bih.button.backtotop.text

အထူးသဖြင့် ဆေးရုံကြီးတွင် နိုင်ငံတကာမှလူနာများအတွက် မည်ကဲ့သို့သော ဝန်ဆောင်မှုများ ထားရှိပေးထားပါသနည်း။

လူနာအားလုံးအတွက် ဘေးကင်းလုံခြုံမှုနှင့် အဆင်ပြေချောမွေ့မှုအတွက် ဝန်ဆောင်မှုများပေးပါသည်။ 
  • ဆေးဘက်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးတိုင်ပင်ခံဌာန - ထိုင်းနှင့် နိုင်ငံတကာမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများသည် ဆေးကုသမှုအတွက် စုံစမ်းမေးမြန်းခြင်း၊ ကုသမှုလုပ်ဆောင်ချက်များ၊  ဆရာဝန်များနှင့်တွေ့ဆုံခြင်းများအတွက် ညှိနှိုင်းစီစဉ်ပေးခြင်း၊ ဆရာဝန်နှင့် ပြန်လည်ပြသခြင်း၊ ရှေ့ဆက်ပြုလုပ်ရမည်များအတွက် ကူညီပြင်ဆင်ပေးခြင်းတို့ ဆောင်ရွက်ပေးနေပါသည်။
  • အပြည်ပြည်ဆိုင်ရာ လူနာလွှဲပြောင်းပို့ဆောင်ရေးဌာန - ဆေးကုသမှုအတွက် စုံစမ်းမေးမြန်းခြင်းကို ပြန်လည်ဖြေကြားရန် အထူးလေ့ကျင့်ထားသောဝန်ထမ်းများ ရှိပါသည်။ (နေ့စဉ် မေးမြန်းစာ ၅၀၀ မှ ၁၀၀၀ အတွက် ဆောင်ရွက်ပေးနေပါသည်။)
  • လေဆိပ်ရှိ ဘမ်ရွန်ဂရက်ကိုယ်စားလှယ်ရုံး - လေဆိပ်မှ ကျွန်ုပ်တို့၏ဆေးရုံဝန်ထမ်းများသည် သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိလာသောလူနာများကို ကူညီရန်အသင့်ရှိနေပါသည်။ လေဆိပ်မှ ဆေးရုံကြီးသို့သွားရောက်မည့် လူနာများနှင့် မိသားစုဝင်များအတွက် ဗင်ကားဝန်ဆောင်မှု ပေးပါသည်။ လေဆိပ်ရှိ ဘမ်ရွန်ဂရက်ကိုယ်စားလှယ်ရုံးသို့သွားရန်မြေပုံ
  • စကားပြန်ဝန်ဆောင်မှု - ဘာသာစကားအမျိုးမျိုးပြောဆိုကြသည့် လူနာများကို ကူညီရန်အတွက် ဆေးရုံကြီး၌ နိုင်ငံတကာမှ အချိန်ပြည့်ဝန်ထမ်းပေါင်း ၁၀၀ ကျော်ကို ခန့်အပ်ထားပါသည်။ ဆေးရုံရှိ စကားပြန်ဝန်ဆောင်မှုသည် အခမဲ့ဖြစ်ပါသည်။ နိုင်ငံခြားဘာသာစကားပြောဆိုသော စကားပြန်များ ရယူရန် ကျွနု်ပ်တို့၏ လူနာဝန်ဆောင်မှုသို့ ကြိုတင်ဆက်သွယ်ပါ။ ဝန်ဆောင်မှုပေးသောဘာသာစကားများစာရင်း
  • ခရီးသွားခြင်းနှင့် ဗီဇာဝန်ဆောင်မှု - ဤဝန်ဆောင်မှုသည် ဘမ်ရွန်ဂရက်၌ ဆေးကုသမှုခံယူနေစဉ် ရောက်ရှိနေသာ လူနာနှင့် မိသားစုဝင်များအတွက် ခရီးသွားရန်လိုအပ်လျှင် စီစဉ်ပေးသော ဝန်ဆောင်မှုဖြစ်သည်။ ထိုင်းလူဝင်မှုကြီးကြပ်ရေးမှ ဘမ်ရွန်ဂရက်သို့ တစ်ပတ်လျှင်တစ်ခါ လာရောက်၍ ဆရာဝန်၏ထောက်ခံစာရှိသော လူနာနှင့် မိသားစုဝင်များအတွက် ဗီဇာသက်တမ်းတိုးပေးပါသည်။ Business Center ၏ဝန်ဆောင်မှုများ
  • နိုင်ငံတကာရှိ ကိုယ်စားလှယ်ရုံးများ* - ၂၀၁၅ ခုနှစ်တွင် နိုင်ငံပေါင်း ၁၈ နိုင်ငံ၌ ကိုယ်စားလှယ်ရုံးပေါင်း ၃၂ ခုရှိကာ ဘမ်ရွန်ဂရက်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူရန် လာရောက်လိုသော လူနာများအတွက် အကူအညီများနှင့် လိုအပ်သော ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ပေးပါသည်။ (*ဘမ်ရွန်ဂရက်ဆေးရုံကြီးနှင့် တွဲဖက်လုပ်ကိုင်သော သီးခြားတည်ရှိသည့် ရုံးများ)
အခြားရရှိနိုင်သောဝန်ဆောင်မှုများ - 
ဆေးရုံအတွင်းရှိဘဏ်နှင့် ငွေလဲခြင်း၊ ဘုရားရှိခိုးခန်း၊ အိုဘွန်ပန်း မုန့်ဆိုင်၊ မက်ဒေါ်နယ်ဆိုင်၊ စတားဘတ်စ် ကော်ဖီဆိုင်၊ စားသောက်ကန်တင်း၊ စာအုပ်ဆိုင်၊ ပန်းဆိုင်၊ စာတိုက်များအပြင် ကားရပ်နားရန်နေရာများ၊ BTS မိုးပျံရထားဂိတ်သို့ ပို့ဆောင်ပေးသည် ဗန်ကားဝန်ဆောင်မှုနှင့် အနီးအနားရှိ စာချုပ်ချုပ်ထားသော ဟိုတယ်များတွင် လျှော့ဈေးရနိုင်ခြင်းတို့ဖြစ်သည်။
ကျွနု်ပ်တို့ဆေးရုံသည် BTS မိုးပျံရထားဂိတ်၊ စတိုးဆိုင်များ၊ နိုင်ငံတကာစားသောက်ဆိုင်များ (ဟာလာနှင့် သက်သတ်လွတ်အပါအဝင်) သို့ လမ်းလျှောက်သွားနိုင်သော အကွာအဝေးတွင် ရှိပါသည်။
 
This content page will not display in website or it redirect to another page.
Clinics & Centers