bih.button.backtotop.text

အသက်ရှုထုတ်ခြင်းမှ ယူရီးယားစစ်ဆေးခြင်း

အသက်ရှုထုတ်ပြီး ယူရီးယားစစ်ဆေးခြင်း သည် အစာအိမ်နှင့်အူသိမ်အစပိုင်းတို့တွင် အနာဖြစ်စေသော အဓိက အကြောင်းရင်းဖြစ်သည့် အစာအိမ်အတွင်းရှိနေတတ်သော H. pylori ဟုခေါ်သည့် ဘက်တီးရီးယားအား စစ်ဆေးခြင်း ဖြစ်သည်။ ယခုစစ်ဆေးနည်းဖြင့် ဘက်တီးရီးယားရှိမရှိကိုသော်လည်းကောင်း၊ ကုသမှုအောင်မြင်၊ မအောင်မြင်ကို သော်လည်းကောင်း သိရှိနိုင်ပါသည်။

အကျိုးကျေးဇူးများ
၁။      နာကျင်မှုမရှိခြင်း
၂။       ဓါတ်ရောင်ခြည်မထိခြင်း
၃။      ကလေးများနှင့် ကိုယ်ဝန်ဆောင်တို့အတွက် ဘေးကင်းခြင်း
၄။      ဘက်တီးရီးယားပေါက်ပွားမှုနှုန်းကို ဆန်းစစ်နိုင်ခြင်း
၅။      ကုသမှုရလဒ်ကို စောင့်ကြည့်တိုင်းတာရာတွင် တိကျမှုအပေးနိုင်ဆုံးဖြစ်ခြင်း
၆။      ရရှိသောအဖြေသည် တိကျမှန်ကန်မှုအရှိဆုံးဖြစ်ခြင်း
၁။      တစ်ခါသုံး အသက်ရှုထုတ်သည့်အိတ်နှစ်စုံ
၂။       ရေသန့် ၁၀၀ မီလီလီတာ
၃။      UBIT ဆေးပြား ၁၀၀ မီလီဂရမ်
၁။      စစ်ဆေးမှုမပြုလုပ်မီ အနည်းဆုံး ၄ ပတ်ကြိုပြီး ပိုးသတ်ဆေးနှင့် bismuth subsalicylate ကိုရှောင်ပါ။
၂။       စစ်ဆေးမှုမပြုလုပ်မီ အနည်းဆုံး ၂ ပတ်ကြိုပြီး sulcralfate (Ulsanic®) ကိုရှောင်ပါ။
၃။      စစ်ဆေးမှုမပြုလုပ်မီ အနည်းဆုံး ၂ ပတ်ကြိုပြီး proton pump inhibitors (PPI) များကိုရှောင်ပါ။
  ၃.၁    Omeprazole (လိုဆက် Losec)
  ၃.၂     Esomeprazole (နက်ဆီယမ် Nexium)
  ၃.၃    Rabeprazole (ပါရီယက် Pariet)
  ၃.၄    Pantoprazole (ကွန်ထရိုလော့ခ် Controloc)
  ၃.၅    Lansoprazole (ပရီဗာစစ် Prevacid)
၄။      စစ်ဆေးမှုမပြုလုပ်မီ အနည်းဆုံး ၅ ရက်ကြိုပြီး Potassium-Competitive Acid Blockers (P-CABs) ဥပမာ Vonoprazan (Vocinti®) ကိုရှောင်ပါ။
၅။      စစ်ဆေးမှုမပြုလုပ်မီ အနည်းဆုံး ၄ နာရီကြိုပြီး အစာနှင့်ရေကိုရှောင်ပါ။
၆။      စစ်ဆေးမှုမပြုလုပ်မီ အနည်းဆုံး ၄ နာရီကြိုပြီး ကြံရည်၊ နာနတ်သီးဖျော်ရည်စသည့် ယူရီးယားပါသော အချိုရည်များနှင့် အရက်သေစာကိုရှောင်ပါ။
၇။      စစ်ဆေးမှုမပြုလုပ်မီ အနည်းဆုံး ၄ နာရီကြိုပြီး ဆေးလိပ်သောက်ခြင်းကိုရှောင်ပါ။ အဆုတ်ထဲရှိ မီးခိုး များသည် ကာဗွန်ဒိုင်အောက်ဆိုက်တိုင်းတာခြင်းအား အနှောင့်အယှက်ပေးနိုင်သောကြောင့် ဖြစ်ပါသည်။
၁။      ပထမအိတ်အတွင်းသို့ လေအပြည့်ဖောင်းသည်အထိ မှုတ်သွင်းပါ။
၂။       UBIT ဆေးပြားကို ၅ စက္ကန့်အတွင်းမျိုချပြီး ရေဖန်ခွက်တစ်ခွက် (၁၀၀ မီလီလီတာ) သောက်ပါ။ ဆေးပြားအား ၀ါးစားခြင်း၊ ကျိတ်ခြေခြင်း၊ ရေနှင့်ဖျော်ခြင်းများ မပြုလုပ်ပါနှင့်။
၃။      သင်၏ဘယ်ဖက်သို့ ၅ မိနစ်ခန့် လှဲအိပ်ပါ။
၄။      ၁၅ မိနစ်ခန့် ထိုင်နေပါ။   
၅။      UBITဆေးပြားသောက်ပြီး ၂၀ မိနစ်အကြာတွင် ဒုတိယအိတ်ထဲသို့ လေအပြည့်ဖောင်းသည်အထိ မှုတ်သွင်းပါ။
၆။      အိတ်နှစ်ခုစလုံးအား စစ်ဆေးရန်အတွက် ဆေးရုံဝန်ထမ်းထံပေးပါ။
၇။      စစ်ဆေးမှု၏အဖြေအတွက် ပြန်လာရန် ပြောပါလိမ့်မည်။
၁။      UBIT ဆေးပြားအား ၀ါးစားခြင်း၊ ကျိတ်ခြေခြင်း၊ ရေနှင့်ဖျော်ခြင်းများ မပြုလုပ်ပါနှင့်။
၂။       အိတ်အတွင်း လေမှုတ်သွင်းစဉ်တွင် အိတ်အားသင့်ပါးစပ်နှင့်ကပ်လျက်တေ့ထားပါ။ နှာခေါင်းဖြင့် အသက်ပြင်းပြင်း (၅ - ၁၀ စက္ကန့်) ရှုသွင်းပြီး စစ်ဆေးခြင်းအတွက် ကာဗွန်ဒိုင်အောက်ဆိုဒ် အများဆုံး ပါရန် အိတ်ထဲသို့ သေချာမှုတ်သွင်းပါ။
၃။      မှုတ်ထုတ်ရာတွင် နှေးနိုင်သမျှနှေးပါ။ အသက်ပြင်းပြင်းရှိုက်ရှုပြီး မအောင့်ထားနိုင်ပါက ရှုသွင်း/ရှုထုတ်ကို တစ်ကျော့ပြန်လုပ်ပါ။ လေအိတ်တွင် တစ်လမ်းသွား အဆို့ကလေးရှိသည့်အတွက် မှုတ်သွင်းပြီးသား လေများ နောက်ပြန်မထွက်ပါ။
ဆေးသောက်ပြီးနောက် စစ်ဆေးသည့်လေအိတ်များအား 13C Urea Breath Analyzer POCone စက်ပေါ်တွင် ညွှန်ကြားချက်အတိုင်း တပ်ပါ။ ပြီးနောက် “enter” ကိုနှိပ်ပါ။ စက်သည် အဖြေထုတ်ရန် ခန့်မှန်းချေ ၂ မိနစ်နှင့် ၃၀ စက္ကန့်) ကြာတတ်သည်။ စက်မှ UBIT ဆေးပြားမသောက်ခင်နှင့် သောက်အပြီး လေအိတ်နှစ်ခုအတွက် မတူညီသည့် ကွာခြားချက်ကိုပြမည်။ “positive” သို့မဟုတ် “negative” ဆိုသည်ကိုလည်း ပြမည်။
 
  • Positive (+) ဆိုသည်မှာ ဘက်တီးရီးယားပိုး ရှိခြင်းဖြစ်သည်။
  • Negative (-) ဆိုသည်မှာ ဘက်တီးရီးယားပိုး မရှိခြင်းဖြစ်သည်။

Related conditions

Doctors Related

Related Centers

ကလေးဌာန

လေ့လာရန်

แพ็กเกจที่เกี่ยวข้อง

Rating score ՈչԹ of 10, based on 0 vote(s)

Related Health Blogs