု(GHA)

ခရီသွားဆေးကုခြင်းတွင် အကောင်းဆုံး
ခရီးသွားဆေးကုခြင်းကို အဓိကထား၍ ကမ္ဘာ့ကျန်းမာရေးစောင့်ရှောက်မှု အသိအမှတ်ပြု(GHA)အစီစဉ်မှ ခရီးသွားဆေးကုသော လူနာများကို ဝန်ဆောင်မှုပေးရန် ကျန်းမာရေးစောင့်ရှောက်မှုအဆင့်ကို သတ်မှတ်သည်။လူနာ၏အတွေ့ကြုံကိုသာ ကြည့်ခြင်းမဟုတ်ဘဲ ခရီးသွားကျန်းမာရေးကို ပံ့ပိုးသော စီးပွားရေးလုပ်ငန်းကိုလည်း ခိန်းထားနိုင်ရမည်။ဘမ်ရွန်ဂရက်ဆေးရုံသည် ထူးခြားသောအရည်သွေးအမြင့်ဆုံးနှင့် နိုင်ငံတကာအဆင့်မီ ဘေးကင်းလုံခြုံမှုတို့ဖြင့် GHAမှ အကောင်းဆုံး ဖန်တီးဆုကို အမေရိကန်မဟုတ်ဘဲ ရသော ပထမဆုံးဆေးရုံဖြစ်သည်။ GHA ပရိုဂမ် လက်မှတ်ကို ကြည့်ရန် ဤနေရာတွင်နှိပ်ပါ

ဆေးရုံအသိအမှတ်ပြုမှုများ(AHA)

နိုင်ငံတကာအဆင့်မီ အရည်သွေး
စာ-ဘမ်ရွန်ဂရက်ဆေးရုံသည် ၂၀၁၆တွင် အဆင့်မြင့်ဆေးရုံအသိအမှတ်ပြုခြင်း(AHA)ကို ကျန်းနာရေး အသိအမှတ်ပြု အဖွဲ့စည်းမှရသော ထိုင်းနိုင်မှ ပထမဆုံး ဆေးရုံဖြစ်သည်။၁၇ကြိမ်မြောက် HA National Forumနှစ်ပတ်လည်တွင် အိမ်ရှေ့မင်းသမီး စုံစာဝါလီ ဖရာဗာရာရာချာတီနုးါမာတူဆီမှ အသိအမှတ်ပြုလက်မှတ်ကိုရသော ပထမဆုံးသော ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့စည်းဖြစ်သည်။ကျန်းမာရေးစောင့်ရှောက်မှုအသိအမှတ်ပြု အဖွဲ့စည်းမှ ဆေးရုံမည်သို့ လုပ်ကိုင်နေပုံနှင့် အမေရိကန်နှင့် ကနေဒါကို စံထား၍ နိုင်ငံတကာအဆင့်မီဆေးရုံအဖြစ် ထိန်းထားနိုင်သည်ကို ဆေးရုံအပြင်ဖက်မှ လုပ်ငန်းကို စစ်ဆေးပါသည်။ဘမ်ရွန်ဂရက်သည် ကျန်းမာရေးအသိအမှတ်ပြုအဖွဲ့အစည်းအဖြစ် ဂုဏ်ပြုခြင်းခံရသည်။ ဆေးရုံ အသိအမှတ်ပြု-HAကြည့်ရန် ဤနေရာတွင် နှိပ်ပါ

ဒေစီဆု

အထူးတလည် သူနာပြု ပြုစုစောင့်ရှောက်ခြင်းအတွက် အသိအမှတ်ပြုခြင်း

ဒေစီဖောင်ဒေးရှင်းမှ ပြုလုပ်သော ဒေစီဆုသည် သူနာပြုမှ လူနာနှင့်မိသားစုများကို အထူးတလည် ဂရုစိုက်ခြင်းကြောင့် အသိအမှတ်ပြုခံရခြင်းဖြစ်သည်။အမေရိကန်အခြေစိုက် ဒေစီဖောင်ဒေးရှင်းသည် တကမ္ဘာလုံးရှိ ကြင်နာမှုနှင့်ဆေးပညာကျွမ်းကျင်သော သူနာပြုများကို အသိအမှတ်ပြုခြင်းဖြစ်သည်။ထိုသို့ ထူးခြားသော သူနာပြုများကို အသိအမှတ်ပြုသော ဆေးရုံများထဲမှ တခုအပါအဝင်ဖြစ်သည်ကို ဘမ်ရွန်ဂရက်မှ ဂုဏ်ယူပါသည်။ကျွန်ုပ်တို့၏ ဆုရထားသော သူနာပြုများကိုကြည့်ရန် ဤနေရာကိုနှိပ်ပါ

ထိုင်းနိုင်ငံ အရည်သွေးအဆင့်(TQC)

အကောင်းဆုံး အဖွဲ့အစည်း
ထိုင်းနိုင်ငံ အရည်သွေးအဆင့်(TQC)သည် အမေရိကားရှိ Malcolm Baldrigeဆုပေါ်တွင် အခြေခံထားသည်။၂၀ဝ၂တွင် တည်ထောင်ထားပြီး TQCမှ အဖွဲ့စည်း၏ နည်းဗျူဟာ၊စီမံခန့်ခွဲရေးနှင့် လုပ်ကိုင်ပုံများကို စစ်ဆေးသည်။ဘမ်ရွန်ဂရက်သည် TQCအတွက် အရည်သွေးပြည့်မီသော ပထမဆုံး ဆေးရုံဖြစ်သည်။၂၀ဝ၈တွင် ဝန်ကြီးချုပ် ကော်စက် စာဘာဗာစူမှ ဘမ်ရွန်ဂရက်၏ စီအီးအို မစ္စတာ မက်ဘဲနာကို ဆုပေးအပ်ခဲ့သည်။

ထိုင်းနိုင်ငံ ခရီးသွားဆု

ကျန်းမာရေးခရီးသွားအစီစဉ်တွင် အကောင်းဆုံး
ဘမ်ရွန်ဂရက်သည် ထိုင်းနိုင်ငံ ကျန်းမာရေးခရီးသွားဆုမှ ပေးသော ဆေးဖက်ဆိုင်ရာ ထူးချွန်သောဆုကိုရသော ပထမဆုံး ပုဂ္ဂလိကဆေးရုံဖြစ်သည်။ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း အာဏာပိုင်များမှ ဘမ်ရွန်ဂရက်အား ခရီးသွားများကို အကောင်းဆုံး ဆေးဝါးကုသမှုပေး၍ ဂုဏ်ပြုခြင်းဖြစ်ပါသည်။

ထိုင်းနိုင်ငံ၏ အကောင်းဆုံးအလုပ်ရှင်

အကောင်းဆုံး စီမံခန့်ခွဲမှုနှင့် ဝန်ထမ်းများကို စီစဉ်မှု
ဘမ်ရွန်ဂရက်သည် ထိုင်းနိုင်ငံ၏အကောင်းဆုံး အလုပ်ရှင်အဖြစ် “အလုပ်သမားအဖွဲ့စည်းမရှိသော လုပ်ငန်းကြီး”အလုပ်သမားကာကွယ်ရေးဌါနဖြစ်သော အလုပ်သမားဝန်ကြီးဌါနတွင် နာမည်ပါဝင်သည်။၂၀ဝ၉တွင် ဤဆုကိုရရှိပြီး ဘမ်ရွန်ဂရက်သည် အကောင်းဆုံးစီမံခန့်ခွဲမှုနှင့် ဝန်ထမ်းများနှင့် ဆက်ဆံရေး ကောင်းမွန်ကြောင်း အသိမှတ်ပြုခံရသည်။

ထိုင်းနိုင်ငံ လူမှုတာဝန်သိလုပ်ငန်း(CSR) အဖွဲ့

လူ့အဖွဲ့အစည်းအတွက် တာဝန်သိမှု
ထိုင်းနိုင်ငံ လူမှုတာဝန်သိလုပ်ငန်း(CSR)အဖွဲ့ကို ထိုင်းနိုင်ငံ စတော့ဈေးကွက်၊လုံခြုံရေးနှင့် ငွေကြေးလဲလှယ်မှု ကော်မစ်ရှင်နှင့် “မျှဝေရန် ချိတ်ဆက်ပါ”အောက်ရှိ ကုမ္ပဏီများမှ ပံ့ပိုး၍ တည်ထောင်ထားခြင်းဖြစ်သည်။CSR၏ ညွန်ကြားချက်များ၊မူများနှင့် CSRအဖွဲ့စည်းမှ ၂၀၁၂တွင် ဘမ်ရွန်ဂရက်အား ကောင်းမှုကုသိုလ်လုပ်သော ၅၀ထဲမှာ တစ်ခုအဖြစ် ရွေးချယ်ခဲ့သည်။

AMCHAM ACEဆု

အကောင်းဆုံး လူမှုတာဝန်သိလုပ်ငန်း
ACEအသိအမှတ်ပြုဆုကို AMCHAMမှ အဖွဲ့ဝင်များမှ ရေရှည်စီးပွားရေးအကွက်မြင်၍ လူမှုတန်ဖိုးကိုသိသောသူကို ပေးခြင်းဖြစ်သည်။AMCHAM ACEဆုသည် အမေရိကားအတွင်းနှင့် ထိုင်းနိုင်ငံတွင် နိုင်ငံတကာစီးပွားရေး အဖွဲ့အစည်းအတွင်း CSRများအတွက် အရေးကြီးသောဆုတစ်ဆုဖြစ်သည်။၂၀၁၃တွင် ဘမ်ရွန်ဂရက်သည် အကောင်းဆုံး AMCHAM လူမှုတာဝန်သိလုပ်ငန်းဆုကို ရွှေအဆင့်ကိုရခဲ့သည်။

Westgard Sigmaမှ လုပ်ကိုင်ဆောင်ရွက်မှုကို စစ်ဆေးခြင်း

အကောင်းဆုံး လုပ်ကိုင်ဆောင်ရွက်မှု
Westgard Sigmaမှ လုပ်ကိုင်ဆောင်ရွက်မှုကို စစ်ဆေးခြင်းဆိုသည်မှာ ဓါတ်ခွဲခန်းပစ္စည်းများကို QCမှ မှန်ကန်စွာ စစ်ဆေးပြီး အဖွဲ့အစည်းများကို တိကျ၍ မှန်ကန်သော အဖြေရလဒ်ကို ရစေရန် ဖန်တီးထားခြင်းဖြစ်သည်။၂၀၁၄တွင် ထိုင်းနိုင်ငံ စတော့ဈေးကွက်(SET)မှ ထူးချွန်သောတင်ဆက်မှုအတွက် ဂုဏ်ပြုခံရသည်။ဤအသိအမှတ်ပြုခြင်းသည် ကျွန်ုပ်တို့၏ ဓါတ်ခွဲခန်းကိရိယာများကို စစ်ဆေးမှုပြုပြီး ဓါတ်ခွဲခန်းစစ်ရာတွင် တိကျသောအဖြေကို ရသည်။
 

လူ့ကျင့်ဝတ်ကိုမဖောက်ဖျောက်သော နည်းဗျူဟာကို ဆန်းစစ်ခြင်း(SIDCER)

ကျန်းမာရေး သုတေသနအတွက် လူ့ကျင့်ဝတ်ကို ဆန်းစစ်ခြင်း
လူ့ကျင့်ဝတ်ကို မဖောက်ဖျက်သော နည်းဗျူဟာကို ဆန်းစစ်ခြင်း(SIDCER)ဆိုသည်မှာ ဒေသခံ၊လူ့ကျင့်ဝတ်ကို ဆန်းစစ်သော ကော်မတီ၊ကျန်းမာရေး သုတေသီနှင့် အဖွဲ့အစည်းမှ ပူးပေါင်းလုပ်ကိုင်သူများမှ အရည်သွေးနှင့် အကျိုးရှိမှုကို တကမ္ဘာလုံးမှ ဆန်းစစ်ခြင်းဖြစ်သည်။SIDCERသည် အာရှနှင့် အနောက်ပစိဖိတ်ဒေသ(FERCAP)တွင် လူ့ကျင့်ဝတ် ဆန်းစစ်သော ကော်မတီနှင့်ပူးပေါင်း၍ အစည်းအဝေးပြုလုပ်ကာ ထိုင်းနိုင်ငံ၏ လူ့ကျင့်ဝတ်ကော်မတီ အသိအမှတ်ပြုခြင်းမှ ကျန်းမာရေးသုတေသနတွင် ပါဝင်သော လူသားများအားလုံး ကမ္ဘာကြီးကို ကာကွယ်နေသည်ကို သေချာအောင်လုပ်စေသည်။အပြည်ပြည်ဆိုင်ရာ ဘမ်ရွန်ဂရက်အဖွဲ့အစည်း ဆန်းစစ်မှု အဖွဲ့(BI/IRB)မှ ကျန်းမာရေးသုတေသနပြုရာတွင် လူ့ကျင့်ဝတ်နှင့်ညီသောကြောင့် ၂၀၁၆တွင် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ကို SIDCERမှ ပေးအပ်သည်။

အမေရိကန် ရောဂါဗေဒပညာရှင်ကောလိပ်(CAP)

ရောဂါဗေဒပညာနှင့် ဆေးဝါးဓါတ်ခွဲခန်းတွင် အကောင်းဆုံး လုပ်နိုင်ခြင်း
အမေရိကန် ရောဂါဗေဒပညာရှင်ကောလိပ်(CAP)သည် ရောဂှေါဒပညာရှင် လက်မှတ်ရထားသော အောင်မြင်သည့် အဖွဲ့စည်းဖြစ်သည်။၎င်းသည် တကမ္ဘာလုံးရှိ ရောဂါဗေဒနှင့်ဆေးဖက်ဆိုင်ရာ ဓါတ်ခွဲခန်းအတွက် အကောင်းဆုံးလုပ်ဆောင်ခြင်းကို ပြုစုမွေးထုတ်ပေးသည်။၂၀၁၆တွင် ဘမ်ရွန်ဂရက်သည် အမေရိကန် ရောဂါဗေဒပညာရှင်ကောလိပ်(CAP)မှ အသိအမှတ်ပြုခြင်းကိုရသော အာရှမှ ပထမဆုံးဆေးရုံဖြစ်သည်။ဤအသိအမှတ်ပြုလက်မှတ်သည် ရောဂါရှာဖွေရေးနှင့် အဖြေရှာရာတွင် တိကျမှုနှင့်အရည်သွေးရှိမှုကို အသိမှတ်ပြုသည်။

ဘမ်ရွန်ဂရက်သည် ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြင့်ရန်အတွက် ဝန်ထမ်းများကို ကျန်းမာသော လုပ်ငန်းခွင်ရှိသောကြောင့် ANCCမှ အသိမှတ်ပြုခြင်းခံရသည်။ ပိုးမွှားကင်းစင်သော ကိရိယာများဌါန(CSDD)မှ အကောင်းဆုံးအရေးပါသော ပရိုဂမ


ပိုးသတ်ခြင်းနှင့် ပိုးမွှားကင်းစင်အောင် သေချာအောင်လုပ်ခြင်း
ပိုးမျှားကင်းစင်သော ကိရိယာများဌါန(CSSD)အကောင်းဆုံး အရေးပါသောပရိုဂမ်တွင် ကျန်းမာရေးအဖွဲ့စည်းများကို အကောင်းဆုံးဟု ဆုံးဖြတ်သော အဖွဲ့ရှိသည်။ပိုးမွှားကင်းသောအရည်သွေးနှင့်ပိုးသတ်သောဝန်ဆောင်မှုအဆင့်တန်းနှင့် အခြားCSSDအဖွဲ့စည်းများကို CSSDပညာရေးပရိုဂမ်အတွက် ကူညီပေးခြင်းဖြစ်သည်။ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် အာရှပစိဖိတ်အဖွဲ့စည်း(APSIC)မှ လက်မှတ်ပေးသည်။၂၀၁၆တွင် CSSDမှ ဘမ်ရွန်ဂရက်အား အကောင်းဆုံးဌါနဆုကို ဂုဏ်ပြုပေးအပ်ခဲ့သည်။