bih.button.backtotop.text

နှလုံးသား၏စွမ်းအင်များ : ကျမတို့၏ ကင်ဆာကုသရေးသူနာပြုများမှ ပေးသောနွေးထွေးမှုနှင့်လက်များ

“ကျမတို့ ကင်ဆာလူနာတွေကို ပြုစုစောင့်ရှောက်တဲ့အခါ လုပ်ဆောင်ရ အခက်ခဲဆုံးအရာက ဓာတုကုထုံးအတွက် သွေးကြော ရှာဖွေခြင်း ဖြစ်ပါတယ်။ ဒါက ဘာ့ကြောင့်လဲဆိုတော့ သူတို့မှာ ဆေးထိုးခြင်းနဲ့ သွေးကြောဆလိုင်းသွင်းခြင်း အကြိမ်ပေါင်းများစွာ ခံခဲ့ရပြီး ကျန်ရှိတဲ့ သွေးကြောတွေကလဲ နဲပါး ဝေးကွာနေလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျမတို့က ဆရာဝန်တွေကို ဆေးကုသမှု စီမံခန့်ခွဲရေးအတွက် ဗဟိုသွေးပြန်ကြောလိုင်းစနစ်ကို ရွေးချယ်ဖို့ တိုက်တွန်းရခြင်းဖြစ်ပြီး သူတို့ရဲ့ နာကျင်ခံစားမှုကို အနည်းဆုံးသို့ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။” ၄င်းသည် Horizon ဒေသဆိုင်ရာကင်ဆာဌာန ကင်ဆာကုသရေးသူနာပြုမန်နေဂျာ Kannika Boonprachom ၏ ရေရှည်
 
ကင်ဆာကုသရေးသူနာပြုတစ်ယောက်သည် ကင်ဆာလူနာများနှင့် လူနာများ၏ကုသရေးလုပ်ငန်းအားလုံးအတွက် ဆက်သွယ် ဆောင်ရွက်ရသည်။ ၄င်းသည် လူနာများ၏ ဆေးကုသရေးအစီအစဉ်ဆိုင်ရာ အသေးစိတ်နှင့် လူနာများရင်ဆိုင်နေရသော ရောဂါ၊ ကုန်ကျစရိတ် သို့မဟုတ် ကုသရေးနောက်ပိုင်းဆောင်ရွက်ချက်များနှင့် သက်ဆိုင်သောအချက်အလက်များဖြစ်ပြီး ကင်ဆာကုသရေးသူနာပြုများသည် တခါတရံ လူနာနှင့် ဆရာဝန်များအကြား အရေးပါသောအချက်အလက်များ လက်ဆင့်ကမ်း ပေးသူများလည်း ဖြစ်သည်။ 
 
“ဆေးရုံတစ်ခု၏ အခြေခံလိုအပ်ချက်အရ ကျမတို့ရဲ့ လူနာတွေ ဘေးအန္တရာယ်ကင်းဝေးရေး သက်တောင့်သက်သာရှိစေရေး သေချာမှုရှိစေဖို့ ကျမတို့ အစစအရာရာ လုပ်ဆောင်ပါတယ်။ ဒါပေမဲ့ အဲဒါထက် ကျော်လွန်ပြီးတော့ အတတ်နိုင်ဆုံး နွေးထွေးမှု အကြင်နာတရားရှိတဲ့ ကုသမှု ဖြစ်စေဖို့ လူနာများကို ပြုလုပ်သလိုမျိုး သူနာပြုများကိုလည်း အကျိုးရှိစေဖို့ ကျမတို့ရဲ့ နှလုံးသားတွေကို အမှန်တကယ် ရင်းနှီးမြှုပ်နှံထားပါတယ်” ဟု Kannika မှ ရှင်းပြသည်။ “ကျမတို့ရဲ့ လူနာများနဲ့ ကျမတို့ နီးကပ်မှု ရှိလေလေ ကျမတို့ ပေးနိုင်တဲ့ စိတ်ဓာတ်ခွန်အားပေးမှု ပိုကောင်းလေလေ 
 

သတိမူခြင်းသည် ကျမတို့လူနာများအတွက် ကျမတို့ လေ့ကျင့်လုပ်ဆောင်သည့် လွတ်မြောက်ရေးကျွမ်းကျင်မှု ဖြစ်သည် 

“ကုသမှုခံယူနေဆဲဖြစ်ပြီး ကင်ဆာရောဂါကင်းသွားပြီဖြစ်ကြောင်း ကြေညာချက်စောင့်မျှော်နေတဲ့ လူနာများက တခါတရံ အလွန် စိတ်သောက ရောက်ရပါတယ်။ သူတို့ကို လုံးဝပျောက်ကင်းအောင် မကုသနိုင်ကြောင်း ဒါမှမဟုတ် ကင်ဆာရောဂါ ပြန်ဖြစ်ပွားနိုင်သည့် တစုံတရာအမှားအယွင်းရှိကြောင်း စိုးရိမ်ပူပန်လေ့ရှိကြပါတယ်။ ကျမတို့ အထူးသတိမူရပြီး အကြံဉာဏ်ကောင်းတွေ ပေးဖို့ အဆင်သင့် ရှိရပါတယ်။ ဥပမာ လူနာက ပျို့အံမှု ဖြစ်နေရင် သူတို့ရဲ့ ဆေးကုသရေးမှတ်တမ်း ရရှိတဲ့ရက်နဲ့ အဲဒီဆေးမှတ်တမ်းက ဘာလဲဆိုတာ ကျမတို့ ပြန်လည် ရည်ညွှန်းရပါတယ်။ ဒါက ကျမတို့ အလျှင်အမြန် တုန့်ပြန်နိုင်ပြီး ဆရာဝန်တွေကို အကြောင်းကြားနိုင်မှာ ဒါမှမဟုတ် လူနာကို လာရောက်ရှင်းပြဖို့ ဆေးဝါးကျွမ်းကျင်သူကို စီစဉ်နိုင်မှာ ဖြစ်ပါတယ်။” ဟု Kannika မှ အသေးစိတ် ရှင်းပြသည်။ “လူနာက အစားအသောက် ကုန်အောင်မစားနိုင်တာ ကျမတို့ သတိထားမိရင် ကျမတို့ အဟာရကျွမ်းကျင်သူနဲ့ လူနာက ဘာတွေစားတယ် ဘာတွေမစားတယ်ဆိုတာ ချက်ချင်း အကြောင်းကြားပါတယ်။ အဟာရကျွမ်းကျင်သူက လူနာကို ကြံ့ခိုင်မှုရှိအောင် သူတို့ရဲ့ကုသမှုတလျှောက်လုံးမှာ ကောင်းတဲ့စိတ်ဓာတ်များ ထိမ်းထားနိုင်အောင် အနဲဆုံးစားရမဲ့ အစားအသောက်တွေ စားသောက်ကြောင်း သေချာမှု ရှိအောင် တွက်ဆနိုင်ပါတယ်။”
 
ကင်ဆာကုသရေး သဘောသဘာဝဆိုသည်မှာ ကင်ဆာကုသရေးသူနာပြုများသည် များပြားလှသော စည်းကမ်း၊ လူများနှင့် ပုံမှန်ဆက်သွယ်ရမည်။ “ညီလာခံဆွေးနွေးပွဲမှာ ကျမတို့က ကျမတို့ရဲ့အစွန့်စားရဆုံး အကြောင်းအရာကို ဆွေးနွေးပွဲသို့ တင်ပြဆွေးနွေးပါတယ်။ ဒီနည်းနဲ့ ကျမတို့ အချင်းချင်းဆီက လေ့လာမယ် ဥပမာ လူနာရဲ့ စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာ ကွဲပြားခြားနားတဲ့နည်းလမ်းတွေ ဒါမှမဟုတ် ဖြစ်လာတဲ့ အခြားကွဲပြားတဲ့အခြေအနေတွေကို အကောင်ဆုံးဘယ်လိုရင်ဆိုင်မယ် ဆိုတာတွေ ဖြစ်ပါတယ်။ ကျမတို့ရဲ့နည်းလမ်းတွေ၊ အချင်းချင်း အကောင်းဆုံးလုပ်ထုံးလုပ်နည်းတွေကို ကျမတို့ ဝေမျှပါတယ်။ ဒါမှ ကင်ဆာကုသရေးသူနာပြုအားလုံးက ကျမတို့ရဲ့လူနာများအတွက် တန်းတူညီမျှ အဆင်သင့် ဖြစ်နေပါမယ်။”
 
Kannika သည် ကင်ဆာကုသရေးသူနာပြုများ၏ တာဝန်အသေးစိတ် ဥပမာ ဓာတုကုထုံးစီမံခန့်ခွဲရေး၊ သွေးလည်ပတ်မှုနဲသော လူနာများအတွက် သွေးဆဲလ်အမျိုးအစားများ သွေးထဲရှိသွေးရည်ကြည်အကြောင်း အသေးစိတ်ကြည့်ခဲ့သည်။ “သွေးကြော ရှာဖွေနိုင်မှုစွမ်းရည်က အလွန်ပုံကြီးချဲ့စရာမလိုတဲ့ ကျွမ်းကျင်မှုတစ်ခု ဖြစ်ပါတယ်။ ကင်ဆာလူနာတွေက တမျိုးမဟုတ် တမျိုး ပုံမှန် ဆေးသွင်းခံရပါတယ်။ ဒါ့ကြောင့် ရလာဒ်တခုအနေနဲ့ သူတို့ရဲ့ သွေးကြောတွေက ကျုံ့ဝင်သွားပါတယ်။ ကျန်တဲ့သွေးကြောတွေ ရှာဖို့ဆိုတာက တကယ့်ကျွမ်းကျင်မှု ဖြစ်ပါတယ်။ တခါတရံ လက်ပတ်ကြိုး ဒါမှမဟုတ် ပူနွေးတဲ့ပစ္စည်းအကူအညီ လိုအပ်ပါတယ်။ တချို့ခက်ခဲတဲ့အခြေအနေမှာ ဆေးရုံရဲ့ သီးသန့် IV အဖွဲ့ကို ခေါ်ယူရမှာ ဖြစ်ပါတယ်။”


လူနာအား နာကျင်မှုမရှိအောင် ကျွန်ုပ်တို့ ကူညီပေးလိုသည် 

“ကျမတို့လူနာတွေ နာကျင်မှုခံစားရတာ ကျမတို့ မြင်တွေ့ရတိုင်း ဥပမာ ကျမတို့ သွေးကြောရှာတဲ့အချိန်မှာ ကျမတို့ အတွက်လည်း နာကျင်ရပါတယ်။ အဲဒါက တခါတလေဘဲဆိုရင် မဆိုးပါဘူး။ ဒါပေမဲ့ ကင်ဆာလူနာများအတွက် အမြဲတမ်း ဖြစ်နေကျပါ။” ဟု Kannika မှ ဝန်ခံပြောဆိုသည်။ “ဒါတင်မကသေးပါဘူး ဆေးဝါးကိုယ်တိုင်ကလည်း အလွန်ပြင်းတဲ့အတွက် သွေးကြောကွဲရင် ဆေးဝါးက ပတ်ဝန်းကျင်က ကြွက်သားတစ်သျှူးတချို့ကို ဖျက်ဆီးပါလိမ့်မယ်။ အဲဒါကြောင့် ကျမတို့ အသေးစိတ် လေ့လာပြီး ဖြစ်နိုင်ရင် ဗဟိုသွေးကြောလိုင်းစနစ်အတွက် ဆရာဝန်ခွင့်ပြုချက် တောင်းခံရခြင်း ဖြစ်ပါတယ်။”
 

1-1200x800.jpg

ဗဟိုသွေးပြန်ကြောပြွန် (CVC) ဟုလူသိများသော ဗဟိုသွေးကြောလိုင်းထဲ့ခြင်းသည် ဆေးသွင်းမှုပြုလုပ်တိုင်း သွေးကြောဖောက်မှု ရှောင်ရှားမှု နည်းလမ်းတစ်ခု ဖြစ်သည်။  သွေးကြောမကြီးသို့ ပိုမိုတိုက်ရိုက် ဦးတည်သည်။ “ဗဟိုသွေးကြောလိုင်းစနစ် တပ်ဆင်ပါက သူနာပြု လုပ်ဆောင်ရမည့်အလုပ်က ဆေးသွင်းမှု စီမံခန့်ခွဲဖို့ သို့မဟုတ် အပ်ကို လူနာအစား ပြွန်သို့ တပ်ဆင်ခြင်း ဖြစ်ပါတယ်။ လူနာမှာ အပ်ကြောင့် နာကျင်မှု လုံးဝ မခံစားရပါဘူး။ ကျနော်တို့ ဒီအပိုင်းမှာ အတော်လေး ကျွမ်းကျင်ပါတယ်။ ကျနော်တို့ ဘယ်တုန်းကမှ သွေးကြောပိတ်တာ မရှိပါဘူး” ဟု အနည်းငယ်ဂုဏ်ယူသည့်အပြုံးဖြင့် ပြောသည်။ 
 

 အနာဂါတ်အတွက် မျှော်လင့်ချက်

“သူနာပြုတွေအနေနဲ့ ကျမတို့လူနာအတွက် ကျမတို့လုပ်ဆောင်ချက်မှန်သမျှကို နှလုံးသားနဲ့ရင်းပြီး လုပ်ပါတယ်။ ကျမတို့ ကင်ဆာလူနာတိုင်းကို ပြောချင်တာက ခေတ်မီအသစ်အဆန်းတွေက တနေ့တခြား ပြောင်းလဲနေပါတယ်။ ကျမတို့က ကျမတို့လူနာတွေ အားလုံးကို စိတ်ဓာတ်ကြံ့ခိုင်ပြီး အကောင်းမြင်စိတ်ထားတွေ ထားစေချင်ပါတယ်။ ကျမတို့က သက်တောင့်သက်သာရှိစေဖို့ ဂရုတစိုက်ရှိဖို့ အတတ်နိုင်ဆုံး ကြိုးစားပါတယ်။ ကျမတို့ရဲ့ လူနာတယောက် ပြုံးနိုင်တဲ့အခါတိုင်း အဲဒီအပြုံးရဲ့ အပြုသဘောဆောင်တဲ့စွမ်းအင်တွေက ကျမတို့ကနေ ကျမတို့ရဲ့အခြားလူနာတွေအားလုံးဆီအထိ တုန့်ပြန်ပါတယ်။ ပွေ့ဖက်မှုတိုင်း နှုတ်ဆက်တဲ့လက်တိုင်းရဲ့ နွေးထွေးမှုတွေကို ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါတယ်။” ဟု Horizon ဒေသဆိုင်ရာကင်ဆာဌာနရှိ ကင်ဆာကုသရေးသူနာပြုအားလုံးကိုယ်စား Kannika မှ ပြောသည်။ 
For more information please contact:

Related Packages

Related Health Blogs