bih.button.backtotop.text

၂၀၂၆ ခုနှစ်၊ ကမ္ဘာ့အသည်းရောင်အသားဝါနေ့ - ရောဂါလက္ခဏာများကိုနားလည်သိရှိပါ၊ စစ်ဆေးမှုခံယူပါ၊ ရောဂါကူးစက်ခြင်းမှကာကွယ်ပါ။

လူ့ခန္ဓာကိုယ်တွင် အသည်းသည် အကြမ်းအခံဆုံးနှင့် သိသာသည့်လက္ခဏာပြလေ့မရှိသော အင်္ဂါအစိတ်အပိုင်းများထဲမှတစ်ခုဖြစ်သည်ကို သင်သိပါသလား။ နာတာရှည်အသည်းရောင်ရမ်းခြင်းသည် သတိပေးလက္ခဏာတစ်စုံတစ်ရာပြလေ့လုံးဝမရှိဘဲ နှစ်ပေါင်းများစွာ တဖြည်းဖြည်းဆိုးရွားလာတတ်သောကြောင့် လူအများစုမှာ နောက်ဆက်တွဲဆိုးကျိုးများမပေါ်ပေါက်လာမချင်း  ထိခိုက်ပျက်စီးမှုရှိနေသည်ကို သတိမထားမိကြပေ။
 
အသည်းရောင်အသားဝါရောဂါပိုးအကြောင်း နှင့် ကာကွယ်ဆေးထိုးနှံခြင်း၊ ရောဂါရှာဖွေစစ်ဆေးခြင်း၊ ကုသခြင်းတို့နှင့်ပတ်သက်၍ လူအများပိုမိုနားလည်သတိပြုမိကြစေရန် ဇူလိုင်လ ၂၈ ရက်နေ့ကို ကမ္ဘာ့အသည်းရောင်အသားဝါနေ့အဖြစ် သတ်မှတ်ကျင်းပကြသည်။ နာတာရှည် အသည်းရောင်အသားဝါ B နှင့် C ဗိုင်းရပ်စ်ပိုးများသည် အသည်းပျက်စီးမှုကိုတဖြည်းဖြည်း ဖြစ်ပွားနေစေသော်လည်း နှစ်နှင့်ချီ၍လက္ခဏာမပြဘဲမသိမသာရှိနေတတ်သည်။ စောစီးစွာရောဂါရှာဖွေစစ်ဆေးခြင်းနှင့် သင့်လျော်သောစောင့်ရှောက်ကုသမှုခံယူခြင်းတို့က အသည်းခြောက်ခြင်း၊ အသည်းပျက်စီးခြင်းနှင့် အသည်းကင်ဆာဖြစ်ပွားနိုင်ချေကို ကူညီလျှော့ချပေးနိုင်သည်။
 
၂၀၂၆ ခုနှစ်၊ ကမ္ဘာ့အသည်းရောင်အသားဝါနေ့၏ “အသည်းရောင်အသားဝါရောဂါ - ၎င်းကိုအသေးစိတ်လေ့လာဆန်းစစ်ကြပါစို့” ဆိုသောဆောင်ပုဒ်သည် မှားယွင်းသောအသိပညာနှင့်အယူအဆများ၊ လူမှုရေးဆိုင်ရာခွဲခြားဆက်ဆံမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုရရှိရန်အတားအဆီးများကို တိုက်ဖျက်ရာတွင်အတူတကွလုပ်ဆောင်ကြရန်တိုက်တွန်းထားပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ ၂၀၂၄ ခုနှစ်တွင် လူဦးရေ (၂၈၇) သန်းသည် နာတာရှည်အသည်းရောင်အသားဝါ B သို့မဟုတ် C ရောဂါကိုခံစားနေခဲ့ရပြီး၊ လူဦးရေ (၁.၃) သန်းသည် ဤရောဂါကူးစက်မှုများကြောင့် သေဆုံးခဲ့ကြကာ မွေးကင်းစကလေးငယ်များ၏ ၄၅ ရာခိုင်နှုန်းသာလျှင် မွေးဖွားပြီး ၂၄ နာရီအတွင်း အသည်းရောင်အသားဝါ B ပိုးကာကွယ်ဆေးကို ရရှိခဲ့ကြသည်။

 

အသည်းရောင် အသားဝါရောဂါဆိုတာဘာလဲ။ ဘာကြောင့်ဖြစ်ပွားရသလဲ။

အသည်းရောင်အသားဝါရောဂါဆိုသည်မှာ အသည်းရောင်ရမ်းခြင်းကိုဆိုလိုသည်။ ဗိုင်းရပ်စ်ပိုးကူးစက်ဝင်ရောက်ခြင်း၊ အရက်သေစာသောက်သုံးခြင်း၊ အသည်းအဆီဖုံးရောဂါ၊ အချို့သောဆေးဝါးများ သို့မဟုတ် ဖြည့်စွက်ဆေးများ၊ အဆိပ်အတောက်များ သို့မဟုတ် ကိုယ်ခံအားစနစ်ဖောက်ပြန်သောရောဂါများကြောင့်ဖြစ်ပွားနိုင်သည်။


Hepatitis-2026-Day-Infographics-MM.png


အသည်းရောင်အသားဝါရောဂါ အမျိုးအစားများကိုနားလည်သိရှိခြင်း

 
အမျိုးအစား အဓိကကူးစက်ပျံ့နှံ့သည့်လမ်းကြောင်း နာတာရှည်ဖြစ်လာနိုင်ပါသလား။ ကာကွယ်ဆေးရရှိနိုင်ပါသလား။
အသည်းရောင် အသားဝါ - A ရောဂါပိုးပါရှိသော အစားအစာ သို့မဟုတ် ရေများကိုသောက်သုံးမိခြင်း သို့မဟုတ် ရောဂါပိုးရှိသူနှင့် အနီးကပ်ထိတွေ့နေရခြင်း ပုံမှန်အားဖြင့် မဖြစ်ပါ ရရှိနိုင်ပါသည်
အသည်းရောင် အသားဝါ - B ရောဂါပိုးပါရှိသော သွေးနှင့် ခန္ဓာကိုယ်တွင်းရှိအရည်များကိုထိတွေ့မိခြင်း -လိင်ဆက်ဆံခြင်းနှင့် မိခင်မှရင်သွေးသို့ ကူးစက်ခြင်းအပါအဝင်  ဖြစ်နိုင်ပါသည် ရရှိနိုင်ပါသည်
အသည်းရောင် အသားဝါ - C အဓိကအားဖြင့် ရောဂါပိုးပါရှိသောသွေး -ပိုးမသတ်ထားသော ပစ္စည်းကိရိယာများနှင့်  ထိတွေ့ခြင်းအပါအဝင်  ဖြစ်နိုင်ပါသည် မရရှိနိုင်ပါ
အသည်းရောင် အသားဝါ - D ရောဂါပိုးပါရှိသော သွေးနှင့် ခန္ဓာကိုယ်တွင်းရှိအရည်များကိုထိတွေ့မိခြင်း - အသည်းရောင်အသားဝါ B ရောဂါရှိသူများတွင်သာ ဖြစ်ပွားသည် ဖြစ်နိုင်ပါသည် သီးသန့်ကာကွယ်ဆေး မရှိပါ၊ အသည်းရောင်အသားဝါ B ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်သည်
အသည်းရောင် အသားဝါ - E အဓိကအားဖြင့် ရောဂါပိုးပါရှိသော အစားအစာ သို့မဟုတ် ရေ ပုံမှန်အားဖြင့် မဖြစ်ပါ။ သို့သော် ကိုယ်ခံအားစနစ် အားနည်းသူများတွင် နာတာရှည်ကူးစက်မှု ဖြစ်ပွားနိုင်သည် ရရှိနိုင်ပါသည်။ သို့သော် အချို့သောနိုင်ငံများတွင် အကန့်အသတ် နှင့်သာခွင့်ပြုထားပြီး ထိုင်းနိုင်ငံတွင်မရရှိနိုင်ပါ
 

အသည်းရောင်အသားဝါ A နှင့် E တို့သည် ယေဘုယျအားဖြင့် ကာလတိုရောဂါပိုးကူးစက်ခြင်းသာဖြစ်သည်။ အသည်းရောင် အသားဝါ B, C နှင့် D တို့မှာ နာတာရှည်ရောဂါအဖြစ်သို့ပြောင်းလဲသွားနိုင်ပြီး အသည်းကိုတဖြည်းဖြည်းပျက်စီးစေသည်။ ရောဂါပျံ့နှံ့ကူးစက်မှု၊ ကာကွယ်ရေးနှင့် ကုသမှုတို့မှာ အမျိုးအစားအလိုက်ကွာခြားသောကြောင့် သင့်လျော်သောစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် အလွန်အရေးကြီးသည်။


အသည်းရောင်အသားဝါရောဂါရဲ့ လက္ခဏာတွေကဘာတွေလဲ။

နာတာရှည် အသည်းရောင်အသားဝါ B သို့မဟုတ် C ရောဂါရှိသူအများစုမှာ ရောဂါလက္ခဏာလုံးဝမပြတတ်ပါ။ ရောဂါလက္ခဏာများပေါ်လာသည့်အခါ အောက်ပါအခြေအနေများခံစားရနိုင်သည် -
  • အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် အားအင်ကုန်ခန်းခြင်း
  • အစားအသောက်ပျက်ခြင်း သို့မဟုတ် ပျို့အန်ခြင်း
  • ညာဘက်နံရိုးအပေါ်ဘက်ပိုင်းတွင်အောင့်ခြင်း၊ မအီမသာဖြစ်ခြင်း
  • ဆီးအရောင်ရင့်ခြင်း သို့မဟုတ် ဝမ်းအရောင်ဖျော့ခြင်း
  • အရေပြား သို့မဟုတ် မျက်လုံးဝါခြင်း (အသားဝါရောဂါဟု ခေါ်ဆိုကြသည်။)

 
အသည်းရောင်အသားဝါရောဂါ ဟုတ်မဟုတ် တိတိကျကျသိရှိနိုင်ရန် အချို့သောသွေးစစ်ဆေးမှုများပြုလုပ်ရန်လိုအပ်ပါသည်။ အသည်း၏လုပ်ဆောင်ချက်များအားစစ်ဆေးခြင်း (Liver function tests) သည် အသည်းကမည်သို့အလုပ်လုပ်နေကြောင်းကို ပြသပေးနိုင်သော်လည်း ၎င်းတစ်ခုတည်းဖြင့်အသည်းရောင်အသားဝါ B သို့မဟုတ် C ရောဂါကိုအတည်ပြု၍မရပါ။ အသည်းခြောက်ခြင်း သို့မဟုတ် အခြားသောအသည်းပျက်စီးမှုများကို ရှာဖွေစစ်ဆေးရန်အတွက် ပုံရိပ်ဖော်စစ်ဆေးခြင်း၊ Elastography သို့မဟုတ် အခြားထပ်ပေါင်းစစ်ဆေးမှုများပြုလုပ်ရန်လိုအပ်သည်။

 

အသည်းရောင်အသားဝါ B ပိုး နှင့် C ပိုးအတွက် မည်သူတွေစစ်ဆေးမှုခံယူသင့်သလဲ။

အောက်ဖော်ပြပါအချက်များနှင့်ကိုက်ညီမှုရှိပါက အသည်းရောင်အသားဝါစစ်ဆေးမှုပြုလုပ်ရန် သင့်တော်ခြင်းရှိမရှိ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။
  • အသည်းရောင်အသားဝါ B သို့မဟုတ် C ရောဂါအဖြစ်များသောဒေသတွင်မွေးဖွားခဲ့သူ သို့မဟုတ် နေထိုင်ခဲ့ဖူးသူ
  • အသည်းရောင်အသားဝါရောဂါရှိသော မိသားစုဝင် သို့မဟုတ် လက်တွဲဖော်ရှိသူ
  • ရောဂါပိုးပါရှိသော သွေးနှင့်ထိတွေ့မိခြင်း သို့မဟုတ် ဆေးထိုးအပ်များကိုမျှဝေသုံးစွဲခြင်းရှိဖူးသူ
  • သေချာပိုးသတ်ထားခြင်းမရှိသော အပ်စိုက်ခြင်း၊ တက်တူးထိုးခြင်း၊ နားဖောက်ခြင်း သို့မဟုတ်  ခွဲစိတ်ကုသမှုများ ခံယူဖူးသူ
  • အသည်းစစ်ဆေးမှုရလဒ်များပုံမှန်မဟုတ်သူ သို့မဟုတ် အသည်းရောဂါဖြစ်ပွားနေသူ
  • ကိုယ်ဝန်ရှိနေပြီး သတ်မှတ်ထားသော မီးမဖွားမီကျန်းမာရေးဆိုင်ရာကြိုတင်စစ်ဆေးမှုများပြုလုပ်ရန်လိုအပ်သူ

 
စစ်ဆေးရန်အကြံပြုချက်များသည် ကျန်းမာရေးရာဇဝင်၊ ကိုယ်ဝန်ဆောင်မှုအခြေအနေ၊ ဒေသဆိုင်ရာကုသရေးလမ်းညွှန်ချက်များ နှင့် တစ်ဦးချင်းစီ၏ ရောဂါဖြစ်ပွားနိုင်ခြေအန္တရာယ်အပေါ် တွင်မူတည်သည်။

 

အသည်းရောင်အသားဝါရောဂါကို မည်သို့ကာကွယ်နိုင်သနည်း။

အသည်းရောင်အသားဝါ A နှင့် B ပိုးတို့အတွက် ကာကွယ်ဆေးများရရှိနိုင်သည်။ အသည်းရောင် အသားဝါ D သည် အသည်းရောင်အသားဝါ B ပိုးမရှိဘဲ ဖြစ်ပွားနိုင်ခြင်းမရှိသောကြောင့် B ပိုးကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် အသည်းရောင် D ပိုးကိုပါကာကွယ်ပြီးသားဖြစ်သည်။ အသည်းရောင်အသားဝါ C ပိုးအတွက် ကာကွယ်ဆေးဟူ၍မရှိသေးပါ။ အသည်းရောင်အသားဝါ E အတွက်ကာကွယ်ဆေးကို အချို့နိုင်ငံများတွင်မှတ်ပုံတင်ခွင့်ပြုထားသော်လည်း ကမ္ဘာတစ်ဝှမ်းတွင်ကျယ်ကျယ်ပြန့်ပြန့်မရရှိနိုင်သေးပါ။
 


သင်၏ရောဂါဖြစ်ပွားနိုင်ချေကိုလျှော့ချရန် -
  • ​အကြံပြုထားသော အသည်းရောင်အသားဝါ A နှင့် B ပိုးကာကွယ်ဆေးများကို ဆေးထိုးအချိန်ဇယားများနှင့်အညီ လိုက်နာထိုးနှံပါ။
  • ​လက်များကိုစနစ်တကျဆေးကြောပြီး ဘေးကင်း၍သန့်ရှင်းသော အစားအစာ နှင့် ရေကိုရွေးချယ်စားသုံးပါ။
  • ​ဆေးထိုးအပ်များ၊ မုတ်ဆိတ်ရိတ်ဓားများ၊ သွားတိုက်တံများ သို့မဟုတ် လက်သည်းညှပ်များကို မျှဝေသုံးစွဲခြင်းမှရှောင်ကြဉ်ပါ။
  • ​လုံခြုံစိတ်ချရသောလိင်ဆက်ဆံမှုကို ကျင့်သုံးပါ။
  • ​ပိုးသတ်ထားသောကိရိယာများကိုသာအသုံးပြုသည့် ခွဲစိတ်မှု၊ သွားနှင့်ခံတွင်းဆိုင်ရာကုသမှုလုပ်ငန်းစဉ်များ၊ တက်တူးထိုးခြင်း၊ နားဖောက်ခြင်း နှင့် အလှအပဆိုင်ရာပြုပြင်ကုသမှုများကို ရွေးချယ်ပါ။

 
အရက်သေစာသောက်သုံးမှုကိုကန့်သတ်လျှော့ချခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်အလေးချိန်ကိုထိန်းသိမ်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှအကြံပြုညွှန်းဆိုထားသော ဆေးဝါးများ သို့မဟုတ် ဖြည့်စွက်စာများကိုသာသုံးစွဲခြင်းဖြင့် အသည်းကျန်းမာရေးကောင်းမွန်နေစေရန်လုပ်ဆောင်ပါ။

 

မကြာခဏမေးလေ့ရှိသောမေးခွန်းများ

ရောဂါလက္ခဏာမပြဘဲ အသည်းရောင် အသားဝါရောဂါရှိနေနိုင်သလား။
ရှိနိုင်ပါသည်။ နာတာရှည်အသည်းရောင်အသားဝါ B နှင့် C ရောဂါတို့သည် နှစ်ပေါင်းများစွာလက္ခဏာမပြဘဲ တိတ်တဆိတ်ရှိနေနိုင်သည်။ ရောဂါနောက်ဆက်တွဲဆိုးကျိုးများမဖြစ်ပွားမီ စစ်ဆေးမှုပြုလုပ်ခြင်းက ရောဂါပိုးကူးစက်နေကြောင်း ရှာဖွေဖော်ပြပေးနိုင်သည်။

အသည်းရောင်အသားဝါရောဂါကို ကုသနိုင်သလား။
ကုသမှုသည် ရောဂါအမျိုးအစားအပေါ် မူတည်၍အမျိုးမျိုးကွဲပြားနိုင်သည်။ တိုက်ရိုက်သက်ရောက်မှုရှိသော ဗိုင်းရပ်စ်ပိုးတိုက်ဖျက်ရေးဆေးဝါးများသည် အသည်းရောင်အသားဝါ C ပိုးကူးစက်ခြင်းခံနေရသူများ၏ ၉၅ ရာခိုင်နှုန်းကျော်ကို သက်သာပျောက်ကင်းစေနိုင်သည်။ နာတာရှည် အသည်းရောင်အသားဝါ B ရောဂါအတွက် ကုသမှုသည် ဗိုင်းရပ်စ်ပိုးကိုနှိမ်နင်းပေးနိုင်ပြီး အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာဖြစ်ပွားနိုင်ချေကို လျှော့ချပေးနိုင်သည်။

အသည်းရောင်အသားဝါရောဂါရှာဖွေစစ်ဆေးမှုနှင့် အသည်း၏လုပ်ဆောင်ချက်စစ်ဆေးမှုတူညီသလား။
မတူညီပါ။ အသည်း၏လုပ်ဆောင်ချက်စစ်ဆေးမှုများသည် အသည်းအင်ဇိုင်းများနှင့် အသည်းကျန်းမာရေးဆိုင်ရာ အညွှန်းကိန်းများကို တိုင်းတာစစ်ဆေးပေးခြင်း ဖြစ်သည်။ အသည်းရောင်အသားဝါ B သို့မဟုတ် C ပိုးရှိမရှိသိရှိနိုင်ရန်အတွက်မှာ မတူညီသောသွေးစစ်ဆေးမှုများ ပြုလုပ်ရန်လိုအပ်ပါသည်။

အသည်းရောင်အသားဝါရောဂါသည် အသည်းကင်ဆာကို ဖြစ်စေနိုင်သလား။
ဖြစ်စေနိုင်ပါသည်။ ရေရှည်ဖြစ်ပွားနေသော အသည်းရောင်အသားဝါ B၊ C သို့မဟုတ် D ရောဂါများသည် အသည်းရောင်ရမ်းခြင်းနှင့် အသည်းတွင်ဒဏ်ရာဖြစ်ခြင်းများကို ဆက်တိုက်ဖြစ်ပေါ်စေပြီး အသည်းကင်ဆာ ဖြစ်ပွားနိုင်ချေကို မြင့်တက်စေပါသည်။ သွေးစစ်ဆေးခြင်း၊ စောင့်ကြည့်လေ့လာခြင်းနှင့် သင့်လျော်သော ကုသမှုခံယူခြင်းတို့က ဤအန္တရာယ်ကိုလျှော့ချရန် ကူညီပေးနိုင်ပါသည်။

ဘန်ကောက်မြို့ရှိ အသည်းရောင်အသားဝါ စစ်ဆေးခြင်းနှင့် အသည်းစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများ
နိုင်ငံတကာအဆင့်မီဘမ်ရွန်ဂရက်ဆေးရုံသည် Newsweek မှ Statista နှင့်ပူးပေါင်း၍ အကဲဖြတ်လေ့လာခဲ့သော အထူးကုဆေးရုံ ၁၀ ခုတွင် ၂၀၂၆ ခုနှစ်အတွက် အာရှပိစိဖိတ်ဒေသ၏ အကောင်းဆုံးအထူးကုဆေးရုံများစာရင်းတွင် ပါဝင်ခြင်းခံခဲ့ရသည်။ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ အထူးကုကဏ္ဍတွင် ဘမ်ရွန်ဂရက်ဆေးရုံသည် အာရှပစိဖိတ်ဒေသရှိ ဆေးရုံ ၇၅ ခုအနက် ၁၀ ခုမြောက်အဆင့်တွင်ရပ်တည်ခဲ့ပြီး ထိုင်းနိုင်ငံတွင် နံပါတ် ၁ ချိတ်ခဲ့သည်။



At the Digestive Disease (GI) Center at Bumrungrad International Hospital in Bangkok, Thailand, ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နိုင်ငံတကာအဆင့်မီဘမ်ရွန်ဂရက်ဆေးရုံကြီး၏ အစာအိမ် နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါဗေဒဌာနတွင် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် အသည်းရောဂါအထူးကုဆရာဝန်ကြီးများက အသည်းရောင်အသားဝါ စစ်ဆေးခြင်း၊ အသည်းကျန်းမာရေးဆန်းစစ်ခြင်း၊ ရောဂါရှာဖွေရေးဆိုင်ရာစစ်ဆေးခြင်း၊ အသည်းခြောက်မှုအခြေအနေအကဲဖြတ်ခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်းနှင့် တစ်ဦးချင်းစီအတွက် သင့်လျော်သော ကုသမှုလမ်းညွှန်ချက်များကို ပေးစွမ်းလျက်ရှိပါသည်။
 
၂၀၂၆ ခုနှစ်၊ ကမ္ဘာ့အသည်းရောင်အသားဝါနေ့သည် သင်၏ကာကွယ်ဆေးထိုးနှံမှုရာဇဝင်ကို ပြန်လည်သုံးသပ်ရန်၊ ရောဂါဖြစ်ပွားနိုင်ချေ အကြောင်းရင်းများကိုနားလည်စေရန်နှင့် အသည်းရောင်အသားဝါစစ်ဆေးမှုသည် သင့်အတွက် သင့်လျော်ခြင်းရှိမရှိမေးမြန်းရန် အကောင်းဆုံး အခွင့်အလမ်းတစ်ရပ်ဖြစ်သည်။
 

 
For more information please contact:
  • အစာအိမ်နှင့်အူလမ်းကြောင်းရောဂါဌာန
    Tel. +662 011 2167 - 8
    Tel. +9595105105
    မြန်မာပြည်ရှိ ကျွန်ုပ်တို့၏ကိုယ်စားလှယ်ရုံးသို့ ခေါ်ဆိုရန်။

Last modify: օգոստոսի 05, 2026

Related Packages

Related Health Blogs