bih.button.backtotop.text

လှပသောနာကျင်မှု : ဓာတုကုထုံးဖြင့် ကုသမှုခံယူသူလူနာတစ်ယောက်၏ခရီးစဉ်

հոկտեմբերի 02, 2019
“ဓာတုကုထုံးသည် ဦးခေါင်းကိုက်မှု၊ စက်ဆုတ်ဖွယ်ကောင်းမှု၊ အစာမစားသောက်နိုင်မှုတို့ဖြင့် အလွန်ခံစားရသော်လည်း ကျမဆက်လုပ်နိုင်တဲ့ အရာတစ်ခုရှိတယ်။ အဲဒါက ကျမရဲ့သမီးထံပြန်နိုင်တယ်၊ ကျမမြေးတွေကို တွေ့ရတယ်။ သူတို့က ကျမဘဝအတွက် အစစအရာရာ ဖြစ်ပါတယ်။ ဒါတွေကတော့ ဆေးကုသမှုခံစားချက်တွေကို ကျော်လွှားနိုင်တဲ့ အကြောင်းရင်း ဖြစ်ပါတယ်” ဤပြောကြားချက်များသည် မိသားစု၏ ပျော်ရွှင်ဖွယ်မျက်နှာများ တဖန်ပြန်တွေ့မြင်လိုသည့် မျက်လုံးမှမျက်ရည်များ၊ မျက်နှာမှအပြုံးများဖြင့် သတ္တိရှိစွာ ရင်ဆိုင်ခဲ့သော ဘင်္ဂလားဒေ့နိုင်ငံမှ အသက် ၆၂ နှစ်အရွယ် ရင်သားကင်ဆာလူနာ Mrs. Razia Nasreen Sultana ၏ စကားများ ဖြစ်သည်။ 

ဘင်္ဂလားဒေ့နိုင်ငံမှ အသက် ၆၂ နှစ်အရွယ် ရင်သားကင်ဆာလူနာ Mrs. Razia Nasreen Sultana သည် လွန်ခဲ့သော ၃ နှစ်တွင် ကင်ဆာရောဂါ စတင်ဖြစ်ပွားခဲ့သည်။ ကနေဒါနိုင်ငံရှိ သူမ၏သမီးထံ အလည်အပါတ်သွားရောက်ချိန်တွင် နေမကောင်း ဖြစ်ခဲ့သည်။ ဆရာဝန်မှ မည်သည့်ချို့ယွင်းချက်မျှ မတွေ့ရှိခဲ့ဘဲ သူမသည် ပန်းနာရောဂါသည်ဖြစ်သောကြောင့် အဆုတ်ရောင်ထိုးဆေးသာ ထိုးပေးခဲ့သည်။

“ကျမ ဘင်္ဂလားဒေ့ အထွေထွေရွေးကောက်ပွဲနောက်ဆုံးအဆင့်အချိန်မှာ ကနေဒါကနေ ပြန်လာခဲ့ပါတယ်။ ဒါ့ကြောင့် အတော် ခက်ခဲပါတယ်။ ကျမ နောက်တခါ ပြန်ဖျားပါတယ်။ ကျမရဲ့ အရင်က ကြိုတင်လက္ခဏာတွေပြသခြင်းဟာ ဒီပြင်းထန်တဲ့အခြေအနေရဲ့ အတိတ်နမိတ်ဆိုတာ အရိပ်အမြွက် မထားခဲ့ပါဘူး” ဟု နောက်ဆုံးမှာ အသေးစိတ်ဆေးစစ်ဆေးခြင်း လုပ်ဆောင်ခဲ့ကြောင်း ပြောပြသည်။

“ကျမ ဆေးစစ်ဆေးရေးဌာန အများအပြားထံ သွားရောက်ခဲ့ပါတယ်။ စစ်ဆေးချက် တစ်ခုပြီးတခု စစ်ဆေးခဲ့ပါတယ်။ နောက်ဆုံး ကျမအနေနဲ့ မင်မိုဂရမ်ရိုက်ဖို့ တိုက်တွန်းတဲ့ ရင်သားအထူးကုနဲ့ တွေ့ခဲ့တဲ့အထိပေါ့။ အဲဒီအချိန်မှာ ကျမ ထပ်တလဲလဲ စစ်ဆေးချက်တွေကို အတော်လေးစိတ်ကုန်လာတယ်။ အဲဒီနောက် ကျမမှာ ရင်သားကင်ဆိုင်ရှိနိုင်ကြောင်း ဒါပေမဲ့ မသေချာကြောင်း ပြောတဲ့ ရင်သားအထူးကုထံ ကျမကို လွှဲပေးပါတယ်”

Mrs. Razia သည် ၂၅ နှစ်ကျော် သူမအလုပ်လုပ်ကိုင်ခဲ့သော ဘင်္ဂလားဒေ့နိုင်ငံ ကမ္ဘာ့ဘဏ်ရုံး၏ ကျန်းမာရေးဝန်ဆောင်မှုပေးရေး ဌာနနှင့် တိုင်ပင်ခဲ့သည်။ သူမ၏ ကျန်းမာရေးအာမခံဝန်ထမ်းမှ စင်္ကာပူ သို့မဟုတ် ဘန်ကောက်ရှိ ဆေးကုသမှု ရယူရန် ခွင့်ပြုသည်။ သူမ၏ ဆေးမှတ်တမ်းနှင့် စစ်ဆေးချက်အဖြေများရရှိချိန်တွင် ကျန်းမာရေးဝန်ဆောင်မှုပေးရေးဌာနသည် အချိန်ကုန်မခံဘဲ အပြည်ပြည်ဆိုင်ရာဘမ်ရုံရပ်ဆေးရုံ ဘန်ကောက်မြို့တွင် ဆေးကုသမှု ချက်ချင်းခံယူရန် အကြံပေးခဲ့သည်။ ယခင်က ၄င်းတို့သည် ၄င်းတို့၏ လုပ်ဖော်ကိုင်ဖက် ကင်ဆာလူနာအများအပြားကို အဆိုပါဆေးရုံတွင် ကင်ဆာကုသမှုခံယူရန် ညွှန်းခဲ့သည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် Mrs. Razia သည် အပြည်ပြည်ဆိုင်ရာဘမ်ရုံရပ်ဆေးရုံ Horizon ကင်ဆာကုသရေးဌာသို့ ရောက်ရှိခဲ့သည်။ သူမရှေ့တွင်ထိုင်နေသူသည် ရင်သားကင်ဆာခွဲစိတ်ကုအထူးကုဆရာဝန် Dr. Piyawan Kensakoo ဖြစ်သည်။ “ဆရာဝန်က ကျမမှာ ရင်သားကင်ဆာရှိတာ ၉၈% သေချာကြောင်း ကျမကို ပြောပါတယ်။ ကျမ လုံးဝကို တုန်လှုပ်သွားပါတယ်။ ဒါဆို ကျမှာ ကင်ဆာရောဂါ တကယ်ဖြစ်နေတယ်ပေါ့ ဒါဆိုရင်?” သူမရဲ့အတိတ်ကို ပြန်တွေးရင်း သူမရဲ့မျက်နှာမှာ စိုးရိမ်မှုတွေ လွှမ်းမိုးသွားသည်။ နောက်ဆုံးမှာ လူနာအတွက် နမိတ်လက္ခဏာမကောင်းသော ကင်ဆာရောဂါသည် သူမ၏ သွေးဖြူဂလင်းများအထိ ပြန့်ပွားနေကြောင်း အတည်ပြုသောအခါ သူမအတွက် အထိတ်တလန့် ပိုဖြစ်သွားသည်။


Horizon တွင် ကုသမှုခံယူခြင်း

ရင်သားကင်ဆာအထူးကုဆရာဝန် Dr. Piyanoot Jitthiang သည် Mrs. Razia အား ဓာတုကုထုံးဖြင့် ကုသရန် ဆောင်ရွက်ခဲ့သည်။

“ကျမ ဓာတုကုထုံး ၆ ကြိမ် ကုသမှု ခံယူခဲ့ပါတယ်။ တချိန်လုံးမှာ ကျမ သွားတွေ ကိုက်ထားရပါတယ်။ ကျမရဲ့ ဓာတုကုထုံး ၄ ကြိမ်မြောက်မှာ ကျမ အတော်လေး အားနဲပါတယ်။ အတော် စိတ်ဓာတ်ကျဆင်းခဲ့ပါတယ်။  ဒီခံစားချက်အားလုံးအကြားမှာ နာကျင်မှု အဆင်မပြေမှုတွေ ရှိပေမဲ့လဲ ကောင်းမွန်တဲ့ခံစားချက်ရှိစေတဲ့ ကျမရဲ့ ဆရာဝန်နှင့် အဖွဲ့သားအားလုံးရဲ့ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်မှု ရရှိခဲ့ပါတယ်။ သူတို့ ကျမကို စိတ်ပျက်တာ ဘယ်တော့မှ မဖြစ်ခဲ့ပါဘူး”

“ကျမ ဘန်ကောက်ဆေးရုံနဲ့ ဒါကာမြို့က ကျမရဲ့အိမ်အကြား ပုံမှန်ခရီးထွက်ခဲ့ပါတယ်။ ကျမက အထူးသဖြင့် အလုပ်မှာ အကောင်းဆုံး ပုံမှန်လုပ်ဆောင်ခဲ့ပါတယ်။ အသင်းလိုက်လုပ်ကိုင်မှုက ကျမရဲ့လုပ်ငန်းပိုင်းမှာ အလွန်အရေးကြီးပြီး မျက်နှာချင်းဆိုင်ဆက်သွယ်မှုဟာ အလွန်အရေးပါ ပါတယ်။ တချို့ပြဿနာတွေက တသင်းလုံး တွေ့ဆုံရပါမယ်။” Mrs. Razia သည် သူမ၏လုပ်ငန်းပတ်ဝန်းကျင်နှင့် ဆေးရုံတွင် သူမကိုပြုစုသည့် စည်းကမ်းကြီးသောအဖွဲ့အတွင်း သူမတွေ့ကြုံရသည့် အလားတူအသင်းလိုက်လုပ်ကိုင်မှုအကြား နှိုင်းယှဉ်ပြသည်။


အပြုံးများဖြင့် ပြီးဆုံးသောနာကျင်မှု


ဇူလိုင်လတွင် Mrs. Razia သည် ခွဲစိတ်မှုမပြုမီ နောက်ဆုံးအကြိမ် ဓာတုကုထုံး ခံယူရန် သွားရောက်ခဲ့သည်။ လေဆိပ်မှ ဟိုတယ်သွားရောက်နေစဉ် သူမသည် ဆေးရုံအရေးပေါ်အခန်းသို့ တိုက်ရိုက်သွားရန် သူမ၏ခင်ပွန်းကို ပြောခဲ့သည်။​ “ကျမရဲ့ အသက်ရှု ကြပ်လာပါတယ်။ ကျမအလွန်ကြောက်နေပါတယ်။ ဆေးရုံကို ကျမ ရောက်ရောက်ချင်း သွေးနမူနာ ချက်ချင်း ဖောက်ယူပါတယ်။ Dr. Piyanoot ကို အမြန်ခေါ်ပါတယ်” ဆရာဝန်သည် ဆေးရုံသို့ အမြန်လာရောက်ပြီး အရေးပေါ်ခန်း ဝန်ထမ်းများကို Mrs. Razia အား မည်သို့မျှ တယောက်တည်း ပစ်မထားရန် ပြောသည်။

“ကျမ အဲဒါပြီးတော့ ဘာဖြစ်တယ်ဆိုတာ မမှတ်မိတော့ဘူး။ ကျမမှတ်မိတာနောက်တခုက ဆရာဝန်မှ ကျမရဲ့ခင်ပွန်းကို ကျမဟာ အရေးပေါ်အခြေအနေ ရောက်နေကြောင်း ပြောတာ တွေ့ရပါတယ်။ ဆရာဝန်မှ ကျမကို ဒီစမ်းသပ်မှုအကြောင်းနဲ့ စမ်းသပ်မှုပြုလုပ်ရမယ့်အကြောင်း ရှင်းပြတယ်။ ကျမ အားလုံးကို နားလည်ပါတယ်၊ ဒါပေမဲ့ ကျမဟာ တုန့်ပြန်ဖို့ အလွန် အားနဲနေပါတယ်”
 
“ကျမကို ခွဲစိတ်ဖို့ အားအင်လုံလောက်စွာ ပြန်ကောင်းသည်အထိ နောက်ထပ် ၆ ပါတ်ကြာပါတယ်။ အစစအရာရာ အဆင်ပြေပါတယ်။​ ၀န်ထမ်းတိုင်း အလွန် ကျွမ်းကျင်ကြပါတယ်။ ကျမ တစ်သျှူးနမူနာစမ်းသပ်ချက်အဖြေ ထပ်မံစောင့်ဆိုင်း ခဲ့ပါတယ်။ အဖြေရောက်လာတဲ့အခါ ကျမကြားရတာကို ကျမ ယုံကြည်ဖို့ အခက်အခဲအချို့ ရှိပါတယ်။ ဒီနာကျင်မှုတွေ တကယ်ဘဲ ကုန်ဆုံးသွားပြီလား? Dr. Piyanoot မှ ကျမရဲ့လက်တွေကို ကိုင်ပြီး ကျမကိုပြောတယ်။ ကျမမှာ ကင်ဆာ မရှိတော့ဘူးတဲ့။ ဆေးဘက်ဆိုင်ရာနဲ့ ခွဲစိတ်ကုသရေးဆိုင်ရာ ရင်သားကင်ဆာအဖွဲ့က အံ့သြစွာလုပ်ကိုင်ပြီး နောက်ဆုံးမှာ ကျမရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ကင်ဆာတွေ ရှင်းပေးနိုင်ခဲ့ပါပြီ။ ကျမ နေမကောင်းဖြစ်ကတည်းက ကျမ တခါမှ မခံစားရဘူးတဲ့ ခံစားချက်တွေနဲ့ ကျမ အတော်လေးကို အားတက်လာခဲ့ပါတယ်”ဟု ယခုအင်တာဗျူးမတိုင်မီ တစ်ရက်တွင် ဖြစ်ပွားသောအဖြစ်အပျက်အား Mrs. Razia မှ အလွန်စိတ်ပေါ့ပါးလွတ်လပ်သွားပုံကို ပြန်ပြောပြသည်။


ဓာတုကုထုံး : အသက်နှင့်ရင်းရသောအဆိပ်

 
“ကျမမှာ ကင်ဆာရောဂါရှိကြောင်း ပထမဆုံး သိခဲ့ရတဲ့အချိန်မှာ ကျမ ဓာတုကုထုံးကို အွန်လိုင်းကနေ လေ့လာသုတေသန ပြုလုပ်ခဲ့ပါတယ်။ ရှောင်လွှဲလို့ မရဘူးဆိုတာ ကျမ သိပါတယ်။ အဲဒါက အဆိပ်ပါ။ သံသယ မရှိပါဘူး။ ဓာတုကုထုံးသည် ဦးခေါင်းကိုက်မှု၊ စက်ဆုတ်ဖွယ်ကောင်းမှု၊ အစာမစားသောက်နိုင်မှုတို့ဖြင့် အလွန်ခံစားရသော်လည်း ကျမဆက်လုပ်နိုင်တဲ့ အရာတစ်ခုရှိတယ်။ အဲဒါက ကျမရဲ့သမီးထံပြန်နိုင်တယ်၊ ကျမမြေးတွေကို တွေ့ရတယ်။ သူတို့က ကျမဘဝအတွက် အစစအရာရာ ဖြစ်ပါတယ်။ ဒါတွေကတော့ ဆေးကုသရာမှာ ခံစားချက်တွေကို ကျော်လွှားနိုင်တဲ့ အကြောင်းရင်း ဖြစ်ပါတယ်”ဟု Mrs. Razia မှ မျက်ရည်တဝဲဝဲဖြင့် ပြောသည်။

ဤအင်တာဗျူးပြုလုပ်ပြီး နောက်တရက်တွင် သူမ၏သမီးသည် ဘန်ကောက်မြို့ သူမထံ လာရောက်လည်ပတ်မည် ဖြစ်ပါသည်။ ၄င်းသည် သူမအတွက် မျက်ရည်များအကြားမှ အပြုံးမြင်တွေ့နေရသည့် အကြောင်းရင်း ဖြစ်သည်။ အခြား ကင်ဆာလူနာများ အတွက် အားပေးစကားပြောကြားရာတွင် “ကျမ ဖြတ်သန်းလာရသလိုမျိုး နေမကောင်းမှုကို ကြုံတွေ့ဖြတ်သန်းရမဲ့သူ မည်သူမဆို သူတို့ဟာ သူတို့ရဲ့မိသားစုကို ပြန်စဉ်းစားဖို့ ကျမ ပြောချင်ပါတယ်။ သင်တို့ရဲ့ချစ်ရသူတွေက သင့်ဘဝကို အတူတကွ ပြန်နေထိုင်နိုင်ဖို့ အလိုရှိနေကြပါတယ်​ ကျမ အလွန်ကံကောင်းတာက ကျမရဲ့မိသားစု ကျမရဲ့သားသမီး မြေးမြစ်တွေဟာ ကျမကို သူတို့ရဲ့မေတ္တာ အားပေးစကားတွေ အမြဲပေးပါတယ်။ ကျမကို ရောဂါရင်ဆိုင်ဖို့ ကြံ့ခိုင်ဖို့ အမြဲတိုက်တွန်းအားပေးတယ်။ အရေးအကြီးဆုံးအရာက သင့်မှာ ကင်ဆာရှိတယ်လို့ သင်သိရင် ချက်ချင်း ကုသမှု ခံယူရမယ်လို့ ကျမ ပြောရမှာပါ။ မနှောင့်နှေးပါနဲ့၊ ဘာလို့လဲဆိုတော့ နှောင့်နှေးခြင်းဟာ သင်ချစ်ရတဲ့သူတွေနဲ့ သင် အမြဲတမ်း ခွဲခွာရနိုင်ပါတယ်။”
 

Related Health Blogs