bih.button.backtotop.text

Selected Filter (s): အားလုံး

ပုံစံ : အားလုံး

အားလုံးကိုရှင်း

သင့် Mammogram ရလဒ်များကို နားလည်သိရှိခြင်း - BI-RADS ဆိုသည်မှာ အဘယ်နည်း။

BI-RADS (Breast Imaging Reporting and Data System) ဆိုသည်မှာ ရောဂါရှာဖွေရေးဆိုင်ရာ ဓာတ်မှန်ပညာရှင်များအနေဖြင့် Mammogram ရလဒ်များကို ဖော်ပြရန်နှင့် နောက်ဆက်တွဲကုသစောင့်ရှောက်မှုဆိုင်ရာ လမ်းညွှန်ချက်များ ပေးနိုင်ရန် အသုံးပြုသည့် စံသတ်မှတ်ထားသောစနစ် (အဆင့် ၀ မှ ၆ အထိ) တစ်ခုဖြစ်သည်။ BI-RADS အဆင့်သတ်မှတ်ချက်သည် ရင်သားကင်ဆာရှိကြောင်းအတည်ပြုချက် သို့မဟုတ် ကင်ဆာအဆင့်ကို ဖော်ပြခြင်းမဟုတ်ပါ။ ရလဒ်အများစု (BI-RADS အဆင့် ၁ မှ ၃) သည် ပုံမှန် သို့မဟုတ် ကင်ဆာမဟုတ်သော အကျိတ်ဖြစ်နိုင်ခြေရှိခြင်းကို ညွှန်ပြလေ့ရှိပြီး၊ ပိုမိုမြင့်မားသောအဆင့် (BI-RADS အဆင့် ၄ နှင့် ၅) တွင်မူ ကင်ဆာဟုတ်၊ မဟုတ် သေချာစေရန်အတွက် အသားစစစ်ဆေးခြင်းပြုလုပ်ရန် အကြံပြုလေ့ရှိပါသည်။

ဆက်ဖတ်ရန်

ရင်သားမှာ အကျိတ်တစ်ခု စမ်းမိခဲ့တယ် - ဆရာဝန်နဲ့ ပြသတဲ့အခါ ဘာတွေဖြစ်နိုင်မလဲ။

ရင်သားမှာအကျိတ်တစ်ခုတွေ့တယ်ဆိုရင် ဆရာဝန်နဲ့တွေ့တဲ့အခါဘာတွေဖြစ်နိုင်မလဲ၊ စမ်းသပ်စစ်ဆေးမှု၊ ရင်သားဆိုင်ရာပုံရိပ်ဖော်စစ်ဆေးမှု၊ BI-RADS အဖြေနဲ့ အသားစစစ်ဆေးမှုတွေအကြောင်းကိုလေ့လာကြည့်ပါ။

ဆက်ဖတ်ရန်

ရင်သားတစ်သျှူးသိပ်သည်းဆများနေခြင်း - ဒီအချက်ကရင်သားကင်ဆာစစ်ဆေးမှုအတွက် ဘယ်လိုအဓိပ္ပာယ်ဖြစ်မလဲ။

ရင်သားတစ်သျှူးသိပ်သည်းဆများနေခြင်းဆိုသည်မှာ ရင်သားဓာတ်မှန်ရိုက်သည့်အခါတွင် အဆီတစ်သျှူးများထက် အမျှင်ဓာတ်ပါဝင်သောတစ်သျှူး နှင့် ဂလင်းတစ်သျှူးများ ပိုမိုများပြားစွာပါဝင်နေခြင်းကိုဆိုလိုပါသည်။ BI-RADS အဆင့်သတ်မှတ်ချက်အရ ရင်သားသိပ်သည်းမှုအမျိုးအစား C (သိပ်သည်းမှုမညီမညာဖြစ်နေခြင်း) နှင့် D (အလွန်အမင်းသိပ်သည်းမှုရှိခြင်း) တို့ကို သိပ်သည်းဆများသော ရင်သားအမျိုးအစားများအဖြစ် သတ်မှတ်သည်။

ဆက်ဖတ်ရန်

အမျိုးသမီးငယ်များသိထားသင့်သော အသက် ၄၀ မတိုင်မီဖြစ်ပွားတတ်သည့် ရင်သားကင်ဆာ

အသက် ၄၀ မတိုင်မီအရွယ်တွင် ရင်သားကင်ဆာဖြစ်ပွားမှုမှာ ရှားပါးသော်လည်း အသက်ငယ်ရွယ်နေခြင်းက ရင်သားကင်ဆာဖြစ်နိုင်ခြေလုံးဝမရှိဟုမဆိုနိုင်ပါ။ ပုံမှန်အားဖြင့် အသက် ၂၀ နှင့် ၃၀ အရွယ်အမျိုးသမီးများ (ရောဂါဖြစ်နိုင်ခြေအန္တရာယ်ပုံမှန်အဆင့်ရှိသူများ) တွင် ရင်သားဓာတ်မှန်ရိုက်ခြင်းကို စတင်ပြုလုပ်လေ့မရှိကြသောကြောင့် ရင်သားတွင်ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုများကိုသတိပြုမိရန်နှင့် မိမိတွင်ရောဂါဖြစ်နိုင်ခြေမည်မျှရှိသည်ကို နားလည်သဘောပေါက်ထားရန် အလွန်အရေးကြီးသည်။

ဆက်ဖတ်ရန်

အစာအိမ်ကင်ဆာကို မည်သို့ရောဂါရှာဖွေစစ်ဆေးသနည်း။ မှန်ပြောင်းစစ်ဆေးခြင်း၊ အသားစနမူနာစစ်ဆေးခြင်း၊ မှန်ပြောင်းအာထရာဆောင်း နှင့် ကွန်ပျူတာဓာတ်မှန်များအကြောင်းကို နားလည်သဘောပေါက်ခြင်း

​အစာအိမ်ကင်ဆာသည် အစောပိုင်းအဆင့်အခြေအနေများတွင် သတိပြုမိရန် ခက်ခဲနိုင်သည်ကို သင်သိပါသလား။ မကြာခဏအစာမကြေဖြစ်ခြင်း၊ ဝမ်းဗိုက်အထက်ပိုင်းတွင်မအီမသာဖြစ်ခြင်း၊ လေပွခြင်း၊ အစားအသောက်ပျက်ခြင်း သို့မဟုတ် အနည်းငယ်မျှစားလိုက်ရုံဖြင့် ဗိုက်ပြည့်အင့်သွားခြင်း စသည့်လက္ခဏာများသည် သာမန်အစာချေစနစ်ပြဿနာများနှင့် ဆင်တူနိုင်သည်။ ထိုလက္ခဏာများရေရှည်ဖြစ်ပွားနေလျှင်၊ ပိုမိုဆိုးရွားလာလျှင် သို့မဟုတ် အကြောင်းအရင်းအတိအကျမရှိဘဲ ကိုယ်အလေးချိန်ကျခြင်း၊ သွေးအားနည်းခြင်း၊ အစာမျိုရခက်ခြင်း၊ ဝမ်းအမည်းရောင်သွားခြင်း သို့မဟုတ် သွေးအန်ခြင်းများ ယှဉ်တွဲဖြစ်ပေါ်လာပါက ပိုမိုနက်နဲသောစစ်ဆေးမှုများပြုလုပ်ရန် အရေးကြီးပါသည်။

ဆက်ဖတ်ရန်

အသည်းကင်ဆာကို မည်သို့ရောဂါရှာဖွေသနည်း။ အာထရာဆောင်း၊ ကွန်ပျူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန် နှင့် AFP သွေးစစ်မှုတို့ကို နားလည်သဘောပေါက်ခြင်း

​အသည်းကင်ဆာသည် တစ်ခါတစ်ရံတွင် လက္ခဏာများမပြမီကပင် ကြိုတင်တွေ့ရှိနိုင်သည်ကို သင်သိပါသလား။ ရောဂါဖြစ်ပွားနိုင်ခြေမြင့်မားသူများတွင် အာထရာဆောင်းရိုက်ခြင်း သို့မဟုတ် AFP သွေးစစ်ခြင်းတို့က ကနဦးသတိပေးလက္ခဏာကို ဖော်ပြပေးနိုင်ပြီး ကွန်ပျူတာဓာတ်မှန် သို့မဟုတ် သံလိုက်ဓာတ်မှန်များက သံသယဖြစ်ဖွယ် အသည်းအကျိတ်နှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဖော်ပြပေးနိုင်ပါသည်။

ဆက်ဖတ်ရန်

လိုလျှင်ကြံဆ နည်းလမ်းရ : သင်၏လိုအင်ဆန္ဒဖြင့် ကင်ဆာတိုက်ဖျက်ခြင်း

ဆရာဝန်၏ ကူညီပေးသောလက်များအပြင် ကင်ဆာရောဂါတိုက်ဖျက်ရာတွင် စိတ်ဓာတ်ကြံ့ခိုင်မှုသည် အရေးကြီးသော အချက်တစ်ခု ဖြစ်သည်။ ဆန္ဒပြင်းပြမှု၊ အခက်အခဲကျော်လွှားမှုနှင့်အတူ မျှော်လင့်ချက်ထားရှိခြင်းသည် ပြန်လည်ကောင်းမွန်မှုဆီသို့ အောင်မြင်စွာရောက်ရှိရန် အထောက်အကူ ပြုနိုင်သည်။ ယခုနှစ် ကမ္ဘာ့ကင်ဆာနေ့တွင် ဘမ်ရွန်ဂရက်ဆေးရုံ Horizon ဒေသဆိုင်ရာကင်ဆာဌာနသည် ကင်ဆာလူနာများ ကုသရန်၊ “ကျွန်ုပ်အတွက် ကျွန်ုပ်လုပ်ပါမည်” ဆိုသည့် ဆောင်ပုဒ်နှင့် အံဝင်ခွင်ကျရှိစေရန် ဆန္ဒစွမ်းအား မြှင့်တင်ရေးတွင် ပါဝင်ရန် ကျွန်ုပ်တို့၏ ဆန္ဒကို ကြေညာပါသည်။ ဆန္ဒပြင်းပြမှုနှင့်အတူ မျှော်လင့်ချက်သည် အခြားနှင့်မတူသော အင်အားတစ်ခု ဖြစ်သည်။

ဆက်ဖတ်ရန်

တစ်ဝက်တူ ပင်မဆဲလ် အစားထိုးကုသခြင်း : မျှော်လင့်ချက်နှစ်ဆ၊ စောင့်ဆိုင်းချိန်တစ်ဝက်၊ အပြည့်အဝပြန်ကောင်းမှု

ဆောင်းပါးတို : သာမန်တူညီသော ပင်မဆဲလ်(Stem Cell) အစားထိုးကုသခြင်း (လူအများခေါ်ဆိုသည့် “တစ်ဝက်တူညီသော ပင်မဆဲလ် အစားထိုးကုသခြင်း”) သည် Horizon ဒေသဆိုင်ရာကင်ဆာဌာနတွင် ရရှိနိုင်သည့် ထိရောက်မှုအမြင့်မားဆုံး ကုသမှု ရွေးချယ်စရာတစ်ခု ဖြစ်သည်။ “ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်းက သွေးကင်ဆာရောဂါအတွက် ကုသမှု ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။ အချို့အခြေအနေမှာ ကင်ဆာရောဂါ ကုသမှု လုံးဝ ပျောက်ကင်းဖို့ တခုတည်းသော မျှော်လင့်ချက် ဖြစ်ပါတယ်။ ဒါပေမဲ့ အပြည့်အဝ တူညီတဲ့ ရိုးတွင်းခြင်ဆီ လှူဒါန်းသူ ရှာဖွေတွေ့ရှိနိုင်တဲ့ အခွင့်အလန်းက အလွန်နဲပါတယ်။ သို့သော်လည်း ယခုအခါ အောင်မြင်မှုနှုန်းမြင့်မားတဲ့ ကုသမှုအတွက် ၅၀% သာ တူညီဖို့ လိုအပ်ပါတယ်” ဟု သွေးပညာနှင့် ကင်ဆာရောဂါအထူးကုဆရာဝန် တွဲဖက်ပါမောက္ခ Dr. Wichean Mongkonsritragoon မှ ပြောပြသည်။

ဆက်ဖတ်ရန်

HPV - Zip Up Challenge: သင်သည် သင်၏သက်တမ်းတစ်လျှောက် HPV ပိုး ရကောင်းရနိုင်ပါသည်။

၂၀၁၈ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီး ၅၇၀ ၀၀၀ တွင် သားအိမ်ခေါင်းကင်ဆာခံစားနေရပြီး ၃၁၁၀၀၀ သည် ရောဂါကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။ အန္တရာယ်ကြီးပြီး ကူးစက်နှုန်းမြန်သော HPV ပိုးအမျိုးအစားများသည် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားရသော အဓိကအကြောင်းအရင်းဖြစ်သည်။

ဆက်ဖတ်ရန်