bih.button.backtotop.text

Selected Filter (s): အားလုံး

ပုံစံ : အားလုံး

အားလုံးကိုရှင်း

အစာအိမ်ကင်ဆာကို မည်သို့ရောဂါရှာဖွေစစ်ဆေးသနည်း။ မှန်ပြောင်းစစ်ဆေးခြင်း၊ အသားစနမူနာစစ်ဆေးခြင်း၊ မှန်ပြောင်းအာထရာဆောင်း နှင့် ကွန်ပျူတာဓာတ်မှန်များအကြောင်းကို နားလည်သဘောပေါက်ခြင်း

​အစာအိမ်ကင်ဆာသည် အစောပိုင်းအဆင့်အခြေအနေများတွင် သတိပြုမိရန် ခက်ခဲနိုင်သည်ကို သင်သိပါသလား။ မကြာခဏအစာမကြေဖြစ်ခြင်း၊ ဝမ်းဗိုက်အထက်ပိုင်းတွင်မအီမသာဖြစ်ခြင်း၊ လေပွခြင်း၊ အစားအသောက်ပျက်ခြင်း သို့မဟုတ် အနည်းငယ်မျှစားလိုက်ရုံဖြင့် ဗိုက်ပြည့်အင့်သွားခြင်း စသည့်လက္ခဏာများသည် သာမန်အစာချေစနစ်ပြဿနာများနှင့် ဆင်တူနိုင်သည်။ ထိုလက္ခဏာများရေရှည်ဖြစ်ပွားနေလျှင်၊ ပိုမိုဆိုးရွားလာလျှင် သို့မဟုတ် အကြောင်းအရင်းအတိအကျမရှိဘဲ ကိုယ်အလေးချိန်ကျခြင်း၊ သွေးအားနည်းခြင်း၊ အစာမျိုရခက်ခြင်း၊ ဝမ်းအမည်းရောင်သွားခြင်း သို့မဟုတ် သွေးအန်ခြင်းများ ယှဉ်တွဲဖြစ်ပေါ်လာပါက ပိုမိုနက်နဲသောစစ်ဆေးမှုများပြုလုပ်ရန် အရေးကြီးပါသည်။

ဆက်ဖတ်ရန်

အသည်းကင်ဆာကို မည်သို့ရောဂါရှာဖွေသနည်း။ အာထရာဆောင်း၊ ကွန်ပျူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန် နှင့် AFP သွေးစစ်မှုတို့ကို နားလည်သဘောပေါက်ခြင်း

​အသည်းကင်ဆာသည် တစ်ခါတစ်ရံတွင် လက္ခဏာများမပြမီကပင် ကြိုတင်တွေ့ရှိနိုင်သည်ကို သင်သိပါသလား။ ရောဂါဖြစ်ပွားနိုင်ခြေမြင့်မားသူများတွင် အာထရာဆောင်းရိုက်ခြင်း သို့မဟုတ် AFP သွေးစစ်ခြင်းတို့က ကနဦးသတိပေးလက္ခဏာကို ဖော်ပြပေးနိုင်ပြီး ကွန်ပျူတာဓာတ်မှန် သို့မဟုတ် သံလိုက်ဓာတ်မှန်များက သံသယဖြစ်ဖွယ် အသည်းအကျိတ်နှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဖော်ပြပေးနိုင်ပါသည်။

ဆက်ဖတ်ရန်

လိုလျှင်ကြံဆ နည်းလမ်းရ : သင်၏လိုအင်ဆန္ဒဖြင့် ကင်ဆာတိုက်ဖျက်ခြင်း

ဆရာဝန်၏ ကူညီပေးသောလက်များအပြင် ကင်ဆာရောဂါတိုက်ဖျက်ရာတွင် စိတ်ဓာတ်ကြံ့ခိုင်မှုသည် အရေးကြီးသော အချက်တစ်ခု ဖြစ်သည်။ ဆန္ဒပြင်းပြမှု၊ အခက်အခဲကျော်လွှားမှုနှင့်အတူ မျှော်လင့်ချက်ထားရှိခြင်းသည် ပြန်လည်ကောင်းမွန်မှုဆီသို့ အောင်မြင်စွာရောက်ရှိရန် အထောက်အကူ ပြုနိုင်သည်။ ယခုနှစ် ကမ္ဘာ့ကင်ဆာနေ့တွင် ဘမ်ရွန်ဂရက်ဆေးရုံ Horizon ဒေသဆိုင်ရာကင်ဆာဌာနသည် ကင်ဆာလူနာများ ကုသရန်၊ “ကျွန်ုပ်အတွက် ကျွန်ုပ်လုပ်ပါမည်” ဆိုသည့် ဆောင်ပုဒ်နှင့် အံဝင်ခွင်ကျရှိစေရန် ဆန္ဒစွမ်းအား မြှင့်တင်ရေးတွင် ပါဝင်ရန် ကျွန်ုပ်တို့၏ ဆန္ဒကို ကြေညာပါသည်။ ဆန္ဒပြင်းပြမှုနှင့်အတူ မျှော်လင့်ချက်သည် အခြားနှင့်မတူသော အင်အားတစ်ခု ဖြစ်သည်။

ဆက်ဖတ်ရန်

တစ်ဝက်တူ ပင်မဆဲလ် အစားထိုးကုသခြင်း : မျှော်လင့်ချက်နှစ်ဆ၊ စောင့်ဆိုင်းချိန်တစ်ဝက်၊ အပြည့်အဝပြန်ကောင်းမှု

ဆောင်းပါးတို : သာမန်တူညီသော ပင်မဆဲလ်(Stem Cell) အစားထိုးကုသခြင်း (လူအများခေါ်ဆိုသည့် “တစ်ဝက်တူညီသော ပင်မဆဲလ် အစားထိုးကုသခြင်း”) သည် Horizon ဒေသဆိုင်ရာကင်ဆာဌာနတွင် ရရှိနိုင်သည့် ထိရောက်မှုအမြင့်မားဆုံး ကုသမှု ရွေးချယ်စရာတစ်ခု ဖြစ်သည်။ “ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်းက သွေးကင်ဆာရောဂါအတွက် ကုသမှု ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။ အချို့အခြေအနေမှာ ကင်ဆာရောဂါ ကုသမှု လုံးဝ ပျောက်ကင်းဖို့ တခုတည်းသော မျှော်လင့်ချက် ဖြစ်ပါတယ်။ ဒါပေမဲ့ အပြည့်အဝ တူညီတဲ့ ရိုးတွင်းခြင်ဆီ လှူဒါန်းသူ ရှာဖွေတွေ့ရှိနိုင်တဲ့ အခွင့်အလန်းက အလွန်နဲပါတယ်။ သို့သော်လည်း ယခုအခါ အောင်မြင်မှုနှုန်းမြင့်မားတဲ့ ကုသမှုအတွက် ၅၀% သာ တူညီဖို့ လိုအပ်ပါတယ်” ဟု သွေးပညာနှင့် ကင်ဆာရောဂါအထူးကုဆရာဝန် တွဲဖက်ပါမောက္ခ Dr. Wichean Mongkonsritragoon မှ ပြောပြသည်။

ဆက်ဖတ်ရန်

HPV - Zip Up Challenge: သင်သည် သင်၏သက်တမ်းတစ်လျှောက် HPV ပိုး ရကောင်းရနိုင်ပါသည်။

၂၀၁၈ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီး ၅၇၀ ၀၀၀ တွင် သားအိမ်ခေါင်းကင်ဆာခံစားနေရပြီး ၃၁၁၀၀၀ သည် ရောဂါကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။ အန္တရာယ်ကြီးပြီး ကူးစက်နှုန်းမြန်သော HPV ပိုးအမျိုးအစားများသည် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားရသော အဓိကအကြောင်းအရင်းဖြစ်သည်။

ဆက်ဖတ်ရန်

ယခင်ကထက်အဆုတ်ကင်ဆာကိုလျင်မြန်စွာရှာဖွေတွေ့ရှိခြင်း

အဆုတ်ကင်ဆာရောဂါလက္ခဏာများသိသာစွာပြသသောအချိန်တွင် ရောဂါသည် တခြားအင်္ဂါများသို့ပျံ့နှံ့့သွားပြီဖြစ်သောကြောင့်ကုသမှုအများစုသည် အောင်မြင်နှုန်းနည်းပါးပါလိမ့်မည်။ အဆုတ်ကင်ဆာသည် အဆိုးဝါးဆုံးကင်ဆာများထဲမှတခုဖြစ်သည့်အလျောက် ကုသမှုအောင်မြင်ခြင်းနှင့်မအောင်မြင်ခြင်းတို့သည် စောစီးစွာစစ်ဆေးတွေ့ရှိခြင်းအပေါ်များစွာမူတည်နေပါသည်။ ကင်ဆာသုတေသနအားလုံးနီးပါးတွင် စောစီးစွာကင်ဆာစစ်ဆေးတွေ့ရှိခြင်းသည် ကင်ဆာရောဂါကိုအောင်မြင်စွာတိုက်ခိုက်ကုသရာ၌လွန်အရေးကြီးသောအပိုင်းအဖြစ်သတ်မှတ်ထားပါသည်။ အထက်ပါအကြောင်းအရာသည်အမှန်တရားကိုပုံကြီးချဲ့ဖေါ်ပြထားခြင်းမရှိပါ။

ဆက်ဖတ်ရန်

စောစီးစွာ ရှာဖွေတွေ့ရှိခြင်းသည် အဆုတ်ကင်ဆာကို အနိုင်ယူရန် အဓိကသော့ချက်ဖြစ်သည်။

နိုဝင်ဘာလသည် အဆုတ်ကင်ဆာ အသိအမြင်လဖြစ်ပြီး စောစောစီးစီးရှာဖွေတွေ့ရှိခြင်းအားဖြင့် ကျွနိုပ်တို့သည် ကင်ဆာရောဂါကို ကာကွယ်ရန်ကြိုးပမ်းနိုင်သည့်နည်းလမ်းများကို အသိပညာပေးခြင်းဖြစ်သည်။

ဆက်ဖတ်ရန်

ခေါင်းစဉ် : မစဉ်းစားမိခြင်းမှကာကွယ်ရေး း ကူးစက်တတ်သောမျှော်လင့်ချက်ဖြင့် နာမကျန်းမှု ရင်ဆိုင်ခြင်း

“ကျနော့်ဇနီး ခွဲစိတ်မှု အောင်မြင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မိမိကိုယ်မိမိ နှစ်သိမ့်မှုအပေးဆုံး စကားလုံး ဖြစ်ပါတယ်။ ကျနော်တို့ အကောင်းဆုံးအတွက် မျှော်လင့်နေပါတယ်။” များပြားသော ဤစကားလုံးများသည် ကမ္ဘာ့ကုလသမဂ္ဂ သံတမန် ရင်သားကင်ဆာရောဂါကုသနေသည့် Sameer Sharma ၏ ချစ်လှစွာသောဇနီးဘဝအတွက် ဖွင့်ဟချက် ဖြစ်သည်။

ဆက်ဖတ်ရန်

စက်ရုပ်နှင့်ဓာတ်ရောင်ခြည် : ခေတ်မီသိပ္ပံပညာဖြင့် ဆီးကျိတ်ကင်ဆာ မည်သို့ဖြတ်ထုတ်သနည်း

စက်ရုပ်အကူအညီဖြင့် da Vinci ခွဲစိတ်ခြင်း သို့မဟုတ် Da Vinci® Prostatectomy သို့မဟုတ် စက်ရုပ်ဖြင့်ဆီးကျိတ်ဂလင်း ခွဲစိတ်ခြင်း (Robotic Prostatectomy) သည် ထိုးဖောက်မှုအနည်းဆုံးရွေးချယ်စရာတစ်ခု ဖြစ်သည်။ အလွန်အနုစိတ်ကင်မရာများဖြင့် ခွဲစိတ်ကုသသည့်နေရာမှ ရှင်းလင်းပြတ်သားသောအနီးကပ်ပုံကို ဆရာဝန်များအတွက် ရရှိနိုင်သည်။ လူသား၏ လက်နှင့် လက်ကောက်ဝတ်လှုပ်ရှားမှုကို တုပထားသည့် စက်ရုပ်လက်တံများသည် ဆရာဝန်အတွက် တိကျပြီး အသုံးပြုရလွယ်ကူမှု ရှိစေသည်။ အခြားအလားတူ အရေးပါသော ခွဲစိတ်ကုသမှုမှာ ဓာတ်ရော င်ခြည်ကုထုံး (brachytherapy) ဖြစ်ပြီး သေးငယ်သောဖန်ပြွန်မှတဆင့် ကင်ဆာအသားပိုသို့ ဓာတ်ရောင်ခြည် တိုက်ရိုက်ထုတ်လွှတ်ပေးမှုထဲ့သွင်းခြင်း ပါဝင်သည်။ ကင်ဆာဖြစ်ပွားသောအသားပိုသို့ မြင့်မားသော ဓာတ်ရောင်ခြည် တိုက်ရိုက်ကျရောက်ပြီး ဘေးပါတ်ဝန်းကျင်သို့ ဓာတ်ရောင်ခြည်ကျရောက်မှု နည်းပါးစေသည်။

ဆက်ဖတ်ရန်