bih.button.backtotop.text

ချစ်ခြင်းမေတ္တာသည် နှလုံးအတွက် ပိုကောင်းခြင်း

“မေတ္တာစွမ်းအား ကုစားခြင်း” ဆိုသည့် စကားစုသည် အံ့ဩဖွယ် အချစ်ဇာတ်လမ်းတစ်ပုဒ်ကဲ့သို့ ထင်ရပေမည်။ သို့သော်လည်း ၎င်းကို ရှင်းလင်းစွာ ထောက်ခံသည့် သိပ္ပံဆိုင်ရာလေ့လာမှု အများအပြား ရှိသည်ကို သင် သိပါသလား။ ကောင်းမွန်သောဆက်ဆံရေးသည် - ချစ်မြတ်နိုးဖွယ်ကောင်းသည်ဖြစ်စေ တဏှာကင်းသည်ဖြစ်စေ သို့မဟုတ် အိမ်မွေးတိရစ္ဆာန်ဖြင့်ဖြစ်စေ - အထူးသဖြင့် နှလုံးကျန်းမာရေးနှင့် ပတ်သက်ပါက နှလုံးရောဂါနှင့် သေဆုံးခြင်းဖြစ်ပွားမှု လျှော့ချခြင်းဖြင့် ကျန်းမာရေးကောင်းမွန်မှုကို ထောက်ပံ့သည့် အစိတ်အပိုင်းမှ ပါဝင်သည်။

 

နှလုံးကို တစ်ခါတရံ အသိအမှတ်ပြုခံရစဉ် စိတ်လှုပ်ရှားမှုများ ဥပမာ ယုံကြည်လေးစားခြင်း၊ ချစ်ခင်နှစ်သက်မိခြင်း သို့မဟုတ် ပထမဆုံးအကောင်းမြင်သဘောကျခြင်းများ ဦးနှောက်တွင် အမှန်တကယ် ဖြစ်ပွားသည်။ ဤသို့ဖြစ်ပွားပါက ဦးနှောက်မှ အဒရင်နလင်းဟော်မုန်း (adrenaline) နှင့် နော်ရီပင်နီဖရင်းဟော်မုန်း (norepinephrine) ထုတ်ပေးသည်။ ကျွန်ုပ်တို့သည် တစ်ဦးနှင့်တစ်ဦး ချစ်မိပါက အောက်ဆီတိုစင် (oxytocin) ဟော်မုန်း ထွက်လာမည်။ ဤဟော်မုန်းအားလုံး သည် ကိုယ်ခန္ဓာ၏ ကျန်ရှိသောအစိတ်အပိုင်းအတွက် ဇီဝကမ္မဆိုင်ရာ သက်ရောက်မှု ရှိပြီး နှလုံးခုန်မှု ပိုမြန်စေ၍ သွေးကြောများ ကျယ်လာစေကာ သွေးလည်ပတ်မှုနှင့် အလုံးစုံ နှလုံးအလုပ်လုပ်ကိုင်မှု ကောင်းမွန်စေသည်။

 

ညင်သာစွာ ထိတွေ့မှု၊ မျက်လုံးချင်းဆုံခြင်း၊ ကြေနပ်သည့်စကားပြောဆိုမှု သို့မဟုတ် သင်ချစ်ခင်မြတ်နိုးရသူ အကြောင်းတွေးရုံမျှဖြင့် သင်၏ ရုပ်ပိုင်းဆိုင်ရာအပေါ် ကောင်းမွန်သည့်အကျိုးသက်ရောက်မှု ရှိနိုင်သည်။ ၎င်းနှင့်အတူ ဖြစ်ပွားသည့် နှလုံးအလုပ်လုပ်မှု ကောင်းမွန်ခြင်းနှင့် သွေးကြောကျယ်ပြန့်ခြင်းသည် သွေးတိုးရောဂါရှိသူများ သို့မဟုတ် သွေးကြောကျဉ်းရောဂါ ခံစားရသူများအတွက် အထူးအကျိုးရှိသည်။

 

ဇီဝကမ္မဆိုင်ရာ အကျိုးကျေးဇူးအပြင် ချစ်ခြင်းမေတ္တာသည် အပြုအမူဆိုင်ရာ အကျိုးကျေးဇူးများလည်း ရှိသည်။  Brigham Young တက္ကသိုလ် အာရုံကြောသိပ္ပံနှင့်စိတ်ပညာအထူးပြု သုတေသနရှင် Dr. Julianne Holt-Lunstad သည် လူပေါင်း ၃၀၀,၀၀၀ ကျော်ကို နမူနာ လေ့လာခဲ့သည်။ PLOS ဆေးပညာဂျာနယ်တွင် ပုံနှိပ်ထုတ်ဝေသည့် သူမ၏ တွေ့ရှိချက်များအရ ကျွန်ုပ်တို့နှင့် အနီးကပ်ဆုံး ဆက်ဆံမှုရှိသူများသည် ကျွန်ုပ်တို့အား အပြုသဘောဆောင်သော အပြုအမူများဆီသို့ တွန်းပို့ရာတွင် သြဇာလွှမ်းမိုးမှု အများဆုံးရှိကြောင်း ပြသည်။ ၎င်းသည် ကျွန်ုပ်တို့ နေမကောင်းဖြစ်ပါက သို့မဟုတ် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရန်နှင့် ကျန်းမာရေးညီညွတ်စွာ စားသောက်ရန် အားပေးပါက စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ပေးကြောင်း သက်သေပြသည်။ ကျွန်ုပ်တို့ ဘဝတွင် ဤကဲ့သို့သော အကောင်းမြင်ဆက်ဆံရေးများသည် ဆေးလိပ်ဖြတ်သကဲ့သို့ ကျွန်ုပ်တို့၏ ကျန်းမာရေးအတွက် အကျိုးကျေးဇူးရှိသည်ဟု ပြောနိုင်သည်။

အမေရိကန်နိုင်ငံ အမျိုးသားကျန်းမာရေးအချက်အလက်စင်တာ၏ စာရင်းအင်းများအရ လက်ထပ်ပြီးသူများသည် လက်မထပ်ဘူးသူများ၊ ကွာရှင်းပြီးသူများ၊ သို့မဟုတ် မုဆိုးဖိုမုဆိုးမများထက် အသက်ပိုရှည်ကြောင်း ပြသည်။ သို့သော်လည်း နှလုံးသားနှင့် ပတ်သက်ပါက အရည်အသွေးသည် အရေအတွက်ထက် သို့မဟုတ် ဆက်ဆံရေးအခြေအနေ ထက် အမြဲတမ်း တပန်းသာကြောင်း အလေးအနက် ထားသင့်သည်။ ကျန်းမာ၍ ဆက်ဆံရေးကောင်းမွန်သည့် လက်မထပ်ရသေးသော စုံတွဲများသည် အချစ်မပါဘဲလက်ထပ်သူ သို့မဟုတ် ဖြည့်ဆည်းပေးမှုမရှိဘဲ လက်ထပ်သူများထက် ကျန်းမာရေးပိုင်းတွင် ပိုကောင်းကျိုးရှိသည်။

 

သို့သော်လည်း သင့်တွင် ရင်ခုန်ဖွယ်ကောင်းသည့် ဆက်ဆံရေးမရှိပါက မစိုးရိမ်ပါနှင့်။ သင်နှင့် အနီးကပ်ဆုံးရှိ လူများ၊ သင့်မိသားစု၊ သူငယ်ချင်း သို့မဟုတ် အိမ်မွေးတိရိစ္ဆာန်များနှင့် ကောင်းမွန်၍ ဖြည့်ဆည်းပေးသော တဏှာကင်းသည့် ၅၂၈ မေတ္တာထားရှိခြင်းသည် ကျွန်ုပ်တို့၏ နှလုံးကျန်းမာရေး ကောင်းမွန်စေနိုင်သည်။ ဆွီဒင်ဆေးရုံတွင် ကုသမှုခံနေယူသော နှလုံးရောဂါလူနာများနှင့် ပတ်သက်၍ လေ့လာမှုတစ်ခုမှ အားရဖွယ်တွေ့ရှိချက်အချို့ ရရှိခဲ့သည်။ အိမ်မွေးတိရစ္ဆာန်ရှိသော လူနာများသည် ဆေးရုံမှ ဆင်းပြီးနောက် တစ်ဦးတည်းနေသည့် လူနာများထက် သေဆုံးမှု ၆၇% ပိုနည်းကြောင်း တွေ့ရှိရသည်။ အကြောင်းမှာ ၎င်းတို့၏ လေးဖက်ထောက်သူငယ်ချင်းများသည် ၎င်းလူနာများအား လေ့ကျင့်ခန်းအချို့ ပြုလုပ်နိုင်ရန် အပြင်ထွက်ခွါမှုရှိခြင်းအတွက် အရေးပါသောကြောင့် ဖြစ်သည်။ ထို့အပြင် အပြင်ဖက်တွင် ၎င်းတို့ တွေ့ဆုံသည့်သူများနှင့် အပြန်အလှန်ပြောဆို၍ ဆက်ဆံမှု ဖြစ်ပွားစေသောကြာင့် ဖြစ်သည်။ မည်သည့် အိမ်မွေးတိရိစ္ဆာန်မဆို ပိုင်ရှင်၏ နှလုံးအပေါ် ကောင်းမွန်၍ ဝေဒနာသက်သာမှုရှိသည့် အကျိုးသက်ရောက်မှု ရှိလိမ့်မည်ဟု ဆိုရမည် ဖြစ်သည်။

 

ကောင်းမွန်သောဆက်ဆံရေးကို စောစီးစွာ တည်ဆောက်ခြင်းသည် ရေရှည်ရင်းနှီးမြုပ်နှံမှုတစ်ခုလည်း ဖြစ်နိုင်သည်။ ကမ္ဘာ့သက်တမ်းအရှည်ဆုံး သိပ္ပံပညာလေ့လာမှု လုပ်ဆောင်သည့် Harvard Study of Adult Development မှ ဒါရိုက်တာဖြစ်သူ Dr. Robert Waldinger ၏ လေ့လာမှုတစ်ခုဖြစ်သည်။ ၁၉၃၈ ခုနှစ်မှ စတင်၍ လေ့လာမှုကို နှစ်ပေါင်း ၈၀ ကျော် နမူနာအုပ်စု ၂ ခုခွဲ၍ လူများ၏ဘဝကို လေ့လာခဲ့သည်။ များပြားလှသောအကြောင်းရင်းများမှ အဓိကတွေ့ရှိချက် တစ်ခုမှာ အသက်အရွယ် အလယ်အလတ်ပိုင်းတွင် ကောင်းမွန်သောဆက်ဆံရေးသည် အသက်ကြီးသည့်အချိန်တွင် ကောင်းမွန်သောကျန်းမာရေးအတွက် အကောင်းဆုံး ခန့်မှန်းချက် ဖြစ်သည်။ ၎င်းသည် ကိုလက်စထရောအဆင့်ထက် ပိုကောင်းသည့် ကျန်းမာရေးခန့်မှန်းချက်တစ်ခု ဖြစ်သည်။

 

ချစ်ခြင်းမေတ္တာလအတွက် ဘမ်ရွန်ဂရက်ဆေးရုံ နှလုံးကုစင်တာမှ လူတိုင်းအား ၎င်းတို့၏ နှလုံးကို လေ့ကျင့်ခန်း လုပ်ရုံသာမက ပိုမိုစောင့်ရှောက်ရန်၊ အဟာရရှိသောအစားအစာ စားသောက်ရန်နှင့် ကျန်းမာရေးပုံမှန်စစ်ဆေးရန် အလွန်လိုလားပါသည်။ မိမိကိုယ်မိမိ စောင့်ရှောက်သည့်အနေဖြင့် လူသားနှင့်ဖြစ်စေ တိရစ္ဆာန်နှင့်ဖြစ်စေ တစ်ဦးဦးနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်၍ နှစ်သက်ပျော်ရွှင်မှုရှိရန် အချိန်တန်ပြီ ဖြစ်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏နှလုံးသားများဖြင့် သင်၏နှလုံးကို စောင့်ရှောက်ရန် အဆင်သင့်ရှိနေပါသည်။

For more information please contact:
  • နှလုံးကုဌာန
    Tel. +66 (0) 2011 3491
    Tel. +66 (0) 2011 3411
    Tel. +9595105105
    မြန်မာပြည်ရှိ ကျွန်ုပ်တို့၏ကိုယ်စားလှယ်ရုံးသို့ ခေါ်ဆိုရန်။

Related Packages

Related Health Blogs