bih.button.backtotop.text

တစ်ဝက်တူ ပင်မဆဲလ် အစားထိုးကုသခြင်း : မျှော်လင့်ချက်နှစ်ဆ၊ စောင့်ဆိုင်းချိန်တစ်ဝက်၊ အပြည့်အဝပြန်ကောင်းမှု

သာမန်တူညီသော ပင်မဆဲလ် အစားထိုးကုသခြင်း (လူအများခေါ်ဆိုသည့် “တစ်ဝက်တူညီသော ပင်မဆဲလ် အစားထိုးကုသခြင်း”) သည် Horizon ဒေသဆိုင်ရာကင်ဆာဌာနတွင် ရရှိနိုင်သည့် ထိရောက်မှုအမြင့်မားဆုံး ကုသမှု ရွေးချယ်စရာတစ်ခု ဖြစ်သည်။ “ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်းက သွေးကင်ဆာရောဂါအတွက် ကုသမှု ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။ အချို့အခြေအနေမှာ ကင်ဆာရောဂါ ကုသမှု လုံးဝ ပျောက်ကင်းဖို့ တခုတည်းသော မျှော်လင့်ချက် ဖြစ်ပါတယ်။ ဒါပေမဲ့ အပြည့်အဝ တူညီတဲ့ ရိုးတွင်းခြင်ဆီ လှူဒါန်းသူ ရှာဖွေတွေ့ရှိနိုင်တဲ့ အခွင့်အလန်းက အလွန်နဲပါတယ်။ သို့သော်လည်း ယခုအခါ အောင်မြင်မှုနှုန်းမြင့်မားတဲ့ ကုသမှုအတွက် ၅၀% သာ ကိုက်ညီဖို့ လိုအပ်ပါတယ်” ဟု သွေးပညာနှင့် ကင်ဆာရောဂါအထူးကုဆရာဝန် တွဲဖက်ပါမောက္ခ Dr. Wichean Mongkonsritragoon မှ ပြောပြသည်။
 
“ဓာတုကုထုံးနဲ့ ဆေးဝါးကုထုံးအပြင် ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်းက သွေးချို့ယွင်းမှုဖြစ်ပွားတဲ့ လူနာအတွက် အပြည်အဝ လုံးဝ ပြန်ကောင်းမွန်နိုင်တဲ့ အခြားတစ်ခုတည်းသော ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။ ကုသမှုက သာမန်သွေးကင်ဆာရောဂါများ ဥပမာ လင်ဖိုမာသွေးကင်ဆာ၊ ပြင်းထန်သော ပြန်ရည်ဆဲလ်ကွဲ သွေးကင်ဆာရောဂါ အတွက် ထိရောက်မှုရှိတဲ့အပြင် သွေးအားနည်းရောဂါ၊ သာလာဆီးမီးယားရောဂါ၊ အချို့သော မိမိကိုယ်ခံစွမ်းအားဆိုင်ရာ ရောဂါများအတွက် ပြောစရာမလိုပါဘူး” ဟု Dr. Wichean မှ ကုသမှုရွေးချယ်စရာအကျဉ်းချုပ် ပြောြပသည်။
 
“လူနာကို ၎င်းတို့ရဲ့ တကယ့်အခြေအနေကို ပြောဘို့ဆိုတာ တခါတလေ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးခံယူချက်စနစ်၊ အတွေးအခေါ်၊ ဘာသာရေးအလိုက် ရှုပ်ထွေးပြီး ရရှိနိုင်တဲ့ ကုသမှုရွေးချယ်မှုအလားအလာကိုလည်း ထိခိုက်နိုင်ပါတယ်။ ဥပမာအားဖြင့် ယေဟောဝ ခရစ်ယာန်ဂိုဏ်းဝင်လူနာတွေက သွေးသွင်းတာကို လက်မခံကြပါဘူး။ ကျတော်တို့ သူတို့ကို အတတ်နိုင်ဆုံး ကုသနည်း ရှာရပါတယ်။ တချိန်တည်းမှာဘဲ သူတို့ရဲ့လိုအပ်ချက်ကိုလည်း လေးစားရပါတယ်။ ကျနော်တို့ လူနာတွေရဲ့ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ယုံကြည်မှုဆိုင်ရာတွေကို လေးစားခြင်းမရှိဘဲ ရုပ်ပိုင်းဆိုင်ရာကိုသာ အကြင်နာစိတ်ကင်းမဲ့စွာ ကုသမယ်ဆိုရာ ကျနော်တို့အတွက် မှားပါလိမ့်မယ်” ယခုအချိန်တွင် ရိုးတွင်းခြင်ဆီ အစားထိုး ကုသခြင်းကို အရင်းအမြစ်အများအပြားမှ ဥပမာ ရိုးတွင်းခြင်ဆီ၊ သွေး သို့မဟုတ် သားအိမ်အချင်း စသည်တို့မှ ပင်မဆဲလ်များဖြင့် ပြုလုပ်နိုင်သည်။
 
 

၅၀% တူညီခြင်းသည် အခွင့်အလန်း ၁၀၀% ရှိခြင်း

“ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်းရဲ့ အခက်အခဲက လူနာရဲ့ သွေးဖြူဥအင်တီဂျင်နှင့် ၁၀၀% တူညီတဲ့ ပင်မဆဲလ် ရှာဖွေခြင်း ဖြစ်ပါတယ်။ ဒါကို ရှာဖွေရတာ မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ ညီအစ်ကိုမောင်နှမတောင်မှ ရာနှုန်းပြည့် တူညီဖို့ဆိုတာ လေးပုံတစ်ပုံသာ ရှိပါတယ်။ မသက်ဆိုင်တဲ့သူတွေဆီမှ ၁၀၀% တူညီဖို့ဆိုတာ အခွင့်အလန်း အရမ်းနဲပါတယ်။ တစ်ယောက်ယောက်ကို ရှာဖွေနိုင်သော်လည်း တခါတလေ တူညီတာရှာဖွေတွေ့ရှိဖို့ အချိန်အတော်ကြာပါတယ်။ ဒီအကြောင်းရင်းက ယခုအချိန်အထိ ဒီကုသမှုအတွက် အားနည်းချက်တစ်ခု ဖြစ်ပါတယ်။ ယခုအချိန်မှာ ပင်မဆဲလ် ၅၀% တူညီပြီဆိုရင် ကုသမှုအတွက် လုံလောက်ပြီး လုံးဝပြန်ကောင်းနိုင်တဲ့ အခွင့်အလမ်း ရှိပါတယ်။
 
 

လူနာယုံကြည်စိတ်ချမှုအတွက် ပညာရှင်များအဖွဲ့

“ကျနော်တို့ရဲ့ ကုသမှုအစီအစဉ် စဉ်းစားရာမှာ လူနာက အမြဲတမ်း အရေးအကြီးဆုံး ဖြစ်ပါတယ်။ ရောဂါရှာဖွေစစ်ဆေးခြင်း ကုသခြင်းပြုလုပ်နိုင်တဲ့ အချိန်အပိုင်းအခြားက လူနာတစ်ယောက်ချင်းအလိုက် ကွဲပြားခြားနားပါတယ်။ ကျနော်တို့ အကြောင်းရင်းအမျိုးမျိုး ထည့်သွင်းစဉ်းစားရပါတယ်။ ဥပမာ လူနာကို လူနာမိသားစုနှင့် တွေ့ရန်အချိန်ပေးခြင်း ဖြစ်ပြီး စိတ်ဓာတ်မြင့်မားရေးအတွက် အလွန်အရေးကြီးပါတယ်။ မည်သို့ပင်ဖြစ်စေ ကုသမှုအချိန်ကာလက အချိန်ပြည့် ဆက်တိုက်လုပ်ဆောင်သင့်ပါတယ်။” Dr. Wichean သည် သူနာပြု၊ ဆေးဝါးကျွမ်းကျင်သူနှင့် အခြားဆေးဘက်ဆိုင်ရာပညာရှင်များပါဝင်သည့် အထူးကုအဖွဲ့၏ အသေးစိတ်ကို ဆက်လက်ရှင်းပြသည်။ “အထူးကျွမ်းကျင်မှု ဘက်ပေါင်းစုံမှာရှိတဲ့ ကျနော်တို့ရဲ့ ဆရာဝန်တွေက လူနာကောင်းကျိုးအတွက် တဦးချင်းစီရဲ့ ကျွမ်းကျင်မှုကို စုစည်းကြပါတယ်။ ဓာတ်ခွဲခန်းစမ်းသပ်မှုမှ ရောဂါရှာဖွေရေးပုံရိပ်များအထိ အိတ်စ်ရေးဓာတ်မှန်၊ CT, MRI, PET SCAN စတာတွေအားလုံး ကျနော်တို့ လုပ်နိုင်ပါတယ်။ နောက်ဆုံး ကျနော်တို့မှာ လူနာက သူတို့ရဲ့အခြေအနေ ကုသမှုအစီအစဉ်အတွက် အကောင်းဆုံးအစားအစာ စားသောက်မှုရှိစေရန် အဟာရဓာတ်ကျွမ်းကျင်ပညာရှင်တွေ ရှိပါတယ်။ ရိုးတွင်းခြင်ဆီအစားထိုးကုသတဲ့လူနာတွေက ရောဂါကူးစက်မှု ရောင်ရမ်းမှု အနဲပါးဆုံးဖြစ်စေရန် အထူးသီးသန့်အစားအစာ လိုအပ်ပါတယ်။ တဆေးမပါဘဲ ပေါင်မုန့်ဖုတ်ခြင်းကအစ ကိုယ်ခံစွမ်းအားနဲပါးသော လူနာများအတွက် အန္တရာယ်ကင်းဝေးစေရန် ဖြစ်ပါတယ်။ ဥပမာအနေနဲ့ပါ။
 
 

ဗဟုသုတသည် ကုသမှုစွမ်းအား

“ကျနော်တို့ လူနာတွေကို ကျနော်တို့ရဲ့ ဆွေမျိုးတွေလိုသဘောထားပြီး အကောင်းဆုံး ကုသပေးဖို့ ကြိုးစားပါတယ်။” Dr. Wichean သည် လူနာကုသရေးတွင် အခြေခံသဘောတရားလမ်းညွှန်များကို ပြောပြသည်။ “သွေးအားနည်းရောဂါရှိပြီး သွေးဆဲလ်အရေအတွက်နဲပါးတဲ့ အာရပ်လူမျိုးတစ်ယောက် ရှိခဲ့ပါတယ်။ နောက်ဆုံးမှာ သူက ရိုးတွင်းခြင်ဆီ အစားထိုးကုသမှုခံယူရန် လိုအပ်လာပါတယ်။ သူ့မှာ ညီအစ်ကိုမောင်နှမ ၁၀ ယောက်ကျော် ရှိပါတယ်။ အဲဒီအထဲက တစ်ယောက်မျှ တူညီတဲ့ ပင်မဆဲလ် အစားထိုးကုသမှုအတွက် လိုအပ်တဲ့ သူနဲ့တူညီတဲ့ ရိုးတွင်းခြင်ဆီ ပေးနိုင်ခြင်း မရှိပါဘူး။ ကျနော်တို့ ဒီလူနာအတွက် အသင့်လျော်ဆုံး ပြုစုစောင့်ရှောက်မှုပေးနိုင်ရန် တဖွဲ့လုံး စုပေါင်းရပါတယ်။ အခြေအနေက အလွန်နူးညံ့သိမ်မွေ့ပါတယ်။ သူ့ရဲ့ သွေးဖြူဥ အရေအတွက် နဲပါးတာ၊ အစားအစာ မစားနိုင်တာ၊ နာတာရှည်ဝမ်းလျှောတာ ဖြစ်လာတဲ့အခါ အကျပ်အတည်းအရှိဆုံးအခြေအနေ ရောက်ရှိလာပါတယ်။ နောက်ဆုံးမှာ ကျနော်တို့ ကုသမှုအောင်မြင်ခဲ့ပြီး သူ အိမ်ပြန်နိုင်ခဲ့ပါတယ်။ နောင်နှစ်အနည်းငယ်အကြာမှာ သူ ကျနော်တို့ဆီ ပြန်လာပါတယ်။ သူအနေနဲ့ ပျော်ရွှင် ကျန်းမာစွာနေထိုင်ပြီး သူ လက်ထပ်တော့မဲ့အကြောင်း ကျနော်တို့ကို သူ ပြောပြပါတယ်။”
 
“ကင်ဆာလူနာအားလုံး မျှော်လင့်ချက် မစွန့်လွှတ်ပါနဲ့လို့ ကျနော်ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီကနေ့အချိန်မှာ ကင်ဆာရောဂါကုသမှုက အထူးသဖြင့် သွေးကင်ဆာရောဂါအတွက် တဟုန်ထိုး အဆင့်မြင့်မားနေပါပြီ။ အသုံးပြုနိုင်တဲ့ ဆေးဝါးများနဲ့ ကုသမှုပုံစံများ အများအပြား ရှိပါတယ်။ ဒါ့ကြောင့် မျှော်လင့်ချက် မစွန့်လွှတ်ပါနဲ့။ မှန်ကန်စွာ ကုသရင် အပြည့်အဝ ပြန်ကောင်းမွန်နိုင်တဲ့ အခွင့်ကောင်းရှိပါတယ်” ဟု Dr. Wichean မှ နိဂုံးချုပ် ပြောပြသည်။
 
For more information please contact:
  • ဟော်ရီဇွန် ဒေသဆိုင်ရာကင်ဆာဌာန
    Tel. +66 (0) 2011 2222 : Horizon Cancer Center
    Tel. +66 (0) 2011 5999 : Clinical Nurse Coordinator – Cancer
    Tel. +66 (0) 2011 2881 : Clinical Nurse Coordinator – Bone Marrow Transplant
    Tel. +9595105105 : မြန်မာပြည်ရှိ ကျွန်ုပ်တို့၏ကိုယ်စားလှယ်ရုံးသို့ ခေါ်ဆိုရန်။

Related Packages

Related Health Blogs