bih.button.backtotop.text

ရင်သားတစ်သျှူးသိပ်သည်းဆများနေခြင်း - ဒီအချက်ကရင်သားကင်ဆာစစ်ဆေးမှုအတွက် ဘယ်လိုအဓိပ္ပာယ်ဖြစ်မလဲ။

ရင်သားတစ်သျှူးသိပ်သည်းဆများနေခြင်း - ဒီအချက်ကရင်သားကင်ဆာစစ်ဆေးမှုအတွက် ဘယ်လိုအဓိပ္ပာယ်ဖြစ်မလဲ။
ရင်သားတစ်သျှူးသိပ်သည်းဆများနေခြင်းဆိုသည်မှာ ရင်သားဓာတ်မှန်ရိုက်သည့်အခါတွင် အဆီတစ်သျှူးများထက် အမျှင်ဓာတ်ပါဝင်သောတစ်သျှူး နှင့် ဂလင်းတစ်သျှူးများ ပိုမိုများပြားစွာပါဝင်နေခြင်းကိုဆိုလိုပါသည်။ BI-RADS အဆင့်သတ်မှတ်ချက်အရ ရင်သားသိပ်သည်းမှုအမျိုးအစား C (သိပ်သည်းမှုမညီမညာဖြစ်နေခြင်း) နှင့် D (အလွန်အမင်းသိပ်သည်းမှုရှိခြင်း) တို့ကို သိပ်သည်းဆများသော ရင်သားအမျိုးအစားများအဖြစ် သတ်မှတ်သည်။
 
ရင်သားတစ်သျှူးသိပ်သည်းဆများခြင်းသည် အဖြစ်များလေ့ရှိပြီး ပုံမှန်မဟုတ်သောအခြေအနေမျိုး မဟုတ်ပါ။ သို့သော် ၎င်းသည်အရေးပါသောအချက်တစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တစ်သျှူးသိပ်သည်းဆများခြင်းကြောင့် ရင်သားဓာတ်မှန်ရိုက်ကူးစစ်ဆေးရာတွင် အချို့သောရင်သားကင်ဆာများကို မြင်တွေ့ရန်ခက်ခဲစေနိုင်သကဲ့သို့ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားလာစေခြင်းနှင့်လည်း သီးခြားဆက်စပ်မှုရှိနေသောကြောင့် ဖြစ်ပါသည်။
 

အဓိကမှတ်သားရန်အချက်များ
  • သိပ်သည်းဆများသောရင်သားများကို BI-RADS အမျိုးအစား C သို့မဟုတ် D ဟုသတ်မှတ်သည်။
  • ရင်သားသိပ်သည်းဆကို ရင်သား၏အရွယ်အစား၊ ပုံပန်းသဏ္ဌာန် သို့မဟုတ် ထိတွေ့စမ်းသပ်ခြင်းတို့ဖြင့်  ဆုံးဖြတ်သည်မဟုတ်ဘဲ ရင်သားဓာတ်မှန်ရိုက်ကူးခြင်းဖြင့်သာ တိုင်းတာအကဲဖြတ်ပါသည်။
  • သိပ်သည်းဆများသောတစ်ရှူးများသည် Mammogram စစ်ဆေးမှု၏ တုံ့ပြန်နိုင်စွမ်းကို လျော့နည်းစေနိုင်သည်။
  • ရင်သားအာလ်ထရာဆောင်း သို့မဟုတ် MRI ရိုက်ခြင်းကို အစဥ်အမြဲမလိုအပ်ပါ။ ရောဂါရှာဖွေစစ်ဆေးမှုမှ ရင်သားသိပ်သည်းဆ နှင့် ရင်သားကင်ဆာဖြစ်နိုင်ချေကိုဖော်ပြပေးနိုင်သည်။

သိပ်သည်းဆများသောရင်သားဆိုသည်မှာ အဘယ်နည်း။
ရင်သားတွင် အဆီတစ်သျှူး၊ အမျှင်တစ်သျှူး နှင့် ဂလင်းတစ်သျှူးများ ပါဝင်ပါသည်။ ရင်သားဓာတ်မှန်ပုံရိပ်တွင် အဆီတစ်သျှူးကို အရောင်နက်မှောင်စွာမြင်တွေ့ရပြီး အမျှင်တစ်သျှူး နှင့် ဂလင်းတစ်သျှူးများကိုမူ အဖြူရောင်အဖြစ်မြင်တွေ့ရသည်။ ဓာတ်မှန်အထူးကုဆရာဝန်သည် Mammogram ရိုက်ခြင်းမှတစ်ဆင့် ရင်သား၏သိပ်သည်းဆကို ဆုံးဖြတ်သတ်မှတ်ပေးနိုင်သည်။

 
BI-RADS စနစ်သည် ရင်သားသိပ်သည်းဆကို အမျိုးအစား လေးမျိုး ခွဲခြားသတ်မှတ်ထားသည် -
 
ရင်သား သိပ်သည်းဆ ၎င်း၏ အဓိပ္ပာယ်
A – အဆီများသာအဓိကပါဝင်သည် အများအားဖြင့် အဆီတစ်သျှူးများ ဖြစ်သည်။
B – Fibroglandular သိပ်သည်းဆရှိသော နေရာများ ပြန့်ကျဲတည်ရှိနေခြင်း သိပ်သည်းသော တစ်ရှူးများရှိသည့် နေရာအချို့ ရှိသည်။
C - သိပ်သည်းမှုမညီမညာရှိနေခြင်း သိပ်သည်းသောတစ်ရှူးများ အများအပြားရှိနေခြင်းက သေးငယ်သောအလုံးအကျိတ်များကို ဖုံးကွယ်ထားနိုင်ပါသည်။
D – အလွန်သိပ်သည်းသည် ရင်သား၏ အစိတ်အပိုင်းအများစုမှာ သိပ်သည်းသောတစ်ရှူးများဖြစ်ပြီး၊ ၎င်းက Mammogram စစ်ဆေးမှု၏တုံ့ပြန်နိုင်စွမ်းကို လျော့နည်းစေနိုင်သည်။
 

အမျိုးအစား C နှင့် D တို့ကို သိပ်သည်းဆများသောရင်သားများအဖြစ် သတ်မှတ်ပါသည်။
 

ရင်သားတစ်သျှူးသိပ်သည်းဆများနေခြင်းက Mammogram ရလဒ်ကို ဖတ်ရှုအကဲဖြတ်ရန် အဘယ်ကြောင့်ပိုမိုခက်ခဲစေသနည်း။
သိပ်သည်းသောရင်သားတစ်ရှူးနှင့် ရင်သားကင်ဆာအများစုတို့သည်  Mammogram တွင် အဖြူရောင်အနေဖြင့်ပေါ်လေ့ရှိကြသည်။ ဤအချက်ကြောင့် တစ်ရှူးများအကြားတွင်ရှိနေသော သေးငယ်သည့်အရာများသည် အရောင်ပိုမိုမည်းနက်သောအဆီတစ်ရှူးများကြားတွင်ရှိနေသည်ထက် မြင်တွေ့ရခက်ခဲစေသည့်အခြေအနေမျိုးကို ဖြစ်ပေါ်စေနိုင်ပါသည်။
 
ရင်သားတစ်သျှူးသိပ်သည်းဆများသော အမျိုးသမီးများအတွက် ရင်သားဓာတ်မှန်ရိုက်ခြင်းသည် အရေးပါသောစစ်ဆေးမှုတစ်ခုအဖြစ် ဆက်လက်တည်ရှိနေသော်လည်း၊ ထိုသိပ်သည်းဆအခြေအနေသည် နောက်ထပ်ပုံရိပ်ဖော်စစ်ဆေးမှုများပြုလုပ်သည့်အခါ အကျိုးရှိနိုင်မည်လားဆိုသည့်အချက်အပေါ် တွင် သက်ရောက်မှုများရှိနိုင်သည်။
 

ရင်သားတစ်သျှူးသိပ်သည်းဆများနေခြင်းက ရင်သားကင်ဆာဖြစ်နိုင်ခြေကို မြင့်မားစေပါသလား။
မြင့်မားစေနိုင်သည်။ ရင်သားတစ်သျှူးသိပ်သည်းဆမြင့်မားခြင်းသည် ရင်သားကင်ဆာဖြစ်စေနိုင်သည့် သီးခြားအကြောင်းရင်းတစ်ခုဖြစ်ပြီး၊ သိပ်သည်းဆပိုမိုများပြားလာသည်နှင့်အမျှ ရင်သားကင်ဆာဖြစ်နိုင်ခြေမှာလည်း မြင့်မားလာလေ့ရှိပါသည်။
သို့သော် ရင်သားတစ်သျှူးသိပ်သည်းဆဆိုသည်မှာ ရောဂါဖြစ်ပွားနိုင်ခြေရှိမရှိ ဆုံးဖြတ်ရာတွင်ပါဝင်သည့် အချက်တစ်ချက်သာဖြစ်သည်။ အခြားသောအချက်များတွင် အသက်အရွယ်၊ မိသားစုရာဇဝင်၊ မျိုးရိုးလိုက်သော မျိုးဗီဇဆိုင်ရာပြောင်းလဲမှုအချို့၊ အန္တရာယ်များသည့် ရင်သားအသားပို သို့မဟုတ် အကျိတ်များ ယခင်ကဖြစ်ပွားခဲ့ဖူးခြင်း နှင့် ရင်ဘတ်ဧရိယာကို ဓာတ်ရောင်ခြည်ဖြင့်ကုသမှုခံယူဖူးခြင်းတို့ ပါဝင်ပါသည်။ ထို့ကြောင့် ရင်သားကင်ဆာစစ်ဆေးမှုပြုလုပ်ရန် ဆုံးဖြတ်ချက်ချရာတွင် ရင်သားတစ်သျှူးသိပ်သည်းဆတစ်ခုတည်းကိုသာ မကြည့်ဘဲ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေအလုံးစုံကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါသည်။
 

ရင်သားတစ်သျှူးသိပ်သည်းဆများရင် Ultrasound သို့မဟုတ် MRI ရိုက်ဖို့ လိုအပ်ပါသလား။
မရိုက်မနေရတော့ မဟုတ်ပါ။ အကောင်းဆုံးစစ်ဆေးမှုနည်းလမ်းသည် ရင်သားတစ်သျှူးသိပ်သည်းဆ၊ ရောဂါဖြစ်နိုင်ခြေအခြေအနေ၊ ယခင်ကရိုက်ကူးထားသောပုံရိပ်များ နှင့် ကျန်းမာရေးရာဇဝင်တို့အပေါ် တွင်မူတည်ပါသည်။
သင့်ဆရာဝန်သည် အောက်ပါတို့နှင့်ပတ်သက်၍ ဆွေးနွေးကောင်း ဆွေးနွေးနိုင်ပါသည် -
  • သုံးဖက်မြင်ဒစ်ဂျစ်တယ် Mammography သို့မဟုတ် Digital breast tomosynthesis - ရင်သားပုံရိပ်ကို ရှုထောင့်အမျိုးမျိုးမှရိုက်ယူပေးခြင်းဖြင့် အထပ်ထပ်ဖြစ်နေသောတစ်ရှူးများကို ဆန်းစစ်အကဲဖြတ်ရာတွင် အထောက်အကူပြုနိုင်သည်။
  • ရင်သားအာလ်ထရာဆောင်း - Mammogram ဖြင့် ခွဲခြားရန်ခက်ခဲသော မူမမှန်သည့်အချက်များကိုတွေ့ရှိနိုင်သည့်အပြင် နောက်ဆုံးတွင် ကင်ဆာမဟုတ်သော အကျိတ်များအဖြစ် အတည်ပြုနိုင်မည့် အရာများကိုလည်းတွေ့ရှိနိုင်ပါသည်။
  • ရင်သား MRI - ရောဂါဖြစ်ပွားနိုင်ခြေ မြင့်မားသည့် အမျိုးသမီးများအတွက် အကြံပြုနိုင်ပြီး၊ ရင်သားတစ်သျှူးသိပ်သည်းဆများသော အမျိုးသမီးအချို့အတွက်လည်း ထည့်သွင်းစဉ်းစားနိုင်ပါသည်။
 
သင့်ဆရာဝန်ကိုမေးမြန်းသင့်သည့် အသုံးဝင်သောမေးခွန်းတစ်ခုမှာ - "ကျွန်မရဲ့ ရင်သားတစ်သျှူးသိပ်သည်းဆ နဲ့ အခြားသော ရောဂါဖြစ်နိုင်ခြေအကြောင်းရင်းတွေကို ထည့်သွင်းစဉ်းစားရင် ဘယ်လိုရောဂါရှာဖွေစစ်ဆေးရေးအစီအစဉ်က သင့်တော်ပါသလဲ" ဟူသော မေးခွန်းပင်ဖြစ်သည်။
 

ရင်သားစစ်ဆေးခြင်းနှင့် ရင်သားတစ်သျှူးသိပ်သည်းဆစစ်ဆေးမှုများအတွက် ဘမ်ရွန်ဂရက်ဆေးရုံကြီးကို အဘယ်ကြောင့်ရွေးချယ်သင့်သနည်း။ 
နိုင်ငံတကာအဆင့်မီဘမ်ရွန်ဂရက်ဆေးရုံကြီးရှိ ရင်သားရောဂါကုသမှုဌာနသည် ရင်သားရောဂါရှာဖွေစစ်ဆေးခြင်း၊ ရောဂါအတည်ပြုသတ်မှတ်ခြင်းနှင့် ကုသခြင်းတို့ကို အထောက်အပံ့ပေးနိုင်ရန် ရောဂါရှာဖွေရေးဆိုင်ရာဓာတ်မှန် နှင့် နျူကလီးယားဆေးပညာဌာန (Diagnostic Radiology and Nuclear Medicine Center) နှင့် Horizon Regional ကင်ဆာဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
  • ရင်သားဆိုင်ရာ အဆင့်မြင့်ပုံရိပ်ဖော်စစ်ဆေးခြင်း -
ဝန်ဆောင်မှုများတွင် ဒစ်ဂျစ်တယ် Mammography၊ ရင်သားအာလ်ထရာဆောင်း၊ ရင်သား MRI နှင့် လိုအပ်ပါကပုံရိပ်ဖော်လမ်းညွှန်စနစ်ဖြင့် ရင်သားတစ်ရှူးနမူနာယူခြင်းတို့ ပါဝင်ပါသည်။ ထို့အပြင် Lunit INSIGHT MMG ဟုခေါ်သော AI နည်းပညာပါဝင်သည့် Mammography စနစ်ကိုလည်း အသုံးပြုပါသည်။ ဤစနစ်သည်သံသယဖြစ်ဖွယ်နေရာများကို ထောက်ပြပေးနိုင်ခြင်းဖြင့် ဓာတ်မှန်အထူးကုဆရာဝန်များအား ပိုမိုအသေးစိတ်စစ်ဆေးသုံးသပ်နိုင်ရန် ကူညီပေးပါသည်။
 
  • JCI အသိအမှတ်ပြု ရင်သားကင်ဆာကုသရေးအစီအစဉ် -
၂၀၂၅ ခုနှစ်တွင် ဘမ်ရွန်ဂရက်ဆေးရုံကြီး၏ ရင်သားကင်ဆာကုသရေးအစီအစဉ်သည် Joint Commission International ၏ Clinical Care Program Certification (JCI CCPC) အသိအမှတ်ပြုလက်မှတ်ကို ရရှိခဲ့ပါသည်။

 
  • ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုခံရမှု - 
Newsweek နှင့် Statista တို့၏ ၂၀၂၆ ခုနှစ်အတွက် အာရှပစိဖိတ်တစ်ဝန်းရှိအကောင်းဆုံးအထူးကုဆေးရုံများစာရင်းတွင် ဘမ်ရွန်ဂရက်ဆေးရုံကြီးသည် ကင်ဆာရောဂါကုသမှုနယ်ပယ်တွင် ထိုင်းနိုင်ငံအတွင်းအဆင့် (၁) နှင့် အာရှပစိဖိတ်ဒေသတွင် အဆင့် (၅၈) နေရာတို့ကိုရရှိခဲ့ပါသည်။ ထို့အပြင် Newsweek ၏ ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆေးရုံများ စာရင်းတွင်လည်း ကမ္ဘာ့အဆင့် (၉၆) နေရာ၌ရပ်တည်နိုင်ခဲ့ပြီး၊ ကမ္ဘာ့ထိပ်တန်းဆေးရုံ (၁၀၀) စာရင်းတွင်ပါဝင်သည့် ထိုင်းနိုင်ငံ၏တစ်ခုတည်းသောဆေးရုံအဖြစ် ဆက်လက်ရပ်တည်လျက်ရှိပါသည်။


အမေးများသော မေးခွန်းများ
သိပ်သည်းဆများသော ရင်သားများသည် ပုံမှန်မဟုတ်သောအခြေအနေမျိုးလား။
မဟုတ်ပါ။ ရင်သားတစ်သျှူးများထူထပ်သိပ်သည်းခြင်း ဆိုသည်မှာ ရင်သားတစ်သျှူး၏ ဖွဲ့စည်းပုံအခြေအနေကိုသာ ရည်ညွှန်းခြင်းဖြစ်ပြီး ရောဂါ သို့မဟုတ် ပုံမှန်မဟုတ်သော အခြေအနေတစ်ခု မဟုတ်ပါ။
 
ရင်သားဖွဲ့စည်းပုံသိပ်သည်းခြင်း ရှိ၊ မရှိကို လက်ဖြင့်ကိုယ်တိုင်စမ်းသပ်ကြည့်ရုံနဲ့ သိနိုင်ပါသလား။
မသိနိုင်ပါ။ ရင်သားသိပ်သည်းဆကို ဓာတ်မှန်အထူးကုဆရာဝန်တစ်ဦးမှ Mammogram ရိုက်ခြင်းဖြင့် ဆုံးဖြတ်သတ်မှတ်ပေးမည်ဖြစ်သည်။
 
ရင်သားတစ်သျှူးသိပ်သည်းမှုများခြင်းက ရင်သားကင်ဆာဖြစ်လာမယ်လို့ ဆိုလိုပါသလား။
မဟုတ်ပါ။ ရင်သားတစ်သျှူးသိပ်သည်းမှုများခြင်းက ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေသော်လည်း၊ ၎င်းသည် ရင်သားကင်ဆာ ဖြစ်လာလိမ့်မည်ဟု ဆိုလိုခြင်းမဟုတ်ပါ။
 
ရင်သားတစ်သျှူးသိပ်သည်းဆများသော အမျိုးသမီးများအနေဖြင့် ရင်သားဓာတ်မှန်ရိုက်သင့်ပါသလား။
ရိုက်သင့်ပါသည်။ ရင်သားဓာတ်မှန်ရိုက်ခြင်းသည် ရင်သားကင်ဆာ ရှိ၊ မရှိ စစ်ဆေးရာတွင် အဓိကအသုံးပြုသောစစ်ဆေးမှုတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါသည်။ ထပ်ဆောင်းစစ်ဆေးမှုများဖြစ်သည့် Ultrasound သို့မဟုတ် MRI တို့က အထောက်အကူပြုနိုင်ခြင်း ရှိ၊ မရှိမှာမူ လူတစ်ဦးချင်းစီ၏ ရောဂါဖြစ်နိုင်ခြေနှင့် လက်ရှိကျန်းမာရေးအခြေအနေများအပေါ်တွင် မူတည်ပါသည်။
 


ကိုးကားချက်များ
  1. Newell MS, Destounis SV, Leung JWT, DeMartini WB, Lee CH, Eby PR. ACR BI-RADS® v2025 Manual. American College of Radiology; 2025.
  2. National Cancer Institute. Dense Breasts: Answers to Commonly Asked Questions. Updated December 2025.
  3. American College of Radiology. ACR Appropriateness Criteria®: Supplemental Breast Cancer Screening Based on Breast Density.
  4. Boyd NF, Guo H, Martin LJ, et al. Mammographic density and the risk and detection of breast cancer. New England Journal of Medicine. 2007;356(3):227–236.
  5. Bakker MF, de Lange SV, Pijnappel RM, et al. Supplemental MRI screening for women with extremely dense breast tissue. New England Journal of Medicine. 2019;381(22):2091–2102.
  6. Comstock CE, Gatsonis C, Newstead GM, et al. Comparison of abbreviated breast MRI vs digital breast tomosynthesis for breast cancer detection among women with dense breasts undergoing screening. JAMA. 2020;323(8):746–756.
 

ဆေးဘက်ဆိုင်ရာ ပြန်လည်ဆန်းစစ်အတည်ပြုသူ
Piyawan Kensakoo, M.D.
ရင်သားခွဲစိတ်ဆရာဝန် နှင့် အထွေထွေခွဲစိတ်ဆရာဝန် 
နောက်ဆုံး ဆေးဘက်ဆိုင်ရာအတည်ပြုစစ်ဆေးခဲ့သည့်ရက်စွဲ - ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ


 

For more information please contact:
  • ရင်သားရောဂါကုဌာန

    Tel: +66 2066 8888 or 1378 (local call only)


Last modify: հոկտեմբերի 12, 2026

Related Packages

Related Health Blogs