bih.button.backtotop.text

အရိုးဆစ်အစားထိုးကုစင်တာ

အရိုးဆစ်အစားထိုးခွဲစိတ်မှုအမျိုးအစားများ

ဒူးခေါင်းအစားထိုးခွဲစိတ်မှု - ဒူးခေါင်းတစ်ခုလုံးအစားထိုးခွဲစိတ်မှု (TKR)

  • သမရိုးကျခွဲစိတ်မှု
  • ကွန်ပျူတာအထောက်အကူဖြင့်ခွဲစိတ်မှု ( ကွန်ပျူတာလမ်းညွှန်စနစ် )
  • ထိုးထွင်းဝင်ရောက်မှုနည်းပါးသောခွဲစိတ်မှု (MIS)
  • စက်ရုပ်လက်အကူအညီဖြင့်ခွဲစိတ်မှု (MAKOplasty မာကိုပလက်စတီ )

ဒူးခေါင်းအစားထိုးခွဲစိတ်မှု - ဒူးခေါင်းတစ်စိတ်တစ်ပိုင်းအစားထိုးခွဲစိတ်မှု (PKA)

  • ဒူးခေါင်းအစိတ်အပိုင်းတစ်ခုသာခွဲစိတ်ပြုပြင်မှု (UKA)
  • ဂုံညင်းရိုးခွဲစိတ်မှု

တင်ပါးဆုံရိုးအစားထိုးခွဲစိတ်မှု တင်ပါးဆုံးရိုးတစ်ခုလုံးအစားထိုးခွဲစိတ်မှု (THR)

  • စက်ရုပ်လက်အကူအညီဖြင့်ခွဲစိတ်မှု (MAKOplasty မာကိုပလက်စတီ )

ကွန်ပျူတာအထောက်အကူဖြင့်ခွဲစိတ်မှု ( ကွန်ပျူတာလမ်းညွှန်စနစ် )

ခွဲစိတ်မှုလမ်းညွှန်နည်းပညာနှင့်အတူ ခွဲစိတ်ဆရာဝန်သည် ကြိုးမဲ့နည်းပညာဖြင့် လူနာတစ်ဦးချင်းစီ၏ တိကျသောဒူးခေါင်းအနေအထားဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ အချက်အလက်များစီစဉ်ခြင်းစနစ်မှတဆင့် ကွန်ပျူတာသို့ပို့ပါသည်။ ထို့အတွက်ကြောင့် ခွဲစိတ်နေစဉ် ဆရာဝန်မှ လူနာ၏ဒူးခေါင်းနှင့်ပတ်သက်ပြီး ချက်ခြင်းဆိုသလို သုံးသပ်စစ်ဆေးမှုများပြုလုပ်နိုင်ပါသည်။

ကွန်ပျူတာလမ်းညွန်စနစ်အသုံးပြု အရိုးဆစ်အစားထိုးခြင်း၏ အားသာချက်များ

  • အရိုးဆစ်အနေအထားမမှန်ခြင်းကို ကာကွယ်နိုင်ခြင်း သို့မဟုတ် လျော့နည်းစေနိုင်ခြင်းနှင့် သမရိုးကျ အစားထိုးခြင်းထက် ပိုမိုတိကျစွာနေရာချနိုင်ခြင်း
  • ခွဲစိတ်စဉ်တွင် ဆရာဝန်မှ အစားထိုးသည့်နေရာအနေအထား တိကျမှုကို သုံးသပ်နိုင်ခြင်းကြောင့် အစားထိုးထားသည့် အဆစ်သက်တမ်းကို ကြာရှည်စေခြင်း
  • ခွဲစိတ်စဉ်တွင် တိကျသော တစ်ရှူးများ၏ဟန်ချက်ရရှိစေပြီး ခွဲစိတ်ပြီးနောက် ဒူးခေါင်းလုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်စေခြင်း
  • အစားထိုးပစ္စည်းကို သေးငယ်သောခွဲစိတ်ကြောင်းမှ ထည့်သွင်းသည့်အတွက် ခွဲစိတ်ပြီးနောက် ဖြစ်ပွားသော နာကျင်မှုကို လျော့နည်းစေကာ နာလန်ထမြန်ဆန်စေခြင်း

အရိုးဆစ်အစားထိုးခွဲစိတ်ကုသရာတွင် ဘမ်ရွန်ဂရက်ဆေးရုံကြီးသည် မာကိုပလက်စတီနည်းပညာ (MAKOplasty) ဖြစ်သည့် စက်ရုပ်လက်အထောက်အကူဖြင့် အရိုးဆစ်အစားထိုးခွဲစိတ်မှုကို ပြုလုပ်ပေးပါသည်။ ဒူးခေါင်းရိုးနှင့် တင်ပါးဆုံရိုး အစားထိုးခွဲစိတ်မှုများအတွက် ဤစနစ်ကိုအသုံးပြုရန် ကျွန်ုပ်တို့တွင် နည်းပညာနှင့်အသိပညာများရှိပါသည်။

ဤနည်းပညာ၏ ထိရောက်မှုနှင့်အတူ ကျွမ်းကျင်၍အတွေ့အကြုံရှိသော ကျွန်ုပ်တို့၏ ဆရာဝန်များအဖွဲ့ပေါင်းစပ်လိုက်သောအခါ စက်ရုပ်လက်အကူအညီဖြင့်ခွဲစိတ်ခြင်းသည် ဆရာဝန်အား အစားထိုးမည့်အဆစ်ကို အလွန်တိကျစွာ ထည့်သွင်းနိုင်စေပါသည်။ ထို့ကြောင့် အစားထိုးထားသည့် အရိုးဆစ်၏ သက်တမ်းကို ပိုမိုကြာရှည်စေပါသည်။

 

စက်ရုပ်လက်အကူအညီဖြင့် အရိုးဆစ်အစားထိုးခြင်း၏ အားသာချက်များ

  • အစားထိုးအဆစ်အားတိကျစွာထည့်သွင်းနိုင်ခြင်းကြောင့် ပတ်ဝန်းကျင်တစ်ရှူးထိခိုက်မှုနည်းစေပြီး ခွဲစိတ်ရာတွင် အရိုးလှီးဖြစ်ရမှု အနည်းငယ်သာဖြစ်ခြင်း။
  • အစားထိုးထားသည့် ဒူးခေါင်းနှင့် တင်ပါးဆုံးတို့သည် အခြားနည်းလမ်းများဖြင့် အစားထိုးခြင်းထက် ပိုမိုကြာရှည်ခံခြင်း။
  • လူနာသည် ယေဘုယျအားဖြင့် အိမ်သို့အမြန်ဆုံးပြန်နိုင်ခြင်း - ဆေးရုံတက်ရက် အနည်းဆုံး ၁ ရက်ခန့်၊ အများဆုံး ၃ ရက်ထက်ပိုမကြာခြင်း။
  • ဒူးခေါင်းအစားထိုးခွဲစိတ်မှုတွင် ခွဲစိတ်စဉ် ဒူးခေါင်းအရှေ့နှင့်အနောက်ရှိအရွတ်များ အပါအဝင် ဘေးပတ်ပတ်လည်ရှိ အရိုးနုများကို ထိခိုက်မှုမရှိသည့်အတွက် လူနာသည် ၎င်းတို့၏ဒူးခေါင်းကို သဘာဝအတိုင်း လှုပ်ရှားနိုင်ခြင်း
  • ထိုးထွင်းဝင်ရောက်မှုနည်းသောနည်းပညာဖြင့် သေးငယ်သောခွဲစိတ်ကြောင်းမှတဆင့် ခွဲစိတ်ခြင်းဖြင့် စက်ရုပ်လက်တံသည် ခွဲစိတ်ဆရာဝန်အား လိုအပ်သော အရိုးအပိုင်းကိုသာ ဖယ်ရှားစေသည့်အတွက် နာကျင်မှုကိုလျော့နည်းစေကာ နာလန်ထူပိုမိုလျင်မြန်စေခြင်း

ဘမ်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံကြီးသည် မည်သည့်ဆေးကုသမှုမဆို ကုသမှုခံယူပြီးနောက်တွင် လူနာများ၏ ဘဝနေထိုင်မှုအရည်အသွေးကို ထိန်းသိမ်းရန် အရေးကြီးကြောင်းကို သိရှိခံယူထားပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အရိုးဆစ်အစားထိုးခွဲစိတ်ထားသော လူနာများအတွက် ကုသမှုအဆင့်တိုင်းတွင် နိုင်ငံတကာအဆင့်မှီ စောင့်ရှောက်မှုများပေးပါသည်။ ကျွန်ုပ်တို့၏ အထူးကုကျွမ်းကျင်ဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများပါဝင်သော အဖွဲ့များသည် အရိုးဆစ်အစားထိုးခွဲစိတ်ထားသော လူနာများအတွက် ပြုစုစောင့်ရှောက်မှုပေးရန် အထူးလေ့ကျင့်သင်ကြားထားကြပါသည်။

  • ခွဲစိတ်မှုမစမီ၊ ခွဲစိတ်နေစဉ်နှင့် ခွဲစိတ်မှုအပြီးစသော ကုသမှုလုပ်ငန်းစဉ်ကို အပြည့်အဝနားလည်နိုင်ရန် လူနာများသည် ခွဲစိတ်မှုမတိုင်မီ ပညာပေးသင်တန်းတက်ရောက်ရပါသည်။ ခွဲစိတ်ပြီးနောက် နေ့စဉ်လှုပ်ရှားမှုများအတွက် လိုက်နာရမည့် အပြုအမူများကို လူနာများအတွက် အကြံပေးပါသည်။
  • လူနာများအား မူးမော်ခြင်း၊ ပျို့အန်ခြင်းနှင့် ခေါင်းမူးခြင်းစသည့် ဖြစ်ပွားနိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ မဖြစ်စေရန် မော်ဖင်းမပါဝင်သောမေ့ဆေးကို ဖြစ်နိုင်ပါကပေးပါသည်။ ဤနည်းဖြင့် ခွဲစိတ်ပြီးနောက် လျင်မြန်စွာ နာလန်ထူခြင်းကို ဖြစ်စေပါသည်။
  • ခွဲစိတ်မှုမှ ဖြစ်ပွားနိုင်ခြေရှိသည့် သွေးခဲပိတ်ခြင်းနှင့်ပိုးဝင်ခြင်းအစရှိသည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပွားခြင်းမှ ကာကွယ်ရန် အစွမ်းကုန်ဆောင်ရွက်ပါသည်။
  • ဆေးကုသမှုပစ္စည်းကိရိယာများကို ရွေးချယ်ရာတွင် ဘေးကင်းစိတ်ချရမှုကို ဦးစားပေးပါသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့၏ ခွဲစိတ်ဆရာဝန်များဝတ်ဆင်သော ခွဲစိတ်ဝတ်စုံများသည် ရောဂါပိုးကူးစက်ခြင်းကိုကာကွယ်ရန် ဖန်တီးပြုလုပ်ထားခြင်းဖြစ်သည်။
  • ကျွနု်ပ်တို့၏ ပြန်လည်သန်စွမ်းရေးဆေးပညာအထူးကုများနှင့် ကာယလေ့ကျင့်ခန်းပညာရှင်များသည် ကာယကုထုံးနှင့် ပြန်လည်သန်စွမ်းရေးလှုပ်ရှားမှုများအပါအဝင် မိမိကိုယ်မိမိ ဂရုတစိုက်စောင့်ရှောက်ခြင်းနှင့် ပတ်သက်၍ အကြံပေးပါသည်။
  • ခွဲစိတ်ပြီးရလဒ်များနှင့်ပတ်သက်၍ ဆက်လက်ပြီး အချိန်မှန်ပြန်လည်ပြသနိုင်ရန် စီစဉ်ပေးပါသည်။
  • ကျွန်ုပ်တို့သည် လူနာများအတွက် စာစောင်များနှင့်ဒီဗွီဒီများအသုံးပြုကာ အရိုးဆစ်ရောင်ရမ်းနာ၊ ခွဲစိတ်ကုသမှုများနှင့် ခွဲစိတ်ပြီးနောက် မိမိကိုယ်မိမိစောင့်ရှောက်ခြင်းစသည့် အကြောင်းအရာအမျိုးမျိုးနှင့် ပတ်သက်သည့် အသုံးဝင်သော အချက်အလက်များပေးပါသည်။

ဘမ်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံကြီးသည် အမေရိကန်ပြည်ထောင်စုရှိ ဒေါ အရိုးဆစ်ရောင်ရမ်းကုဌာန၏ တည်ထောင်သူလည်းဖြစ် အရိုးဆစ်အစားထိုးခွဲစိတ်အထူးကုနှင့် စက်ရုပ်လက်အကူအညီဖြင့်ခွဲစိတ်မှုကို တီထွင်သူလည်းဖြစ်သည့် ဒေါက်တာ လောရန့်စ်ဒီဒေါနှင့် ပညာရပ်ဆိုင်ရာပူးပေါင်းလုပ်ဆောင်ရန် သဘောတူခဲ့ပါသည်။ ဤပူးပေါင်းမှုသည် အရိုးဆစ်အစားထိုးခွဲစိတ်မှုနှင့်ပတ်သက်၍ အသိပညာများကို ဖလှယ်နိုင်စေသည့်အတွက် ကျွန်ုပ်တို့သည် အနာဂတ်တွင် ကျွန်ုပ်တို့၏လူနာများအတွက် ပိုမိုကောင်းမွန်သော ကုသမှုနည်းလမ်းများကို ဆက်လက်တိုးတက်စေပါသည်။

    Scroll for more

Contact Number

  • အရိုးဆစ်အစားထိုးကုစင်တာ
    Tel. +66 (0) 2011 3094
    Tel. +66 (0) 2011 3082
    Tel. +9595105105 @မြန်မာပြည်ရှိ ကျွန်ုပ်တို့၏ကိုယ်စားလှယ်ရုံးသို့ ခေါ်ဆိုရန်။
  • Tele-Consultation with Doctor Click

Service Hours

  • အရိုးဆစ်အစားထိုးကုစင်တာ
    Daily 9:00 am to 8:00 pm

Location

  • အရိုးဆစ်အစားထိုးကုစင်တာ
    Building A, 20th floor
Rating score 9.61 of 10, based on 83 vote(s)

Related Health Blogs