bih.button.backtotop.text

သွေးဖြူဥကင်ဆာ ကုသမှု အတွက် ကလေးငယ်လေး တစ်ဦးထံမှ ပေးပို့လာသည့် စိတ်ဓာတ်အားမာန်

սեպտեմբերի 19, 2019
“သမီးအတွက် ဖေဖေ အသက်ရှင်ရမယ်၊ ဖေဖေ ရောဂါ ပျောက်ရမယ်” သွေးဖြူဥကင်ဆာ ဖြစ်ပေါ်ခံစား နေရသည့် ဖခင် ဖြစ်သူထံသို့ အီသီယိုးပီးယားရှိ 3 နှစ် အရွယ် သမီးငယ်လေး၏ ဖုန်းလိုင်းထဲမှ အားပေးသံသည် Mr. Ashebir Yimam အတွက် ဘမ်ရွန်ဂရက် ဆေးရုံရှိ Horizon ကင်ဆာဗဟိုဌာနသို့ လာရောက်၍ ဆေးဝါးကုသမှု ခံယူ နေရသည့် တိုက်ပွဲဝင် ဆုံးဖြတ်ချက်ကို ပိုမို သေချာ ခိုင်မာစေခဲ့ပါသည်။

(2014) နှစ်ပိုင်းသည် Mr. Ashebir Yimam အတွက် အလှည့်အပြောင်း ကာလဟု ဆိုနိုင်ပါသည်။ ထိုအချိန်၌ ၎င်းသည် အီသီယိုးပီးယားနိုင်ငံတွင်းရှိ ကုမ္ပဏီ တစ်ခု၌ Data Collector အဖြစ် တာဝန် ထမ်းဆောင်နေစဉ် အတွင်း အလုပ်တာဝန် ဆက်လက် ထမ်းဆောင်မှု ပြုနိုင်စွမ်း မရှိတော့သည် အထိ မူမမှန်သည့် ပင်ပန်းနွမ်းနယ်မှု ဖြစ်လျက် ဒေသတွင်းရှိ ဆေးရုံ၌ တက်ရောက် ကုသမှု ခံယူခဲ့ရပါသည်။ “အစမှာတော့ ကျွန်တော့်မှာ ရောဂါ တစ်စုံတစ်ခု ဖြစ်ခဲ့မယ်လို့ လုံးဝ မထင်ထားခဲ့ပါဘူး။ ခန္ဓာကိုယ်က ကျန်းမာ ကြံ့ခိုင်နေတာကိုး။ အလုပ် ပြင်းပြင်းထန်ထန် လုပ်ခဲ့ရလို့ ပင်ပန်း နေတာပဲ ဖြစ်မှာပါ ဆိုပြီး ထင်ခဲ့ပါတယ်။ ဒါပေမယ့် ဆရာဝန်က အသေးစိတ် စစ်ဆေးပြီး နောက်မှာတော့ ကျွန်တော့်မှာ  သွေးဖြူဥ ကင်ဆာ ဖြစ်နေတယ်လို့ သိခဲ့ရတာပါ” ဟု သူ၏ နာမကျန်းဖြစ်ခဲ့မှု ဖြစ်စဉ် အစပိုင်းကို ပြန်ပြောင်း ပြောပြ ခဲ့ပါသည်။

 

ထိုင်းနိုင်ငံ၌ ကုသမှု ခံယူရန် ရွေးချယ်လိုက်သည့် အကြောင်းရင်း

  “ဆုံးဖြတ်ချက် ချမှတ်ရန် ပြင်ဆင်နေတဲ့ ကာလမှာ ဘမ်ရွန်ဂရက် ဆေးရုံရဲ့ ခေတ်မှီပြီး ပိုမို ကောင်းမွန်တဲ့ ကုသမှု၊ ဘက်စုံပြည့်စုံတဲ့ ကုသစောင့်ရှောက်မှု တို့အပြင် ဆေးရုံနာမည် ဂုဏ်သတင်း ကောင်းမွန်မှု တို့နှင့် စပ်လျဉ်းတဲ့ အချက်အလက်နှင့် စပ်ဆိုင်ရာ အကြံပြုလမ်းညွှန်ချက်တွေကို ကုမ္ပဏီရဲ့ ဆရာဝန်ထံမှနေပြီး ရရှိခဲ့ပါတယ်” အဆိုပါ အချက်များသည်ပင်လျင် Mr. Ashebir Yimam ကို ဤနေရာသို့ လာရောက် ကုသမှု ခံယူမှုပြုရန် ရွေးချယ် ဖြစ်စေသည့် အကြောင်းရင်း ဖြစ်ပြီး၊ အဖော်အဖြစ် သူ၏ အမတစ်ယောက်တည်းသာ ပါလာခဲ့သည့် အချက်က သူ့အား အနည်းငယ် စိုးရွံ့အားငယ်မှု ဖြစ်စေခဲ့သည်ကို တွေ့ရပါသည်။

 
 

ရိုလာကိုစတာ စီးနေရသလို ကုသမှုကာလ

          အစဦးပိုင်း ကုသမှုကာလ အဆင့်၌ လူနာများစွာတွင် စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာ တစ်ချို့နှင့် ရင်ဆိုင် ရနိုင်သည်။ ရောဂါ အခြေအနေသည် တက်လိုက် ကျလိုက် တစ်ချို့နေ့၌ နေရ ကောင်း၍ တစ်ချို့နေ့၌ နေထိုင်ရ မကောင်းဟု ခံစားရနိုင်သည်။ Mr. Ashebir Yimam မှ သူသည်လဲ ဤသို့ ခံစားချက် ဖြစ်ပေါ်ခဲ့မှုအား ရိုလာကိုစတာ စီးနေရ သကဲ့သို့ပင် ပြုံးပျော်မှု တလှည့်၊ စိုးကြောက်မှု တလှည့် ဖြစ်ခဲ့ရကြောင်း ပြန်လည် ဖောက်သည်ချ ပြောပြ ခဲ့ပါသည်။ သူသည် ကီမိုဓာတုကုထုံးနှင့် ဓာတ်ကင်မှုကို 21 ရက် တစ်ကြိမ် 6 Cycle အထိ ပြုလုပ်ခဲ့ရပါသည်။ ကုသမှု ဆိုင်ရာ ရလဒ်နှင့် အရာ အားလုံးသည်လဲ ကောင်းမွန်နေခြင်းကြောင့် သူ့တွင် မျှော်လင့်ချက်များ ပြန်လည် ပြည့်လျှမ်း လာခဲ့ပါသည်။ အဆုံးတွင် သူ၏ ကုသမှုတာဝန်ခံ ဆရာဝန် ဖြစ်သူ သမားတော်ကြီး ဒေါက်တာ ဝိချင်မှ နေ၍ သူ့အား Stem Cell (သို့) ရိုးတွင်းခြင်ဆီ အစားထိုး လဲလှယ်မှု နည်းလမ်းဖြင့် ကုသမှု ခံယူပါလျင် သူသည် သွေးဖြူဥကင်ဆာမှ နေ၍ 100 % အမြစ်ပြတ် ပျောက်ကင်းနိုင်ကြောင်း ပြောပြလာခဲ့ပါသည်။

          “Stem Cell ဖြင့် ကုသမယ် ဆိုရင် ကျွန်တော့် ရောဂါကို လုံးဝ သေချာပေါက် အမြစ်ပြတ်အောင် ကုသနိုင် မယ်လို့ သမားတော်ကြီး ဒေါက်တာ ဝိချင်က ပြောပါတယ်။ ကျွန်တော် အရမ်း ဝမ်းသာသွားပါတယ်။ ကျွန်တော့် အမကို စစ်ဆေးချက်အရ အမရဲ့ Stem Cell က မိမိနှင့် ကိုက်ညီမှု ရှိပြီး ဆရာဝန်ကနေ မင်း ဘဝအသစ် ပြန်ရ  နိုင်တော့ မယ်လို့ ပြောပြခဲ့တာကြောင့်ကျွန်တော် အရမ်း အရမ်းကို ပျော်ရွှင်သွားခဲ့ပါတယ်” လို့ သူက ကုသမှုနောက်ကြောင်း အဖြစ်အပျက်ကို အပြုံးဖြင့် ပြောပြခဲ့ပါသည်။

 

နည်းပညာနှင့် မိသားစု နွေးထွေးမှုဖြင့် ကုသမှု

 
Patient-Ethiopia.jpg

(8)လကျော်ကြာ အိမ်နှင့် မိသားစုမှ ဝေးကွာနေရခြင်းသည် ရံဖန်ရံခါ၌ သူ့အား စိတ်ပျက် အားငယ်မှုကို ဖြစ်စေ သော်လည်း၊ သမီးငယ်ထံမှ ရရှိသည့် အားပေးမှု အနည်းငယ်သည် ပင်လျင် သူ့အား ရှေ့သို့ ဆက်တိုး နိ်ုင်စေသည့် အင်အားကို ရရှိစေပါသည်။ “သမီးအတွက် ဖေဖေ အသက်ရှင်ရမယ်၊ ဖေဖေ ရောဂါ ပျောက်ရမယ်၊  ဖေဖေ မြန်မြန် ပြန်လာနော်၊ ဖေဖေကို သမီး သတိရတယ်” ဆိုသည့် အဝေးပြောဖုန်းလိုင်းထဲမှ စကားသံသည် Mr. Ashebir Yimam ကို ကုသမှု ခံယူနေစဉ်အတွင်း ရောဂါနှင့် ဆက်လက် တိုက်ခိုက်နိုင်သည့် စိတ်အင်အား ဖြစ်ထွန်းစေပါသည်။ “ကျွန်တော့်ရဲ့ မိသားစုဝင် တွေမှာလဲ သွေးဖြူဥကင်ဆာ ဖြစ်ပွားမည်ကို စိုးရိမ် မိပါသလားဟု အမေးအတွက် ကျွန်တော်ကိုယ်တိုင်ကလဲ ဒေါက်တာ ဝိချင်ကို အလားတူ မေးခွန်းကို မေးဖူးပါတယ်။ ကျွန်တော်ဟာ  ဒေါက်တာ အပေါ်မှာ အထူး ယုံကြည်စိတ်ချမှု ရှိပြီး၊ အရင်အချိန်တုန်းက ကျွန်တော့်အဒေါ်မှာ ရင်သားကင်ဆာ ဖြစ်ပွားဖူးပေမယ့် ဒါတွေက မဆိုင်ပါဘူးလို့ ဒေါက်တာက ပြောတာကြောင့် ကျွန်တော့်မှာ စိုးရိမ်စိတ် အလျဉ်း မရှိတော့ပါဘူး။ တော်တဲ့ သမားတော်နှင့် ကြုံရတဲ့ အပြင် ကောင်းမွန်တဲ့ ကုသမှု နည်းပညာတွေကြောင့် စိုးရိမ်မှု လုံးဝ အရှင်းကို ပျောက်သွား   စေပါတယ်” ဟု စိတ်ခွန်အား အခြေအနေ အကောင်းဆုံး ရရှိခဲ့ခြင်း အကြောင်းကို Mr. Ashebir Yimam မှ ပြန်၍ ပြောပြပါသည်။


 

သူတစ်ပါးကို ဖောက်သည် ပြန်ချပေးချင်သည့် စိတ်ကျေနပ်အားရမှု

            “ကျွန်တော့်ကို မိသားစုဆီ ပြန်လာနိုင်အောင်နှင့် သားသမီးနှင့်အတူ လောကထဲမှာ နောက်ထပ် အကြာကြီး ဆက်ပြီး   နေထိုင်သွား နိုင်အောင် ကုသ စောင့်ရှောက်မှု ပြုပေးခဲ့တဲ့ ဆရာဝန်၊ ကီမိုကုထုံးနှင် Stem Cell ကုထုံးဖြင့် ကုသမှု ခံယူနေစဉ် တစ်လျှောက်လုံး ကောင်းစွာ ဂရုပြု စောင့်ရှောက်မှု ပြုပေးခဲ့တဲ့ သူနာပြုများနှင့် နာမည် မသိရှိ ရပေမယ့် ကျွန်တော့်ကို ကောင်းစွာ ပြုစုစောင့်ရှောက်မှု ပြုပေးခဲ့တဲ့ အခြား သက်ဆိုင်သူ အားလုံးကိုပါ အထူး ကျေးဇူး တင်ပါကြောင်း၊ ကုသမှု လွယ်ကူ အဆင်ပြေအောင် ဆက်သွယ် လုပ်ဆောင်ပေးခဲ့တဲ့ စကားပြန်ကိုလဲ ကျေးဇူး တင်ပါကြောင်း ပြောကြား လိုပါတယ်။ အီသီယိုးပီးယားကို ပြန်ရောက်လာပြီးနောက် သွေးဖြူဥကင်ဆာ ဆိုတဲ့ သေမင်းခံတွင်းမှ လွတ်ကင်းပြီး ထိုင်းနိုင်ငံမှ ဘဝသစ် ပြန်လည် ရရှိလာသူ တစ်ဦး အဖြစ် စာနယ်ဇင်းများနှင့် ရုပ်မြင်သံကြားလိုင်းတွေရဲ့ အင်တာဗျူးမှုများနှင့် ကြုံတွေ့ခဲ့ပါတယ်။ ဒီလို အင်တာဗျူးကို ဖြေကြားရာမှာ ကျွန်တော့်ကို ဘဝသစ် ပေးအပ်ခဲ့တဲ့ Horizon Regional Cancer Center အကြောင်း ထည့်သွင်းပြောဆိုခဲ့တယ် ဆိုတာကတော့ အသေအချာ ပါပဲခင်ဗျာ”လို့ Mr. Ashebir Yimam မှ အပိတ် နိဂုံး အဖြစ် ထည့်သွင်း ပြောဆိုသွားခဲ့ပါသည်။
 
For more information please contact:
  • ဟော်ရီဇွန် ဒေသဆိုင်ရာကင်ဆာဌာန
    Tel. +66 (0) 2011 2222 : Horizon Cancer Center
    Tel. +66 (0) 2011 5999 : Clinical Nurse Coordinator – Cancer
    Tel. +66 (0) 2011 2881 : Clinical Nurse Coordinator – Bone Marrow Transplant
    Tel. +9595105105 : မြန်မာပြည်ရှိ ကျွန်ုပ်တို့၏ကိုယ်စားလှယ်ရုံးသို့ ခေါ်ဆိုရန်။

Related Packages

Related Health Blogs