၁။ မြန်ဆန်သောရောဂါရှာဖွေမှု
၉၈% ထက်မကသောလူနာများသည် ရောဂါရှာဖွေစစ်ဆေးခြင်း၊ အသားစနမူနာစစ်ဆေးခြင်းမှသည် ရင်သားခွဲစိတ်ဆရာဝန်နှင့်အသေးစိတ်တိုင်ပင်ဆွေးနွေးခြင်းအထိ ၇၂ နာရီအတွင်း ကင်ဆာရောဂါရှိမရှိ တိကျသောအဖြေကိုရရှိကြသည်။
(ဘမ်ရွန်ဂရက် - > ၉၈% | EUSOMA စံချိန်စံညွှန်း - ၉၅%)
၂။ မြန်ဆန်သော ကုသမှု
ခွဲစိတ်ရန်လိုအပ်ပါက ၁၀၀% သောလူနာများကို တစ်ပတ်အတွင်းခွဲစိတ်ကုသမှုပြုလုပ်နိုင်ရန်အတွက် ကုသမှုအစီအစဉ်များကို ချက်ချင်းရေးဆွဲပေးပါသည်။
(ဘမ်ရွန်ဂရက် - တစ်ပတ်အတွင်း ၁၀၀% | EUSOMA စံချိန်စံညွှန်း - ၆ ပတ်အတွင်း ၈၀%)
ရင်သားကင်ဆာကို အစောပိုင်းအဆင့်တွင်စစ်ဆေးသိရှိကာ ကုသမှုချက်ချင်းစတင်ခြင်းသည် ကုသမှုရလဒ်များကို ပိုမိုကောင်းမွန်စေပြီး အသက်ရှင်သန်နိုင်ခြေကိုလည်းပိုမိုမြင့်မားစေသည်။
၃။ ထူးကဲသောကုသမှုရလဒ်များနှင့် လူနာများအတွက်ဘေးကင်းလုံခြုံမှု
ဘမ်ရွန်ဂရက်ဆေးရုံသည် အသက်ရှင်နှုန်းမြင့်မားရေး၊ ရောဂါပြန်လည်ဖြစ်ပွားမှုနည်းပါးရေး နှင့် ခွဲစိတ်ကုသမှုဆိုင်ရာ ဘေးကင်းလုံခြုံရေး စံချိန်စံညွှန်းများကို အဆင့်မြင့်မားစွာထိန်းသိမ်းထားရန် သန္နိဋ္ဌာန်ချကတိပြုပါသည်။
ဘမ်ရွန်ဂရက်ဆေးရုံကြီး၏ ၂၀၂၃ ခုနှစ် ခွဲစိတ်ကုသမှုပြီးဆုံးပြီးနောက်ပိုင်း နောက်ဆက်တွဲပြဿနာဖြစ်ပွားမှု အညွှန်းကိန်းများအရ -
- ရင်သားကင်ဆာခွဲစိတ်ပြီးနောက် ပိုးဝင်ခြင်း ၀%
- (၇၂) နာရီအတွင်း ပြန်လည်ခွဲစိတ်ရန်လိုအပ်သော နောက်ဆက်တွဲပြဿနာဖြစ်ပွားနှုန်း ၁% အောက်
- ၁၀၀% သောလူနာများသည် ခွဲစိတ်ပြီးနောက် ၉၀ ဒီဂရီထက်ပိုသော ပုခုံးလှုပ်ရှားနိုင်မှုကိုရရှိကြပြီး နေ့စဉ်လှုပ်ရှားမှုများကို ပုံမှန်အတိုင်းပြန်လည်လုပ်ဆောင်နိုင်သည်။
*ခွဲစိတ်မှုမပြုမီနှင့် ပြုလုပ်ပြီးကာယကုထုံးအစီအစဉ်များနှင့် ခွဲစိတ်ပြီးနောက်ပြန်လည်စောင့်ကြည့်စမ်းသပ်ပေးခြင်းများဖြင့်