bih.button.backtotop.text

နှလုံးစည်းချက်မမှန်ခြင်းကုဌာန

နှလုံးစည်းချက်မမှန်ခြင်းဆိုသည်မှာအဘယ်နည်း။

နှလုံးစည်းချက်မမှန်ခြင်း ဆိုသည်မှာ နှလုံးပုံမှန်မခုန်ခြင်းကို ဆေးပညာအရခေါ်ဝေါ်ခြင်းဖြစ်သည်။ နှလုံးခုန်သည့် စည်းချက်သည် အလွန်မြန်ခြင်း သို့မဟုတ် အလွန်နှေးခြင်း စသည်တို့ဖြစ်နိုင်သည်။ နှလုံးစည်းချက်မမှန်ခြင်းသည် နှလုံး၏ လျှပ်စစ်စီးဆင်းသည့်စနစ်တွင် စီးကြောင်းတိုဖြစ်ခြင်း သို့မဟုတ် အပြောင်းအလဲရှိခြင်းကြောင့် ဖြစ်သည်။ ၎င်းသည် နှလုံး၏ ထိရောက်စွာ သွေးညှစ်နိုင်စွမ်းအပေါ် ထိခိုက်မှုရှိကာ ခန္ဓာကိုယ်အတွင်း သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေသည်။ နှလုံးစည်းချက်မမှန်ခြင်းသည် လေဖြတ်ခြင်းနှင့် နှလုံးမှလုံလောက်စွာသွေးမလွှတ်နိုင်ခြင်း စသည့်အန္တရာယ်များကို ဖြစ်ပွားစေသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဘမ်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံကြီး၏ နှလုံးစည်းချက်မမှန်ခြင်းကုဌာနသည် နှလုံးခုန်ပုံမမှန်ခြင်းနှင့် နှလုံးလျှပ်စီးမှုလေ့လာခြင်းတို့တွင် အထူးပြုထားသော အတွေ့အကြုံရှိ နှလုံးအထူးကုဆရာဝန်များဖြင့် ဖွဲ့စည်းထားပါသည်။ နှလုံးစည်းချက်မမှန်ခြင်းနှင့် နှလုံးလျှပ်စီးမှုလေ့လာခြင်းနယ်ပယ်တွင် ရှေ့ဆောင်လမ်းပြဖြစ်သည့် ဒေါက်တာ ကွန်လာဝီ နာဒီမာနီး ဦးဆောင်သည့်အဖွဲ့သည် ထိုင်းနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းမှ လူနာများအား ကုသပေးလျက်ရှိပါသည်။ ဆေးဖြင့်ကုသခြင်း၊ နှလုံးခုန်နှုန်းထိန်းစက် (သို့) နှလုံးပြန်ခုန်စက် ထည့်သွင်းခြင်း၊ နှလုံးလျှပ်စီးမှုလေ့လာခြင်းနှင့် စည်းချက်မမှန်ခြင်းကိုဖြစ်စေသော နှလုံးတစ်ရှုးပိုင်းကိုဖျက်ဆီးခြင်း အပါအဝင် ကုသမှုပေါင်းများစွာကို ပြုလုပ်ပေးလျက်ရှိပါသည်။ ဘမ်ရွန်ဂရက်ဆေးရုံကြီး၏ နှလုံးလျှပ်စီးမှုကို လေ့လာသောစမ်းသပ်ခန်းသစ်သည် အမေရိကန်နိုင်ငံမှ ခေတ်အမှီဆုံးနှင့် အောင်မြင်မှုအရှိဆုံး စမ်းသပ်ခန်းတစ်ခုအပေါ် အခြေပြုထားခြင်းဖြစ်ပါသည်။
 

 
  • နှလုံးခုန်နှုန်းကိုထိန်းချုပ်ရန်ဆေးဝါးများ
  • နှလုံးခုန်နှုန်းထိန်းစက်
  • လျှပ်စီးကြောင်း (သို့) ဆေးအသုံးပြုကာ နှလုံးစည်းချက်မှန်စေခြင်း
  • စည်းချက်မမှန်ခြင်းကိုဖြစ်စေသည့် တစ်ရှုးအားဖျက်စီးပစ်သည့်ကုထုံး
  • ရင်ဘတ်တွင်ထည့်သွင်းနိုင်သော အရေးပေါ်နှလုံးပုံမှန်ပြန်ခုန်စက်
  • နှလုံးလျှပ်စီးမှုကို လေ့လာသော စမ်းသပ်ခန်း (EP Lab)

နှလုံးစည်းချက်မမှန်ခြင်းကို ကြိုတင်ကာကွယ်ရန် မဖြစ်နိုင်သည့်အတွက် ဒေါက်တာ ကွန်လာဝီမှ အောက်ဖော်ပြပါ နည်းလမ်းများကို လိုက်နာပါက ဖြစ်ပွားနိုင်သည့်အန္တရာယ်ကို လျှော့ချနိုင်ကြောင်း ပြောပါသည်။

  • ဆေးလိပ်မသောက်ခြင်း၊ စိတ်ဖိစီးမှုကိုလျှော့ချခြင်း၊ ကော်ဖီနှင့်အရက်သေစာ သောက်သုံးမှုကို အတန်အသင့် (သို့) လုံးဝမသောက်သုံးသည့်အဆင့်အထိ လျှော့ချနေထိုင်ခြင်း
  • ကျန်းမာစေသောအစားအစာများကို စားသုံးခြင်း
  • ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း
  • အချိန်မှန်ဆေးစစ်ခြင်းများကို ဆရာဝန်၏အကြံပေးချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်း
    Scroll for more

Contact Number

  • နှလုံးစည်းချက်မမှန်ခြင်းကုဌာန
    Tel. +66 (0) 2011 3405
    Tel. +9595105105
  • Tele-Consultation with Doctor Click

Service Hours

  • နှလုံးစည်းချက်မမှန်ခြင်းကုဌာန
    Daily 8.00 am to 8.00 pm
  • Service hours for centers/clinics may change without prior notice due to safety protocols put in place to prevent the spread of COVID-19. As a result, we ask that you please schedule your appointments in advance or call to recheck service hours before travelling to the hospital. Tel. 1378 (local calls only)

Location

  • နှလုံးစည်းချက်မမှန်ခြင်းကုဌာန
    Building A, 14th floor
Rating score 9.89 of 10, based on 175 vote(s)

Related Health Blogs