bih.button.backtotop.text

HPV - Zip Up Challenge: သင်သည် သင်၏သက်တမ်းတစ်လျှောက် HPV ပိုး ရကောင်းရနိုင်ပါသည်။

HPV - Zip Up Challenge: သင်သည် သင်၏သက်တမ်းတစ်လျှောက် HPV ပိုး ရကောင်းရနိုင်ပါသည်။
၂၀၁၈ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီး ၅၇၀ ၀၀၀ တွင် သားအိမ်ခေါင်းကင်ဆာခံစားနေရပြီး ၃၁၁၀၀၀ သည် ရောဂါကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။ အန္တရာယ်ကြီးပြီး ကူးစက်နှုန်းမြန်သော HPV ပိုးအမျိုးအစားများသည် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားရသော အဓိကအကြောင်းအရင်းဖြစ်သည်။ 

HPV ပိုး 16 နှင့် 18 သည် သားအိမ်ခေါင်းကင်ဆာအများစု၏ ၇၀% တွင်တွေ့ရပါသည်။ HPV ပိုး ကူးစက်မှုအများစုသည် လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်ခံရပါသည်။ 

ထို့အပြင် ပိုးကူးစက်ခံရသူအများစုတွင် မည်သည့်လက္ခဏာမျှမပြပဲ ဗိုင်းရပ်စ်ပိုးပျံ့နှံ့စေသည်။ အသက် ၃၀ နှင့် အထက်ရှိ အမျိုးသမီးများသည် Co-Testing စစ်ဆေးခြင်းအားဖြင့် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးမှုကို ပြုလုပ်သင့်ပါသည်။ 

 
201101_Bumrungrad-IDM_Cervical-Cancer-Awareness-Campaign_Carousel_Mynmar_AW-02.jpg
 

Co-Testing စစ်ဆေးခြင်းသည် HPV DNA စစ်ခြင်းနှင့် သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ထိုစစ်ဆေးမှုသည် ရောဂါပိုးကိုစစ်ဆေးတွေ့ရှိနိုင်ပြီး တစ်ချိန်ထဲမှာပင် ကင်ဆာဆဲလ်ဖြစ်လာနိုင်ချေရှိသော ပုံမှန်မဟုတ်သောဆဲလ်များကို ကြည့်ရှုစစ်ဆေးပေးပါသည်။ ထို့ကြောင့် ထိုစစ်ဆေးမှုနည်းလမ်းသည် Pap test တစ်မျိုးတည်းစစ်ဆေးခြင်းထက် သားအိမ်ခေါင်းကင်ဆာအစောပိုင်းအဆင့်ကို ရှာဖွေတွေ့ရှိနိုင်ရန် ဆရာဝန်များအား အထောက်အကူပြုပါသည်။ 

Co-Testing စစ်ဆေးခြင်းကို ၃ နှစ်မှ ၅ နှစ်လျှင် တစ်ကြိမ် စစ်ဆေးရန် အကြံပြုပါသည်။ သို့သော် ပုံမှန်မဟုတ်သော အဖြေထွက်ရှိလာပါက ဆရာဝန်၏အကြံပြုချက်အတိုင်း ထပ်မံစစ်ဆေးပေးရန် လိုအပ်ပါသည်။ 

 
Bumrungrad-IDM_Cervical-Cancer-Awareness-Campaign_Carousel_Crop2-(1).jpg
 
For more information please contact:
  • ဟော်ရီဇွန် ဒေသဆိုင်ရာကင်ဆာဌာန
    Hot line Tel. +66 61 409 8859 : Horizon Cancer Center
    Tel. +66 (0) 2011 5999 : Clinical Nurse Coordinator – Cancer
    Tel. +66 (0) 2011 2881 : Clinical Nurse Coordinator – Bone Marrow Transplant
    Tel. +9595105105 : မြန်မာပြည်ရှိ ကျွန်ုပ်တို့၏ကိုယ်စားလှယ်ရုံးသို့ ခေါ်ဆိုရန်။

  • အမျိုးသမီးရောဂါကုဌာန
    8.00 am to 8.00 pm (BKK Time)
    Hot line tel. +66 2 011 2361

Last modify: ապրիլի 22, 2025

Related Packages

Related Health Blogs