bih.button.backtotop.text

မိမိစိတ်တိုင်းကျခွဲစိတ်ကုသခြင်း : သင့်ကျန်းမာရေးအတွက် ကိုယ်တိုင်းချုပ်ဝတ်စုံ

 “ကျမ မကျော်လွှားနိုင်တာမှန်သမျှကို ဘယ်တော့မျှ မစဉ်းစားဘူး” ဟု Bumrungrad ဆေးရုံ Horizon ဒေသဆိုင်ရာ ကင်ဆာဌာန အထွေထွေခွဲစိတ်ကုဆရာဝန် ဒေါက်တာ Piyawan Kensakoo မှပြောသည်။ “လူနာတဦးချင်းစီမှာ ကွဲပြားခြားနားကြပါတယ်။ သူတို့ရဲ့အခြေအနေနဲ့ လိုက်ဖက်တဲ့ခွဲစိတ်မှုကို ကျမတို့အတတ်နိုင်ဆုံးလုပ်ဖို့က ကျမတို့ရဲ့ တာဝန်ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျမတို့က သူတို့အတွက် သင့်လျော်တဲ့ အကောင်းဆုံးကုသမှု ဖြစ်စေချင်လို့ပါ။ အဲဒါမှ သူတို့ရဲ့ ကျန်းမာရေးကေင်းတဲ့ ဘဝကို ပုံမှန်ပြန်ရောက်သွားနိုင်မှာပါ။”

ခွဲစိတ်ကုဆရာဝန်များသည် ကင်ဆာကုသရေးတွင် အရေးပါသောအပိုင်းမှ ပါဝင်သည်။ သို့သော်လည်း ကင်ဆာလူနာတိုင်းသည် ခွဲစိတ်ကုဆရာဝန်တွေ့ရန် မလိုပါ။ ကင်ဆာကုသမှုတွင် ပုံစံအမျိုးမျိုး ဥပမာ ဓာတုကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံး၊ ခွဲစိတ်ကုသမှု သို့မဟုတ် လူနာအတွက် အကောင်းဆုံးရလာဒ်ရရှိနိုင်သည့် ဖြစ်နိုင်သော တွဲဖက်ရွေးချယ်စရာပုံစံ အမျိုးမျိုး ရှိသည်။ 
 
 “ကျမတို့ခွဲစိတ်ကုဆရာဝန်တွေဆီမရောက်မီ အခြားအဆင့်နဲ့လုပ်ငန်းစဉ်တွေ အများအပြား ရှိပါလိမ့်မယ်။ ဒစ်ဂျစ်တယ် မင်မိုဂရမ်ရိုက်ခြင်း၊ အယ်လ်ထာဆောင်းရိုက်ခြင်းနှင့် တစ်သျှူးစစ်ဆေးခြင်းတို့ ဖြစ်ပါတယ်။ ကျမတို့ အကြောင်းအရာ တစ်ခုချင်းစီကို အလွန်အသေးစိတ် စဉ်းစားရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကင်ဆာလူနာနဲ့ ကင်ဆာရောဂါမဟုတ်တဲ့ အခြားလူနာများအတွက် ခွဲစိတ်ခြင်းဟာ အချိုးအစားရော ချဉ်းကပ်ပုံပါ အလွန် ခြားနားကြပါတယ်။” ဟု ဒေါက်တာ Piyawan မှ ရှင်းပြသည်။ “ဥပမာအားဖြင့် ရောဂါအဆင့်မြင့်မားတဲ့ ကင်ဆာလူနာများအတွက် ခွဲစိတ်မှု ချက်ချင်းခံယူခြင်းက မသင့်လျော်ပါဘူး။ သူတို့ကို ဓာတုကုထုံး ပထမဦးစွာ လိုကောင်းလိုပါလိမ့်မယ်။ အဲဒီကုထုံးနဲ့ ကောင်းစွာအဆင်ပြေတယ်ဆိုရင် ကင်ဆာပြန့်ပွားမှုက ထိမ်းချုပ်မှုအောက်မှာ ရှိမယ်။ အဲဒီနောက် ကျမတို့ ခွဲစိတ်မှုကို နောက်ရွေးချယ်စရာတစ်ခုအဖြစ် စဉ်းစားနိုင်ပါတယ်။ လူနာမှာ အဆုံးစွန်ချမ်းသာသုခရှိပြီး ဘေးအန္တရာယ်ကင်းဝေးရေးက အလွန်အရေးကြီးပါတယ်။”
 
ဆုံးဖြတ်ချက်ချခြင်းနှင့် ကုသမှုဦးစားပေးအစီအစဉ်ရေးဆွဲမှုကို Horizon ဒေသဆိုင်ရာကင်ဆာဌာနရှိ ဌာနအသီးသီးမှ ကျွမ်းကျင်သူများအဖွဲ့နှင့် လူနာအကြား ပူးတွဲပြုလုပ်သည်။ “လူနာက ကျမတို့ရဲ့ ဆုံးဖြတ်ချက်ချရာမှာ တခုတည်းသော အလွန်အရေးအကြီးဆုံးအကြောင်းရင်း ဖြစ်ပါတယ်။ ကျမ်တို့ အချက်အလက်အားလုံးကို ရှင်းပြပြီး အကြံပြုချက် ပေးပါတယ်။ ဒါမှ လူနာက သူတို့အရင် ရွေးချယ်စရာတွေထဲက ရှင်းပြတဲ့ရွေးချယ်စရာကို ရွေးချယ်နိုင်မယ်။” ဒေါက်တာ Piyawan မှ ဆက်လက်ရှင်းပြသည်မှာ “ဒါပေမဲ့ တကယ်ကိုခက်ခဲတဲ့ ဒါမှမဟုတ် ရှားပါးလှတဲ့အခြေအနေ ဖြစ်ရင် ဒီအကြောင်းအရာကို ဝိုင်းဝန်းအကြံဉာဏ်ပေးနိုင်တဲ့ အခြားဆရာဝန်များ ဆေးဘက်ဆိုင်ရာပညာရှင်များတက်ရောက်တဲ့ ကင်ဆာအဖွဲ့အစည်းညီလာခံမှာ ဆွေးနွေးဖို့ တင်ပြပါမယ်။ ဥပမာ melanoma နဲ့ အချို့သော အရေပြားကင်ဆာ သို့မဟုတ် အဆုတ်ကင်ဆာတွေ ဖြစ်ပါတယ်။ ဒီရောဂါတွေက ခန္ဓာဗေဒအကျိုးသက်ရောက်မှုကြောင့် အလွန်ရှုပ်ထွေးပါတယ်။ ဒီအခြေအနေအမျိုးအစားတွေက အလွန်ထူးကဲစွာ ရှုပ်ထွေးနိုင်ပါတယ်။ အဲဒါကြောင့် ကျမတို့ လူနာကို ရွေးချယ်စရာ မပြောပြမီ ကုသမှုဦးစားပေးအစီအစဉ်များ ရေးဆွဲဖို့ ပညာရှင်များဆွေးနွေးပွဲ ပြုလုပ်ဖို့ လိုအပ်ခြင်း ဖြစ်ပါတယ်။”

doctor-(1).jpg

“Horizon ဒေသဆိုင်ရာကင်ဆာဌာနရဲ့ အများနဲ့မတူ တမူထူးခြားတဲ့အရာကတော့ ကျမတို့ရဲ့ ခွဲစိတ်ကုဆရာဝန်များမှာရှိတဲ့ အတွေ့အကြုံ နက်ရှိုင်းမှု ဖြစ်ပါတယ်။ သူတို့ရဲ့ စုပေါင်းအတွေ့အကြုံတွေက ကျမတို့ရဲ့လူနာများကို ထိထိရောက်ရောက်နှင့် အကျိုးရှိစွာ ကုသစောင့်ရှောက်ခွင့် ရပါမယ်။ ဥပမာအားဖြင့် ရင်သားကင်ဆာက ဆရာဝန်တယောက်အနေနဲ့ ကျနော် အပြော အများဆုံး ဖြစ်ပါတယ်။ အခြားနေရာအများစုမှာ ပုံမှန်ကုသမှုက ကင်ဆာအသားပိုနဲ့အတူ ရင်သားခွဲထုတ်ရန် ခွဲစိတ်မှု ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျမတို့အတွက်ကတော့ ပိုမိုဂရုစိုက်စောင့်ရှောက်မှု လိုအပ်ပါတယ်။”
 
ဒေါက်တာ Piyawan သည် သူမ၏ရှင်းလင်းချက်နောက်ကွယ်မှ သူမ၏အတွေးအခေါ်အကြောင်း ဆက်လက်ရှင်းပြသည်။ “ကျမ ခိုင်ခိုင်မာမာ ယုံကြည်တာက ကိုယ်ခန္ဓာကို သဘာဝအတိုင်း ထားခြင်းဖြစ်ပါတယ်။ လူနာကို ဖြစ်နိုင်သမျှ ပုံမှန်အတိုင်း ခံစားစေပါတယ်။ ကုသချိန်အတွင်း တတ်နိုင်သမျှ နေထိုင်မကောင်းမှုအနဲဆုံး ဖြစ်စေပါတယ်။ ဒီနည်းလမ်းက လူနာတွေကို သူတို့ရဲ့ကုသရေးမှာ အပြည့်အဝရှိစေတဲ့နည်း ဖြစ်ပါတယ်။ အဲဒါကြောင့် အသားပိုခွဲစိတ်မှုက တမူထူးခြားမှုရှိခြင်း ဖြစ်ပါတယ်။ ကျမတို့က သူတို့ရဲ့ ရင်သားကို ခွဲစိတ်မှုအပြီး မူလပုံစံတိုင်း ထိမ်းသိမ်းစောင့်ရှောက်ထားနိုင်တဲ့ရလာဒ်ရရှိတဲ့ ကုသရေးချဉ်းကပ်မှုကို  ရှာဖွေနိုင်ဖို့ အစွမ်းကုန် ကြိုးစားပါတယ်။ ဒီကုသမှုအောင်မြင်ဖို့ ကွဲပြားခြားနားတဲ့နည်းလမ်းတွေ ရှိပါတယ်။ ဥပမာ နောက်ကျော သို့မဟုတ် ဝမ်းဗိုက်မှ တစ်သျှူးကို ရင်သားအသစ်အဖြစ် အစားထိုးကုသခြင်း သို့မဟုတ် ဆီလီကွန်ထည့်ကုသခြင်းတို့ ဖြစ်ပါတယ်။ မူလရင်သားပုံစံအတိုင်း ရှိအောင် ကျမတို့က အတတ်နိုင်ဆုံး ကြိုးစားပါတယ်။ ဒါမှသာ ခွဲစိတ်မှုအပြီးမှာ သူတို့ရဲ့ဘဝကို ပုံမှန် ပြန်လည်နေထိုင်နိုင်မှာ ဖြစ်ပါတယ်။”
 
ရောက်လာတဲ့ လူနာတယောက် ရှိတယ်။ ရင်သားဖြတ်ထုတ်မှု (ရင်သားထုတ်ယူမှု) ပြုလုပ်ဖို့နဲ့ ပြန်ရည်ကျိတ်ဂလင်း (lymph nodes) အားလုံး ဖယ်ရှားဖို့ပါ သူမကို အခြားဆေးရုံက အကြံပေးပါတယ်။ ဒါက လူနာရဲ့ မိသားစုနဲ့ ဘဝရဲ့ အနာဂါတ်ကို အလွန်စိုးရိမ်တဲ့ လူနာအတွက် အတော်လေး စိတ်ဓာတ်ကျစရာ ဖြစ်ပါတယ်။ သူမကို ဒီရင်သားဖယ်ရှားမှုခွဲစိတ်မှု လုပ်လိုက်မယ်ဆိုရင် သူမအတွက် ကိုယ်စိတ်နှစ်ပါးသာမက ဘဝအရည်အသွေးကိုပါ အကြီးအကျယ်ထိခိုက်နိုင်တယ်လို့ ကျမ မြင်ပါတယ်။ ဒါ့ကြောင့် ကျမတို့ သူမအတွက် တခြားကုသမှုနည်းလမ်းကို ရွေးချယ်ခဲ့ပါတယ်။
 
ကင်ဆာလူနာတစ်ဦးချင်းစီ၏အခြေအနေက ၄င်တို့၏ခန္ဓာဗေဒအရ အများနှင့်မတူ တမူထူးခြားမှုရှိပါတယ်။ ဒါ့ကြောင့် ကျမတို့က immunohistochemistry (IHC) စမ်းသစ်မှုပြုလုပ်၍ စတင်ခဲ့ပါတယ်။ ဒီစမ်းသပ်မှုမှာ ဓာတုဆေးဆိုးပစ္စည်းကို ကင်ဆာဆဲလ်မှ ထုတ်ပေးတဲ့ပရိုတိန်းများပေါ် စွန်းထင်းစေရန် အသုံးပြုပါတယ်။ ဒီပရိုတိန်းလွှာမှ ကင်ဆာအမျိုးအစားအတိအကျကို ကျမတို့ သတ်မှတ်နိုင်ပြီး သူမ၏ရောဂါအခြေအနေမှာ ပစ်မှတ်ထားကုထုံးနဲ့ ကောင်းစွာ တုန့်ပြန်မှုရှိတဲ့ အမျိုးအစားတစ်ခု တွေ့ရှိရမယ်။ ဆေးကုသရေးအဖွဲ့နှင့် လူနာအကြား ဆွေးနွေးတိုင်ပင်မှု ပြုလုပ်ပြီးနောက် ခွဲစိတ်မှု မပြုလုပ်မီ ဓာတုကုထုံးပြုလုပ်ရန် ကျမတို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

surgery-(1).jpg

ခွဲစိတ်ကုသဖို့အချိန်ရောက်ပါက အသားပိုက တစ်စင်တီမီတာခန့် ကျုံ့သွားကြောင်း ကျမတို့ တွေ့ရှိရပါတယ်။ ပြန်ရည်ကျိတ်ဂလင်း (lymph nodes) ကို လုံးဝ ထုတ်ပစ်ရန် မလိုအပ်ပါဘူး။ သူမ၏ရင်သားကလည်း မူလပုံစံအတိုင်း ရှိနေလိမ့်မှာ ဖြစ်ပါတယ်။ ဒါကို ပြီးပြည့်စုံတဲ့ ရောဂါကြောင့်ဖြစ်ပွားတဲ့တုန့်ပြန်မှုဟု ခေါ်ပါတယ်။ သူမရဲ့ရင်သားကို ကယ်တင်နိုင်ပြီး လက်မောင်းရောင်ရမ်းမှု စတဲ့ အဆင်မပြေတဲ့ရှုပ်ထွေးမှုကို ရှောင်ရှားနိုင်ခဲ့ပါတယ်။ ကျမတို့ပေးလိုက်တဲ့ အသေးစိတ် ရောဂါစစ်ဆေးမှုနဲ့  ဆေးကုသပေးတဲ့ ပြုစုစောင့်ရှောက်မှုကို ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာ Piyawan မှ ပြုံးရွှင်စွာ ပြန်ပြောင်း ပြောပြသည်။  


ခွဲစိတ်ကုဆရာဝန်၏ အကြံပေးချက်

“သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေက ကုသမှုအောင်မြင်ရေးမှာ များစွာအကျိုးသက်ရောက်မှု ရှိပါတယ်။ ကောင်းတဲ့စိတ်ဓာတ်၊ အကောင်းမြင်အပြုအမူ၊ ကျန်းမာရေးညီညွတ်စွာစားသောက်တဲ့အလေ့အထနဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့ လူနာတွေက အောင်မြင်တဲ့ကုသမှုအတွက် အကောင်းဆုံးအခွင့်အလန်းရှိတဲ့လူနာတွေ ဖြစ်ပါတယ်။” ဒေါက်တာ Piyawan ၏ နောက်ဆုံးအကြုံပေးချက်များသည် သတိပြုစရာအနေဖြင့် ပြောခြင်းဖြစ်သည်။ “ဒါပေမဲ့ အခွင့်အလမ်းက မူမမှန်မှုကို စောစောတွေ့ရှိရမယ်ဆိုရင် ဒါမှမဟုတ် ကင်ဆာရောဂါက ရောဂါနုစဉ်အဆင့်ဖြစ်ရင် ပိုကောင်းပါတယ်။ ကင်ဆာရောဂါ လုံးဝပျောက်ကင်းဖို့ အခွင့်အလမ်း ပိုများပါလိမ့်မယ်။ ဒါ့ကြောင့် နှစ်စဉ် ပုံမှန်ဆေးစစ်ဖို့ ကျမ အကြံပေးရခြင်း ဖြစ်ပါတယ်။”
 
For more information please contact:
  • ဟော်ရီဇွန် ဒေသဆိုင်ရာကင်ဆာဌာန
    Tel. +66 (0) 2011 2222 : Horizon Cancer Center
    Tel. +66 (0) 2011 5999 : Clinical Nurse Coordinator – Cancer
    Tel. +66 (0) 2011 2881 : Clinical Nurse Coordinator – Bone Marrow Transplant
    Tel. +9595105105 : မြန်မာပြည်ရှိ ကျွန်ုပ်တို့၏ကိုယ်စားလှယ်ရုံးသို့ ခေါ်ဆိုရန်။

Related Packages

Related Health Blogs