bih.button.backtotop.text

ဘဝ၏ကြေးမုံ : ကင်ဆာရောဂါလွတ်မြောက်သူထံမှ ရောင်ပြန်ဟပ်မှုများ

“ကျမရဲ့ မောင်လေးမှာ ဖြစ်နေတာတွေက ကျမရဲ့ဘဝကို ပုံရိပ်ထင်ဟပ်နေပါပြီ။ သူ့ကို ကျမလုပ်ခဲ့သလို ကင်ဆာရောဂါ မခံစားစေချင်ပါဘူး။ ကျမ သူ့ကို ကင်ဆာရောဂါပျောက်ကင်းအောင် တတ်နိုင်သမျှ လုပ်ရပါမယ်။” ဤပြောစကားများသည် ကမ္ဘောဒီးယားနိုင်ငံမှ ငယ်ရွယ်သောစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်သူ Srey Ly ၏ ပြောကြားချက် ဖြစ်ပါသည်။ သူမ၏မိသားစုတွင် ကံကြမ္မာသည် အလွန်အရေးပါသောဂိမ်းတစ်ခု ကစားနေသည်ဟု ထင်ရသည်။ သူမတွင် နှာခေါင်းကင်ဆာရှိကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် သူမ၏မောင်တွင်လည်း အလားတူလိုက်လံဖြစ်ပွားခဲ့သည်။

Srey Ly ၏ဇာတ်လမ်းသည် ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့သည်။ သူမ၏ကိုယ်ခန္ဓာတွင် ထူးထူးဆန်းဆန်းဖြစ်ပွားမှုအချို့ ဖြစ်ပွားကြောင်း သတိထားမိခဲ့သည်။ Srey Ly သည် ထိုင်းနိုင်ငံအကြောင်း အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအမျိုးအစားမရွေး ကုသရာဌာန တစ်ခုအဖြစ် Bumrungrad အပြည်ပြည်ဆိုင်ရာဆေးရုံအကြောင်း အနည်းငယ်သာ သိရှိသည်။ သို့သော်လည်း သူမ၏ သူငယ်ချင်းများကဲ့သို့ သူမသည် ဗီယက်နမ်နိုင်ငံရှိ ဆေးပညာဆိုင်ရာဝန်ဆောင်မှုများကို ပိုမိုသတိထားမိပြီး သူမသည် ဗီယက်နမ်နိုင်ငံတွင် ဆေးကုသမှုခံယူရန် ဆုံးဖြတ်ခဲ့သည်။ ချက်ချင်းဆိုသလို သူမသည် ပြန်ရည်ကျိတ်ဂလင်းများ (Lymph nodes) ရောင်ရမ်းလာကြောင်း တွေ့ရှိရသည်။ နောက်ပိုင်းတွင် ၂.၈ စင်တီမီတာအရွယ် ကင်ဆာအသားပိုကို သူမ၏ နှာခေါင်းတွင် တွေ့ရှိရသည်။ ချက်ချင်းခွဲစိတ်ကုသရန် အကြံပေးခဲ့သည်။ 

သူမသည် ကုသမှုနှင့်ပတ်သက်၍ မည်သည့်တိုးတက်မှုအခွင့်အလန်းမျှ မရရှိခဲ့ပါ။ ထို့ကြောင့် သူမသည် သူမကိုယ်တိုင် သုတေသနအချို့ လုပ်ဆောင်ခဲ့သည်။ သူငယ်ချင်း၏အကြံပေးချက်ကြောင့် အာရှတိုက်တွင် အကောင်းဆုံး ကင်ဆာရောဂါ ကုသရေးဌာနတစ်ခုအနေဖြင့် Bumrunggrad အပြည်ပြည်ဆိုင်ရာဆေးရုံ၏ နာမည်ကျော်ကြားမှုကို ရှာဖွေတွေ့ရှိခဲ့သည်။ ကျွမ်းကျင်မှုအဆင့်အတန်း၊ ကုသရေးဆိုင်ရာပြီးပြည့်စုံမှုနှင့် သူမကြားသိခဲ့သော အပြုသဘောဆောင်သည့် မှတ်ချက်များသည် သူမအား ဆေးရုံ၏ကုသမှုတွင် သူမ၏ဘဝကို ယုံကြည်စိတ်ချရန် ဆုံးဖြတ်ချက်ချရေးကို သဘောကျနှစ်သက်မှု ရှိခဲ့သည်။ 


ကုသရေး : ဓာတ်ရောင်ခြည်ကုထုံးနှင့် ဓာတုကုထုံး 

 
“ကျမ ဆေးရုံကို ပထမဆုံး ရောက်ရှိတဲ့အခါ ကျမကို နား နှခေါင်းနဲ့ လည်ချောင်းဌာနက ဒေါက်တာ Vitchaphan Hemrungrojn နဲ့ မိတ်ဆက်ပေးပါတယ်။ ဒေါက်တာ Vitchaphan က အသားစဓာတ်ခွဲစမ်းသပ်ဖို့ ညွှန်ကြားပြီး ငါးရက်အကြာမှာ အဖြေထွက်ပါတယ်။ ဓာတ်ခွဲစမ်းသပ်ချက်အဖြေက ကျမရဲ့ နှာခေါင်းမှာ ကင်ဆာအကျိတ်ရှိကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါ့ကြောင့် ကျမရဲ့ကုသမှုကို အချိန်ကုန်မခံဘဲ ဓာတ်ရောင်ခြည်နှင့် ရောင်ခြည်ကုထုံးပါရဂူ ဒေါက်တာ Apichart Panichevaluk သို့ လွှဲပြောင်းပေးခဲ့ပါတယ်။”
 
သူမ၏ ကင်ဆာအမျိုးအစားသည် ဓာတုကုထုံးနှင့် ဓာတ်ရောင်ခြည်ကုထုံး တပြိုင်တည်းလိုအပ်သောကြောင့် Srey Ly အား ဓာတုကုထုံးဆိုင်ရာ ကြည့်ရှုစောင့်ရှောက်ရန် ဆေးဘက်ဆိုင်ရာကင်ဆာပါရဂူ ဒေါက်တာ Surasit Issarachai သို့ လွှဲပြောင်းပေးခဲ့သည်။ ဆေးပညာရှူထောင့်များအရ နှာခေါင်းကင်ဆာသည် ကုသမှုအောင်မြင်မှုနှုန်း အလွန်မြင့်မားသည်။ ဘေးထွက်ဆိုးကျိုးအလွန်ပြင်းထန်သောကြောင့် ကုသမှု အလွန်ခက်ခဲသည်။ Srey Ly သည် တစ်ပတ်လျှင် ဓာတ်ရောင်ခြည်ကုထုံး အနည်းဆုံး ငါးကြိမ် ခံယူရန် လိုအပ်သည်။ 
 
“ကျမရဲ့ကုသမှုက ဓာတ်ရောင်ခြည်နဲ့ ဓာတုကုထုံးနှစ်မျိုး လိုအပ်ပါတယ်။ ဆရာဝန်တွေရဲ့ လုပ်ကိုင်ဆောင်ရွက်နည်းတွေကို ကျမ အလွန် သဘောကျပါတယ်။ ကျမ ဓာတ်ရောင်ခြည်ကုထုံး အနည်းဆုံး ၃၅ ကြိမ်ထက်မနဲ ခံယူရပါမယ်။ ဒေါက်တာ Apichart က ဘေးထွက်ဆိုးကျိုးကြောင့် အလွန်ဆိုးရွားနာကျင်သော်လည်း ကျမကို စိတ်ဓာတ်မကျဖို့ အမြဲ အားပေးပါတယ်။ ကျမ ရေတောင် သောက်ရခက်ပါတယ်။ တကယ်ကို နာကျင်ပါတယ်။ ဒါပေမဲ့ ကျမ ဒါကို ကြံ့ကြံ့ခံ ရင်ဆိုင်ရပါမယ်။ ဆရာဝန်တွေပေးတဲ့ အကိုက်အခဲပျောက်ဆေးက ကျမအတွက် သောက်ရ ပိုလွယ်ကူစေပါတယ်။ ဒါ့ကြောင့် ကျမ စားနိုင်သမျှ စားပြီး နောက်တကြိမ် ကုသမှုအတွက် အဆင်သင့် ဖြစ်နေပါတယ်။ အရေးအကြီးဆုံးအရာကတော့ ကျမရဲ့ စိတ်ဓာတ် ဖြစ်ပါတယ်။ ကျမ နာကျင်နေသော်လည်းဘဲ ကျမရဲ့စိတ်ဓာတ်က ဘယ်တော့မှ အရှုံးမပေးပါဘူး။ ကျရဲ့ဆေးကုသချိန် ခုနှစ်ပါတ်ကျော်မှာ ဆရာဝန်တွေက ကျမကို ယုံကြည်စိတ်ချမှု ဖြစ်ပွားရေးအတွက် ဘယ်တော့မျှ မပျက်ကွက်ခဲ့ပါဘူး။”


အစ်မမှ မောင်လေးဆီသို့ 
 

“ကျမရဲ့ကလေးတွေ ကျမမောင်လေးနဲ့ ကျမရဲ့အခြားမိသားစုအတွက် ကျမကို ကူညီပေးနေတဲ့ ကျမရဲ့ကုသမှုကို ဆောင်ရွက်ပေးတဲ့ ဆရာဝန်သုံးယောက်ကို ကျမ အရမ်းကြည်ညိုလေးစားပါတယ်။” ဟု Srey Ly ဟု ပြောပြသည်။ ထူးထူးဆန်းဆန်းတချို့ ကျမ သတိထားမိသည့်အချိန်အထိ အစစအရာရာ အဆင်ပြေခဲ့ပါတယ်။ ပြန်ရည်ကျိတ်ဂလင်းများ (lymph nodes) ရောင်ရမ်းတာ၊ နှာခေါင်းပေါက်အတွင်း အသားပိုကြီးလာတာ စတာတွေအားလုံး ပြန်ဖြစ်လာပါတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာ သူမ၏မောင်လေးတွင် ဖြစ်ပွားခြင်း ဖြစ်သည်။  
 
“ကျမရဲ့မောင်လေးကို ဆေးစစ်ဖို့ ကျမခေါ်လာတဲ့အချိန်မှာ ကျမရဲ့ပြီးခဲ့တဲ့ အတွေ့အကြုံတွေကို တုန်လှုပ်ခြောက်ချားစွာ ပြန်မြင်ယောင်ခဲ့ပါတယ်။ ပြန်ရည်ကျိတ်ဂလင်းများ ရောင်ရမ်းခြင်းမှအစ တူညီတဲ့နေရာမှာ အကျိတ်ကြီးထွားမှုအထိ ဖြစ်ပါတယ်။ ကုသမှုအစီအစဉ်တွေက တိတိကျကျ တူညီနေပေမဲ့လဲ!” Srey Ly မှ ပြန်ပြောပြီး သူမကို အံ့သြမှု ဖြစ်စေသည်။ “ကျမရဲ့ မောင်လေး ကုသမှုခံယူရင် ကြုံတွေ့ရမဲ့ နာကျင်မှုနဲ့ ခံစားမှုတွေအားလုံးကို ကျမ ကောင်းကောင်းကြီး သိပါတယ်။ ကျမ သူ့ကို တတ်နိုင်သမျှ အားပေးပါတယ်။ ကျမ သူ့ကို ကူညီထောက်ပံ့ဖို့ အစစအရာရာ တစ်ခုမကျန် လုပ်ခဲ့ပါတယ်။ ကျမ ကုသပျောက်ကင်းတယ်။ ဒါဆို သူလဲဘဲ ပျောက်ကင်းလိမ့်မယ်။”


ကင်ဆာရောဂါက သူမ၏မိသားစုတွင် တဖန်ပြန်ဖြစ်ခဲ့လျှင် ဘာလုပ်မလဲ? 

 
“ဘာဘဲ ဖြစ်ဖြစ် ဖြစ်မဲ့အရာကတော့ ဖြစ်မှာဘဲ။ တစ်ခုခုဖြစ်ခဲ့ရင် ကျမတို့ မဖြစ်အောင်ပြန်လုပ်လို့ မရဘူး။ ကျမတို့ တနည်းနည်းနဲ့ ရင်ဆိုင်ရမှာဘဲ။ ရှေ့ဆက်လျှောက်ရမှာဘဲ။ ကင်ဆာရောဂါက ကျမမှာ ဖြစ်သလိုမျိုး ကျမကလေးကို ဖြစ်ခဲ့ရင် ကျမ ရောဂါပျောက်အောင် အစစအရာရာ လုပ်လိမ့်မယ်။ ကျမ Horizon ကင်ဆာဌာနမှာ ရနိုင်တဲ့ နံပါတ်တစ်အဆင့်အတန်း ကုသစောင့်ရှောက်မှု မှန်သမျှကို အဆုံးစွန် ယုံကြည်စိတ်ချမှု ရှိပါတယ်။ ဘာဘဲ ဖြစ်ဖြစ် ကျမတို့ ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ ကျမ ယုံကြည်ပါတယ်။ ဒါပေမဲ့ သေချာတာကတော့ လုံးဝ မဖြစ်ပွားတာက ပိုကောင်းပါတယ်” ဟု သူမသည် အပြုံးဖြင့် ပြောပြသည်။ 
For more information please contact:
  • ဟော်ရီဇွန် ဒေသဆိုင်ရာကင်ဆာဌာန
    Tel. +66 (0) 2011 2222 : Horizon Cancer Center
    Tel. +66 (0) 2011 5999 : Clinical Nurse Coordinator – Cancer
    Tel. +66 (0) 2011 2881 : Clinical Nurse Coordinator – Bone Marrow Transplant
    Tel. +9595105105 : မြန်မာပြည်ရှိ ကျွန်ုပ်တို့၏ကိုယ်စားလှယ်ရုံးသို့ ခေါ်ဆိုရန်။

Related Packages

Related Health Blogs