bih.button.backtotop.text

ခွဲစိတ်မှုရောဂါဗေဒ : ကုသမှုရှေ့ဆောင်လမ်းပြ

“ကင်ဆာရောဂါပုံစံက လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာ မပြောင်းလဲခဲ့ပါဘူး။ ဒါပေမဲ့ ပြောင်းလဲသွားတာက ဓာတ်ခွဲစစ်ဆေးချက်ကနေ ကျမတို့ရတဲ့ အချက်အလက်အသေးစိတ်နဲ့ ခက်ခဲနက်နဲမှု ဖြစ်ပါတယ်။ အသားစနမူနာရယူခြင်းလို့ခေါ်တဲ့ အသားစဓာတ်ခွဲစစ်ဆေးခြင်းက ကုသမှုလုပ်ဆောင်ရန် လိုအပ်တဲ့ အသေးစိတ်အချက်အလက် ရရှိဖို့ ကင်ဆာရောဂါအတွက် အရေးအကြီးဆုံးအရာများမှတစ်ခု ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ အသားစဓာတ်ခွဲစစ်ဆေးခြင်းနည်းလမ်းတွေက အတော် အသေးစိတ်ပါတယ်။ ဥပမာ အနုစိတ်အပ်ဓာတ်ခွဲစစ်ဆေးခြင်းက အသားစနမူနာ ခွဲစိတ်ရယူခြင်းထက် လူနာအတွက် နာကျင်မှု အနာရွတ်ဖြစ်မှု ဘေးထွက်ဆိုးကျိုးဖြစ်ပွားမှုတွေ ကောင်းစွာ လျှော့ချပေးပါတယ်။ ဒါပေမဲ့ အဲဒီနမူနာငယ်လေးကနေ ကင်ဆာအမျိုးအစားကို တိကျမှန်ကန်စွာ ခွဲခြားဖော်ထုတ်နိုင်ဖို့ ကျမတို့ရဲ့အလုပ်ကို လျှော့ချနိုင်ပါတယ်။  သေးငယ်လှတဲ့ အသားစနမူနာကို နောက်ထပ်စမ်းသပ်ဖို့ သိမ်းထားခြင်းကလဲ မလွယ်ကူလှပါဘူး” ဟု [တွဲဖောက်ပါမောက္ခ Samornmas Kanngurn] မှ Bumrungrad ဆေးရုံ ခွဲစိတ်ရောဂါဗေဒဌာန၏ လုပ်ငန်းအပေါ် ခြုံငုံသုံးသပ်ချက်ကို ပြောပြသည်။
 

ကုသမှုလမ်းကြောင်း လမ်းညွှန်ပြခြင်း


“ခွဲစိတ်ရောဂါဗေဒပညာရှင်တယောက်ရဲ့ အဓိကလုပ်ငန်းက မိုက်ခရိုစကုပ် အသုံးပြုပြီး လူနာကပေးပို့တဲ့ အသားစ နမူနာကနေ လူနာရဲ့ဖျားနာမှုကို ရောဂါရှာဖွေစစ်ဆေးဖို့ ဖြစ်ပါတယ်။


1.jpg

 ဆေးဘက်ဆိုင်ရာကျင့်ဝတ်အရ လူ့ခန္ဓာကိုယ်မှ ခွဲစိတ်ထုတ်ယူတဲ့ အသားစတိုင်းကို အန္တရာယ်မရှိတဲ့အစိတ်အပိုင်းပင်ဖြစ်စေ ရောဂါဗေဒစစ်ဆေးရန်အတွက် ကျမတို့ဆီကို ပေးပို့ရပါမယ်။ လူနာက ဝမ်းဗိုက်နာကျင်မှု ခံစားနေရပြီး အူအတက်ရောင်ခြင်းဟု သံသယရှိပါက ရောဂါစစ်ဆေးချက် အတည်ပြုရန်နဲ့ အခြားရောဂါ ဒါမှမဟုတ် အခြားအခြေအနေ ရှိမရှိ သိဖို့ ကျမတို့ ခွဲစိတ်ထုတ်ယူထားတဲ့အသားပိုကို စစ်ဆေးပါမယ်။ တချို့အခြေအနေမှာ အူအတက်ရောင်ခြင်းက အသားပိုကင်ဆာနဲ့အတူယှဉ်တွဲ လာနိုင်ပါတယ်။ နောက်နမူနာတစ်ခုက လူနာရဲ့အူမကြီးမှာ တွေ့ရတဲ့ အဖုတွေ ဖြစ်ပါတယ်။ ဒီမူမမှန်တဲ့အသားပိုကြီးထွားမှုက ပုံမှန်အားဖြင့် အန္တရာယ် မရှိပါဘူး၊ ဒါပေမဲ့ ဓာတ်ခွဲစစ်ဆေးခြင်းဖြင့် ကျမတို့ အဲဒီနမူနာတွေကနေ ကင်ဆာရောဂါကို အစဦးပိုင်းအဆင့်မှာ စစ်ဆေးတွေ့ရှိနိုင်ပါတယ်။ ပြီးတော့ သေချာတာကတော့ ကင်ဆာရောဂါတိုင်းကို အတည်ပြုဖို့ အသားစဓာတ်ခွဲစစ်ဆေးခြင်း ပြုလုပ်ရပါတယ်။”
 
“မူမမှန်တဲ့ အသားပိုကြီးထွားမှု တွေ့ရှိရပါက နောက်တစ်ဆင့်ကုသမှု ဆုံးဖြတ်ချက် မချမီ ဆရာဝန်က ပုံမှန်အားဖြင့် လူနာကို အသားစဓာတ်ခွဲစစ်ဆေးဖို့ ညွှန်းပါတယ်။ ဥပမာ ရင်သားမှ အသားစနမူနာကို သေးငယ်တဲ့အပ်အသုံးပြုပြီး ထုတ်ယူပါမယ်။ အရှည် ၁-၂ စင်တီမီတာနဲ့ အနံ ၂ မီလီမီတာထက်မကျော်တဲ့ နမူနာကို ဒုက္ခပေးနိုင်ခြင်း ဒါမှမဟုတ် အန္တရာယ်ပေးနိုင်ခြင်းရှိမရှိ ဆုံးဖြတ်ရန် ရောဂါဗေဒပညာရှင်ထံသို့ ပေးပို့ပါတယ်။ ဒုက္ခမပေးတဲ့ အသားပို - တခြားနာမည်နဲ့ဆိုပါက ရင်သားကင်ဆာက ခွဲစိတ်ဖို့ ပိုမိုခက်ခဲနက်နဲပြီး ရင်သားတစိတ်တပိုင်းဖြစ်စေ ဒါမှမဟုတ် ရင်သားတခုလုံးဖြစ်စေ ခွဲစိတ်ထုတ်ယူဖို့ လိုအပ်ကောင်း လိုအပ်ပါတယ်။ ကင်ဆာက ပြန်ရည်ကျိတ်ဂလင်းတွေဆီ ပြန့်နှံ့သွားပြီဆိုရင် ခွဲစိတ်ထုတ်ယူရပါလိမ့်မယ်။”

2.jpg


သေးငယ်သောနမူနာများသည် ကြီးမာသောပြုစုစောင့်ရှောက်ရေး တောင်းဆိုခြင်း
 

ဒေါက်တာ Samornmas သည် ရောဂါစစ်ဆေးမှုနှင့် ကုသမှုအတွက် အသားစဓာတ်ခွဲစစ်ဆေးနည်းအခြေခံများကို ဆက်လက်ရှင်းပြ ပါသည်။ “အသားစနမူနာတွေက မီတာလောက်ရှည်တာဘဲဖြစ်ဖြစ် မီလီမီတာလောက်ရှည်တာဘဲဖြစ်ဖြစ် ၃ မိုက်ခရွန်အထူသာရှိတဲ့ သေးငယ်တဲ့မှန်သားပြင်မှာ ဆံ့သည်အထိ လုပ်ရပါမယ်။ ခွဲစိတ်ရောဂါဗေဒပညာရှင်တွေက မိုက်ခရိုစကုပ်မှာ အသားစရဲ့ ရောဂါဗေဒ ခွဲခြားဖော်ထုတ်ဖို့ စစ်ဆေးပါမယ်။ ကျန်တဲ့အသားစတွေကို ဖယောင်းဘူးမှာ ထည့်သိမ်းထားပြီး အနဲဆုံး ၁၀ နှစ် မဖြစ်မနေ သိမ်းထားရပါမယ်။

3.png

နောက်ထပ်စစ်ဆေးမှုတွေလိုအပ်ပါက ဥပမာ ပဋိပစ္စည်းအသုံးပြု၍စစ်ကြည့်ရန် သို့မဟုတ် မျိုးရိုးဗီဇရာဇဝင် စစ်ဆေးရန်လိုအပ်ပါက ဖယောင်းဘူးရှိအသားစမှ နောက်ထပ်အသားစတစ်ခု ရယူနိုင်ပါတယ်။ ကျမတို့ကြုံတွေ့ရတဲ့ ပြဿနာက အသားစနမူနာတွေက အလွန်သေးငယ်ပြီး လူနာတွေမှာ ကွဲပြားခြားနားတဲ့စစ်ဆေးမှုတွေ ဥပမာ ပစ်မှတ်ထားကုထုံး သို့မဟုတ် ကိုယ်ခံစွမ်းအားမြှင့်ကုထုံး အတွက် မော်လီကျူးစမ်းသပ်ခြင်း လိုအပ်လေ့ရှိပါတယ်။ အစပိုင်းမှာ လုံလောက်တဲ့အသားစ မရရှိတဲ့အတွက် လူနာကို အသားစဓာတ်ခွဲစစ်ဆေးမှု တစ်ခုပြီးတစ်ခု လုပ်ကိုင်လိမ့်မယ် မဟုတ်ပါဘူး။ 
 
ဒါက ရောဂါဗေဒပညာရှင်တွေကို နမူနာအတွက် အသားစ မည်မျှ ရယူရမယ်ဆိုတာ ကြိုတင်သတ်မှတ်ခြင်းက တာဝန်ပိုတစ်ခု ဖြစ်ပါတယ်။ လူနာ ခွဲစိတ်မှုအကြိမ်အရေအတွက် အနည်းဆုံးလျှော့ချရန် ဒီကြိုတင်ခန့်မှန်းချက်တွေကို ကင်ဆာရောဂါ ဆရာဝန်များနှင့် အတူတကွ လုပ်ဆောင်ပါတယ်။။ တကယ်လို့ မသေချာ မရေရာပါက ကျမတို့ အသားစ ဘယ်လောက် တကယ်လိုအပ်တယ် ဆိုတာ အတည်ပြုဖို့ ဓာတ်ခွဲစမ်းသပ်မှုကြားကာလမှာ အရေးပေါ်စမ်းသပ်မှု လုပ်ဆောင်ဖို့ နည်းလမ်းတွေ ရှိပါတယ်”
 

လုပ်ဆောင်ဆဲတိုးတက်ပြောင်းလဲမှုများ


ကျမတို့ရဲ့ ရောဂါဗေဒဓာတ်ခွဲခန်းက အမေရိကန်ရောဂါဗေဒပညာရှင်ကောလိပ် (CAP) မှ အသိအမှတ်ပြုခံရတဲ့ ထိုင်းနိုင်ငံမှ ပထမဆုံး ပုဂ္ဂလိကဆေးရုံဓာတ်ခွဲခန်း ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ကျမတို့ရဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့နဲ့ ကျမတို့ရဲ့လူနာတွေ အတွက် ကျမတို့ရဲ့ ဓာတ်ခွဲစစ်ဆေးမှုအစီအစဉ်နဲ့ နောက်ဆုံးမှာ ကျမတို့ရဲ့ ဓာတ်ခွဲခန်းကထွက်လာတဲ့ စစ်ဆေးချက်အဖြေတွေ အပေါ် အလွန်ယုံကြည်ချက် ရှိစေပါတယ်။ ကျမတို့က အမြဲတမ်း အသင်းလိုက် စုပေါင်းလုပ်ဆောင်ပါတယ်။ ဓာတ်ခွဲစစ်ဆေးဖို့ အထူးခက်ခဲမှု ရှိခဲ့ရင် ကျမတို့ အခြားရောဂါဗေဒပညာရှင်တွေ ဒါမှမဟုတ် သက်ဆိုင်ရာ အထူးကျွမ်းကျင်သူများရဲ့ အကြံဉာဏ်တွေ တောင်းခံပါတယ်။”


4.jpg

ကျမတို့ ကင်ဆာအကြောင်း မိုက်ခရိုစကုပ်အဆင့်မှာ အလွန်တိကျတဲ့အဖြေ ရရှိဖို့ ကူညီပေးတဲ့နည်းလမ်းနဲ့ အချက်အလက် ဆောင်ရွက်ပေးနိုင်တဲ့ ဒစ်ဂျစ်တယ်ရောဂါဗေဒနည်းပညာကို အသုံးချပါတယ်။ ဥပမာ ဆဲလ်ရေတွက်မှုမော်ဂျူးက လူနာအတွက် ဘယ်ဟော်မုန်းကုထုံးက အကောင်းဆုံးဖြစ်တယ်ဆိုတာ အမြန် ထုတ်ဖော်ပေးဖို့ ကျမတို့ကို ကူညီပေးတဲ့ အရေးပါတဲ့ကိရိယာ ဖြစ်ပါတယ်။”
 

စပ်စုလိုစိတ် ဖြေကြားရန်

 
“ရောဂါဗေဒပညာရှင်တွေက လူနာတွေနဲ့ မျက်နှာချင်းဆိုင် တွေ့လေ့မရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျမတို့ ပုံမှန်အားဖြင့် အသားစနမူနာတွေနဲ့ ဓာတ်ခွဲစစ်ဆေးတဲ့လုပ်ငန်း လုပ်ဆောင်ပါတယ်။ ဒါပေမဲ့ ရောဂါဗေဒပညာရှင်သာ ဖြေနိုင်တဲ့ စစ်ဆေးချက်အဖြေအတွက် မေးခွန်းတွေ တခါတရံ ရှိနိုင်ပါတယ်။ ကျမ Bumrungrad ဆေးရုံမှာ အလုပ်စတင် လုပ်ကိုင်ကထဲကစပြီး ကျမမှာ လူနာတွေဆီက မေးခွန်းမျိုးစုံ ဖြေကြားပြီး ဖြစ်ပါတယ်။ သူတို့ကို ဖြေကြားဖို့ ကျမရဲ့ ကျွမ်းကျင်မှုအသုံးပြုပြီး သူတို့ကို စိတ်သက်သာမှု ရှိစေပါတယ်။ တခါတရံ ကျမ သူတို့ရဲ့ဆွေမျိုးတွေထံက လူနာနဲ့ ယခင်လူနာတွေရဲ့ နောက်ဆုံးသတင်းတွေ ကြားသိရပါတယ်။”
 

ရောက်ဘူးပြီးခြင်း လုပ်ဘူးပြီးခြင်း

 
“ကျမကိုယ်တိုင် တချိန်က Horizontal ဒေသဆိုင်ရာကင်ဆာဌာနမှာ ကင်ဆာလူနာတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ၆ နှစ်ကျော်ခဲ့ပါပြီ။ ယခုတိုင် ကျမ ပုံမှန် ဆေးစစ်နေပါတယ်။ ကျမရဲ့ဆရာဝန် အကြံပြုချက်အတိုင်း ကျမ လိုက်နာပြီး ဟော်မုန်းဆေးဝါး မလွဲမသွေ မှီဝဲပါတယ်။ ကျမကိုယ်ကျမ ကိုယ်ခန္ဓာကျစ်လစ်အောင် ကြံ့ခိုင်အောင် နေပါတယ်။ ကျမ မပြောရင် ကျမမှာ ကင်ဆာရှိဘူးတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ကျမ အခြားကင်ဆာလူနာတွေကို ပြောချင်တာက မျှော်လင့်ချက်ဆိုတာ အမြဲရှိပါတယ်။ ကင်ဆာရောဂါက သေဒဏ်ကျခြင်း မဟုတ်ပါဘူး။ ကျမတောင် နောက်ဆုံးမှာ ကျမဘဝကို ဒီမှာ ပျော်ရွှင်စွာ နေထိုင်နေပါတယ်။ ကင်ဆာလူနာ ဘယ်နှစ်ယောက် ဒါကိုကျော်လွှားခဲ့တယ် ဘဝကို ပျော်ရွှင်စွာနဲ့ဆက်လက်နေထိုင်ကြတယ်ဆိုတာ ကျမ မျက်မြင်ကိုယ်တွေ့ပါ။ ဘာလို့လဲဆိုတော့ သူတို့က သူတို့ရဲ့မျှော်လင့်ချက်တွေကို ဘယ်တော့မျှ အလျှော့မပေးဘူး။ ရဲရဲဝံ့ဝံ့ရင်ဆိုင်ပါတယ်” ဟု အကောင်းမြင်သဘောထား ဇွဲဝိရိယရှိစွာ သူမ၏ကိုယ်ရေးထင်မြင်လေ့လာချက်ဖြင့် နိဂုံးချုပ် ပြောခဲ့သည်။ 
 
For more information please contact:
  • ဟော်ရီဇွန် ဒေသဆိုင်ရာကင်ဆာဌာန
    Tel. +66 (0) 2011 2222 : Horizon Cancer Center
    Tel. +66 (0) 2011 5999 : Clinical Nurse Coordinator – Cancer
    Tel. +66 (0) 2011 2881 : Clinical Nurse Coordinator – Bone Marrow Transplant
    Tel. +9595105105 : မြန်မာပြည်ရှိ ကျွန်ုပ်တို့၏ကိုယ်စားလှယ်ရုံးသို့ ခေါ်ဆိုရန်။

Related Packages

Related Health Blogs