bih.button.backtotop.text

သင်တို့သည် မည်ကဲ့သို့သော အရည်အသွေးအဆင့်များဖြင့် ထိန်းသိမ်းထားပါသလဲ။

ဘမ်ရွန်ဂရက်သည် အမေရိကန်နိုင်ငံရှိဆေးရုံများအား ဆန်းစစ်ကာ အသိအမှတ်ပြုပေးနေသော အပြည်ပြည်ဆိုင်ရာအဖွဲ့ခွဲတစ်ခုဖြစ်သည့် JCI မှ အာရှ၌ ပထမဦးဆုံး အသိအမှတ်ပြုခံရသော ဆေးရုံကြီးဖြစ်သည်။ ၎င်းတို့၏လမ်းညွှန်ချက်များတွင် အဆင့်ပြညွှန်းကိန်း ၃၅၀ ကျော်ပါဝင်ကာ သုံးနှစ်လျှင်တစ်ကြိမ် ပြန်လည်ဆန်းစစ်ကာ အသိအမှတ်ပြုရန်လိုအပ်သည်။ ဘမ်ရွန်ဂရက်သည် ၂၀၀၂ ခုနှစ်တွင် JCI ၏ပထမဆုံးအကြိမ် တရားဝင်အသိအမှတ်ပြုခံရကာ ၂၀၀၅၊ ၂၀၀၈၊ ၂၀၁၁ နှင့် ၂၀၁၄ ခုနှစ်တို့တွင်လည်း ပြန်လည်ဆန်းစစ်ကာ အသိအမှတ်ပြုခံခဲ့ရပါသည်။ JCI နှင့်ပတ်သက်သော အချက်အလက်များကို www.jointcommissioninternational.org တွင်ထပ်မံဖတ်ရှုနိုင်ပါသည်။
ဘမ်ရွန်ဂရက်ဆေးရုံကြီးသည် ထိုင်းနိုင်ငံ၏ ဆေးရုံများအရည်အသွေးတိုးတက်မှုနှင့် တရားဝင် အသိအမှတ်ပြုသည့်ဌာနမှ ဦးစီးဆောင်ရွက်သော ဆေးရုံများအား အသိအမှတ်ပြုပေးသည့် အစီအစဉ်မှလည်း အသိအမှတ်ပြုခြင်းခံခဲ့ရပါသည်။ ဘမ်ရွမ်ဂရက်ဆေးရုံကြီးသည် ၎င်းအစီအစဉ်မှ ၁၉၉၉ ခုနှစ်၌ တရားဝင်အသိအမှတ်ပြုခံခဲ့ရသော ထိုင်းနိုင်ငံ၏ ပထမဦးဆုံးဆေးရုံဖြစ်ကာ ၂၀၀၂ ခုနှစ်၊ ၂၀၀၅ ခုနှစ်၊ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့တွင် သုံးနှစ်တစ်ကြိမ် ပြန်လည်ဆန်းစစ်၍ ပြန်လည် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။
 
This content page will not display in website or it redirect to another page.
Clinics & Centers