ဆေးရုံဆိုင်ရာ အချက်အလက်များ

ဘမ်ရွန်ဂရက် “ကျန်းမာရေးစောင့်ရှောက်မှုကမ္ဘာ”

သမိုင်းမှတ်တိုင်များ

  • ၁၉၈၀၊ စက်တင်ဘာ ၁၇ - ကုတင် ၂၀၀ ဆံ့ဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။
  • ၁၉၈၉ - ထိုင်းနိုင်ငံ၏ စတော့ဈေးကွက်တွင် စာရင်းဝင်ခဲ့သည်။
  • ၁၉၉၇၊ ဇန်နဝါရီလ ၁ - ထပ်မံတိုးချဲ့ခဲ့သည်။
  • ၂၀၀၂၊ ဖေဖော်ဝါရီလ မှစ၍ Joint Commission International (JCI)  မှ တရားဝင် အသိအမှတ်ပြုခြင်း     ခံခဲ့ရသည်။
  • ၂၀၀၈၊ မေ - ပြင်ပလူနာကုသဆောင် တိုးချဲ့ဖွင့်လှစ်ခဲ့သည်။


ရည်ရွယ်ချက်၊ တာဝန်ဝတ္တရားနှင့် တန်ဖိုးများ

pic_mission1.jpg pic_mission2.jpg pic_mission3.jpg

ဘမ်ရွန်ဂရက်သည် ကျွန်ုပ်တို့၏ လူနာတစ်ဦးချင်းစီအတွက် ခေတ်မီသိပ္ပံနည်းကျစွာဖြင့် မေတ္တာကရုဏာ၊ သမာဓိတို့ပေါင်းစပ်ကာ အကောင်းဆုံး ကုသဝန်ဆောင်မှုပေးရန် ရည်ရွယ်ထားပါသည်။ 


ပိုင်ဆိုင်မှု

ဘမ်ရွန်ဂရက်ဆေးရုံကြီး (BH) သည် ထိုင်နိုင်ငံ စတော့ဈေးကွက်တွင်ရှိသော အများပိုင်ကုမ္ပဏီ တစ်ခုဖြစ်ပါသည်။ အစုရှယ်ယာဝင်အများစုမှာ ဘန်ကောက်ဒူးစစ် ကျန်းမာရေးဝန်ဆောင်မှု အများပိုင်ကုမ္ပဏီလိမိတက်၊ ဘန်ကောက်အာမခံ အများပိုင်ကုမ္ပဏီလိမိတက်၊ ဘန်ကောက်ဘဏ် အများပိုင်ကုမ္ပဏီလိမိတက်နှင့် ထိုင်းနိုင်ငံ၏အလေစားရဆုံး စီးပွားရေးလုပ်ငန်းရှင်မိသားစုများအနက် တစ်ခုဖြစ်သည့် စိုဖွန်ဖန်နစ်မိသားစု တို့ဖြစ်သည်။


အဓိကအဆောက်အဦးနှင့် ပံ့ပိုးမှုများ

bumrungrad.jpg bumrungrad.jpg bumrungrad.jpg

  • အရှေ့တောင်အာရှတွင် အကြီးဆုံး ပုဂ္ဂလိကဆေးရုံများအနက် တစ်ခု
  • မြေအောက်ကားရပ်နားရန်နေရာပါ ၁၂ ထပ် အဆောက်အဦး
  • ၇၀၂၆၂ စတုရန်းမီတာ
  • လိုင်စင်ရ လူနာတင်ရဟတ်ယာဉ်ကွင်း
  • ဆေးရုံအနှံ့ ဝိုင်ဖိုင်ရရှိခြင်း

ပြင်ပလူနာကုသဆောင် (၂၀၀၈ ခုနှစ်တွင် ဖွင့်လှစ်သည်။)

bumrungrad.jpg bumrungrad.jpg bumrungrad.jpg
  • ကမ္ဘာ့အကြီးဆုံး ပုဂ္ဂလိကပြင်ပလူနာကုသဆောင်များထဲမှ တစ်ခု
  • ၂၁ ထပ်အဆောက်အဦးနှင့် ကားရပ်နားရန်နေရာ ၇၀၀ ခု
  • ၅၇၂၀၆ စတုရန်းမီတာ
  • အထပ်တိုင်းတွင် ငွေရှင်းကောင်တာနှင့် ဆေးကောင်တာများရှိသော တစ်နေရာတည်းတွင် အဆင်ပြေစေမည့် ဝန်ဆောင်မှု
  • ဝိုင်ဖိုင်၊ အယ်လ်စီဒီဖြင့်ပြသောလမ်းညွှန်နှင့် တီဗီ၊ ပိုမိုမြန်ဆန်၍တိကျသော အဖြေများရနိုင်ရန် အလိုလျောက်စနစ်ဓာတ်ခွဲခန်း၊ အွန်လိုင်းမှတဆင့် လူနာမှတ်ပုံတင်ခြင်း၊ ဆေးမှတ်တမ်းများနှင့် ရောဂါရှာဖွေရန်အတွက် ပုံရိပ်များပေးပို့နိုင်သောကြောင့် ဆရာဝန်များအား ၎င်းတို့အခန်းရှိ ကွန်ပျူတာမှနေ၍ လူနာအချက်အလက်များကို ချက်ခြင်းကြည့်ရှုနိုင်စေခြင်း အစရှိသည့် ခေတ်မီနည်းပညာများရှိခြင်း
  • ကျယ်ဝန်းသော ၁၀ ထပ်ရှိ စကိုင်းလော်ဘီတွင် ပရီမီယမ်အဖွဲ့ဝင်များအတွက် ဧည့်ခန်း၊ နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ ညှိနှိုင်းတိုင်ပင်ရေးဌာန၊ အထွေထွေဝန်ဆောင်မှုနှင့် ဗီဇာသက်တမ်းတိုးခြင်း ဝန်ဆောင်မှုများ၊ ပထမအကြိမ်လူနာများအတွက် မှတ်ပုံတင်ဝန်ဆောင်မှုများရှိခြင်း


လူနာပမာဏနှင့် ဝင်ငွေဘဏ္ဍာ

bumrungrad.jpg bumrungrad.jpg bumrungrad.jpg

  • နှစ်စဉ် လူနာ ၁.၁ သန်းကျော် ဆေးကုသမှုခံယူခဲ့သည်။ (ပြင်ပလူနာနှင့် အတွင်းလူနာ)
  • လူနာ ၅၂၀ ၀၀၀ ကျော်မှာ နိုင်ငံတကာမှလာရောက်သော လူနာများဖြစ်၍ နိုင်ငံပေါင်း ၁၉၀ ကျော်မှ လာရောက်သည်။
  • ၂၀၁၃ တွင် အနုတ်အသိမ်း အမေရိကန်ဒေါ်လာ ၄၇၇ သန်း


လူ့စွမ်းအားအရင်းအမြစ်

bumrungrad.jpg bumrungrad.jpg bumrungrad.jpg
  • အမေရိကန်များမှ ဦးဆောင်လျက်ရှိသော နိုင်ငံတကာ စီမံခန့်ခွဲရေးအဖွဲ့
  • ဝန်ထမ်းဦးရေ ၄၈၀၀ ကျော်
  • ဆရာဝန်နှင့် သွားဆရာဝန်ဦးရေ ၁၂၀၀ ကျော် (အများစုမှာ နိုင်ငံတကာမှ လေ့ကျင့်သင်ကြားခဲ့ခြင်း/ လက်မှတ်ရရှိထားခြင်း)
  • သူနာပြုဦးရေ ၉၀၀ ကျော်


အတွင်းလူနာ အဆောက်အဦး

bumrungrad.jpg bumrungrad.jpg bumrungrad.jpg
  • ခုတင် ၅၈၀
    • အထွေထွေ/ ခွဲစိတ်/ သားဖွား/ ကလေး
    • လူကြီး အထူးကြပ်မတ်ကုသဆောင်
    • နှလုံး အထူးကြပ်မတ်ကုသဆောင် (CCU)
    • ကလေး အထူးကြပ်မတ်ကုသဆောင်
    • အဆင့် ၃ မွေးကင်းစ အထူးကြပ်မတ်ကုသဆောင်
  • ဒီးလပ်စ် တစ်ယောက်ခန်း၊ ပရီးမီးယား အေထရီယန် ဒီးလပ်စ်ခန်းများနှင့် ပရီးမီးယား ရွိုင်ယယ် အခန်းကျယ်များ
  • ဝိုင်ဖိုင်နှင့်အတူ လက်တော့ပ်ငှားရမ်းခြင်း၊ အခမဲ့ တီဗီလိုင်းပေါင်းများစွာနှင့် ဆေးရုံ၏ သတင်းအချက်အလက်များ၊ ဝန်ဆောင်မှုများကြည့်ရှုနိုင်ခြင်း
  • တစ်ရက်လျှင် လာရောက်ကုသသည့် ပြင်ပလူနာဦးရေစုစုပေါင်း ၅၅၀၀
  • ပြင်ပလူနာခွဲစိတ်ကုဌာန


ပြင်ပလူနာ အဆောက်အဦး

bumrungrad.jpg bumrungrad.jpg bumrungrad.jpg
  • စမ်းသပ်ခန်းကျယ် ၂၇၅ ခန်း
  • လူနာတင်ယာဉ်နှင့် ရွေ့လျား အရေးပေါ်ကုသရေးယာဉ်များ
  • အရေးပေါ် နှလုံးသွေးကြောပိုက်ထဲ့ခြင်းအပါအဝင်၂၄ နာရီ အရေးပေါ်ဝန်ဆောင်မှု
  • တစ်ရက်လျှင် လာရောက်ကုသသည့် ပြင်ပလူနာဦးရေစုစုပေါင်း ၅၅၀၀
  • ပြင်ပလူနာ ခွဲစိတ်ကုဌာန


ပြင်ပလူနာဌာနများနှင့် အထူးကုသခြင်းများ
bumrungrad.jpg
bumrungrad.jpg bumrungrad.jpg


အထူးပံ့ပိုးမှုများ

bumrungrad.jpg bumrungrad.jpg bumrungrad.jpg    
  • နှလုံးသွေးကြောဓာတ်မှန်ရိုက်၊ သွေးကြောချဲ့ခန်း ၂ ခန်း
  • နှလုံးခွဲစိတ်ကုသခန်း ၂ ခန်း
  • ခွဲစိတ်ခန်း ၁၉ ခန်း
  • အလိုလျောက် ဓာတ်ခွဲခန်း
  • ဓာတ်ရောင်ခြည် ကိုယ်တွင်းပိုင်းမှပေး၍ကုသခြင်း
  • ရိုးတွင်းချဉ်ဆီ အစားထိုးကုသဆောင်
  • လျှပ်စစ်ဓာတ်ပေးကုသခန်း (EP Lab)
  • အောက်ဆီဂျင်ဖြင့် လေဖိအားပေးကုသခန်း
  • ကိုယ်ခန္ဓာအစိတ်အပိုင်းတွင်း ပုံရိပ်လမ်းညွှန်မှုဖြင့် ရောဂါရှာဖွေကုသခြင်း
  • မေကို စက်ရုပ်လက်ဖြင့် အရိုးအဆစ်များ ခွဲစိတ်ကုသခြင်း/ မေကိုပလက်စတီ
  • အမ်အာအိုင်၊ စီတီ၊ တုန်ခါမှုလှိုင်းဖြင့် ကျောက်ခြေခြင်း
  • မွေးကင်းစကလေးငယ် အရေးပေါ်စောင့်ရှောက်သယ်ယူပို့ဆောင်ရေး
  • အဏုမြူဆေးပညာ
  • ဓာတ်မှန်ပုံရိပ်များ ရိုက်ယူ၊ သိမ်းဆည်း၊ ကြည့်ရှု၊ ပို့ဆောင်နိုင်သောနည်းစနစ် (PACS)
  • ပတ်စီတီစကင်
  • စက်ရုပ်အကူအညီဖြင့်လုပ်ဆောင်သော ဆေးဝါးဌာန 
  • ဓာတ်ရောင်ခြည်ကုထုံး (Linear accelerator)
  • အိပ်စက်ခြင်းကိုစစ်ဆေးသောဌာန
  • ကွန်ပျူတာလမ်းညွှန်စနစ်ဖြင့် ခွဲစိတ်ကုသခြင်း
  • ဗိုင်တယ်လိုက်ဖ် ကျန်းမာနုပျိုရေးစင်တာ (Vitallife)
  • VMAT ဓာတ်ရောင်ခြည်ကုထုံး


နိုင်ငံတကာ ကိုယ်စားလှယ်ရုံးများ

  • သြစတေးလျ
  • ဘာရိန်း
  • ဘင်္ဂလားဒေ့ချ်
  • ကမ္ဘောဒီးယား
  • တရုတ်
  • အီသီယိုးပီးယား
  • ဟောင်ကောင်
  • အင်ဒိုနီးရှား
  • ကူဝိတ်
  • မွန်ဂိုးလီးယား
  • မြန်မာ
  • အိုမန်
  • ရုရှား
  • ဆူဒန်
  • အာရပ်စော်ဘွားများ ပြည်ထောင်စု
  • ဗီယက်နမ်
 

နိုင်ငံတကာလူနာများအတွက် အထူးဝန်ဆောင်မှုများ

bumrungrad.jpg bumrungrad.jpg bumrungrad.jpg
  • စကားပြန်အယောက် ၁၅၀ ကျော်ရှိခြင်း၊ အပြည်ပြည်ဆိုင်ရာ/လေဆိပ် ဧည့်ကြိုဝန်ဆောင်မှု၊ သံရုံးနှင့်ဆိုင်ရာ အကူအညီများ၊ VIP လေဆိပ်အကြိုအပို့များ၊ အီးမေးလ်ဆက်သွယ်ရေးစင်တာ၊ နိုင်ငံတကာအာမခံများနှင့် ညှိနှိုင်းဆက်သွယ်ပေးခြင်းများ၊ နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ ညှိနှိုင်းအတိုင်ပင်ခံများ၊ ဗီဇာတိုးပေးသည့်ကောင်တာများ၊ အစ္စလာမ်ဘာသာဝင်များအတွက် ဘုရားရှိခိုးခန်းများ။


အရည်အသွေးနှင့် ထောက်ခံချက်များ

  • ထိုင်းနိုင်ငံမှ တရားဝင်အသိအမှတ်ပြုသည့် ပထမဦးဆုံး ပုဂ္ဂလိကဆေးရုံကြီး (၁၉၉၉)
  • အမေရိကန်နိုင်ငံအခြေစိုက် Joint Commission International (JCI) မှ ၂၀၀၂ ခုနှစ်တွင် တရားဝင်အသိအမှတ်ပြုခဲ့သော အာရှ၏ ပထမဆုံးဆေးရုံကြီး။ ၂၀၀၅၊ ၂၀၀၈၊ ၂၀၁၁ နှင့် ၂၀၁၄ ခုနှစ်တို့တွင်လည်း ပြန်လည်ဆန်းစစ်ကာ JCI အသိအမှတ်ပြုခံခဲ့ရပါသည်။ JCI ၏ “ရောဂါအလိုက် အသိအမှတ်ပြုခြင်း” အစီအစဉ်အရ နှလုံးနှင့်လေဖြတ်ရောဂါကု အစီအစဉ်များ (၂၀၀၆ မှစ၍)၊ နာတာရှည်ကျောက်ကပ်ရောဂါနှင့် ဆီးချိုရောဂါကု အစီအစဉ်များ (၂၀၁၀) ကိုလည်း JCI မှ ထောက်ခံအသိအမှတ်ပြုခြင်းခံခဲ့ရပါသည်။ 
  • ခရီးသွားဆေးကုသခြင်းအစီအစဉ်၌ အထူးချွန်ဆုံးဆုရရှိခဲ့သည့် ပထမဦးဆုံးဆေးရုံကြီး (၂၀၀၈ ထိုင်းခရီးသွားလုပ်ငန်းဆုများ) 
  • ချူလာလောင်ကွန်းတက္ကသိုလ်၏ စီးပွားရေးဆိုင်ရာပညာဌာနမှ ဝန်ဆောင်မှုပေးသော စီးပွားရေးလုပ်ငန်းများအတွက် ပေးအပ်သည့် “ထိုင်းနိုင်ငံ၏ သစ်ဆန်းတီထွင်မှုအကောင်းဆုံးကုမ္ပဏီ” ၂၀၀၈ ဆုကိုရရှိခဲ့သည့် ပထမဦးဆုံးဆေးရုံကြီး။ 
  • အမေရိကန်နိုင်ငံမှ ပေးအပ်သော Consumer Health World ဆုများတွင် “အပြည်ပြည်ဆိုင်ရာ ခရီးသွားဆေးကုသခြင်းအတွက် အကောင်းဆုံးဝက်ဘ်ဆိုဒ်” ပထမဆုကို ၂၀၀၈ တွင်ရရှိခဲ့သည်။ 
  • ထိုင်းနိုင်ငံ၏ အရည်အသွေးအဆင့်အတန်းဆု (၂၀၀၈)
  • အပြည်ပြည်ဆိုင်ရာ တရားဝင်အသိအမှတ်ပြု ဓာတ်ခွဲခန်း (ISO 15189)


လူမှုတာဝန်များ

bumrungrad.jpg bumrungrad.jpg
ဘမ်ရွန်ဂရက်ဆေးရုံဖောင်ဒေးရှင်း ကို ၁၉၉၀ ခုနှစ်တွင် နွမ်းပါးသော ထိုင်းလူမျိုးများအား ဆေးကုသမှုပေးရန် ရည်စူးတည်ထောင်ခဲ့သည်။ ၎င်းဖောင်ဒေးရှင်းသည် ထိုင်းလူမျိုး ၁၀၀၀၀၀ ကျော်အား ကျန်းမာရေးစစ်ဆေးမှုမှစ၍ နှလုံးချို့ယွင်းမှုရှိသော ကလေးငယ်များအတွက် အသက်ကယ်တင်ရန် ခွဲစိတ်ကုသမှုများအထိ အခမဲ့ဝန်ဆောင်မှုများပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်တို့တွင် ဘမ်ရွန်ဂရက်ဆေးရုံကြီးသည် ဆေးရုံ၏ စုပေါင်းလူမှုတာဝန်အစီအစဉ်များ အတွက် American Chamber of Commerce (AMCHAM) မှ ပေးအပ်သည့်ဆုကို ရရှိခဲ့သည်။