bih.button.backtotop.text

ကင်ဆာလူနာများအတွက် အကြံပေးနှင့် လူနာစောင့်ရှောက်သူ

“လူနာတွေဟာ ရောဂါစစ်ဆေးမှု ခံရတဲ့အခါ မိမိမှာ ကင်ဆာရောဂါ ဖြစ်နေတာ တွေ့ရတဲ့အခါ လူနာရဲ့ ခံစားချက်က ရေနစ်တော့မဲ့သူနဲ့ တူတယ်။ ရေထဲကနေ ဆွဲယူကယ်တင်နိုင်အောင် ကျမတို့ သူ့အတွက် တခုခုလုပ်ပေးရမယ်” ဒါကတော့ ဘမ်ရုမ်ရပ်(ချ်)ဆေးရုံ Horizon ကင်ဆာစင်တာဌာန Nurse Navigator ဖြစ်တဲ့ နတ်ထာ စွတ်သွား Mam ရဲ့ အဓိက တာဝန် ဖြစ်ပါတယ်။ 

nurse-navigator.jpg
 
Nurse Navigator ရဲ့ တနေ့တာလုပ်ငန်းက တနေ့ တနေ့မှာ တူညီမှု မရှိ ဝင်ရောက်လာတဲ့ လူနာတွေ ပုံစံမျိုးစုံ ကြုံတွေ့ရလို့ စိန်ခေါ်မှုတွေ စိတ်လှုပ်ရှားဖွယ်ရာတွေ အမြဲတွေ့ကြုံရပါတယ်။ ဒါပေမဲ့ ၁၃ နှစ်ကျော် လုပ်ငန်းအတွေ့အကြုံကြောင့် Mam အနေနဲ့ လုပ်ငန်းအသီးသီးကို သေချာစွာစီမံပေးနိုင်ခဲ့ပါတယ်။ လူနာဆေးကုသမှု အမြဲကောင်းမွန်စေရန်အတွက် “ကျမတို့ အိပ်ရာထလျှင် ခက်ခဲနက်နဲရှုပ်ထွေးတဲ့ လူနာပြသနာ ဒါမှမဟုတ် လူနာအခြေအနေ ဒီနေ့တွေ့ကြုံခဲ့လျှင် ကျမ တာဝန်ကို အကောင်းဆုံးထမ်းဆောင်မယ်လို့ ကျမတို့ အမြဲတွေးမယ်။ လူနာကို လျှင်မြင် မှန်ကန်စွာ ဆေးကုသမှုရရှိတာ မြင်တွေ့တဲ့အခါတိုင်း ပျော်ရွှင်ကြည်နူးမှု ခံစားရမယ်။ ဒါက စိတ်မှာ ရေလည်ပတ်သလိုမျိုး မနက်ဖြန်မှာ တာဝန်ဆက်လက် ထမ်းဆောင်နိုင်ဖို့ ခွန်အား ဖြစ်စေတယ်” 



Nurse Navigator ၏ အဓိကတာဝန်

    Mam ရဲ့ တာဝန်က ဆက်သွယ်ဆောင်ရွက်ရမဲ့ ပုဂ္ဂိုလ်အသီးသီးနဲ့ အဓိက ဆက်သွယ်ရတဲ့ သာမန်လုပ်ငန်းနဲ့ တူတယ်။ ဒါပေမဲ့ တကယ်တော့ Horizon ကင်ဆာစင်တာတစ်ခုရဲ့ အလွန်အရေးကြီးတဲ့ တာဝန်လို့ ယူဆတယ်။ ဘာလို့လဲဆိုတော့ လူနာကို ကင်ဆာဌာနကို ပို့လိုက်တဲ့အခါ Mam က ဒီအခြေအနေတွေကို ကြည့်ရှုစောင့်ရှောက်ရမဲ့ တာဝန်လက်ခံမယ်။ “ကင်ဆာရောဂါ ရှိကြောင်းသိရတဲ့ လူနာ ၆၀% ကျော်ဟာ နာကျင်မှု အနည်းအများ ခံစားရမယ်။ ဒါပေမဲ့ နေမထိ ထိုင်မသာ ဖြစ်မယ်။ ကျမတို့ လူနာလက်ခံလိုက်ပြီဆိုရင် လူနာစောင့်ရှောက်ရမဲ့တာဝန်ကို အကောင်းဆုံး ထမ်းဆောင်မယ်” လို့ Mam ကပြောပါတယ်။ “လူနာတိုင်းအတွက် ကျမတို့ လူနာရဲ့အကျိုးကို အမြဲတမ်း အဓိကဦးစားပေးပါတယ်။ ကျမတို့ ကိုယ်စိတ်နှစ်ပါးနဲ့ စိတ်ဓာတ်ကိုပါ ဘက်စုံ ကြည့်ပါတယ်။ ကိုယ်ပိုင်းဆိုင်ရာအနေနဲ့ ကျမတို့ အကောင်းဆုံး အလျှင်မြန်ဆုံး ဆက်သွယ်ဆောင်ရွက်ရမယ်။ ဥပမာ လူနာ ကီမိုသွင်းရမယ်ဆိုရင် ကျမတို့ ဓာတ်ကင်ဌာနဆရာဝန်ကို ဆက်သွယ်ရမယ်။ ဒါမှမဟုတ် လူနာက ဘာမှမစားနိုင်ဘူးဆိုရင် ကျမတို့ အကြံဉာဏ်တောင်းခံဖို့ လာရောက်စောင့်ရှောက်ဖို့ Nutritionist ကို ဆက်သွယ်ရမယ်။ လူနာရဲ့ ပြသနာကို အမြန်ဆုံး ဘယ်သူ ပြုပြင်ပေးနိုင်မလဲဆိုတာ ကျမတို့ ကြည့်ပြီးတော့ ကျမတို့ ဆက်သွယ်ဆောင်ရွက်မယ်”

“စိတ်ပိုင်းဆိုင်ရာလည်း အလားတူ အရေးကြီးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လူနာ အခြေအနေပိုကောင်းလာစေဖို့ ခံစားချက် စိတ်နေစိတ်ထားက အလွန်အရေးကြီးပါတယ်။ လူနာသက်တောင့်သက်သာ ခံစားရအောင် သူ့ရဲ့ဘေးမှာ လူတွေ တကယ်ရှိနေတယ်ဆိုတာ ခံစားရအောင် ကျမတို့ အကြံပေး စကားစမြည် ပြောဆိုပြီး ကောင်းမွန်တဲ့ဆက်ဆံရေး လုပ်ဆောင်ပါမယ်။ နောက်ဆုံးအနေနဲ့ စိတ်ဓာတ်ပိုင်းလည်း အလွန်အရေးကြီးပါတယ်။ ဥပမာ အချို့လူနာများဟာ ဘုရားသခင်ကိုးကွယ်တဲ့ ဘာသာခြား အာရပ်လူမျိုးများ ဖြစ်ပါတယ်။ ဘုရားဝတ်တက်နေစဉ် ကျမတို့ ဆက်သွယ်မယ်ဆိုရင် ကျမတို့ စောင့်ဆိုင်းရမယ်။ ဒီလိုမျိုးအကြောင်းအရာတွေကိုလည်း နားလည်ရမယ်။ ” လို့ Mam ကဖြည့်စွက်ပြောပါတယ်။ 



အကောင်းဆုံး ဆေးကုသမှုအတွက် လူနာစီမံခန့်ခွဲခြင်း 

Nurse Navigator ရဲ့အခြားအဓိကလုပ်ဆောင်ချက်ကတော့ ဌာနအတွင်းနဲ့ သက်ဆိုင်ရာနိုင်ငံခြား ကုမ္ပဏီများနဲ့ ဆက်သွယ်ခြင်း ဖြစ်ပါတယ်။ ဥပမာ ဗုဒ္ဓဟူးနေ့တိုင်း Multidisciplinary tumor Board အစည်းအဝေးတက်ရောက်ရန်အတွက် သက်ဆိုင်သူများနှင့် ဆက်သွယ်ခြင်း၊ လူနာရဲ့ ဆရာဝန်မှ ပြသနာရှိတဲ့ သို့မဟုတ် ခက်ခဲသောအခြေအနေရှိတဲ့လူနာအခြေအနေကို ယူပြီး အကောင်းဆုံးဆေးကုသမှုနည်းလမ်းရရှိရန် ဆွေးနွေးတိုင်ပင်ခြင်း၊ Multidisciplinary tumor Board အဖွဲ့တွင် ရာထူးအဆင့် ၃၀ ခန့် စုပေါင်း လုပ်ငန်းလုပ်ကိုင်ကြပါတယ်။ ဥပမာ ရေဒီယိုဓာတ်ရောင်ခြည်ဆရာဝန်၊ ရောဂါဗေဒပညာရှင်၊ သူနာပြုများ ဒါမဟုတ် Lab Molecular သို့ အသားစများ၊ သွေးများကို စင်္ကာပူနိုင်ငံတွင်ဖြစ်စေ အမေရိကန်နိုင်ငံတွင်ဖြစ်စေ စစ်ဆေးလိုပါက Mam က အဆိုပါလူနာအတွက် အစည်းအဝေးလာတက်စေရန် ကုမ္ပဏီတစ်ခုစီရဲ့ Key person နဲ့ဆက်သွယ်ဆောင်ရွက်သူအဖြစ် လုပ်ရပါတယ်။ 
 


အသင်းလိုက်လုပ်ကိုင်ခြင်း လက်ငင်းပြသနာဖြေရှင်းခြင်း 

 “Horizon ကင်ဆာဌာနမှာ အရေးပါဆုံးတာဝန်က ဘာလဲလို့ မေးရင် တာဝန်အားလုံးဟာ အရေးပါတယ်လို့ Mam ထင်ပါတယ်။ Horizon ကင်ဆာဌာနအနေနဲ့ လူနာဆေးကုသရေးကို အမြဲရှေ့တန်းတင်ရပါမယ်လို့ မြင်ပါတယ်။ ကျမတို့က ချုပ်ရိုးမဲ့ပုံစံ ပညာရှင်အဖွဲ့ပုံစံမျိုးနဲ့ အသင်းလိုက်လုပ်ကိုင်ဆောင်ရွက်ပါတယ်။ ဥပမာ နိုင်ငံခြားသားလူနာတယောက်အခြေအနေ ကြုံဘူးတယ် ကျမတို့က နိုင်ငံခြားဌာနက စကားပြန်နဲ့ ဆက်သွယ်ဆောင်ရွက်တယ်။ ဆရာဝန်က ဖလင်ကို ကြည့်ပြီးနောက် ဓာတ်ရောင်ခြည်ကုဆရာဝန်ကို ဆက်သွယ်ခိုင်းပါတယ်။ ထိုင်ပြီးဆွေးနွေးတိုင်ပင်ကြည့်တဲ့အခါ X-Ray ရိုက်သင့်တယ်လို့ ထင်ပါတယ်။ ဒါနဲ့ X-Ray ဆရာဝန်နဲ့ အတူဆွေးနွေးတိုင်ပင်ကြည့်ပါတယ်။ နောက်ဆုံး ခွဲစိတ်ကုသမှုပိုင်းလိုအပ်ပါက အဲဒီအချိန်မှာဘဲ ဆရာဝန်ကို ချက်ချင်း Phoine In ဆက်သွယ်ပါတယ်။ ဒါကို Mam မြင်တာက ဒီလိုမျိုး အသင်းလိုက် အလျှင်အမြန် လုပ်ကိုင်တာဟာ သာမန်ဆေးရုံတွေမှာ အတော်လေးရှာရခက်ပါတယ်” ဟု အသင်းလိုက်လုပ်ကိုင်ဆောင်ရွက်ခြင်းဟာ အလွန်အရေးကြီးကြောင်း Mam ကရှင်းပြပါတယ်။ 
 


အလုပ်ပိတ်ရက်မကျန် အချိန်မရွေး လုပ်ကိုင်လိုသည့်ဆန္ဒရှိခြင်း 

အလုပ်လုပ်ကိုင်တယ်ဆိုတာ လူနာကို အမြဲတမ်း ဦးစားပေးရပါမယ်။ ဘာလို့လဲဆိုတော့ Mam ရဲ့လုပ်ငန်း လုပ်ကိုင်နည်းက One Stop Service လို့ယူဆနိုင်ပါတယ်။ အလုပ်ပိတ်ရက်အတွင်းဖြစ်နေပါစေ လူနာအတွက် အမြဲ အားလပ်နေအောင် လုပ်ရပါတယ်။ “ကျမတို့ ဆုံးဖြတ်ချက်ချရန် ဖုန်းဆက်လာတဲ့ အခြေအနေ ခဏခဏ ကြုံရပါတယ်။ အဲဒီအချိန်က ကျမတို့ရဲ့ အလုပ်ပိတ်ရက်ဖြစ်ပါတယ်။ ဒါပေမဲ့ Mam အနေနဲ့ အဲဒါအတွက် အမြန်ဆက်သွယ်ပေးဖို့ အဆင်သင့် ပါဘဲ။ ဒီလိုမျိုးကြုံဘူးတယ် လူနာက သွေးဝမ်းသွားပြီး သွေးအံတယ်။ လူနာကို စောင့်ရှောက်တဲ့သူနာပြုက အခြေအနေ မကောင်းဘူးလို့ မြင်တယ်။ ဒါနဲ့ Mam ကို ဖုန်းဆက်ပြောတယ်။ Mam လဲ လူနာရဲ့ဆရာဝန်ကို ဖုန်းဆက်အကြောင်းကြားတယ်။ ဆေးကုသဖို့ အခန်းပြင်ဆင်ဖို့ အရေးပေါ်ဌာကို ဖုန်းဆက်တယ်။ လူနာကိုဒီအတိုင်း ထားရင် ရှော့ဖြစ်ပြီး အသက်ဆုံးရှုံးနိုင်တယ်။ လူနာကို အချိန်မီ ဆေးကုသမှုခံရတဲ့အခါ အခြေအနေပိုကောင်းလာတယ်။ ကျမတို့လဲ ဝမ်းသာရတယ်။ ပင်ပန်းတယ်ဆိုတာ ပြောစရာမလိုပါဘူး။ ပင်ပန်းသမျှ ပျောက်သွားတာဘဲ အလွန်ဝမ်းသာရပါတယ်ရှင်”
 


လူနာအတွက် အသေးစိတ် စိတ်ဝင်စားခြင်းသည် အလွန်အရေးကြီးသည် 

 “မကြာခဏဆိုသလို လူနာက ဆေးကုသရာမှာ ဆရာဝန်ကုထုံးနည်းလမ်းကို ရွေးချယ်ကြတယ်။ ဒါမှမဟုတ် အောက်လမ်းနည်းကို ရွေးချယ်ကြတယ်။ အများအားဖြင့် ပုန်းလျှိုးဝှက်လျှိုးလုပ်ကြတယ်။ ကျမတို့ ကုသမှုရလာဒ်ကို ကြည့်မယ်ဆိုရင် ကျမတို့ ခန့်မှန်းကြည့်လို့ ရပါတယ် ဘာလို့လဲဆိုရင် တကယ်ဆေးကုသမှုရလာဒ်ဆိုရင် အခုလိုမျိုး ထွက်လာမှာ မဟုတ်ဘူး။ ဒါပေမဲ့ လူနာက ကျမတို့ကို တည့်တည့်ပြောလေ့မရှိကြဘူး။ ဒါ့ကြောင့် ကျမတို့ လူနာနဲ့ ခင်မင်ရင်းနှီးအောင် ကြိုးစားလုပ်ကြရတယ်။ လူနာကို ကျမတို့ဟာ စိတ်အချရဆုံးဆိုတာ သိရှိအောင် လုပ်ရတယ်။ လူနာက ကျမတို့ကို စိတ်ချရင် လူနာက ဆေးကုသရာမှာ တခါတလေ အခက်အခဲရှိတဲ့ အကြောင်းအရာတွေကို ပြောလာမယ်။ တချို့ တိုင်းရင်းဆေး ရှူဆေး မသိအောင် သုံးစွဲခြင်းဟာ သွေးဖြူဥ လျော့ကျသွားနိုင်တယ်။ ဒါမှမဟုတ် အသည်းပျက်စီးနိုင်တယ်။ ဒါမှမဟုတ် ဆေးခြောက်သုံးပြီး ကိုယ်တိုင်ဆေးကုတာက နောက်ဆက်တွဲအနေနဲ့ ဘာဆိုးကျိုးတွေရှိမယ်ဆိုတာ လူနာတွေ မသိကြဘူး။ ကျမတို့ လူနာဆီက သိရတဲ့အခါ ဆက်လက်ပြုပြင်နိုင်အောင် ကျမတို့က ဆရာဝန်ဆီကို ဆက်အကြောင်းကြားတယ်။” 

 “ကျမတို့က လူနာကို ကျမတို့ရဲ့ ဆွေမျိုးရင်းခြာလို မြင်တယ်။ လူနာနေမကောင်းရင် စိတ်မချမ်းသာ စိတ်ပူရတယ်။ ဘဝမှာ အခက်အခဲကြုံတွေ့ရတဲ့အခါ အားကိုးနိုင်သူတယောက်ယောက်ကို ရှာလိုတယ်။ ဒါ့ကြောင့် ကျမတို့ အကောင်းဆုံး တာဝန်ထမ်းဆောင်ရမယ်။ အမြန်ဆန်ဆုံးနဲ့ အနာနဲ့ဆေးတည့်အောင်ကုသနိုင်ရေးအတွက် ဌာနတိုင်းနှင့် အကောင်းဆုံး ဆက်သွယ်ရမယ်။” ဟု Mam ကနိဂုံးချုပ် ပြောဆိုသွားပါတယ်။ 



Nurse Navigator ရာထူးတွင် အရေးပါသည်ဟုယူဆသော လုပ်ငန်းလုပ်ကိုင်နည်း 

 “Mam နေ့စဉ် အိပ်ရာကထတိုင်း Mam ထင်တာကတော့ စိန်ခေါ်မှုဆိုတာ ကျမတို့အမြဲထင်ကြတာက ဒီကနေ့ ဘယ်ပြသနာကို ကျမတို့ဖြေရှင်းရမလဲ တရက်ကုန်ဆုံးသွားရင် Mam ပြန်စဉ်းစားကြည့်တယ်။ ဒီနေ့ ဘာတွေ ဖြစ်ခဲ့သလဲ ဘယ်အရာတွေကို ပြုပြင်ရမလဲ ဒါမှမဟုတ် ဒီထက်ပိုကောင်းအောင် ဒီထက်အင်တိုက်အားတိုက်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ နေ့စဉ်မောသလားပန်းသလားလို့မေးရင် Nurse Navigator တာဝန်အနေနဲ့ ပင်ပန်းတယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ ပြန်ကြည့်မယ်ဆိုရင် ကျမတို့မြင်တာက ကျမတို့စောင့်ရှောက်တဲ့လူနာတွေ သက်သာလာရင် အန္တရာယ်မရှိရင် အချိန်မီ ဆေးကုသမှုခံယူရရင် ကျမတို့လဲ စိတ်အေးရတယ် ပင်ပန်းတာတွေပျောက်သွားတယ်ရှင့်” 
 
For more information please contact:

Related Packages

Related Health Blogs