bih.button.backtotop.text

Selected Filter (s): အားလုံး

ပုံစံ : အားလုံး

အားလုံးကိုရှင်း

သင့် Mammogram ရလဒ်များကို နားလည်သိရှိခြင်း - BI-RADS ဆိုသည်မှာ အဘယ်နည်း။

BI-RADS (Breast Imaging Reporting and Data System) ဆိုသည်မှာ ရောဂါရှာဖွေရေးဆိုင်ရာ ဓာတ်မှန်ပညာရှင်များအနေဖြင့် Mammogram ရလဒ်များကို ဖော်ပြရန်နှင့် နောက်ဆက်တွဲကုသစောင့်ရှောက်မှုဆိုင်ရာ လမ်းညွှန်ချက်များ ပေးနိုင်ရန် အသုံးပြုသည့် စံသတ်မှတ်ထားသောစနစ် (အဆင့် ၀ မှ ၆ အထိ) တစ်ခုဖြစ်သည်။ BI-RADS အဆင့်သတ်မှတ်ချက်သည် ရင်သားကင်ဆာရှိကြောင်းအတည်ပြုချက် သို့မဟုတ် ကင်ဆာအဆင့်ကို ဖော်ပြခြင်းမဟုတ်ပါ။ ရလဒ်အများစု (BI-RADS အဆင့် ၁ မှ ၃) သည် ပုံမှန် သို့မဟုတ် ကင်ဆာမဟုတ်သော အကျိတ်ဖြစ်နိုင်ခြေရှိခြင်းကို ညွှန်ပြလေ့ရှိပြီး၊ ပိုမိုမြင့်မားသောအဆင့် (BI-RADS အဆင့် ၄ နှင့် ၅) တွင်မူ ကင်ဆာဟုတ်၊ မဟုတ် သေချာစေရန်အတွက် အသားစစစ်ဆေးခြင်းပြုလုပ်ရန် အကြံပြုလေ့ရှိပါသည်။

ဆက်ဖတ်ရန်

ရင်သားမှာ အကျိတ်တစ်ခု စမ်းမိခဲ့တယ် - ဆရာဝန်နဲ့ ပြသတဲ့အခါ ဘာတွေဖြစ်နိုင်မလဲ။

ရင်သားမှာအကျိတ်တစ်ခုတွေ့တယ်ဆိုရင် ဆရာဝန်နဲ့တွေ့တဲ့အခါဘာတွေဖြစ်နိုင်မလဲ၊ စမ်းသပ်စစ်ဆေးမှု၊ ရင်သားဆိုင်ရာပုံရိပ်ဖော်စစ်ဆေးမှု၊ BI-RADS အဖြေနဲ့ အသားစစစ်ဆေးမှုတွေအကြောင်းကိုလေ့လာကြည့်ပါ။

ဆက်ဖတ်ရန်

ရင်သားတစ်သျှူးသိပ်သည်းဆများနေခြင်း - ဒီအချက်ကရင်သားကင်ဆာစစ်ဆေးမှုအတွက် ဘယ်လိုအဓိပ္ပာယ်ဖြစ်မလဲ။

ရင်သားတစ်သျှူးသိပ်သည်းဆများနေခြင်းဆိုသည်မှာ ရင်သားဓာတ်မှန်ရိုက်သည့်အခါတွင် အဆီတစ်သျှူးများထက် အမျှင်ဓာတ်ပါဝင်သောတစ်သျှူး နှင့် ဂလင်းတစ်သျှူးများ ပိုမိုများပြားစွာပါဝင်နေခြင်းကိုဆိုလိုပါသည်။ BI-RADS အဆင့်သတ်မှတ်ချက်အရ ရင်သားသိပ်သည်းမှုအမျိုးအစား C (သိပ်သည်းမှုမညီမညာဖြစ်နေခြင်း) နှင့် D (အလွန်အမင်းသိပ်သည်းမှုရှိခြင်း) တို့ကို သိပ်သည်းဆများသော ရင်သားအမျိုးအစားများအဖြစ် သတ်မှတ်သည်။

ဆက်ဖတ်ရန်

အမျိုးသမီးငယ်များသိထားသင့်သော အသက် ၄၀ မတိုင်မီဖြစ်ပွားတတ်သည့် ရင်သားကင်ဆာ

အသက် ၄၀ မတိုင်မီအရွယ်တွင် ရင်သားကင်ဆာဖြစ်ပွားမှုမှာ ရှားပါးသော်လည်း အသက်ငယ်ရွယ်နေခြင်းက ရင်သားကင်ဆာဖြစ်နိုင်ခြေလုံးဝမရှိဟုမဆိုနိုင်ပါ။ ပုံမှန်အားဖြင့် အသက် ၂၀ နှင့် ၃၀ အရွယ်အမျိုးသမီးများ (ရောဂါဖြစ်နိုင်ခြေအန္တရာယ်ပုံမှန်အဆင့်ရှိသူများ) တွင် ရင်သားဓာတ်မှန်ရိုက်ခြင်းကို စတင်ပြုလုပ်လေ့မရှိကြသောကြောင့် ရင်သားတွင်ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုများကိုသတိပြုမိရန်နှင့် မိမိတွင်ရောဂါဖြစ်နိုင်ခြေမည်မျှရှိသည်ကို နားလည်သဘောပေါက်ထားရန် အလွန်အရေးကြီးသည်။

ဆက်ဖတ်ရန်

အစာအိမ်ကင်ဆာကို မည်သို့ရောဂါရှာဖွေစစ်ဆေးသနည်း။ မှန်ပြောင်းစစ်ဆေးခြင်း၊ အသားစနမူနာစစ်ဆေးခြင်း၊ မှန်ပြောင်းအာထရာဆောင်း နှင့် ကွန်ပျူတာဓာတ်မှန်များအကြောင်းကို နားလည်သဘောပေါက်ခြင်း

​အစာအိမ်ကင်ဆာသည် အစောပိုင်းအဆင့်အခြေအနေများတွင် သတိပြုမိရန် ခက်ခဲနိုင်သည်ကို သင်သိပါသလား။ မကြာခဏအစာမကြေဖြစ်ခြင်း၊ ဝမ်းဗိုက်အထက်ပိုင်းတွင်မအီမသာဖြစ်ခြင်း၊ လေပွခြင်း၊ အစားအသောက်ပျက်ခြင်း သို့မဟုတ် အနည်းငယ်မျှစားလိုက်ရုံဖြင့် ဗိုက်ပြည့်အင့်သွားခြင်း စသည့်လက္ခဏာများသည် သာမန်အစာချေစနစ်ပြဿနာများနှင့် ဆင်တူနိုင်သည်။ ထိုလက္ခဏာများရေရှည်ဖြစ်ပွားနေလျှင်၊ ပိုမိုဆိုးရွားလာလျှင် သို့မဟုတ် အကြောင်းအရင်းအတိအကျမရှိဘဲ ကိုယ်အလေးချိန်ကျခြင်း၊ သွေးအားနည်းခြင်း၊ အစာမျိုရခက်ခြင်း၊ ဝမ်းအမည်းရောင်သွားခြင်း သို့မဟုတ် သွေးအန်ခြင်းများ ယှဉ်တွဲဖြစ်ပေါ်လာပါက ပိုမိုနက်နဲသောစစ်ဆေးမှုများပြုလုပ်ရန် အရေးကြီးပါသည်။

ဆက်ဖတ်ရန်

အသည်းကင်ဆာကို မည်သို့ရောဂါရှာဖွေသနည်း။ အာထရာဆောင်း၊ ကွန်ပျူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန် နှင့် AFP သွေးစစ်မှုတို့ကို နားလည်သဘောပေါက်ခြင်း

​အသည်းကင်ဆာသည် တစ်ခါတစ်ရံတွင် လက္ခဏာများမပြမီကပင် ကြိုတင်တွေ့ရှိနိုင်သည်ကို သင်သိပါသလား။ ရောဂါဖြစ်ပွားနိုင်ခြေမြင့်မားသူများတွင် အာထရာဆောင်းရိုက်ခြင်း သို့မဟုတ် AFP သွေးစစ်ခြင်းတို့က ကနဦးသတိပေးလက္ခဏာကို ဖော်ပြပေးနိုင်ပြီး ကွန်ပျူတာဓာတ်မှန် သို့မဟုတ် သံလိုက်ဓာတ်မှန်များက သံသယဖြစ်ဖွယ် အသည်းအကျိတ်နှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဖော်ပြပေးနိုင်ပါသည်။

ဆက်ဖတ်ရန်

၂၀၂၆ ခုနှစ်၊ ကမ္ဘာ့အသည်းရောင်အသားဝါနေ့ - ရောဂါလက္ခဏာများကိုနားလည်သိရှိပါ၊ စစ်ဆေးမှုခံယူပါ၊ ရောဂါကူးစက်ခြင်းမှကာကွယ်ပါ။

လူ့ခန္ဓာကိုယ်တွင် အသည်းသည် အကြမ်းအခံဆုံးနှင့် သိသာသည့်လက္ခဏာပြလေ့မရှိသော အင်္ဂါအစိတ်အပိုင်းများထဲမှတစ်ခုဖြစ်သည်ကို သင်သိပါသလား။ နာတာရှည်အသည်းရောင်ရမ်းခြင်းသည် သတိပေးလက္ခဏာတစ်စုံတစ်ရာပြလေ့လုံးဝမရှိဘဲ နှစ်ပေါင်းများစွာ တဖြည်းဖြည်းဆိုးရွားလာတတ်သောကြောင့် လူအများစုမှာ နောက်ဆက်တွဲဆိုးကျိုးများမပေါ်ပေါက်လာမချင်း  ထိခိုက်ပျက်စီးမှုရှိနေသည်ကို သတိမထားမိကြပေ။

ဆက်ဖတ်ရန်

ကြည်လင်ပြတ်သားသောအမြင်အာရုံ နှင့် တောက်ပသောအနာဂတ် : Dr. Ngamjit Kasetsuwan မှဆွေးနွေးပြောကြားသောမျက်လုံးစောင့်ရှောက်ကုသမှုအသွင်ပြောင်းလဲခြင်း

Dr. Ngamjit Kasetsuwan သည် မျက်ကြည်လွှာကျန်းမာရေး နှင့် အတွင်းတိမ်ကုသမှု၊ အမြင်ပိုင်းဆိုင်ရာပြုပြင်ခွဲစိတ်မှုများတွင် နှစ်ပေါင်း ၃၀ ကျော်ခန့်အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများရရှိထားပြီးဖြစ်သည့် ကျော်ကြားသောမျက်စိအထူးကုဆရာဝန်ကြီးတစ်ဦးဖြစ်သည်။ Chulalongkorn တက္ကသိုလ်မှဆေးပညာဘွဲ့ကိုရရှိခဲ့သော ဆရာဝန်တစ်ဦးအနေဖြင့် သူမ၏အရည်အချင်းများပိုမိုပြည့်ဝကောင်းမွန်စေရန် The University of Southern California တွင်ထပ်မံလေ့လာသင်ကြားခဲ့ပြီး အမြင်အာရုံတိုးမြှင့်ခြင်းနှင့် အသွင်ပြောင်းလဲခြင်းဆိုင်ရာ ခေတ်မီမျက်လုံးစောင့်ရှောက်ကုသမှုနယ်ပယ်တွင် ဦးဆောင်သူတစ်ဦးဖြစ်လာခဲ့သည်။

ဆက်ဖတ်ရန်

Dr. Maytinee Sirimaharaj မှဆွေးနွေးအကြံပြုထားသောအမြင်အာရုံကာကွယ်ထိန်းသိမ်းခြင်း

Dr. Maytinee Sirimaharaj သည် မျက်လုံးဆိုင်ရာစောင့်ရှောက်ကုသမှုအပိုင်းတွင် ဆယ်စုနှစ်သုံးစုမကသောအတွေ့အကြုံများစွာရရှိထားပြီးဖြစ်သည့် မျက်စိအထူးကုဆရာဝန်တစ်ဦးဖြစ်သည်။ Siriraj ဆေးရုံ၊ Mahidol တက္ကသိုလ်မှဆေးပညာဘွဲ့ကိုရရှိခဲ့ပြီး Ramathibodi ဆေးရုံကြီးတွင်မျက်လုံးနှင့်အမြင်ဗေဒဆိုင်ရာမဟာဘွဲ့ကိုလည်း ထပ်မံတတ်မြောက်ပြီးစီးခဲ့သည်။ သူမသည်မြင်လွှာနှင့်သက်ဆိုင်သောရောဂါများ၊ အတွင်းတိမ်ကုသမှုများနှင့် အထွေထွေမျက်လုံးကျန်းမာရေး စသောနယ်ပယ်များတွင်အထူးပြုကုသပေးလျှက်ရှိသည်။ Australia နိုင်ငံ Sydney Eye Hospital ၏မြင်လွှာဆိုင်ရာသုတေသနအဖွဲ့ဝင်တစ်ဦးဖြစ်နေခြင်းကြောင့် သူမ၏ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုအရည်အသွေးများကိုပိုမိုတိုးမြှင့်ခိုင်မာစေခဲ့သည်။

ဆက်ဖတ်ရန်