bih.button.backtotop.text

လိုလျှင်ကြံဆ နည်းလမ်းရ : သင်၏လိုအင်ဆန္ဒဖြင့် ကင်ဆာတိုက်ဖျက်ခြင်း

ဆရာဝန်၏ ကူညီပေးသောလက်များအပြင် ကင်ဆာရောဂါတိုက်ဖျက်ရာတွင် စိတ်ဓာတ်ကြံ့ခိုင်မှုသည် အရေးကြီးသော အချက်တစ်ခု ဖြစ်သည်။ ဆန္ဒပြင်းပြမှု၊ အခက်အခဲကျော်လွှားမှုနှင့်အတူ မျှော်လင့်ချက်ထားရှိခြင်းသည် ပြန်လည်ကောင်းမွန်မှုဆီသို့ အောင်မြင်စွာရောက်ရှိရန် အထောက်အကူ ပြုနိုင်သည်။ ယခုနှစ် ကမ္ဘာ့ကင်ဆာနေ့တွင် ဘမ်ရွန်ဂရက်ဆေးရုံ Horizon ဒေသဆိုင်ရာကင်ဆာဌာနသည် ကင်ဆာလူနာများ ကုသရန်၊ “ကျွန်ုပ်အတွက် ကျွန်ုပ်လုပ်ပါမည်” ဆိုသည့် ဆောင်ပုဒ်နှင့် အံဝင်ခွင်ကျရှိစေရန် ဆန္ဒစွမ်းအား မြှင့်တင်ရေးတွင် ပါဝင်ရန် ကျွန်ုပ်တို့၏ ဆန္ဒကို ကြေညာပါသည်။ ဆန္ဒပြင်းပြမှုနှင့်အတူ မျှော်လင့်ချက်သည် အခြားနှင့်မတူသော အင်အားတစ်ခု ဖြစ်သည်။


အဆင့်မြင့်ဆေးဘက်ဆိုင်ရာ နည်းပညာအပြင် ဆန္ဒပြင်းပြမှုသည် ကင်ဆာတိုက်ဖျက်ရာတွင် အထိရောက်ဆုံး လက်နက်များမှ တစ်ခုဖြစ်သည်။ ကိုယ်ခန္ဓာစစ်ဆေးရန် ရောဂါရှာဖွေစစ်ဆေးရန် လုံလောက်သည့် သတ္တိရှိရန် ကုသချိန်အတွင်း အတားအဆီးများ ကျော်လွှားရန် ကြီးမားသော ဆန္ဒပြင်းပြမှု လိုအပ်သည်။ မိသားစု၊ ချစ်ခင်ရသူများ၏ ချစ်ခင်မြတ်နိုးမှု ထည့်သွင်းစဉ်းစားရန် ဝေဒနာခံနိုင်မှုသို့ ပြောင်းလဲရန် ဆန္ဒပြင်းပြမှု လိုအပ်သည်။ လွန်ခဲ့သော နှစ် ၂,၀၀၀ ကျော်မှ ပလေတို ပြောခဲ့သည့်အတိုင်း “သူတို့က အားလုံး သတိမထားမိလို့ပါ။ အားလုံးကောင်းနေခြင်းကလွဲလို့ ဘယ်အစိတ်အပိုင်းမျှ ကောင်းမနေပါ” ကိုယ်ခန္ဓာနှင့် စိတ်ဓာတ် နက်ရှိုင်းစွာ ဆက်နွှယ်မှု ရည်ညွှန်းသည်။ ကျန်းမာရေး ကောင်းမွန်ခြင်းသည် စိတ်ကျန်းမာရေးနှင့် ကိုယ်ကျန်းမာရေး ပေါင်းစည်းဆက်နွှယ်ဖြစ်ပွားမှု၏ ရလာဒ်တစ်ခု ဖြစ်သည်ဟု ပြောနိုင်သည်။

 
စစ်ဆေးမှု သတ္တိရှိရန် "စိတ်ဆန္ဒ"
စာရင်းအင်းအရ ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် ကင်ဆာရောဂါဖြစ်ပွားမှုပေါင်း ၁၈ သန်းနီးပါးခန့် ရှိသည်။ အလွန် ကြောက်မက်ဖွယ်ကောင်းသည့် ကိန်းဂဏန်းဖြစ်သော်လည်း ကင်ဆာရောဂါ၏ ၄၀% ကျော်သည် ကြိုတင်ကာကွယ်နိုင်ပြီး အသက်ရှင်နှုန်း မြင့်မားသည်။ ကျန်းမာရေး ဂရုစိုက်ခြင်း ပုံမှန်ဆေးစစ်ခြင်းသည် စောစီးစွာ ရောဂါရှာဖွေတွေ့ရှိခြင်း အတွက် ရောဂါဖြစ်ပွားမှု ဝေးကွာပြီး ကင်ဆာအကျိတ်အား မျက်စိအောက်တွင် ဖျစ်ညှစ်ပစ်နိုင်သည်။ ဥပမာ ရင်သားကင်ဆာ ကို မင်မိုဂရမ် ဖြင့် လွယ်ကူစွာ ရှာဖွေတွေ့ရှိနိုင်သည်။ အစောပိုင်းအဆင့်တွင် တွေ့ရှိပါက ၅ နှစ်ကြာ အသက်ရှင်နှုန်း ၉၉-၁၀၀% ရှိသည်။



ခံနိုင်ရည်ရှိရန် "စိတ်ဆန္ဒ"
 
Tin-May-Lwin_Paint.jpg
 
စိတ်ဓာတ်သည် အံ့ဩဖွယ်များ လုပ်ဆောင်နိုင်ပြီး ခေတ်မီဆေးပညာအကူအညီဖြင့် ကင်ဆာတိုက်ဖျက်ရာတွင် ကြီးမားသော အကျိုးသက်ရောက်မှု ရှိသည်။ နလံပြန်ထူရန် ဦးတည်သည့် ပထမဆုံးအဆင့်မှာ မျှော်လင့်ချက်ဖြင့် နေထိုင်ရန် ရွေးချယ်ရာတွင် လူနာ၏ ခံနိုင်ရည်ရှိမှု ဖြစ်သည်။ နှစ်ပေါင်း ၂၀ ကျော်ကြာ ကင်ဆာတိုက်ဖျက်လာသည့် ရန်ကုန်မြို့ ကွန်ပြူတာတက္ကသိုလ် ပါမောက္ခ တင်မေလွင် မှ ပြောပြသည်မှာ “ကျမတို့ရဲ့ စိတ်ဓာတ်က ကုသမှုအတွက် အလွန် အရေးကြီးပါတယ်။ ကျမတို့ ကုသပျောက်ကင်းနိုင်တယ်လို့ ကျမတို့ ယုံကြည်ရင် ကျမတို့ ကုသပျောက်ကင်း ပါလိမ့်မယ်။ ကုသလို့ မရနိုင်ဘူးလို့ သင်ထင်ရင် သင် ကုသပျောက်ကင်းမှာ မဟုတ်ပါဘူး။ ကျမရဲ့ဘဝကို ပျော်ရွှင်စွာ နေထိုင်ဖို့ ကျမ ရွေးချယ်ပါတယ်။ နှလုံးရောဂါနဲ့ ဆီးချိုရောဂါ ကျမ ခံစားနေချိန် ဖြစ်သော်လည်း သူတို့က ကျမရဲ့ပျော်ရွှင်မှုကို လုယူသွားတာ ကျမ ခွင့်မပြုပါဘူး
 
ဤခံနိုင်ရည်ရှိမှုသည် မိသားစုရှိ ချစ်ခင်မြတ်နိုးသူအား ကင်ဆာရောဂါ ပြန်ဖြစ်ပွားသည့်တိုင် စိတ်ဆန္ဒ အမြဲရှင်သန်ရန် ကူညီပေးသည်။ ဤအဖြစ်အပျက်သည် လေပြွန်အဖျားပိုင်းကင်ဆာ လုံးဝ ကုသပျောက်ကင်းလာသည့် ကမ္ဘောဒီးယား အမျိုးသမီးလုပ်ငန်းရှင် Srey Ly တွင် ဖြစ်ပွားခဲ့သည်။ “ဖြစ်မဲ့အရာက ဖြစ်လာမှာဘဲ။ တစ်ခုခု ဖြစ်ပွားပါက ကျမတို့ ပြန်မဖြစ်အောင် လုပ်လို့မရနိုင်ပါဘူး။ ကျမတို့ အဲဒါကို ကျမတို့နည်းလမ်းနဲ့ တိုက်ရမှာသာ ဖြစ်ပြီး ဆက်လျှောက်ရမှာပါ။

ကျမမှာ ဖြစ်သလိုမျိုး ကင်ဆာရောဂါက ကျမရဲ့ကလေးမှာ ဖြစ်ခဲ့ရင် ပျောက်ကင်းအောင် နည်းမျိုးစုံနဲ့ ကျမ လုပ်ပါမယ်” ဟု Srey Ly မှ ပြောသည်။ 


သင်ချစ်မြတ်နိုးသည့်အရာအတွက် တိုက်ရန် "စိတ်ဆန္ဒ"
 
Razia-Nasreen-Sultana_Paint.jpg
 
သင် စိတ်မကောင်းပါက သင်၏ကိုယ်ခန္ဓာသည် ခံစားရမည်။ စိတ်ဖိစီးမှုတွင် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ ရှိသည်ကို သင်ယုံပါသလား။ မျှော်လင့်ချက်ကင်းမဲ့ခြင်းသည် စင်စစ်အားဖြင့် အခြေအနေ ပိုမိုဆိုးရွားစေသည်။ ထိုနည်းတူစွာ မျှော်လင့်ချက်ရှိခြင်း နေထိုင်ရန် ဆန္ဒရှိခြင်းသည် အခြေအနေကို အကြီးအကျယ် တိုးတက်နိုင်ပြီး အချို့သော အခြေအနေတွင် ဆရာဝန် မျှော်လင့်သည်ထက်ပင် ပိုများသည်။ လူအများအပြားအတွက် ဤစိတ်ဆန္ဒသည် အခြားသူများမှ လာခြင်းမဟုတ်ပါ။ မိသားစု၏ မေတ္တာမှ လာသည်။ ဘင်္ဂလာဒေ့နိုင်ငံမှ အသက် ၆၂ နှစ်အရွယ် ရင်သားကင်ဆာ ပျောက်ကင်းသူ Razia Nasreen Sultana တွင် သူမ၏ ကင်ဆာကုသချိန်အတွင်း သူမ၏မိသားစုကို ထပ်မံပြန်တွေ့ရန် ဆိုသည့် ရည်ရွယ်ချက် တစ်ခုသာ ရှိသည်။ “ဓာတုကုထုံးက ခေါင်းကိုက်တာ ပျို့ချင်အံချင်တာ အစာစားလို့မရတာ စတဲ့ ဆင်းရဲဒုက္ခတွေ ပြည့်နှက်စွာ ခံစားရသော်လည်း ကျမ ဆက်လျှောက်သွားစေနိုင်တဲ့ အရာတစ်ခုက ကျမရဲ့ ကလေးဆီ ပြန်သွားနိုင်တာ ကျမရဲ့ မြေးနဲ့ တွေ့ဖို့ ဖြစ်ပါတယ်။ သူတို့က ကျမဘဝအတွက် အရာရာ ဖြစ်ပါတယ်။ အဲဒါက ကုသမှုရဲ့ ဆင်းရဲဒုက္ခကို ခံနိုင်ရတဲ့ အကြောင်းရင်း ဖြစ်ပါတယ်” ဟု Mrs. Razia မှပြောသည်။
အခြားသူများအား ချစ်မြတ်နိုးခြင်းသည် နေထိုင်လိုသည့်ဆန္ဒကို အားဖြည့်ပေးနိုင်ပြီး မိမိတို့အတွက် ရှိသည့် ချစ်မြတ်နိုးခြင်းသည် ကင်ဆာရောဂါတိုက်ဖျက်ရန် တွန်းအားပေးနိုင်သည်။ သီချင်းဆိုရန် ကြိုက်နှစ်သက်သည့်

ဗီယက်နမ်နိုင်ငံမှ အသက် ၅၃ နှစ်အရွယ် အိမ်ခြံမြေ လုပ်ငန်းရှင်ဖြစ်သူ Miss Nguyen Thi Man သည် ဤအရာကို ထင်ရှားစေသည်။ “အကျိတ်တွေကို တနည်းနည်းနဲ့ နှောင့်ယှက်ပါက ကိုယ်ခန္ဓာတစ်ခုလုံးသို့ ချက်ချင်း ပြန့်နှံ့နိုင်တယ်လို့ ကျမ ကြားဘူးပါတယ်။ သို့သော်လည်း ကျမရဲ့အမေ ကင်ဆာရောဂါနဲ့ သေဆုံးခဲ့ပြီးနောက် ကျမကိုယ်ကျမ သူမကဲ့သို့ ကင်ဆာရောဂါ နောက်တစ်လောင်း မဖြစ်စေရဘူးလို့ ကျမ ဆုံးဖြတ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျမမှာ စောင့်ရှောက်ရမဲ့ မိသားစု ရှိပါတယ်။ နောက်ဆုံး အရှုံးမခံနိုင်တဲ့ နောက်တချက်က ကျမရဲ့ သီချင်းဆိုနိုင်စွမ်း ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သီချင်းဆိုခြင်းက ကျမဘဝရဲ့ အချစ်စစ် ဖြစ်လို့ပါ။ ကျမ သီချင်းဆိုပြိုင်ပွဲမှာ ဆုတွေ ရခဲ့ပါတယ်။ ကျမ သီချင်းဆိုဖို့ စင်ပေါ်တက်တိုင်း ကျမ အလွန်ပျော်ပါတယ်။ ကျမရဲ့သူငယ်ချင်းတွေနဲ့ ပျော်ပါတယ်” ဟု ယခုအခါ ကင်ဆာရောဂါ မရှိတော့ဘဲ သီချင်းဆိုပြိုင်ပွဲတက်နေသည့် Miss Thi Man မှ ရှင်းပြသည်။

အထက်တွင် ဖော်ပြသည့်အတိုင်း ကိုယ်ခန္ဓာ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများသည် ထင်ရှားစွာ ဆက်နွယ်နေသည်။ အထူးသဖြင့် ရောဂါတိုက်ဖျက်ရာတွင် ကိုယ်ခန္ဓာအား မုန်တိုင်းခံနိုင်မှု သတ္တိရှိရန် စိတ်ဓာတ် ကြံ့ခိုင်မှု လိုအပ်သည်။ ယခုနှစ် ကမ္ဘာ့ကင်ဆာနေ့တွင် Horizon ဒေသဆိုင်ရာကင်ဆာဌာနသည် ကင်ဆာလူနာများ ကုသရန်၊ “ကျွန်ုပ်အတွက် ကျွန်ုပ်လုပ်ပါမည်” ဆိုသည့် ဆောင်ပုဒ်နှင့် အံဝင်ခွင်ကျရှိစေရန် ဆန္ဒစွမ်းအား မြှင့်တင်ရေးတွင် ပါဝင်ရန် ကျွန်ုပ်တို့၏ ဆန္ဒကို ကြေညာပါသည်။ ဆန္ဒပြင်းပြမှုနှင့်အတူ မျှော်လင့်ချက်သည် အခြားနှင့်မတူသော အင်အားတစ်ခု ဖြစ်သည်။
 
For more information please contact:
  • ဟော်ရီဇွန် ဒေသဆိုင်ရာကင်ဆာဌာန
    Tel. +66 (0) 2011 2222 : Horizon Cancer Center
    Tel. +66 (0) 2011 5999 : Clinical Nurse Coordinator – Cancer
    Tel. +66 (0) 2011 2881 : Clinical Nurse Coordinator – Bone Marrow Transplant
    Tel. +9595105105 : မြန်မာပြည်ရှိ ကျွန်ုပ်တို့၏ကိုယ်စားလှယ်ရုံးသို့ ခေါ်ဆိုရန်။

Related Packages

Related Health Blogs