bih.button.backtotop.text

Bumrungrad (ဘမ်ရွန်ဂရတ်)၏ နှလုံးအဆို့ရှင်စင်တာ

Bumrungrad Heart Valve Center

ဘမ်ရွန်ဂရတ် အပြည်ပြည်ဆိုင်ရာဆေးရုံကြီး၏ နှလုံးအဆို့ရှင်စင်တာသည် နှလုံးအဆို့ရှင်ရောဂါ အခြေအနေအမျိုးမျိုးအား ကုသမှုပေးရန် တည်ဆောက်ထားပါသည်။ စင်တာတွင် နောက်ဆုံးပေါ် အဆင့်မြင့် နည်းပညာသုံး ပစ္စည်းကိရိယာများနှင့်အတူ နှလုံးပြန်လည်ကျန်းမာရေးအတွက် လေ့ကျင့်ခန်းပိုင်းဆိုင်ရာ အထူးကျွမ်းကျင်သော ဆရာဝန်များ (Cardiac Rehabilitation Specialists)၊ နှလုံး အက်ကိုး (Echo) အာထရာလ်ဆောင်း ကျွမ်းကျင်များ (Echocardiologists)၊ နှလုံးပိုင်းဆိုင်ရာသီးသန့်အတွက် မေ့ဆေးနှင့် ပတ်သက်သော ကျွမ်းကျင်ဆရာဝန်များ (Cardiac Anesthesiologists)၊ နှလုံးခွဲစိတ် ဆရာဝန်များ (Cardiac Surgeons)၊ နှလုံးအထူးကုဆရာဝန်များ (Cardiologists) စသည်ဖြင့် ကျန်းမာရေး နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်ပေါင်းများစွာဖြင့် အထူးဖွဲ့စည်းထားပြီး တာဝန်ပေး ခန့်အပ်ထားပါသည်။ 
 



 

သက်ကြီးပိုင်း လူဦးရေသည် ကမ္ဘာတစ်ဝှမ်းတွင် တိုးပွားလာနေသည်နှင့်အတူ၊  ထိုအသက်အရွယ်သည် နှလုံးအဆို့ရှင်ရောဂါဖြစ်နိုင်ချေအတွက် အဓိကကျသည့် အကြောင်းတစ်ရပ်ဖြစ်လာနေပါသည်။ ရောဂါကို အဓိကအားဖြင့် ကဏ္ဍနှစ်ရပ် ခွဲခြားထားပါသည်။ 

  • နှလုံးအဆို့ရှင်ကျဉ်းခြင်း (Heart Valve Stenosis)
  • နှလုံးအဆို့ရှင်လျော့ရဲခြင်း / မလုံခြင်း (Heart Valve Regurgitation)
 

နှလုံးအဆို့ရှင်ရောဂါသမားများသည် ရောဂါနှင့် ပတ်သက်သည့် စရိုက်လက္ခဏာ (သို့) ဖော်ပြချက်တစုံတရာတွေ့ရမည်မဟုတ်ပါ။ (သို့မဟုတ်) အပျော့စား ရောဂါလက္ခဏာ တစုံတရာကို အစကနဦး အဆင့်တွင်သာ ရံဖန်ရံခါတွေ့နိုင်ပါသည်။ မကုသဘဲထားလိုက်မည် ဆိုလျှင် ရောဂါလက္ခဏာများသည် ပိုမိုဆိုးရွား လာနိုင်ပါသည်။ 

လက္ခဏာများတွင် -

  • အလွန်အမင်း ပင်ပန်းနွမ်းလျခြင်း
  • ရင်ဘတ်တင်းခြင်း / ရင်ကြပ်ခြင်း
  • ခြေထောက်နှင့် ခြေချင်းဝတ်များ ရောင်ရမ်းခြင်း
  • နှလုံးခုန်နှူန်း မမှန်ခြင်း
  • မူးမေ့ခြင်း နှင့် သတိလစ်ခြင်း

အချို့သောလူနာများတွင် နှလုံးအဆို့ရှင် မလုံခြင်းနှင့် အဆို့ရှင် ကျဉ်းခြင်း နှစ်မျိုးစလုံး ရှိကောင်းရှိနိုင်ပါသည်။ အချို့တွင် ထိုကဲ့သို့သော အခြေအနေသည် အဆို့ရှင်တစ်ခုတည်း၌ (သို့မဟုတ်) အဆို့ရှင်တစ်ခုထက်ပိုသော နေရာများ၌လည်း တစ်ပြိုင်နက်တည်း ဖြစ်တတ်ပါသည်။ ထိုကဲ့သို့သော အခြေအနေတွင် နှလုံးသည် သွေးညှစ်သည့် လုပ်ဆောင်ချက်အတွက် ပိုမိုခက်ခဲစွာ ကြိုးစားရပါသည်။ ဤအနေအထားသည် လေဖြတ်ခြင်း၊ သွေးခဲများ ဖြစ်ခြင်း၊ နှင့် ရုတ်တရတ် နှလုံးရပ်ခြင်း (Heart Attack - Myocardial Infarction) အန္တရာယ်များ  ဖြစ်နိုင်ချေ ပိုရှိပါသည်။ 

ကုသမှူ
ကုသမှုလုပ်ငန်းစဉ်တွင် ပထမဦးစွာ အထူးကုနှင့် ဆွေးနွေးမှု လုပ်ဆောင်ရပါသည်။ ထို့နောက်တွင် ဆရာဝန်သည် နှလုံးစမ်းသပ်မှုပါဝင်သည့် ခန္ဓာကိုယ် စစ်ဆေးခြင်းနှင့် လူနာ၏ ဆေးမှတ်တမ်းများကို စေ့စပ်စွာ လေ့လာခြင်း စသည်တို့ကို လုပ်ဆောင်ပါသည်။ နှလုံးစစ်ဆေးမှုတွင် ECG (EKG) ရိုက်ခြင်းနှင့် Echocardiogram (နှလုံးအာလ်ထရာဆောင်းရိုက်ခြင်း) များပါဝင်လိမ့်မည်။ 
-အကယ်၍ လူနာသည် နှလုံးအဆို့ရှင်ရောဂါ အမှန်တကယ်ရှိသည်ဟု စမ်းသပ်မှုများမှ တစ်ဆင့် အတည်ပြုနိုင်ခဲ့လျှင် ကုသနိုင်သည့်နည်းလမ်းအချို့မှာ -

  • ဆေးပေးခြင်း - ရောဂါလက္ခဏာပေါ် အခြေခံ၍ ဆေးပေးကုသခြင်း
  • မိုင်ထရယ်(လ်) အဆို့ရှင် အစားထိုးကုသမှု (Mitral Valve Replacement) - တုပပြုလုပ်ထားသောအဆို့ရှင်ဖြင့် မိုင်ထရယ်(လ်) အဆို့ရှင် (Mitral Valve) အားအစားထိုးနိုင်ပါသည်။ 
  • မိုင်ထရယ်(လ်) အဆို့ရှင်ပြုပြင်ကုသမှု - မိုင်ထရယ်(လ်) အဆို့ရှင် (Mitral Valve) တွင် ပြဿနာရှိနေသည့် ဧရိယာကို ပြုပြင်ကုသနိုင်ပါသည်။ ပြုပြင်ရာတွင် အဆို့ရှင်အားချုပ်ခြင်း (Suturing) သို့မဟုတ် အဆို့ရှင်အားချဲ့ခြင်း (Expanding) တို့ပါဝင်သည်။ 
  • Transcatheter Mitral Valve Repair With Mitraclip (မိုင်ထရာကလစ် ပါသော သေးငယ်ပါးလွှာသည့် ပြွန်ကိုအသုံးပြု၍ မိုင်ထရယ်(လ်) အဆို့ရှင်အား ပြုပြင်ခြင်း) - ကလစ်အသုံးပြု၍ မိုင်ထရာယ်(လ်) အဆို့ရှင်တွင် မလုံသည့်နေရာအား ရပ်တန့်စေရန် ပြုပြင်ခြင်း ဖြစ်ပါသည်။ အသက်အရွယ်ကြီးသော လူကြီးများကဲ့သို့ အန္တရာယ်ဖြစ်နိုင်ချေမြင့်သည့် လူနာများ (သို့မဟုတ်) နှလုံးအဆို့ရှင် ဆိုးရွားစွာ မလုံသည့်/လျော့ရဲသည့် လူနာများအတွက် သင့်တော်ပါသည်။ 
  • Surgical Aortic Valve Replacement (အေအော့တစ် အဆို့ရှင် အစားထိုးခွဲစိတ်ကုသမှု SAVR) - တုပပြုလုပ်ထားသော အဆို့ရှင်ဖြင့် Aortic Valve (အေအောတစ် အဆို့ရှင်) အား အစားထိုးရန် နှလုံးဖွင့်ခွဲစိတ်သော ကုသမှု ဖြစ်ပါသည်။ 
  • Transcatheter Aortic Valve Implantation (ပြွန်ငယ်အသုံးပြု၍ အေအော့တစ် အဆို့ရှင် အား အစားထိုးကုသမှု) - နှလုံးဖွင့်ခွဲစိတ်မှုမလုပ်ပဲ Aortic Valve (အေအော့တစ် အဆို့ရှင်) ကို အစားထိုးသည့် ကုသမှု ဖြစ်ပါသည်။ ကုသမှုအတွင်း သေးငယ်သော ပြွန်ငယ်ကိုအသုံးပြုပြီး သွေးကြောမှတစ်ဆင့် နှလုံးသို့သွား၍ အဆို့ရှင်ချဲ့ခြင်း ဖြစ်ပါသည်။ 
     
tavi-aortic-valve-surgery_1200x800.jpg
    Scroll for more

Contact Number

  • Bumrungrad Heart Valve Center
    Tel: +66 2011 3415
  • Tele-Consultation with Doctor Click

Service Hours

  • Bumrungrad Heart Valve Center
    Daily 8:00 am to 8:00 pm
  • Service hours for centers/clinics may change without prior notice due to safety protocols put in place to prevent the spread of COVID-19. As a result, we ask that you please schedule your appointments in advance or call to recheck service hours before travelling to the hospital. Tel. 1378 (local calls only)

Location

  • Bumrungrad Heart Valve Center
    Building A, 14th floor
Rating score 10.00 of 10, based on 4 vote(s)

Related Health Blogs