bih.button.backtotop.text

နွေးထွေးပျူငှာစွာပြုစုခြင်းဖြင့် အကူအညီပေးခြင်း

նոյեմբերի 05, 2019
အိပ်ပျော်သွားပြီး ပြန်မနိုးမှာ စိုးရိမ်ပါတယ်။ တန်ဖိုးအရှိဆုံး အမှတ်တရလေးတွေ ဆုံးရှုံးမှာ အချစ်ဆုံးသူတွေကိုတောင် မမှတ်မိဘဲနေမှာကို စိုးရိမ်ပါတယ်။ အသက်အန္တရယ်ရှိတဲ့ဖျားနာမှု ရင်ဆိုင်နေပါတယ်။ လူတယောက်မှာ သူတို့ရဲ့ကြောက်ရွံ့မှုကို အရှုံးပေးမလား ဒါမှမဟုတ် သူတို့တတ်နိုင်သလောက်အင်အားနဲ့ရင်ဆိုင်မလားဆိုတာ ဆုံးဖြတ်ရမဲ့အချိန် ကြုံရပါလိမ့်မယ်။သူမရဲ့အရှုံးမပေးတဲ့ငြင်းဆိုချက်က ဗီယက်နမ်နိုင်ငံမှ ငယ်ရွယ်သူရှေ့နေ Nguyen Thi Kieu Vuong ကို အပြည်ပြည်ဆိုင်ရာ ဘမ်ရုံရပ်ဆေးရုံ Horizon ဒေသဆိုင်ရာကင်ဆာကုသရေးဌာနမှာ ဆေးကုသဖို့ လှုံ့ဆော်ပေးခဲ့ပါတယ်။ 

vietnam-patient-lymphoma.jpg
 
ဆရာဝန်က သူမမှာ ရင်သားကင်ဆာရှိနေကြောင်း သံသယတွေ့ရှိတဲ့အချိန် ၂၀၁၄ ခုနှစ်မှာ ဇာတ်လမ်းစတင်ခဲ့ပါတယ်။ “ပထမတော့ ကျမရဲ့ ရင်သားတဝိုက်မှာ အနည်းငယ် နာကျင်ပါတယ်။ ဒါနဲ့ ကျမ ဒေါက်တာဆီ သွားပြခဲ့ပါတယ်။ သူတို့ ကျမဆီက တစ်သျှူးတစ်ချို့ ထုတ်ယူပါတယ်။ နောက်ဆုံးမှာ ကျမမှာ သွေးဖြူရောဂါ (သွေးဖြူဆဲလ်ထုတ်ပေးသည့် သွေးကင်ဆာတစ်မျိုး) ရှိကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။ ကျမ အတော်တုန်လှုပ်သွားတယ်။ ကျမ ဘာလုပ်ရမယ်ဆိုတာ တကယ်မသိတော့ဘူး” ဟု သူမ ပြန်ပြောပြသည်။
 
“ကျမ ဟိုချီမင်းမြို့က ဆေးရုံတစ်ခုမှာ ဆေးကုသမှု ခံယူခဲ့ပါတယ်။ ဓာတုကုထုံး ၈ ကြိမ်ခံယူခဲ့ပါတယ်။ အသားပိုတွေ ပျောက်သွားပါတယ်။ ဒါပေမဲ့ မကြာခင်မှာ ကျမ အားနဲလာပြီး ခေါင်းအလွန်ကိုက်လာပါတယ်။ ကျမ ဒေါက်တာဆီ ထပ်ပြတော့ ကင်ဆာပြန်ဖြစ်နေကြောင်း တွေ့ရပါတယ်။ ကျမရဲ့ သွေးဖြူဂလင်းမှ ကင်ဆာက ကျမရဲ့ဦးဏှောက်သို့ ပြန့်ပွားလာပါတယ်။ ကျမ အတော်လေး စိတ်ဖိစီးပြီး စိုးရိမ်ပူပန်ခဲ့ပါတယ်”
 

Horizon ဒေသဆိုင်ရာကင်ဆာကုသရေးဌာနတွင် အသစ်စတင်ခြင်း

 
သူမရဲ့အခြေအနေ အရေးပေါ်လိုအပ်ချက်နဲ့ ကိုယ်ရောစိတ်ပါ ရှုပ်ထွေးမှု အဓိကဖြစ်ပေါ်စေတဲ့ ရောဂါအပေါ် သူမရဲ့ကိုယ်တိုင် သတိပြုမှုက Ms. Vuong ကို ရောဂါကုသရေးအတွက် ရွေးချယ်စရာတွေရှာဖွေဖို့ ဖြစ်ပွားစေပါတယ်။  
 
“ဘယ်မှာ ဆေးကုသမှုခံယူရမလဲဆိုတဲ့မေးခွန်းကို ကျမ အတော်လေး နှိုင်းဆကြည့်ပါတယ်။ ဗီယက်နမ်ရဲ့ အကောင်းဆုံး ကင်ဆာပါရဂူနဲ့ တွေ့ရဖို့ အချိန်အတော်ကြာ စောင့်ရမယ်ဆိုတာ ကျမသိပါတယ်။ ကျမ အဲဒီလောက်ကြာကြာ ခံမှာမဟုတ်မှာကို ကျမ ကြောက်တယ်။ ဒါပေမဲ့ မကြာခင်မှာ ကျမကို ကင်ဆာရောဂါအတွေ့အကြုံပြောပြတဲ့ ကင်ဆာရောဂေါပျောက်ကင်းသူတဦးနဲ့ တွေ့ခဲ့ပါတယ်။ ကျမရဲ့မိတ်ဆွေတစ်ချို့ဟာ ဒီအကြောင်းနဲ့ပတ်သက်လို့ အတော်အတွေ့အကြုံရှိပါတယ်။ သူတို့အားလုံးက ကျမကို ထိုင်းနိုင်ငံ ဘမ်ရုံရပ်အပြည်ပြည်ဆိုင်ရာဆေးရုံမှာ ဆေးကုသမှုခံယူဖို့ တိုက်တွန်းခဲ့ပါတယ်။ 

vietnam-patient-lymphoma_2.jpg

တကယ်တော့ တခြားရွေးချယ်စရာတွေအနေနဲ့ တောင်ကိုးရီးယား၊ စင်္ကာပူနဲ့ အမေရိကန်တို့လဲ ရှိပါတယ်။ နောက်ဆုံးတော့ ကျမ ဘမ်ရုံရပ်ဆေးရုံကို ရွေးချယ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမ အားလပ်ရက်မှာ ထိုင်းနိုင်ငံကို အလည်သွားဖူးပါတယ်။ ကျမ အတော်ပျော်ရွှင်ခဲ့ပါတယ်။ ဘန်ကောက်မြို့က လေယာဉ်စီးချိန် ၂ နာရီဘဲ ဝေးပါတယ်။ ပြီးတော့ ဘမ်ရုံရပ်ဆေးရုံက ကင်ဆာရောဂါကုသရာမှာ နာမည်ကြီးပါတယ်။ ကုသစရိတ်ကလည်း အခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် အတော်သက်သာပါတယ်။ ဒါံကြောင့် ကျမ ထိုင်းနိုင်ငံကို လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။”


နွေးထွေးပျူငှာစွာပြုစုခြင်း

 
သူမ၏ဦးဏှောက်သို့ ပြန့်နှံ့သည့် ကင်ဆာရောဂါကုသချိန်အတွင်း သူမအတွက် ဆက်လက်ကုသရန် အင်အားသစ်ပေးသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။  
 
“ကျမ ဒီမှာ ဆေးကုသဖို့ ပထမဆုံး လာတဲ့အခါမှာ ဆရာဝန်က ဓာတုကုထုံးနဲ့စတင်ကုသဖို့ ပြောပါတယ်။ ကျမရဲ့သွေးဖြူဆဲလ်များ တဖြည်းဖြည်းလျော့သွားပါတယ်။ နောက်တကြိမ် ဓာတုကုထုံးကုသဖို့ အားကောင်းသည်အထိ ဆေးစားခိုင်းပါတယ်။ ကျမ ဓာတုကုထုံး စုစုပေါင်း ၁၂ ကြိမ် ခံယူခဲ့ပါတယ်။ ကျမ ဓာတုကုထုံးခံယူပြီးတဲ့နောက် ဆရာဝန်က နောက်တကြိမ် ဘာလုပ်မလိုဆိုတာ ပြောပါတယ်။ ကျမရဲ့ဦးဏှောက်ထဲက ကင်ဆာထုတ်ယူဖို့ ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ ကျမရဲ့ကိုယ်ပိုင် STEM ဆဲလ်သုံးပြီး STEM ဆဲလ်ကုထုံး ခံယူခဲ့ရပါတယ်။ ကျမ ဒါနဲ့ပတ်သက်လို့ အတော်လေး စိုးရိမ်ခဲ့ပါတယ်။ ကျမ ခွဲစိတ်ပြီးတဲ့အခါ ပြန်မနိုးတော့မှာကို ကြောက်ပါတယ်။ ကျမရဲ့ မှတ်ဥဏ်တွေ ဆုံးရှုံးသွားမှာ ကြောက်ပါတယ်။ ဘယ်သူ့ကိုမှ မမှတ်မိမှာ ကျမရဲ့မိသားစုဝင်တွေကိုတောင် မမှန်မိမှာ ကြောက်ပါတယ်။ ကျမ ခွဲစိတ်ကုတင်မှာတင် သေသွားမှာ ကြောက်ပါတယ်။” ဟု အဆိုပါအချိန်ကာလများတွင် သူမရဲ့ စိုးရိမ်ကြောင့်ကြမှုများကို သူမ၏ မျက်နှာတွင် ထင်ဟပ်လျှက် ပြန်ပြောပြသည်။
 
“ဒါပေမဲ့ ဆရာဝန်က သူ့ရဲ့ ပုံမှန် အပြုံးတွေ မပျက်ခဲ့ပါဘူး။ အကောင်းမြင်မှုတွေ အမြဲထိမ်းခဲ့ပါတယ်။ ကျမမှာ ဦးခေါင်းသစ် ရနေသလိုမျိုး လန်းဆန်းစွာ နိုးအောင် ဆရာဝန်က အာမခံခဲ့ပါတယ်။ ဒါက ရယ်စရာကောင်းပေမဲ့ ဒါက ကျမကို တကယ် ပိုကောင်းလာစေပါတယ်။ ဒါပေမဲ့ ခွဲစိတ်ကုသဖို့ရက် ရောက်တဲ့အခါမှာ ကြောက်ရွံ့မှု တစ်ခါဖြစ်စေပါတယ်။ ။ ခွဲစိတ်မှု မစတင်ချိန်မှာ ကျမရဲ့လက်တွေ အေးခဲနေပါတယ်။ ဒါပေမဲ့ သင် ယုံမလားမသိဘူး။ သူနာပြုဆရာမတယောက်က သတိထားမိပြီး ကျမရဲ့လက်ကို သူမလက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ပေးပါတယ်။ အေးခဲမှုတွေ အရည်ပျော်သွားပြီး ကျမ ပြောမပြတတ်တဲ့ နွေးထွေးမှု ပြန်ရရှိခဲ့ပါတယ်။​​ခွဲစိတ်မှုအားလုံး အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။”
 

ကျွန်ုပ်တို့ထံမှလာသော အကောင်းဆုံးဆေးကုသမှု

 vietnam-patient-lymphoma_3.jpg

ယခုအခါ Ms. Vuong သည် ၆ လ တစ်ကြိမ် ဆရာဝန် ပုံမှန်ဆက်လက်ပြနေရသော်လည်း သူမတွင် ကင်ဆာရောဂါ မရှိတော့ပါ။ သူမသည် လွန်ခဲ့သောငါးနှစ်အတွင်း မပျက်မကွက် ဆရာဝန် ပုံမှန်လာရောက်ပြသလျှက် ရှိသည်။
 
“ကျမအနေနဲ့ ပုံမှန်ကျန်းမာရေး ပြန်ကောင်းလာအောင်လုပ်ပေးတဲ့ Horizon ကဝန်ထမ်းအားလုံးကို ကျေးဇူးတင်ရမှာပါ။ ကျမရဲ့ မှတ်ဉာဏ်တွေ ကောင်းနေဆဲပါ။ နာမကျန်း မဖြစ်ခင်က ရှိခဲ့တဲ့ ကျမရဲ့ ပျော်ရွှင်မှုအားလုံး ပြန်ရအောင်လုပ်ပေးတဲ့ ဆရာဝန်ကို ကျမ ကျေးဇူးတင်ရမှာပါ။ တယောက်ကိုတယောက် မသိပေမဲ့လဲ ကျမရဲ့ အကြောက်ဆုံးအချိန်တုန်းက ကျမကို ကြင်နာယုယ နွေးထွေးမှုတွေ ပေးခဲ့ကြတဲ့ သူနာပြုဆရာမများကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ဒီလိုအသေးအမွှားလေးတွေနဲ့အတူ ကျမရဲ့ ပတ်ဝန်းကျင်က ဝန်ထမ်းများထံမှ ပုံမှန်ရရှိတဲ့ ကြင်နာယုယမှုလေးတွေက ကျမကို အထူးသဘောကျစေပါတယ်။ ကျမမှာ ဒီလိုကြင်နာယုယမှုမျိုး တစ်ခါမှ မရရှိခဲ့ပါဘူး။ လူတိုင်းလူတိုင်းက အထူးကျွမ်းကျင်နေတာကို ကျမသတိပြုမိပါတယ်။ ဆလိုင်းသွင်းအပ်ထိုးတာတောင် မနာကျင်ပါဘူး။ ဘာသာစကား ကွဲပြားမှုကလည်း ဘာပြဿနာမှ မရှိပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကျမရဲ့စိတ်တည်ငြိမ်အောင် အမှန်တကယ် ကူညီပေးတဲ့ ကုသမှုတလျှောက်လုံး အဆင့်တိုင်းမှာ ဘာသာပြန်ပေးသူ ရှိခဲ့လို့ပါဘဲ။
 
vietnam-patient-lymphoma_4.jpg

လက်ရှိအချိန်မှာ ကင်ဆာရောဂါခံစားနေရသူတိုင်းအတွက် အားထုတ်မှုတစ်ဝက်က ဆေးရုံအပေါ်တူတည်ပြီး ကျန်တဲ့တဝက်က ကျမတို့အပေါ်မူတည်ကြောင်း သိထားသင့်ပါတယ်။ ကျမတို့ဟာ ကျမတို့ကိုယ်တိုင် ဦးဆောင်ကြွေးကြော်သူ ဖြစ်ရပါမယ်။ ကျမတို့ ရောဂါကို အရှုံးမပေးသင့်ပါဘူး။ အရေးအကြီးဆုံးက ကျမတို့ဟာ ဆရာဝန်မပါဘဲ ကိုယ်တိုင်မစမ်းသပ်သင့်ပါဘူး” ဟု သူမမှ အပြုံးဖြင့် ပြောပြသည်။
 
For more information please contact:
  • ဟော်ရီဇွန် ဒေသဆိုင်ရာကင်ဆာဌာန
    Tel. +66 (0) 2011 2222 : Horizon Cancer Center
    Tel. +66 (0) 2011 5999 : Clinical Nurse Coordinator – Cancer
    Tel. +66 (0) 2011 2881 : Clinical Nurse Coordinator – Bone Marrow Transplant
    Tel. +9595105105 : မြန်မာပြည်ရှိ ကျွန်ုပ်တို့၏ကိုယ်စားလှယ်ရုံးသို့ ခေါ်ဆိုရန်။

Related Packages

Related Health Blogs