bih.button.backtotop.text

ရင်သားကင်ဆင်ကုသနည်းသစ် Horizon တွင် ကုသနိုင်ပါပြီ

“ကမ္ဘာ့ကင်ဆာကျွမ်းကျင်သူများထံမှ ရင်သားကင်ဆာလူနာများအတွက် မျှော်လင့်ချက်သစ် သတင်းကောင်း”
 

အမေရိကန်နိုင်ငံ အစားအစာနှင့်ဆေးဝါးစီမံခန့်ခွဲရေးဌာန (FDA) သည် ရောဂါပြင်းထန်သော သို့မဟုတ် ရောဂါပြန့်ပွားမှု အဆင့်ရှိသော ရင်သားကင်ဆာလူနာများအတွက် ဟောမုန်းဖြင့်ကုသမှုဆေးဝါးဖြစ်သည့် alpelisib နှင့် fulvestrant တွဲဖက်သုံးစွဲခြင်းကို ခွင့်ပြုခဲ့သည်။ ဤကဲ့သို့ တွဲဖက်သုံးစွဲခြင်းသည် PIK3CA ဗီဇပြောင်းကင်ဆာဆဲလ်လူနာများအတွက် ကုသမှုပိုမိုထိရောက်စေသည်။ အစားအစာနှင့် ဆေးဝါးစီမံခန့်ခွဲရေးဌာန (FDA) သည် သွေးနမူနာနှင့် အသားစနမူနာများတွင် PIK3CA ဗီဇပြောင်းလဲမှု ရှာဖွေစစ်ဆေးရန် therascreen တွဲဖက်စစ်ဆေးခြင်းကိုလည်း ခွင့်ပြုခဲ့သည်။


၂၀၁၉ ခုနှစ်မေလ ၂၄ ရက်နေ့၌ အမေရိကန်လက်တွေ့ကင်ဆာကုသရေးအဖွဲ့အစည်း (ASCO) နှစ်ပတ်လည်ညီလာခံဖြစ်သည့် ကမ္ဘာ့အကြီးဆုံးကင်ဆာညီလာခံတွင် alpelisib နှင့် fulvestrant တွဲဖက်သုံးစွဲခြင်းသည် ရင်သားကင်ဆာလူနာများတွင် ကင်ဆာဆဲလ် ပြန့်နှံ့မှု နှေးကွေးနိုင်ပြီး fulvestrant တစ်မျိုးတည်းသုံးစွဲခြင်းထက် ၂ ဆခန့် နှေးကွေးကြောင်း ထုတ်ဖော် ပြောခဲ့သည်။


ညီလာခံတွင် ribociclib နှင့် ဟော်မုန်းကုထုံးဆေးဝါးတို့ တွဲဖက်သုံးစွဲမှုကို အားပေးသည့် သုတေသနတွေ့ရှိချက်ကိုလည်း ထုတ်ဖော်ပြောခဲ့သည်။ ရောဂါပြင်းထန်သော သို့မဟုတ် ရောဂါပြန့်ပွားမှု အဆင့်ရှိသော သွေးဆုံးချိန်မတိုင်မီလူနာများအတွက် ရည်ရွယ်ခဲ့ပြီး ribociclib သည် ဟော်မုန်းကုထုံးတစ်မျိုးတည်း ကုသခြင်းနှင့် နှိုင်းယှဉ်ပါက ၅၀% နီးပါး အသက်ရှင်သန်မှုနှုန်း ပိုများစေကြောင်း တွေ့ရှိရသည်။ ဤတွေ့ရှိချက်သည် ယခင်က သွေးဆုံးချိန်မတိုင်မီလူနာများအတွက်သာ သင့်တော်သည်ဟု ယူဆခဲ့သောကြောင့် ဤတွေ့ရှိချက်ကြောင့် အဆိုပါကုထုံးဖြင့် အကျိုးရှိသည့် လူနာအရေအတွက် အလွန်များပြားလာသည်။


သို့သော်လည်း alpelisib သည် ပြင်းထန်သည့်အရေပြားပြဿနာရှိသူလူနာများ ဥပမာ Steven-Johnson syndrome, Erythema multiforme (EM), or Toxic Epidermal Necrolysis (TEN) လူနာများအတွက် မသင့်လျော်ကြောင်း FDA မှ သတိပေးထားသည်။


အမေရိကန်နိုင်ငံ အစားအစာနှင့်ဆေးဝါးစီမံခန့်ခွဲရေးဌာန (FDA) ၏ alpelisib နှင့် fulvestrant တွဲဖက်သုံးစွဲခြင်းနှင့် therascreen တွဲဖက်စစ်ဆေးခြင်း ခွင့်ပြုချက်နှင့် ယခင်ကခွင့်ပြုပြီးဖြစ်သော လူငယ်ပိုင်းလူနာများတွင် ribociclib နှင့် ဟော်မုန်းကုထုံး တွဲဖက်သုံးခြင်းအပေါ် နောက်ဆုံးတိုးတက်မှုများသည် အလွန်အပြုသဘောဆောင်သောသတင်း ဖြစ်ပါသည်။ ဤတွဲဖက်ကုသမှု အောင်မြင်မှုအပေါ်အခြေခံ၍ အခြားနိုင်ငံများရှိ ကျန်းမာရေးဌာနများသည် မကြာမီအနာဂါတ်တွင် ဤကုသမှုအစီအစဉ်ကို အသုံးပြုလာလိမ့်မည် ဖြစ်သည်။ ယခုအခါ ကမ္ဘာပေါ်ရှိ ရင်သားကင်ဆာလူနာများသည် ကောင်းမွန်သည့်ဘဝအရည်အသွေးဖြင့် ပိုမိုကြာမြင့်စွာ အသက်ရှင်နိုင်ရန် မျှော်လင့်ချက်သစ် ရှိလာပြီဖြစ်သည်။
 
For more information please contact:
  • ဟော်ရီဇွန် ဒေသဆိုင်ရာကင်ဆာဌာန
    Tel. +66 (0) 2011 2222 : Horizon Cancer Center
    Tel. +66 (0) 2011 5999 : Clinical Nurse Coordinator – Cancer
    Tel. +66 (0) 2011 2881 : Clinical Nurse Coordinator – Bone Marrow Transplant
    Tel. +9595105105 : မြန်မာပြည်ရှိ ကျွန်ုပ်တို့၏ကိုယ်စားလှယ်ရုံးသို့ ခေါ်ဆိုရန်။

Related Packages

Related Health Blogs