ဘန်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံကြီးရှိ အထူးလိုအပ်ချက်ရှိသော ကလေးများအတွက် ဖွံ့ဖြိုးရေးစင်တာမှ အထီးကျန်စိတ်ဝေဒနာရှိသောကလေးများ၊ ဖွံ့ဖြိုးမှုနှောင့်နှေးသောကလေးများနှင့် အာရုံစူးစိုက်နိုင်မှု ချို့ယွင်းသောကလေးများအတွက် ဖွံ့ဖြိုးရေးနှင့်သင်ကြားရေးတို့ကို ကလေးတစ်ဦးချင်းစီ၏ စွမ်းရည်ပေါ်မူတည်၍ သင့်တော်သည့် လုပ်ဆောင်မှုများဖြင့် သင်ကြားပေးလျက်ရှိပါသည်။ ဤသင်ကြားလှုပ်ရှားမှုများသည် ကလေးဖွံ့ဖြိုးမှုနှင့် အပြုအမူဆိုင်ရာ အထူးပြုပညာရှင်များ၊ ကလေးကာယကုထုံးပညာရှင်များ၊ လုပ်ဆောင်မှုဆိုင်ရာကုထုံးပညာရှင်များနှင့် ကလေးစိတ်ရောဂါပညာရှင်များမှ ကလေး၏အနာဂတ်သင်ယူရေးအတွက် အခြေခံဖြစ်သည့် ဖွံ့ဖြိုးမှုကို ကောင်းမွန်စွာ လှုံ့ဆော်နိုင်ရန် ဖန်တီးထားခြင်းဖြစ်သည်။