bih.button.backtotop.text

ရင်သားကင်ဆာ - လမ်းဆုံးသည် သင်ထင်သည်ထက် ပိုဝေးကွာခြင်း

հոկտեմբերի 28, 2019

“ကင်ဆာ” သည် လူအများစုအတွက် ကြောက်မက်ဖွယ်စကားလုံး ဖြစ်သည်။ သို့သော် အမျိုးသမီးများအကြားတွင် “ရင်သား ကင်ဆာ” စကားလုံးသည် အထူးသဖြင့် အမျိုးသမီးနှင့်သက်ဆိုင်သော ကိုယ်ခန္ဓာတည်ဆောက်ပုံကို ထိခိုက်သောကြောင့် ပိုမိုကြောက်မက်ဖွယ် ဖြစ်သည်။ ပြောရမည်ဆိုလျှင် ရင်သားကင်ဆာသည် အမျိုးသားများတွင်လည်း ဖြစ်ပွားနိုင်သည်။ သို့သော်လည်း အမျိုးသမီး ဂ ပုံ ၁ ပုံနှင့် နှိုင်းယှဉ်ပါက ဖြစ်ပွားနိုင်နှုန်းမှာ တစ်ထောင်လျှင် တစ်ယောက်ဖြစ်သည်။

ရင်သားသည် သွေးဖြူအကျိတ်နှင့် အဆုတ်အနီးတွင် တည်ရှိသောကြောင့် အသက်အန္တရာယ်ရှိမှု အလွန်မြင့်မားသည်။ သို့သော်လည်း အသက်ရှင်သန်မှုနှုန်းသည် အမျိုးသမီးများအား ကိုယ်တိုင်ရင်သားစစ်ဆေးမှုပြုလုပ်ရန်အားပေးသည့် သတိပြုရေးအစီအစဉ်များဖြင့် အလွန်အထောက်အကူပြုနိုင်သည်။ အသက်ရှင်သန်နှုန်းတိုးတက်ခြင်းသည် အသက် ၄၀ နှစ်နှင့်အထက် အမျိုးသမီးများအတွက် (သို့မဟုတ် ကင်ဆာရောဂါသမိုင်းကြောင်းရှိသည့်မိသားစုဖြစ်ပါက သွေးမဆုံးမီ အသက် ၃၀ နှစ်မှစတင်၍) ပုံမှန်မင်မိုဂရမ်ရိုက်ခြင်း သို့မဟုတ် ပုံမှန်အယ်ထရာဆောင်းရိုက်ခြင်းဖြင့် အထောက်အကူပြုသည်။ အမေရိကန်ပြည်ထောင်စု စာရင်းအင်းများမှ ဖော်ပြသည်မှာ ရင်သားကင်ဆာသေဆုံးမှုနှုန်းသည် လွန်ခဲ့သည့် ၂၀ နှစ်အတွင်း သုံးပုံတပုံ ကျဆင်းသွားသည်။ (၁၉၉၆ ခုနှစ်တွင် အမျိုးသမီး ၁၀ဝ,ဝ၀ဝ လျှင် ၂၉.၄ မှ ၂၀၁၆ ခုနှစ်တွင် အမျိုးသမီး ၁၀ဝ,ဝ၀ဝ လျှင် ၂၀.ဝ)
 

လက်ရှိအချိန်တွင် ကင်ဆာရောဂါကင်းရှင်းမှု ၅ နှစ်ကြာရှိပါက အသက်ဘေးမှလွတ်မြောက်သူအဖြစ် ယူဆနိုင်သည်။ ရင်သားကင်ဆာ အတွက် အသင်ရှင်သန်မှုနှုန်း ၈၉.၉ ရာခိုင်နှုန်းသည် ကင်ဆာအမျိုးအစားအားလုံး၏ အမြင့်မားဆုံး ဖြစ်သည်။ (၂၀ဝ၉ - ၂၀၁၅ စာရင်းအင်း) Mastectomy (ရင်သားတခုလုံးထုတ်ပစ်ခြင်း) သည် အချို့အခြေအနေတွင် လိုအပ်သော်လည်း Lumpectomy (ရင်သားတစိတ်တပိုင်းထုတ်ပစ်ခြင်း) ကို Mastectomy (ရင်သားတခုလုံးထုတ်ပစ်ခြင်း) အစား အဓိကကုသရေးအဖြစ် အစားထိုးလာသည်။ ရင်သားတခုလုံး ထုတ်ပစ်ရမည်ဆိုပါက လူနာတွင် ရင်သားတု သို့မဟုတ် တစ်သျှူးသစ်ပြန်လည်တည်ဆောက်မှု တစ်မျိုးမျိုး ရွေးချယ်နိုင်သည်။ ဓာတ်ရောင်ခြည်ကုထုံးနှင့် ဓာတုကုထုံးသည် ကင်ဆာရောဂါ ကုသမှုတွင် အဓိကအခန်းမှ ပါဝင်ပြီး ဆေးပညာတိုးတက်ဖွံ့ဖြိုးမှုကြောင့် ဘေးထွက်ဆိုးကျိုးများကို သိသာစွာ လျှော့ချပေးသည်။
 

အသက်ရှင်သန်မှုနှုန်း မြင့်မားရသည့်အကြောင်းရင်းတစ်ချက်မှာ ရင်သားကင်ဆာဆဲလ်များသည် အချို့သောဟော်မုန်း ပရိုတိန်းများနှင့် ဓာတ်ပြုမှုရှိကြောင်း တွေ့ရှိချက် ဖြစ်သည်။ အဆိုပါဟော်မုန်းနှင့် ပရိုတိန်းများ ထိမ်းချုပ်တားဆီးပေးခြင်းဖြင့် ရင်သားကင်ဆာဆဲလ်ကြီးထွားမှုကို တားဆီးပေးသောဆေးများကို တီထွင်ခဲ့သည်။ သို့သော်လည်း ကင်ဆာဆဲလ်များ၏ သီးသန့်လက္ခဏာများနှင့် ဓာတ်ပြုမှုသည် လူနာတစ်ဦးနှင့်တစ်ဦး ကွာခြားပြီး အကြောင်းရင်းအများအပြားအပေါ် မူတည်သည်။ ထို့ကြောင့် မည်သည့်ဆေးဝါးအသုံးပြုရမည်ကို ဆုံးဖြတ်ရန် စမ်းသပ်မှု လုပ်ဆောင်ရန် လိုအပ်သည်။
 

ကင်ဆာဆဲလ်များတွင် ဟော်မုန်းလက်ခံသည့်အရာများတည်ရှိမှု စမ်းသပ်ခြင်း။ ဟော်မုန်းလက်ခံသည့်အရာ positive (HR+) ဖြစ်သည့် ကင်ဆာဆဲလ်များသည် ဟော်မုန်းဖြင့် လှုံ့ဆော်သည့် အရည်အချင်းကို တားဆီးပေးသော ဆေးနှင့် ဓာတ်ပြုမှု မြန်ဆန်သည်။
 

အပေါ်ယံလူအရေပြားတိုးတက်ဖွံ့ဖြိုးမှုအကြောင်းရင်းလက်ခံသည့်အရာ-၂ (HER2) တည်ရှိမှု စမ်းသပ်ခြင်း။ ဤလက်ခံသည့်အရာ (HER2+) ရှိသည့်ကင်ဆာဆဲလ်များသည် ၄င်း HER2+ မရှိသည့်ကင်ဆာဆဲလ်များထက် ပြန့်နှံ့မှု ပိုမြန်သည်။
 

ဆရာဝန်သည် မည်သည့်ကုသမှုပြုလုပ်ရမည်ကို သုံးသပ်ရာတွင် အဆိုပါအချက်နှစ်မျိုးစလုံးကို စဉ်းစားသည်။ ဥပမာ ဆဲလ်များသည် HR positive နှင့် HER2 negative (HR+/HER2-) - အများဆုံးတွေ့ရသောအခြေအနေဖြစ်ပြီး မူလအခြေအနေပြန်ဖြစ်နိုင်မှုအနည်းဆုံး - ဖြစ်ပါက ဟော်မုန်းကုထုံးသည် လူနာအတွက် အလားအလာရှိသည်။ သို့သော်လည်း ကင်ဆာဆဲလ်များသည် HR negative နှင့် HER2 positive (HR-/HER2+) ဖြစ်ပါက ဟော်မုန်းကုထုံးသည် မသင့်လျော်နိုင်ပါ။ ၄င်းအစား HER2-ပစ်မှတ်ထားကုထုံးကို သတ်မှတ်လိမ့်မည်။ နှစ်မျိုးစလုံးသည် positive ဖြစ်ပါက လူနာသည် ကုသမှုနှစ်မျိူးစလုံး ပြုလုပ်နိုင်သည်။
 

Negative သုံးမျိုးရှိသောလူနာများအတွက် - HR negative နှင့် HER2 negative ကင်ဆာဆဲလ်ရှိသူများအတွက် - အသက်ရှင်သန်မှုအခွင့်အလန်းသည် အလွန်နဲပါးသည်။ သို့သော်လည်း ပစ်မှတ်ထားကုထုံး၏ မကြာသေးမီက တိုးတက်မှုများသည် ဤကွာဟမှုကို လျှင်မြန်စွာ လျှော့ချပေးသည်။ ကင်ဆာအမျိုးအစားလူနာအားလုံးအတွက် အသက်ရှင်သန်မှု အခွင့်အလမ်းသည် ယခုအခါ ပိုမြင့်မားသည်။ လုံးဝလွတ်မြောက်ခြင်း သာမန်ဘဝသို့ လုံးဝပြန်ရောက်ခြင်း အခွင့်အလမ်းများသည် ကုသမရနိုင်သောကင်ဆာအခွင့်အလမ်းများထက် ယခုအခါ အလွန်မြင့်မားသည်ဟု ပြောနိုင်ပါသည်။
 

ခေတ်မီကုသရေးထိရောက်မှုရှိသကဲ့သို့ ကင်ဆာရောဂါတွေ့ရှိမှု မြန်လေလေ ကုသမှု လွယ်ကူလေလေ ဖြစ်သည်။ အမျိုးသမီးများသည် ကိုယ်တိုင်ရင်သားစစ်ဆေးမှု ပုံမှန် ပြုလုပ်သင့်သည်။ ပြုလုပ်ရန် အကောင်းဆုံးအချိန်မှာ ဓမ္မတာဆင်းပြီးနောက် ၇ ရက် ဖြစ်သည်။ ရင်သား၊ နို့သီးခေါင်း သို့မဟုတ် ရင်သားအရေပြားတွင် ပုံမှန်မဟုတ်သောအဖုအကျိတ်တွေ့ရှိရပါက ဆရာဝန်နှင့် ချက်ချင်း တွေ့ဆုံသင့်သည်။
 

သင်သည် အသက် ၄၀ နှစ်ပြည့်သည်အထိ စောင့်ရန်မလိုပါ။ ဤကိုယ်တိုင်စစ်ဆေးခြင်းကို အသက်အရွယ်မရွေး ပြုလုပ်နိုင်သည်။ သို့သော်လည်း အသက် ၄၀ နှစ်အရွယ်တွင် ရင်သားကင်ဆာဖြစ်ပွားနိုင်သည့်အခွင့်အလမ်းသည် ပိုများသည်။ ထို့ကြောင့် မိသားစုတွင် ကင်ဆာရောဂါရာဇဝင် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မင်မိုဂရမ်စမ်းသပ်မှု ပြုလုပ်ရန် အကြံပြုသည်။
 

နောက်ဆုံးအနေဖြင့် သင်၏ကျန်းမာရေးကို အစစအရာရာ ဂရုစိုက်ခြင်းသည် ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း၊ သင့်လျော်သည့် ကိုယ်အလေးချိန်ထိမ်းခြင်း၊ တက်တက်ကြွကြွနေထိုင်ခြင်း၊ အယ်လ်ကိုဟောရှောင်ရှားခြင်းပုံစံတို့ဖြင့် ကင်ဆာရောဂါ ပထမဖြစ်ပွားသည့် အကြောင်းရင်းများ လျှော့ချရန် အကောင်းဆုံးနည်းဖြစ်သည်။ သို့သော်လည်း ကင်ဆာရောဂါသည် လူနာတွင် တွေ့ရှိရပြီးဖြစ်ပါက လူနာ၏အပြုအမူ၊ ၄င်းတို့၏ အချစ်ရဆုံး အခင်ရဆုံးသူများထံမှ အားပေးမှုသည် ကင်ဆာရောဂါ တိုက်ဖျက်ရေးတွင် အဓိကအခန်းမှ ပါဝင်သည်။ အကောင်းမြင်ခြင်းနှင့် စိတ်ဓာတ်ကြံ့ခိုင်ခြင်းသည် သင်၏ ချစ်နှစ်သက်သူများနှင့် အချိန်ကြာမြင့်စွာ နေထိုင်နိုင်ရန် အဓိကသော့ချက် ဖြစ်သည်။

For more information please contact:

Related Packages

Related Health Blogs