bih.button.backtotop.text

မျိုးရိုးဗီဇပြောင်းလဲမှုစစ်ဆေးခြင်း : ဓာတ်ခွဲခန်းမှပုံပြင်တစ်ခု

“ကင်ဆာမျိုးရိုးဗီဇပြောင်းလဲမှုကို ဖြစ်နိုင်သမျှ အမြန်ဆုံး တိတိကျကျ သိ်နိုင်ဖို့ ကျမတို့ အတော်ကြိုးပမ်းခဲ့ပါတယ်။ ကျမတို့ရဲ့ လူနာတွေကို အချိန်မီ မှန်ကန်တဲ့ရောဂါကုသမှုက အဲဒီအပေါ်မှာ မူတည်ပါတယ်။ ကျမတို့ရဲ့ ဓာတ်ခွဲခန်းမှာ အကောင်းဆုံးနဲ့ နောက်ဆုံးပေါ် ပစ္စည်းကိရိယာများရှိအောင် လုပ်ဆောင်ခြင်းက ပြင်ပဓာတ်ခွဲခန်းကို ကျမတို့ ပေးပို့စစ်ဆေးခြင်းထက် ပိုလျှင်မြန်တဲ့စစ်ဆေးချက်အဖြေ ရရှိစေပါတယ်။ မိနစ်တိုင်းက ကင်ဆာလူနာတစ်ယောက်အတွက် တန်ဖိုးရှိပါတယ်။” ဤစကားများသည် Bumrungrad ဆေးရုံ အကြီးတန်းဓာတ်ခွဲခန်းမန်နေဂျာ Wipa Panmontha Ph.D ၏ပြောစကားများ ဖြစ်ပါသည်။  

အသားပိုမျိုးရိုးဗီဇစမ်းသပ်စစ်ဆေးခြင်းသည် ယခုအချိန်၌ ကင်ဆာရောဂါကုသရေးတွင် ရှိရမည့် အရေးအကြီးဆုံး ပစ္စည်းကိရိယာများမှ တစ်ခုဖြစ်သည်။ ၄င်းသည် ပစ်မှတ်ထားကုထုံး ဖြစ်ပွားစေပြီး ရောဂါပျောက်ကင်းနိုင်မှုအခွင့်အလမ်း အလွန်များပြားစေနိုင်၍ လူနာအတွက် ခံစားရမှု လျော့နည်းစေသည်။ Bumrungrad ဆေးရုံ၏ ဓာတ်ခွဲခန်းသည် ကင်ဆာရောဂါ အမျိုးအစား အများအပြားအတွက် မျိုးရိုးဗီဇပြောင်းလဲမှုအပြင် EGFR, KRAS, NRAS, BRAF ပြောင်းလဲမှုများကိုပါ အသေးစိတ် စစ်ဆေးပေးနိုင်သည်။ ၄င်းသည် ဆရာဝန်များအတွက် ဆေးရုံအတွင်း ကင်ဆာရောဂါ လျှင်မြန်စွာ ရှာဖွေစစ်ဆေးပေးနိုင်ပြီး လူနာအတွက် အသင့်လျော်ဆုံးကုသနည်းကို ရွေးချယ်နိုင်သည်။   
 
မကောင်းဘူးဟု ထင်ရသော်လည်း အဲဒါက စမ်းသပ်ရန်အတွက် အသားစနမူနာရရှိဖို့ ကြီးမားတဲ့ ခွဲစိတ်မှု ရှိနိုင်ပါတယ်။ နာကျင်ပြီး တခါတရံမှာ အလွန်အန္တရာယ်ကြီးမားတဲ့လုပ်ငန်းစဉ်ကို လူနာတိုင်း မရင်ဆိုင်နိုင်ဘူးဆိုတာ သေချာပါတယ်။ တခါတရံ ပေးပို့တဲ့ အသားစနမူက အသေးစိတ်စစ်ဆေးချက်အဖြေရဖို့ မလုံလောက်ပါဘူး။ နောက်တကြိမ် ထပ်မံခွဲစိတ်မှုပြုလုပ်ကောင်း ပြုလုပ်ရနိုင်ပါတယ်။ ယခုနောက်ဆုံးပေါ် မျိုးရိုးဗီဇစစ်ဆေးမှုနည်းပညာတွေ ပေါ်ပေါက်လာချိန်မှာ ကျမတို့ရဲ့ ဓာတ်ခွဲခန်းက လူနာတွေဆီက အသားစနမူနာခွဲစိတ်ဖြတ်ယူမှု အစဉ်အလာကို ရှောင်ရှားနိုင်ဖို့ အခွင့်အလမ်း ရှိစေပါတယ်။ ကျမတို့ လူနာတွေကို မလိုအပ်ဘဲ နာကျင်မှု မခံစားစေချင်ပါဘူး။”

Senior-1.jpg

Wipa သည် သွေးနမူနာအပေါ်အခြေခံသည့် မျိုးဆက်သစ်အစီအစဉ် (next-generation sequencing - NGS) သို့မဟုတ် ကိုယ်ခန္ဓာအရည်စမ်းသပ်စစ်ဆေးခြင်း (အရည်ဘိုင်အိုစီ) ဟုလူသိများသည့် အချို့သောမျိုးရိုးဗီဇပြောင်းလဲမှုအတွက် စမ်းသပ်စစ်ဆေးခြင်းကို ရည်ညွှန်းသည်။ ဤနည်းပညာသည် အလွန်တိကျပြီး ကင်ဆာဆဲလ်များမှ DNA အပိုင်းအစများ (လည်ပတ်နေသောအသားပို DNA) ကိုလည်း တိကျစွာ စစ်ဆေးနိုင်သည်။ NGS ၏ အဓိကအားသာချက်တစ်ခုမှာ လူနာသည် အနဲငယ်သာ နာကျင်မှုခံစားရပြီး ဆရာဝန်များသည်လည်း ယခင်ကထက် ပိုအသုံးဝင်သည့်အချက်အလက်မရရှိသည့်တိုင် တူညီသောစစ်ဆေးချက်အဖြေ ရရှိနိုင်သည်။ 
 
“လူနာအတွက် ဘယ် ပစ်မှတ်ထားကုထုံးက အကောင်းဆုံးဖြစ်တယ်ဆိုတာ ကျမတို့ ဖော်ထုတ်နိုင်တဲ့အပြင် NGS က ကုသရေးကိုလည်း ပိုမိုထိရောက်စွာ နောက်ဆက်တွဲလိုက်လံစစ်ဆေးနိုင်ပါတယ်။ လူနာမှာ ကျန်ရှိတဲ့ ကင်ဆာဆဲလ် အရေအတွက်ကို MRI သို့မဟုတ် PET ရိုက်ခြင်းထက် ကြိမ်ဖန်များစွာ တိတိကျကျ တိုင်းတာနိုင်ပါတယ်။”
 
“လူနာတယောက်ကြုံဘူးတယ်။ ရောဂါပြင်းထန်စွာနဲ့ရောက်လာပြီး ICU တက်ရတဲ့ နိုင်ငံခြားသားတယောက် ကြုံဘူးတယ်။ အရေးပေါ်ခွဲစိတ်ကုသမှု လိုအပ်ပါတယ်။ ဒါပေမဲ့ သူမဟာ အသားစတစ်သျှူးနမူနာအတွက် ခွဲစိတ်နိုင်ခြင်း မရှိဘူး။ ဒါပေမဲ့ ကုသရေးအဖွဲ့က NGS အတွက် အရည်ဘိုင်အိုစီ ထုတ်ယူစစ်ဆေးနိုင်ပါတယ်။ စစ်ဆေးချက်အဖြေရရင် ဖြစ်ပွားတဲ့အသားပို အမျိုးအစားအလိုက် ချက်ချင်းရနိုင်တဲ့ ပစ်မှတ်ထားဆေးဝါးနဲ့ ကိုက်ညီအောင်ရှာဖွေနိုင်ပြီး ဆရာဝန်က ဆေးဝါး ချက်ချင်း ညွှန်ကြားနိုင်ပါတယ်။ ရက်သိပ်မကြာခင်မှာဘဲ သူမအခြေအနေကောင်းလာပြီး ICU ကနေ ထွက်နိုင်ခဲ့ပါတယ်။” ဟု Wipa မှ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ပြောပြသည်။ 

 “ကျမတို့မှာ စမ်းသပ်မှုအပြည့်အဝလုပ်မဲ့အစား အချို့သောမျိုးရိုးဗီဇကို စမ်းသပ်စစ်ဆေးနိုင်တဲ့စက်လည်း ရှိပါတယ်။ ဒါက စစ်ဆေးချက်အဖြေရဖို့ လေ့လာဆန်းစစ်ချိန် အတော်နဲပါးစေပါတယ်။ ကျမတို့ တိကျတဲ့အဖြေကို ၃ ရက်အတွင်း စစ်ဆေး ရရှိနိုင်ပါတယ်။ ဒါက ပြင်ပဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးရင် ကြာတဲ့အချိန်ရဲ့တစ်ဝက် ဖြစ်ပါတယ်။ အချိန်က အဓိကပါ။ မိနစ်တိုင်းက ကင်ဆာလူနာများအတွက် တန်ဖိုးရှိပါတယ်။”

Senior-2-(2).jpg

“မကြာသေးမီကဘဲ လူနာက ကိုယ်ခံစွမ်းအားကုထုံးကို ဘယ်လောက်တုန့်ပြန်မှုရှိတယ်ဆိုတာ ပြောပြနိုင်တဲ့စွမ်းဆောင်ချက်ကို  ကျမတို့ရဲ့စစ်ဆေးမှုမှာ microsatellite instability (MSI) စမ်းသပ်မှု ထည့်သွင်းခဲ့ပါတယ်။ ကျမတို့ရဲ့နောက်ပန်းတိုင်က မျိုးရိုးလိုက်ကင်ဆာရောဂါ ဖြစ်ပွားစေတဲ့ မျိုးရိုးဗီဇပြောင်းလဲမှု စစ်ဆေးနိုင်အောင် တီထွင်သွားရန် ဖြစ်ပါတယ်။” ဟု Wipa မှ သူမ၏ ဓာတ်ခွဲခန်းသို့ ခေတ်မီဆန်းသစ်မှုများ စိတ်လှုပ်ရှားစွာ ဖြစ်ပွားများကို ထုတ်ဖော်ပြောကြားသည်။ အဆိုပါသဘောထားများသည် Bumrungrad ဆေးရုံတွင်လုပ်ကိုင်သော ကျန်းမာရေးဆိုင်ရာပညာရှင်များအတွက် ပုံမှန်ဖြစ်သည်။ ၄င်းသည် ကျမတို့၏လူနာများမှ ၄င်းတို့ရရှိနိုင်သော အကောင်းဆုံးကုသမှု ရရှိကြောင်း အလွန်ဂုဏ်ယူစရာကောင်းသည့်အရာတစ်ခု ဖြစ်သည်။ 
 
For more information please contact:
  • ဟော်ရီဇွန် ဒေသဆိုင်ရာကင်ဆာဌာန
    Tel. +66 (0) 2011 2222 : Horizon Cancer Center
    Tel. +66 (0) 2011 5999 : Clinical Nurse Coordinator – Cancer
    Tel. +66 (0) 2011 2881 : Clinical Nurse Coordinator – Bone Marrow Transplant
    Tel. +9595105105 : မြန်မာပြည်ရှိ ကျွန်ုပ်တို့၏ကိုယ်စားလှယ်ရုံးသို့ ခေါ်ဆိုရန်။

Related Packages

Related Health Blogs