bih.button.backtotop.text

ခေါင်းစဉ် : မစဉ်းစားမိခြင်းမှကာကွယ်ရေး း ကူးစက်တတ်သောမျှော်လင့်ချက်ဖြင့် နာမကျန်းမှု ရင်ဆိုင်ခြင်း

օգոստոսի 04, 2020
“ကျနော့်ဇနီး ခွဲစိတ်မှု အောင်မြင့်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မိမိကိုယ်မိမိ နှစ်သိမ့်မှုအပေးဆုံး စကားလုံး ဖြစ်ပါတယ်။ ကျနော်တို့ အကောင်းဆုံးအတွက် မျှော်လင့်နေပါတယ်။” များပြားသော ဤစကားလုံးများသည် ကမ္ဘာ့ကုလသမဂ္ဂ သံတမန် Sameer Sharma ၏ ချစ်လှစွာသောဇနီးဘဝအတွက် ဖွင့်ဟချက် ဖြစ်သည်။
 
Sameer Sharma သည် သူ၏ဇနီး Renu နှင့် ၁၅ နှစ်အရွယ်သားတို့နှင့်အတူ လွန်ခဲ့သော ၁၂ နှစ်အတွင်း ထိုင်းနိုင်ငံအခြေစိုက် အိန္ဒိယနိုင်ငံမှ ကမ္ဘာ့ကုလသမဂ္ဂ သံတမန်တစ်ဦး ဖြစ်သည်။ ထိုင်းနိုင်ငံတွင် ၄င်းတို့၏ဘဝသည် ထည့်မစဉ်းစားသော အဖြစ်အပျက် မတိုင်မီအထိ ပျော်ရွှင်ချမ်းမြေ့သောမိသားစုတစ်စု ဖြစ်ခဲ့သည်။ 
 
“ကျနော့်ရဲ့ အဆိုးဆုံး အိမ်မက်ဆိုးက လွန်ခဲ့တဲ့ ၃ နှစ်က ကျနော့်ဇနီး သူ့ရဲ့ရင်သားမှာ နာကျင်တဲ့အဖုလေး သတိထားမိတဲ့အချိန်က စတင်ခဲ့ပါတယ်။ ကျနော်တို့ Bumrungrad ဆေးရုံမှ ဆေးစစ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ ဆေးရုံက ရင်သားမှာ ၅.၈ စင်တီမီတာအရွယ် အသားပိုရှိကြောင်း အသေအချာ အတည်ပြုခဲ့ပါတယ်။ အရေးအကြီးဆုံးက အဲဒါက အန္တရာယ် ရှိပါတယ်” ဟု Sameer Sharma မှ အဆိုပါ သတင်းဆိုးကြားရသည့်အချိန်အကြောင်း ပြောပြသည်။ 
 
“သူမကို ဆေးစစ်ချိန်မှာ ကျနော်က ထိုင်းနိုင်ငံမှာ မရှိပါဘူး။ ကျနော် နိုင်ငံခြားလုပ်ငန်းခရီးစဉ် ပြီးပြီးချင်း ကျနော် သူမရဲ့ ကုသမှုကို အမြန်သွားကြည့်ခဲ့ပါတယ်။” ဟု Sameer Sharma မှ ကုသမှုအစီအစဉ်အသေးစိတ်ကို ပြောပြခဲ့ပါသည်။ “ပထမအဆင့်မှာ မြန်နိုင်သမျှမြန်ဖို့က အလွန်အရေးကြီးပါတယ်။ သူမ မြန်နိုင်သမျှ အမြန်ဆုံး ခွဲစိတ်ရပါမယ်။ ဆရာဝန်က သူမရဲ့လက်ဝဲဘက် ရင်သားတစ်ခုလုံး ဖယ်ရှားပစ်ရပါမယ်။ ပြီးတော့ အကြံပြုတဲ့ ရေဒီယိုကုသထုံး စုစုပေါင်း ၁၂ ကြိမ် ခံယူရပါတယ်။”
 
ကုသမှုသည် အချို့သောဘေးထွက်ဆိုးကျိုးမရှိ မဖြစ်သော်လည်း အစစအရာရာ အဆင်ပြေခဲ့သည်။ သို့သော်လည်း မိသားစုတစ်ခုလုံး၏ မျှော်လင့်ချက်နှင့် အားပေးမှုတို့ဖြင့် အတားအဆီးအားလုံး ကျော်လွှားနိုင်ခဲ့သည်။ ခန့်မှန်းခြေ တစ်နှစ်နီးပါး (၆-၉ ကြိမ်) အကြာတွင် ဓာတုကုထုံး ကုသမှုနောက်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့သည်။ “ဓာတုကုထုံးက အခက်ခဲဆုံးအပိုင်း ဖြစ်ပါတယ်။ ကျနော့်ဇနီး မချိမဆံ့ဝေဒနာ ခံစားခဲ့ရပါတယ်။ အထူးသဖြင့် သူမရဲ့ခန္ဓာကိုယ်က ဆေးဝါးအပေါ် တုန့်ပြန်မှုမရှိလို့ အရေးပေါ်ခန်း ပြေးရချိန် ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဆရာဝန်နဲ့ သူနာပြုတွေရဲ့ ပြုစုစောင့်ရှောက်မှုကို အထူးကျေးဇူး တင်ရပါမယ်။ နောက်ဆုံးမှာ ကျနော်တို့ သူမမှာ ရင်သားကင်ဆာ မရှိတော့ကြောင်း သတင်းကောင်း ကြားခဲ့ရပါတယ်။ ကျနော် အားလုံးကို အထူး ကျေးဇူးတင်ရှိပါတယ်။” ဟုပြောလျှက် Sameer ပြုံးပြခဲ့သည်။ 
 

အန္တရာယ်လုံးဝ မကင်းဝေးသေးပါ 

“အစစအရာရာ အဆင်ပြေခဲ့ပါတယ်။ ကျနော်တို့ရဲ့ ပျော်ရွှင်တဲ့မိသားစုဘဝ ပြန်လည်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ တစ်နှစ်ခန့်အကြာ ကျနော် တွန်ဂါ (Tonga) မှာ အလုပ်လုပ်နေစဉ်အချိန်မှာ ကျနော် ကြောက်မက်ဖွယ်အကောင်းဆုံးသတင်း တခါထပ်ကြားခဲ့ပါတယ်။ Renu က ရင်ဘတ်မှာ အလွန်ဆိုးဆိုးရွားရွားနာကျင်မှု ခံစားရပါတယ်။ သူမ အသက်ရှုရခက်ပြီး အရေးပေါ် ဆေးကုသမှု ခံယူခဲ့ရပါတယ်။ သူမကို ဆေးရုံ အမြန်ဆုံးပို့နိုင်ဖို့ တွန်ဂါ (Tonga) က တာဝန်ကို ချက်ချင်း ဖျက်သိမ်းခဲ့ရပါတယ်။” ဟု Sameer မှ သူ၏အိမ်မက်ဆိုးကို ပြန်ပြောပြခဲ့ပါသည်။ “ဒီအချိန်အထိ ကျနော့်ဇနီးမှာ ကင်ဆာရောဂါ လုံးဝ မရှိကြောင်း ယုံကြည်နေပါတယ်။ ကံတရားက ကျနော်တို့ကို လှည့်စားနေတယ်လို့ ခံစားမိပါတယ်။ ဘာလို့လဲဆိုတော့ သူမမှာ ကျန်းမာရေး ပြန်ကောင်းနေတယ်လို့ ထင်ရချိန်မှာ ကင်ဆာရောဂါ ကျနော့်ဇနီးဆီ ပြန်ရောက်လာတယ်။ ဒီတကြိမ်မှာ ရောဂါက အဆုတ်အထိပါ ပြန့်နေပါပြီ။ သူမကို အလွန်နာကျင်စေပါတယ်။” ဟု Sameer မှ အလွန်နာကျင်ဖွယ်အလဲထိုးခံရသော်လည်း တည်ငြိမ်စွာရှိသူတစ်ဦးအသွင်ဖြင့် ပြောပြသည်။ 
 
“ကျနော်တို့ ကင်ဆာရောဂါအထူးကုဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ Suthida Suwanvecho နဲ့ တွေ့ခဲ့ပါတယ်။ ဒါတင်မကပါဘူး။ ဆရာဝန်က အလွန်သဘောကောင်းသူတစ်ယောက် ဖြစ်ပါတယ်။ ကင်ဆာရောဂါက ကုသရခက်ပြီး ရှောင်လွှဲမရတဲ့ အသေအပျောက်ရှိနိုင်တဲ့ ရောဂါဖြစ်ကြောင်း ကျနော်တို့ရဲ့ စိတ်စွဲယုံကြည်နေမှုကို သူမက ဖယ်ရှားပေးနိုင်ခဲ့ပါတယ်။”
 
ဓာတုကုထုံးသည် ပန်းခင်းသောလမ်းတစ်ခု မဟုတ်ခဲ့ပါ။ ဆရာဝန်များမှ ကုသမှုအစီအစဉ်ကို မလွှဲမရှောင်သာ ပြောင်းလဲခဲ့ရသည်။ သို့သော်လည်း သူမ၏မိသားစုနှင့် Horizon ဒေသဆိုင်ရာကင်ဆာဌာနရှိ သူမအတွက် ပြုစုစောင့်ရှောက်ရေးအဖွဲ့သည် သူမ ပိုမိုကောင်းမွန်လာစေရန် သူတို့၏မျှော်လင့်ချက်ကို ဘယ်တော့မျှ မစွန့်လွှတ်ပါ။ “နောက် နှစ်ပါတ်အကြာမှာ ကျနော်တို့ သူမရဲ့ ကုသမှုမှာ အတော်ခက်ခဲတဲ့အချိန်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူမရဲ့အခြေအနေကို တချိန်လုံး အနီးကပ် စောင့်ကြည့်ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ဖြစ်ပေါ်လာတဲ့ ခက်ခဲနက်နဲမှုတွေရဲ့ အကြောင်းရင်းကို ရှာမတွေ့နိုင်ခဲ့လို့ပါ။ သူမ အတော် ပျို့အံပါတယ်။ သူမရဲ့ ကျောရိုးမကြီးမှာ ပြင်းပြင်းထန်ထန် နာကျင်မှု ခံစားနေရပါတယ်။ သူမ အသည်းအသန်ခံစားရပါတယ်။ ကျနော်လဲ ခံစားရပါတယ်။ ဒါနဲ့ ဒေါက်တာ Suthida က ခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။”
 
ခွဲစိတ်ဖို့ စောင့်ဆိုင်းနေစဉ်နှင့် ခွဲစိတ်မှုအကြို အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်နေစဉ် သူမ၏ အခြေအနေသည် တဟုန်ထိုး ကျဆင်းလာသည်။ “သူမက ကျွမ်းကျင်သူများရဲ့ လက်ထဲမှာရောက်နေတယ်လို့ ကျနော် ယုံကြည်စိတ်ချပါတယ်။ ကျနော်တို့မှာ ဆရာဝန်တွေ ဆေးဝါးကျွမ်းကျင်သူတွေ တဖွဲ့လုံးကို ကျနော်တို့ ကျေးဇူးတင်တာကလွဲလို့ တခြားဘာမျှ မရှိပါဘူး။ တခါတလေ ကျနော်လဲ စိုးရိမ်ပူပန်လွန်ပြီး ကျနော်ကိုယ်တိုင်လဲ ဆေးသောက်ရတဲ့အထိ ဖြစ်လာတယ်။ ဒါပေမဲ့ ကျနော် လူတိုင်းဆီကနေ အကြံပေးစကားများနဲ့ အားပေးစကားများ အမြဲ ရရှိခဲ့ပါတယ်။” ဟု Sameer မှ ဆေးစစ်တမ်းအဖြေ ရရှိချိန်နှင့် အလွန်အားနဲသည့် အခြေအနေ ရောက်လာသည့်အတွက် သူမ၏ခွဲစိတ်မှုကို ပယ်ဖျက်ရချိန် အောင်မြင်မှုနှုန်း ၁၀ ရာခိုင်နှုန်းသာရှိသောအချိန်တို့ အကြောင်း ရည်ညွှန်းလျှက် ပြောပြသည်။ “ဒေါက်တာ Suthida က ကျနော်နဲ့ အလွန်တရင်းတနှီး ရှိပါတယ်။ ဒီလိုအားနဲတဲ့ အခြေအနေရှိတဲ့သူ တစ်ယောက်ယောက်ကို ဘယ်တုန်းကမှ ခွဲစိတ်မှု မအောင်မြင်ခဲ့ပါဘူးဟု သူမက ပြောပြပါတယ််။ ကျနော့်ဇနီးရဲ့ ခွဲစိတ်မှု အောင်မြင်နိုင်မှုနှုန်းက အလွန်နဲတဲ့အတွက် သူမက ခွဲစိတ်မှုမလုပ်ဖို့ အကြံပေးပါတယ်။”
 

စိတ်ပျက်စရာမကောင်းမှုနောက်ပိုင်း ကြံ့ခိုင်မှုရှိခြင်း 

“Renu က ကျနော့်အတွက် ကမ္ဘာကြီးတခုလုံး ဖြစ်ပါတယ်။ ဘာဘဲဖြစ်နေပါစေ နောက်ဆုံးအချိန်အထိ ကျနော် သူမဘေးမှာ ရှိနေပါလိမ့်မယ်။ သူမဘာလိုချင်ချင် ရုပ်ပိုင်းဘဲဖြစ်ဖြစ် ဒါမှမဟုတ် တခြားအရာဖြစ်ဖြစ် ကျနော် လုပ်ပေးမယ်။ ဆရာဝန်တွေကကလည်း ကျနော်တို့ စိတ်ဓာတ်မကျအောင် အထူး ကူညီပေးကြပါတယ်။ သူတို့က တရားထိုင်ဖို့ သင်ပေးခဲ့ပါတယ်။ တန်ဖိုးရှိတဲ့ အကြံဉာဏ်အားလုံး ပေးခဲ့ပါတယ်။ ကျနော့်သားကလဲ စာသင်နေတုန်းဘဲဖြစ်သော်လည်း သူ့အမေကို ကူညီဖို့ နည်းမျိုးစုံ လုပ်ခဲ့ပါတယ်။ ကျနော်ယူဆချက်က ကျနော်တို့ လက်ထပ်ခဲ့ကြတာ ၂၅ နှစ်ရှိပြီ။ ဒါ့ကြောင့် သေချာတာက ကျနော်တို့ ကင်ဆာရောဂါဖြစ်တာ ၂၅ လကြာပြီ။ အရင်ကထက် ပိုကြံ့ခိုင်ရမယ်။”
 

အခြားသူများအတွက် အားပေးစကားတခွန်း 

“ကျနော်တို့အားလုံး သတိရသင့်တာက ဆေးရုံက ကျနော်တို့အတွက် ဒီမှာ ရှိနေရုံတင် မကပါဘူး။ လူနာဖြစ်တဲ့ ကျနော်တို့ရဲ့ ချစ်ရသူတွေအပြင် ကျနော်တို့အတွက် ပြုစုစောင့်ရှောက်ပေးသူတွေပါ ရှိနေတယ်ဆိုတာ သတိရသင့်ပါတယ်။ ဆေးရုံကောင်း တစ်ရုံက လူနာတွေကို သူတို့ရဲ့ စမ်းသပ်ခံသူတွေ အဖြစ်မခံပါဘူး။ ကျနော်တို့အားလုံး သိထားရမှာက ကျနော်တို့ဘေးမှာ ပြည်သူပြည်သားတွေ အမြဲတမ်း ရှိနေတယ်။ သူတို့အားလုံး ဘယ်တော့မှ မျှော်လင့်ချက် မဆုံးရှုံးသင့်ပါဘူး။ Horizon ဒေသဆိုင်ရာကင်ဆာဌာနက ဒီအတွက် အလွန်ကောင်းပါတယ်။ ကျနော်တို့ရဲ့ အခြေအနေမှာ သူတို့က လူနာရော မိသားစုပါ သက်သာပျောက်ကင်းစေပါတယ်။ ဒါပေမဲ့ ဒါက မိသားစုနဲ့ ဆေးကုသရေးဝန်ထမ်းတို့ အသင်းတစ်သင်းအနေနဲ့ ပူးပေါင်းဆက်သွယ်မှသာ ဖြစ်နိုင်ပါတယ်။ ကျေးဇူးပြု၍ လက်မလျှော့ပါနဲ့။ ဆက်လက်ကြိုးစားသွားပါ။ ဆရာဝန်တွေက သင်တို့အားလုံးအတွက် အကောင်းဆုံး လုပ်ဆောင်မယ်လို့ ယုံကြည်ပါ။ ရှေ့ဆက်လျှောက်ရမဲ့လမ်းက မလွယ်ကူသော်လည်း ကျနော်တို့ အချင်းချင်း ယုံကြည်ရင် ကျနော်တို့ ကျော်လွှားနိုင်လိမ့်မယ်။” ဟု Sameer မှ မျှော်လင့်ချက်စွမ်းအားကို ပြောပြသည်။ 
 
For more information please contact:

Related Packages

Related Health Blogs