bih.button.backtotop.text

ရင်းနှီးမြှုပ်နှံသူတယောက်မှ ရှယ်ယာကစားခြင်းသည် ကင်ဆာရောဂါပျောက်ကင်းမှုကို ဦးတည်စေခြင်း

հունվարի 10, 2020
“ကျနော် Bumrungrad ဆေးရုံအကြောင်းကို ဆွစ်ဇာလန်နိုင်ငံမှာ အခြေစိုက်တဲ့ ငွေကြေးဆိုင်ရာအဖွဲ့အစည်းမှာ စတော့ဈေးကွက် ရင်းနှီးမြှုပ်နှံမှု ရှာဖွေနေတဲ့ ကျနော့်အလုပ်ကနေ ပထမဦးစွာ သိခဲ့ပါတယ်။ Bumrungrad က အဲဒီအချိန်မှာ အခြား စတော့ရွေးချယ်စရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ဆေးကုသစောင့်ရှောက်ရေးစံချိန်မြင့်မားတဲ့ ဂုဏ်သတင်းကြောင့် အလွန်စိတ်ဝင်စားဖွယ် ကောင်းပါတယ်။ တနေ့မှာ ကျနော်ကိုယ်တိုင် ကင်ဆာရောဂါလူနာ ဖြစ်လာလိမ့်မယ်လို့ ကျနော် ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။ ဒါပေမဲ့ ကျနော်မှာ ရောဂါတွေ့ရှိရတဲ့အခါမှာ အချိန်ကုန် မခံဘဲ Bumrungrad ဆေးရုံ Horizon ကင်ဆာဌာနကို သွားရောက်ခဲ့ပါတယ်။” ဤဇာတ်လမ်းသည် ဆွစ်လူမျိုး ရင်းနှီးမြှုပ်နှံသူတစ်ဦးမှ ၄င်း၏ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် ဆုံးဖြတ်ချက်ချခဲ့သူ စတော့ဈေးကွက်တွင် လုပ်ကိုင်နေစဉ် ဆေးရုံ၌ ကင်ဆာရောဂါလူနာဖြစ်လာခဲ့သူ Rudolf ၏ဇာတ်လမ်း ဖြစ်သည်။ 
 

ကင်ဆာနှင့် အားလုံးဆုံးရှုံးရန် ကြောက်ရွံ့ခြင်း 

“ကျနော် ထိုင်းနိုင်ငံကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ပြောင်းရွှေ့အခြေချခဲ့ပါတယ်။ ကျနော်ရဲ့ထိုင်းဇနီးနဲ့ ကျနော်တို့မှာ ကလေး ၂ ယောက် ရှိပါတယ်။ ကျနော် ထိုင်းနိုင်ငံနဲ့ အတော်လေး နီးစပ်တယ်လို့ ခံစားရပြီး ကျနော့်ပင်စင်သက်တမ်းမှာ အိမ်ထောင်ဦးစီးအဖြစ် ပျော်ရွှင်တဲ့ဘဝကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၈ ခုနှစ်မှာ ကျနော့်ရဲ့ ပေါင်ခြံ ညာဘက်ခြမ်းမှာ ထူးဆန်းတဲ့နာကျင်မှု ခံစားရပါတယ်။ အဲဒါက အူကျွံနာတစ်ခုသာ ဖြစ်မယ်လို့ ထင်ခဲ့ပါတယ်။ လအနဲငယ်ကြာရင် ပျောက်သွားလိမ့်မယ်လို့ ထင်ခဲ့ပါတယ်။ လအနဲငယ် ကြာတဲ့အခါ နာကျင်မြဲ နာကျင်နေဆဲ ဖြစ်နေပါတယ်။ ဒါ့အပြင် အဲဒီနေရာက အရေပြားမှာ အနက်ရောင်အစက်အချို့ ပေါ်လာပါတယ်။ အဲဒီနောက် အန္တရာယ်ကို အံတုပြီး ဆေးကုသမှုခံယူဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ကျနော့်မှာ melanoma အရေပြား ကင်ဆာရှိကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။”
 
Horizon ကင်ဆာဌာနတွင် အသေးစိတ်စစ်ဆေးချက်အရ ပေါင်ခြံတွင် စုစုပေါင်း အသားပို ၁၁ ခုတွေ့ရှိရပြီး ၄ ခုမှာ ကင်ဆာဟု အတည်ပြုသည်။ ကင်ဆာရောဂါသည် အဆင့် ၃ သို့ရောက်ရှိနေပြီး သူသည် သူ့မိသားစုအတွက် တဦးတည်းသော ထောက်ပံ့ပေးသူ ဖြစ်နေသောကြောင့် ဤဇာတ်လမ်းပြောပြသည့်အချိန်တွင် သူ၏မျက်နှာ၌ စိုးရိမ်ပူပန်မှုများ ပြန်ထင်ဟပ်လာသည်။ “ကျနော် ကင်ဆာကို တွေ့တွေ့ချင်း ဆေးရုံတက်ခဲ့ပါတယ်။ ကျနော် ကြောက်တယ်။ ကျနော် နာကျင်မှာကို ကြောက်တယ်။ ကျနော် သေမှာ ကြောက်တယ်။ ကျနော်မရှိဘဲ ကျနော့်မိသားစုအနာဂါတ်အတွက်ကိုလည်း ကြောက်တယ်။” ဟု Bumrungrad ဆေးရုံ ခွဲစိတ်ကုသရေးပါရဂူ ဒေါက်တာ Arthi Kruavit မှ ခွဲစိတ်ကုသပေးခဲ့သည့် Rudolf မှ နောက်ကြောင်းပြန် ပြောပြသည်။ “ကျနော် ကုသမှု ခံယူခဲ့ပါတယ်။ ကင်ဆာအသားပိုတွေကို ခွဲထုတ်ခဲ့ပါတယ်။ အရေပြားအစားထိုးကုသမှု ခံယူခဲ့ပါတယ်” 
 

ပြုစုစောင့်ရှောက်မှုကောင်းမွန်ခြင်း ယုံကြည်ချက်ကြီးမားခြင်း 
 

“ကျနော်ရဲ့ ကင်ဆာရောဂါပါရဂူ ဒေါက်တာ Vinai Ariyaprakai နဲ့ ကျနော် စကားပြောပြီးတဲ့အခါ ကျနော့်ရဲ့ကြောက်စိတ်တွေအားလုံး လျော့နည်းသွားပါတယ်။ ကျနော့်ကို ကုသမှုမှာ ယုံကြည်စိတ်ချမှု ဖြည့်ဆည်းပေးတဲ့ ကျနော့်အတွက် ပြန်ကောင်းလာနိုင်တဲ့ အခွင့်အလန်းတွေကို ဆရာဝန်က အသေးစိတ် ရှင်းပြပါတယ်။ ကျနော် အလွန် အားရကြေနပ်မိပါတယ်။ အစစအရာရာ အပိုအလို မရှိဘူးလို့ ထင်ပါတယ်။” ဟု Rudolf မှ သူလက်ခံရရှိသည့် ပြီးပြည့်စုံသောကုသမှုအကြောင်းကို ပြောပြသည်။ “ဆန်းပြားရှုပ်ထွေးမှုတွေ များပြားတဲ့ဘေးထွက်ဆိုးကျိုးတွေ ရှောင်လွှဲမရနိုင်ဘူးဆိုတာ ကျနော် သိပါတယ်။ ဒါပေမဲ့ အဲဒါတွေကို ဆရာဝန်တွေက ကိုင်တွယ်ဖြေရှင်းပုံတွေကို အထူးသဖြင့် အားရကြေနပ်ပါတယ်။ ကျနော့်ရဲ့ ကုသချိန်အတွင်း ကျနော် အမြဲတမ်း အလွန် အားနည်းတယ်လို့ စတင်ခံစားရပါတယ်။ ကျနော် ပင်ပန်းနွမ်းနယ်စွာနဲ့ လျှင်လျှင်မြန်မြန် တိတိကျကျ ရောဂါစစ်ဆေးမှု ခံယူရပါတယ်။ ဒါကို လျှင်မြန်စွာ လုပ်ဆောင်ခဲ့ပါတယ်။ ကျနော့်ဟာ ကူညီပေးသူတွေလက်ထဲမှာရှိတယ်လို့ ခံစားရပါတယ်။”  
 
Rudolf ၏သူငယ်ချင်းအများအပြားမှ သူ၏နိုင်ငံဖြစ်သော ဆွစ်ဇာလန်နိုင်တွင် အဘယ့်ကြောင့် ဆေးကုသမှု မခံယူရသလဲဟု မေးကြပါသည်။ သူသည် ဆွစ်ဇာလန်နိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုစနစ် လက်ခံရယူနိုင်သည်။ “ကျနော် သူတို့ကို ပြောတယ်  ကျနော့်ကို ကုသဖို့အတွက် Horizon ကင်ဆာဌာနရဲ့ စွမ်းရည်ကို ကျနော် အပြည့်အဝ ယုံကြည်တယ်။ ကျနော် သူတို့ရဲ့ ဂုဏ်သတင်းကို သိပြီး ဖြစ်ပါတယ်။ ကျနော့်ရဲ့ကုသမှုအချိန်ကာလအတွင်း သူတို့ဟာ ကျနော့်အတွက် မိသားစုဝင်ပမာ ဖြစ်တယ်ဆိုတာ ကျနော် စတင်ခံစားရပါတယ်။” ဟု Rudolf မှ ယုယကြင်နာစွာ ပြောပြသည်။ “အထူးကျေးဇူးတင်ရမှာကတော့ ဆေးရုံရဲ့ စကားပြန်တွေ ဖြစ်ပါတယ်။ ဒေါက်တာ Vinai က ကျနော့်ကို စိတ်ရှည်စွာ အသေးစိတ်ရှင်းပြတာတွေကို အလွန်ထိထိရောက်ရောက် တိကျသေချာစွာ ဘာသာပြန်ပေးပါတယ်။ သူတို့ကို ကျေးဇူးတင်ပါတယ်။ ကျနော် ဖြစ်ပျက်နေတာတွေအားလုံး နားလည်နိုင်ပါတယ်”
 

ကုသမှုစံချိန်ထက် ပိုမိုခြင်း 

“ကျနော် အဲဒီလို ဆေးရုံကောင်းတစ်ခုမှာ ကုသခွင့်ရတာ အလွန်ကံကောင်းတယ်လို့ ပြောချင်ပါတယ်။ အရည်အသွေးပြည့်ဝတဲ့ ကုသပေးဖို့ စိတ်အားထက်သန်တဲ့ ဆေးကုသရေးဝန်ထမ်းတွေနဲ့ ဆေးကုသမှု ခံရတာ အလွန်ကံကောင်းပါတယ်။ ဆက်သွယ်ရေးမှာ ဘာအခက်အခဲမှ မရှိစေတဲ့ အဲဒီလိုစကားပြန်ကောင်းတွေရှိတာ အလွန်ကံကောင်းပါတယ်။ ကျနော် Horizon ကင်ဆာဌာနကို လာရောက်ခဲ့တာကို အလွန် ဝမ်းသာမိပါတယ်။ ကျနော် လူတိုင်းကို နားလည်ဖို့ ပြောချင်တာကတော့ သူတို့မှာ ကင်ဆာရောဂါ ရှိတယ်လို့ ထင်ရင် အမြန်ဆောင်ရွက်ရပါမယ်။ ရောဂါပျောက်သွားအောင် စောင့်ဆိုင်းမနေပါနဲ့။ အဲလိုဆိုရင် သင် နောင်တ ရပါလိမ့်မယ်။ မျှော်လင့်ချက်နဲ့ ကုသမှု ရယူပါ။ ဒါဆို ကင်ဆာမရှိတော့ဘဲ သင် မကြာခင် ဘဝကို ပျော်ရွှင်နိုင်မှာ ဖြစ်ပါတယ်။”
 
For more information please contact:
  • ဟော်ရီဇွန် ဒေသဆိုင်ရာကင်ဆာဌာန
    Tel. +66 (0) 2011 2222 : Horizon Cancer Center
    Tel. +66 (0) 2011 5999 : Clinical Nurse Coordinator – Cancer
    Tel. +66 (0) 2011 2881 : Clinical Nurse Coordinator – Bone Marrow Transplant
    Tel. +9595105105 : မြန်မာပြည်ရှိ ကျွန်ုပ်တို့၏ကိုယ်စားလှယ်ရုံးသို့ ခေါ်ဆိုရန်။

Related Packages

Related Health Blogs