bih.button.backtotop.text

Selected Filter (s): အားလုံး

ပုံစံ : အားလုံး

အားလုံးကိုရှင်း

အစာအိမ်ကင်ဆာကို မည်သို့ရောဂါရှာဖွေစစ်ဆေးသနည်း။ မှန်ပြောင်းစစ်ဆေးခြင်း၊ အသားစနမူနာစစ်ဆေးခြင်း၊ မှန်ပြောင်းအာထရာဆောင်း နှင့် ကွန်ပျူတာဓာတ်မှန်များအကြောင်းကို နားလည်သဘောပေါက်ခြင်း

​အစာအိမ်ကင်ဆာသည် အစောပိုင်းအဆင့်အခြေအနေများတွင် သတိပြုမိရန် ခက်ခဲနိုင်သည်ကို သင်သိပါသလား။ မကြာခဏအစာမကြေဖြစ်ခြင်း၊ ဝမ်းဗိုက်အထက်ပိုင်းတွင်မအီမသာဖြစ်ခြင်း၊ လေပွခြင်း၊ အစားအသောက်ပျက်ခြင်း သို့မဟုတ် အနည်းငယ်မျှစားလိုက်ရုံဖြင့် ဗိုက်ပြည့်အင့်သွားခြင်း စသည့်လက္ခဏာများသည် သာမန်အစာချေစနစ်ပြဿနာများနှင့် ဆင်တူနိုင်သည်။ ထိုလက္ခဏာများရေရှည်ဖြစ်ပွားနေလျှင်၊ ပိုမိုဆိုးရွားလာလျှင် သို့မဟုတ် အကြောင်းအရင်းအတိအကျမရှိဘဲ ကိုယ်အလေးချိန်ကျခြင်း၊ သွေးအားနည်းခြင်း၊ အစာမျိုရခက်ခြင်း၊ ဝမ်းအမည်းရောင်သွားခြင်း သို့မဟုတ် သွေးအန်ခြင်းများ ယှဉ်တွဲဖြစ်ပေါ်လာပါက ပိုမိုနက်နဲသောစစ်ဆေးမှုများပြုလုပ်ရန် အရေးကြီးပါသည်။

ဆက်ဖတ်ရန်

အသည်းကင်ဆာကို မည်သို့ရောဂါရှာဖွေသနည်း။ အာထရာဆောင်း၊ ကွန်ပျူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန် နှင့် AFP သွေးစစ်မှုတို့ကို နားလည်သဘောပေါက်ခြင်း

​အသည်းကင်ဆာသည် တစ်ခါတစ်ရံတွင် လက္ခဏာများမပြမီကပင် ကြိုတင်တွေ့ရှိနိုင်သည်ကို သင်သိပါသလား။ ရောဂါဖြစ်ပွားနိုင်ခြေမြင့်မားသူများတွင် အာထရာဆောင်းရိုက်ခြင်း သို့မဟုတ် AFP သွေးစစ်ခြင်းတို့က ကနဦးသတိပေးလက္ခဏာကို ဖော်ပြပေးနိုင်ပြီး ကွန်ပျူတာဓာတ်မှန် သို့မဟုတ် သံလိုက်ဓာတ်မှန်များက သံသယဖြစ်ဖွယ် အသည်းအကျိတ်နှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဖော်ပြပေးနိုင်ပါသည်။

ဆက်ဖတ်ရန်

၂၀၂၆ ခုနှစ်၊ ကမ္ဘာ့အသည်းရောင်အသားဝါနေ့ - ရောဂါလက္ခဏာများကိုနားလည်သိရှိပါ၊ စစ်ဆေးမှုခံယူပါ၊ ရောဂါကူးစက်ခြင်းမှကာကွယ်ပါ။

လူ့ခန္ဓာကိုယ်တွင် အသည်းသည် အကြမ်းအခံဆုံးနှင့် သိသာသည့်လက္ခဏာပြလေ့မရှိသော အင်္ဂါအစိတ်အပိုင်းများထဲမှတစ်ခုဖြစ်သည်ကို သင်သိပါသလား။ နာတာရှည်အသည်းရောင်ရမ်းခြင်းသည် သတိပေးလက္ခဏာတစ်စုံတစ်ရာပြလေ့လုံးဝမရှိဘဲ နှစ်ပေါင်းများစွာ တဖြည်းဖြည်းဆိုးရွားလာတတ်သောကြောင့် လူအများစုမှာ နောက်ဆက်တွဲဆိုးကျိုးများမပေါ်ပေါက်လာမချင်း  ထိခိုက်ပျက်စီးမှုရှိနေသည်ကို သတိမထားမိကြပေ။

ဆက်ဖတ်ရန်

ကြည်လင်ပြတ်သားသောအမြင်အာရုံ နှင့် တောက်ပသောအနာဂတ် : Dr. Ngamjit Kasetsuwan မှဆွေးနွေးပြောကြားသောမျက်လုံးစောင့်ရှောက်ကုသမှုအသွင်ပြောင်းလဲခြင်း

Dr. Ngamjit Kasetsuwan သည် မျက်ကြည်လွှာကျန်းမာရေး နှင့် အတွင်းတိမ်ကုသမှု၊ အမြင်ပိုင်းဆိုင်ရာပြုပြင်ခွဲစိတ်မှုများတွင် နှစ်ပေါင်း ၃၀ ကျော်ခန့်အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများရရှိထားပြီးဖြစ်သည့် ကျော်ကြားသောမျက်စိအထူးကုဆရာဝန်ကြီးတစ်ဦးဖြစ်သည်။ Chulalongkorn တက္ကသိုလ်မှဆေးပညာဘွဲ့ကိုရရှိခဲ့သော ဆရာဝန်တစ်ဦးအနေဖြင့် သူမ၏အရည်အချင်းများပိုမိုပြည့်ဝကောင်းမွန်စေရန် The University of Southern California တွင်ထပ်မံလေ့လာသင်ကြားခဲ့ပြီး အမြင်အာရုံတိုးမြှင့်ခြင်းနှင့် အသွင်ပြောင်းလဲခြင်းဆိုင်ရာ ခေတ်မီမျက်လုံးစောင့်ရှောက်ကုသမှုနယ်ပယ်တွင် ဦးဆောင်သူတစ်ဦးဖြစ်လာခဲ့သည်။

ဆက်ဖတ်ရန်

Dr. Maytinee Sirimaharaj မှဆွေးနွေးအကြံပြုထားသောအမြင်အာရုံကာကွယ်ထိန်းသိမ်းခြင်း

Dr. Maytinee Sirimaharaj သည် မျက်လုံးဆိုင်ရာစောင့်ရှောက်ကုသမှုအပိုင်းတွင် ဆယ်စုနှစ်သုံးစုမကသောအတွေ့အကြုံများစွာရရှိထားပြီးဖြစ်သည့် မျက်စိအထူးကုဆရာဝန်တစ်ဦးဖြစ်သည်။ Siriraj ဆေးရုံ၊ Mahidol တက္ကသိုလ်မှဆေးပညာဘွဲ့ကိုရရှိခဲ့ပြီး Ramathibodi ဆေးရုံကြီးတွင်မျက်လုံးနှင့်အမြင်ဗေဒဆိုင်ရာမဟာဘွဲ့ကိုလည်း ထပ်မံတတ်မြောက်ပြီးစီးခဲ့သည်။ သူမသည်မြင်လွှာနှင့်သက်ဆိုင်သောရောဂါများ၊ အတွင်းတိမ်ကုသမှုများနှင့် အထွေထွေမျက်လုံးကျန်းမာရေး စသောနယ်ပယ်များတွင်အထူးပြုကုသပေးလျှက်ရှိသည်။ Australia နိုင်ငံ Sydney Eye Hospital ၏မြင်လွှာဆိုင်ရာသုတေသနအဖွဲ့ဝင်တစ်ဦးဖြစ်နေခြင်းကြောင့် သူမ၏ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုအရည်အသွေးများကိုပိုမိုတိုးမြှင့်ခိုင်မာစေခဲ့သည်။

ဆက်ဖတ်ရန်

ထိရောက်သော Sinus ကုသမှုနည်းလမ်းများ ခွဲစိတ်မှုအမျိုးအစားများနှင့် ပြန်လည်ကုစားခြင်းသဘောသဘာဝ

ဘမ်ရွန်ဂရက်ဆေးရုံကြီး၏ နား၊ နှာခေါင်းနှင့်လည်ချောင်းအထူးကုစင်တာတွင် နှာခေါင်းတွင်းလေလမ်းကြောင်းဆိုင်ရာရောဂါအခြေအနေအမျိုးမျိုးအတွက် အဓိကကုသမှုနည်းလမ်းမှာ Sinus ခွဲစိတ်မှုပင်ဖြစ်သည်။ ဤခွဲစိတ်မှုသည် လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်ခန့်ကပြန်လည်ဆန်းသစ်ထားသော မှန်ပြောင်းအသုံးပြုခွဲစိတ်မှုနည်းလမ်းကိုအခြေခံထားသည်။ ဤသို့ခွဲစိတ်ဖြတ်တောက်မှုနည်းပါးသောနည်းလမ်းသည် သမားရိုးကျကုသမှုများနှင့်ကုသသော်လည်း မပျောက်ကင်းနိုင်ပဲကျန်ရှိနေသည့် ဆိုးရွားသော Sinus ပြဿနာများကိုကုသရာတွင်အဓိကအသုံးပြုပြီး နှစ်ရှည်နှာခေါင်းတွင်းလေလမ်းကြောင်းရောင်ရမ်းခြင်း၊ နှာခေါင်းတွင်းအသားပိုဖြစ်ပွားခြင်းမှသည် မျက်လုံးနှင့်နှာခေါင်းတို့ကိုဆက်သွယ်ထားသောမျက်ရည်ပြွန်ပိတ်ဆို့ခြင်း၊ နှာခေါင်းနှင့်နှာခေါင်းပတ်လည်ရှိ လေလမ်းကြောင်းဧရိယာအတွင်းကင်ဆာဖြစ်ပွားခြင်း စသော ရှုပ်ထွေးခက်ခဲသည့်ရောဂါအခြေအနေများအထိဖြေရှင်းကုသနိုင်သည်။

ဆက်ဖတ်ရန်

ဆီးချိုနှင့်မြင်လွှာထိခိုက်ပျက်စီးခြင်း : စောစီးစွာရောဂါရှာဖွေစစ်ဆေးခြင်း နှင့် အမြင်အာရုံထိန်းသိမ်းကာကွယ်ခြင်း

Diabetic Retinopathy ဆိုသည်မှာ ဆီးချိုရောဂါ၏ ဆိုးရွားသောနောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်ပြီး ကုသမှုမခံယူလျှင် အမြင်အာရုံပျက်စီးခြင်း သို့မဟုတ် မျက်စိကွယ်သည်အထိဖြစ်စေနိုင်သည်။ သွေးတွင်းသကြားဓာတ်မြင့်မားလာခြင်းက မြင်လွှာအတွင်းရှိသွေးကြောများကိုဖျက်ဆီးပစ်လိုက်ပြီး ဤအခြေအနေသည်သိသာသောလက္ခဏာပြလေ့မရှိပဲတိတ်တဆိတ်ဖြစ်ပွားလေ့ရှိသည်။ ဖြစ်ပွားလေ့ရှိသောလက္ခဏာများ၊ ဖြစ်နိုင်ချေအန္တရာယ်များနှင့် ကုသနိုင်သောနည်းလမ်းများကိုသိရှိထားခြင်းဖြင့် ရောဂါအခြေအနေပိုမိုဆိုးရွားလာခြင်းမှကာကွယ်တားဆီးနိုင်သည်။

ဆက်ဖတ်ရန်

၂၀၂၅ တုပ်ကွေးကာကွယ်ဆေး၊ မျိုးစိတ်အသစ်များ

၂၀၂၅ ခုနှစ် တောင်ဘက်ကမ္ဘာဝန်းကျင်အတွက် လေးမျိုးပေါင်းစပ် ဗိုင်းရပ်စ်တုပ်ကွေးကာကွယ်ဆေးကို Bumrungrad ဆေးရုံတွင် အများပြည်သူအတွက် ရရှိနိုင်ပါပြီ။

ဆက်ဖတ်ရန်

ဦးခေါင်းခွံအောက်ပိုင်းခွဲစိတ်မှု

ဦးခေါင်းခွံအောက်ပိုင်းခွဲစိတ်မှုဆိုသည်မှာ ဦးနှောက်၊ ဦးခေါင်းခွံနှင့် မျက်နှာ၏ဖွဲ့စည်းမှုအစိတ်အပိုင်းများအားလုံးစုဝေးရာ အရေးကြီးဆုံမှတ်နေရာတွင် ဖြစ်ပွားတတ်သောပြဿနာများကို ဖော်ထုတ်ကုသပေးနိုင်မည့် အထူးပြုပညာရပ်တစ်ခုဖြစ်သည်။ ဆန်းသစ်သောနည်းပညာ နှင့် ဖြတ်တောက်ထိုးဖောက်မှုနည်းပါးသောနည်းလမ်းများကြောင့် ခွဲစိတ်မှုလုပ်ဆောင်ရာတွင် ဤနယ်ပယ်အတွင်းရှိခေတ်အမီဆုံးသောတီထွင်မှုများကိုတွေ့မြင်နိုင်သည်။ ထိုခေတ်မီတိုးတက်မှုများသည် ခွဲစိတ်ရာတွင်တိကျမှန်ကန်မှုရှိစေရုံသာမက ခွဲစိတ်မှုရလဒ်နှင့်လူနာများ၏ဘဝအရည်အသွေးကို သိသိသာသာတိုးတက်ကောင်းမွန်စေသည်။

ဆက်ဖတ်ရန်