bih.button.backtotop.text

ဒီဇိုင်းဖြင့်ပြီးမြောက်ခြင်း : ဘဝနှင့်အချစ်သင်္ခန်းစာ

հոկտեմբերի 21, 2019
“ကျမတို့ဟာ လူနာတွေကို သူတို့ရဲ့အဆုံးစွန် ထိမ်းချုပ်မှုအောက်မှာ သိပ်မရှိတော့ဘူးလို့ မြင်ရပေမဲ့လဲ သူတို့ဆန္ဒရှိသလို အကောင်းဆုံး နေထိုင်သွားနိုင်ဖို့ လူနာတွေကို စေတနာအပြည့်နဲ့ အားပေးချင်ပါတယ်။ ကျမတို့ ကောင်းမွန်လှပတဲ့ပြီးမြောက်မှုကို အတူတကွ လုပ်နိုင်ပါတယ်” ဟု Bumrungrad ဆေးရုံ ကူညီဆောင်ရွက်ရေးနှင့်မိသားစုဆေးကုသရေးဆရာဝန်ကြီး ဒေါက်တာ ဂျင်ဒါ ဥဒုမ်ပန်ယာဝစ်မှ ပြောသည်။

၄င်းသည် ဒေါက်တာဂျင်ဒါ၏ စစ်မှန်ရိုးသားသောခံယူချက်ဖြစ်ပြီး အခြားသူများကို နားလည်ရန်အဓိကသော့ချက်သည် သနားကြင်နာမှုနှင့် သေချာစွာ ဂရုတစိုက် နားထောင်ပေးမှုအပေါ်တွင် မူတည်သည်။ “လူတွေက သူတို့ကောင်းကျိုးအတွက် ကျမတို့က တကယ်ဂရုစိုက်တယ်လို့ ခံစားမိသွားရင် အစစအရာရာ ပိုအဆင်ပြေသွားပါတယ်” ဟု ဒေါက်တာဂျင်ဒါမှ ရှင်းပြသည်။ ကူညီဆောင်ရွက်ရေးဆရာဝန်ကြီး အနေဖြင့် ဆေးရုံအတွင်းနှင့်ပြင်ပရှိ ဆေးဘက်ဆိုင်ရာပညာရှင်နှင့် အဖွဲ့သားများအားလုံးမှ လူနာများနှင့် ၄င်းတို့မိသားစုများကို ဆေးကုသစောင့်ရှောက်ရေး အတွေ့အကြုံများ အကောင်းဆုံးပံ့ပိုးပေးနိုင်ရန် အတူတကွ အလုပ်လုပ်ကိုင်ကြောင်း သေချာမှုရှိစေရေးသည် ဒေါက်တာဂျင်ဒါ၏ တာဝန်ဖြစ်သည်။

ထိုင်းကျန်းမာရေးစောင့်ရှောက်ရေးစနစ်သည် နိုင်ငံခြားတိုင်းပြည်များရှိ ကျန်းမာရေးစောင့်ရှောက်ရေးစနစ်နှင့် အတော်ကွာခြားနိုင်သောကြောင့် နိုင်ငံခြားသားကင်ဆာလူနာအများစုသည် ထိုင်းနိုင်ငံတွင် လာရောက်ကုသူမှုခံယူပါက လုပ်ကိုင်စရာများ အတော်အသင့် ကျင့်သားရအောင် ကိုက်ညှိ်ပြီး ဖြစ်သည်။ “ကင်ဆာရောဂါရှိပြီဆိုရင် လူနာအနေနဲ့ စိတ်ရောကိုယ်ပါ အတော်လေး ထိခိုက်ပြီးသားပါ။ ကျမတို့ရဲ့ ကျန်းမာရေး စောင့်ရှောက်ရေးပညာရှင်များ၊ လူနာများ၊ ၄င်းတို့ရဲ့ မိသားစုများ လုံးဝဟာကွက်မရှိစေဘဲ အတူတကွပူးပေါင်း ဆောင်ရွက်နိုင်စေရေး သေချာမှုရှိအောင်ဆောင်ရွက်ရေး၊ လူနာတစ်ဦးချင်းစီအတွက် အကောင်းဆုံး ဆေးကုသစောင့်ရှောက်မှု အစီအစဉ်များ ဖြစ်ပွားအောင် ဆောင်ရွက်ရေးဟာ ကျမတို့ ကူညီဆောင်ရွက်ရေးအဖွဲ့ရဲ့တာဝန် ဖြစ်ပါတယ်” ဟု ဒေါက်တာဂျင်ဒါမှ ပြောပြသည်။


လူနာတိုင်းတွင် ကွဲပြားခြားနားသော စိတ်ပိုင်းဆိုင်ရာ လိုအင်ဆန္ဒများ ရှိခြင်း

အိမ်ထောင်သည်ဘဝနှင့် မိသားစုဆေးကုသရေးဆရာဝန်တယောက်အနေဖြင့် ဒေါက်တာဂျင်ဒါမှ ကောင်းစွာနားလည်သည်မှာ အလွန်စိုးရိမ်ရသော ရောဂါအခြေအနေ စစ်ဆေးခြင်းသည် ၄င်းနှင့် ၄င်း၏မိသားစုအတွက် ဘဝအပြောင်းအလဲအဖြစ်အပျက်တစ်ခု ဖြစ်သည်။ မိသားစုအတွင်း စိတ်ပိုင်းဆိုင်ရာ ဟန်ချက်ညီမျှမှုသည်လည်း အလွန်ထိခိုက်နိုင်ပြီး ကုသမှုခံယူသူကိုယ်တိုင်အတွက် အကြီးအကျယ် ထိခိုက်နိုင်သည်။ ထို့ကြောင့် လူနာများ၊ ၄င်းတို့၏ဇနီးခင်ပွန်း၊ မိသားစုနှင့် ကုသရေးတွင်ပါဝင်သူ ကျန်းမာရေးစောင့်ရှောက်မှုပညာရှင်များအား စိတ်ပိုင်းဆိုင်ရာ အကြံများ ပံ့ပိုးပေးနိုင်ရန် အလွန်အရေးကြီးသည်။ း

ဤကိုင်တွယ်ဖြေရှင်းနည်းသည် အောင်မြင်သော ဆေးကုသမှုသို့ ကောင်းစွာ စွမ်းဆောင်ပေးနိုင်ကြောင်း ယခင်အတွေ့အကြုံတစ်ခုရှိသည်။ “တစ်ခါက အိန္ဒိယက လူနာတစ်ယောက်ရှိတယ်။ သူ့ခင်ပွန်းက အလွန်စိတ်ပူတတ်ပြီး ဒေါသကြီးတယ်။ ဟိုဟို ဒီဒီ စိတ်လှုပ်ရှားဖွယ် ပြောဆိုတာတွေ အမြဲလုပ်နေတယ်” ဒေါက်တာဂျင်ဒါသည် သည်းခံမှု နားလည်မှုဖြင့် လူနာရဲ့ယုံကြည်မှု ရရှိခဲ့သည်။ လူနာ၏ခင်ပွန်းသည် သူ့ဇနီး မျှော်လင့်ချက်ကင်းမဲ့မှု ခံစားရတိုင်း လုပ်ပေးသင့်တာအရာမှန်သမျှ လုပ်ပေးနိုင်အောင် သူအကောင်းဆုံး ကြိုးစားလုပ်ဆောင်ကြောင်း မြင်သည်။ ကုသရေးမှာ ထိထိရောက်ရောက် ပြောင်းလဲမှုတောင်းဆိုခြင်းသည် သူ့ဇနီးပြသနာကို ဖြေရှင်းပေးနိုင်ပြီး ဇနီးကို စိတ်ချအောင် ကူညီပေးနိုင်လိမ့်မည်ဟု သူထင်တယ်။ မမျှော်လင့်ဘဲ သူ့ဇနီးကို သူ ဖိအားပိုပေးသည်။ ဆရာဝန်နှင့် ကုသရေးအဖွဲ့ပြောင်းလဲခဲ့သော်လည်း လူနာမှ ပြတ်တောင်းစွာအသက်ရှူမှုမှာ တိုးတက်ပြောင်းလဲမှုမရှိကြောင်း တွေ့ရချိနှ်တွင် အပြောင်းအလဲအမှတ် ရောက်လာခဲ့သည်။ သူ့ခင်ပွန်းက စီးပွားရေးကျသည့်အချိန်တွင် သူ့ဇနီးကို ဆေးရုံမှာ တယောက်ထဲ ထားခဲ့ပြီး သူ့ကလေးများအား စောင့်ရှောက်ရန် အိမ်ပြန်သွားသည်။ ဒေါက်တာဂျင်ဒါက ကွဲပြားခြားနားသည့်တွေးခေါ်မှု ပြဖို့ ဤအခွင့်အရေးကို အသုံးချသည်။ သူမအကြံပေးချက်မှာ ခင်ပွန်းကို သူ့ဇနီးဘေးတွင် တိတ်ဆိတ်စွာ ထိုင်ခိုင်းသည်။ ဇနီးခင်ပွန်းအတွက် အံ့သြစွာဖြင့် လူနာ၏အောက်ဆီဂျင်ပမာဏသည် မည်သည့်ဆေးကုသမှုမျှ ပြောင်းလဲခြင်းမရှိဘဲ တဖြည်းဖြည်း တိုးတက်လာသည်။ သူ့ဇနီးအား စိတ်ဖိစီးအောင် လုပ်ဆောင်သည့်အရာလုပ်ဆောင်မှု ဖယ်ရှားခြင်း၊ သူမဆရာဝန်၏ အလုပ်တာဝန် ဟန့်ထားမှု ဖယ်ရှားခြင်းနှင့် သူမ၏ဘေးတွင် ထိုင်ပေးခြင်းဖြင့် ဘက်စုံကျန်းမာရေးအခြေအနေကောင်းမွန်လာကြောင်း သူတွေ့ရသည်။
 

ရောဂါနောက်ဆုံးအဆင့်ပြုစုစောင့်ရှောက်မှု

ယခင်က ရောဂါနောက်ဆုံးအဆင့်ကင်ဆာလူနာများအတွက် နောက်ဆုံးကုသရေးအဆင့် စကားရပ်ဖြစ်ပြီး ယခုအခါ ရောဂါနောက်ဆုံးအဆင့် ပြုစုစောင့်ရှောက်မှုသည် အဓိပ္ပါယ်အသစ် ဖြစ်လာ၍ Bumrungrad ဆေးရုံ Horizon ကင်ဆာကုသရေးဌာန၏ အဆင့်မြင့်ကင်ဆာကုသရေးကို ကျေးဇူးတင်ရပါမည်။ ကိုယ်ခံစွမ်းအားကုထုံးနှင့် လူနာအား အလွန်ကောင်းမွန်သော ရုပ်ပိုင်းဆိုင်ရာပြုစုစောင့်ရှောက်မှုများ ပေါင်းစပ်၍ ရောဂါနောက်ဆုံးအဆင့်ပြုစုစောင့်ရှောက်မှုကို ဆေးကုသမှုအစပိုင်းအဆင့်များတွင် အသုံးပြုခြင်းဖြင့် ဆေးကုသမှုအောင်မြင်ရေးတွင် သိသာထင်ရှားစွာ တိုးတက်အောင်မြင်မှုဆီသို့ ဦးတည်နိုင်သည်။

“အရင်က လူနာတွေကို ရောဂါနောက်ဆုံးအဆင့်ရောက်မှသာ ရောဂါနောက်ဆုံးအဆင့်ကုသရေးအထူးကုဆရာဝန်ထံ လွှဲပြောင်းပေးပါတယ်။ အခုဆိုရင် ကျမတို့က ရောဂါအစောပိုင်းအဆင့်မှာ အလားတူစံချိန်ရှိတဲ့ ကိုယ်ရောစိတ်ပါ ပြုစုစောင့်ရှောက်မှု ပေးဖို့ အလားတူအဖွဲ့ ဖွဲ့စည်းပါတယ်။ အကြောင်းကတော့ ရောဂါစစ်ဆေးရေးအတွက် လာရောက်ရန်ကြိုးစားတဲ့ လူနာများ၊ သူတို့ရဲ့မိသားစုဝင်များအတွက် အစပိုင်းမှာ အလွန်ခက်ခဲပြီး အလွန်စိတ်ဖိစီးမှုရှိမယ်လို့ ကျမတို့ သိလို့ ဖြစ်ပါတယ်။”
လူနာ၊ ၄င်းတို့၏မိသားစုနှင့် ရင်းနှီးစွာဆက်ဆံရေး လုပ်ဆောင်ခြင်းဖြင့် အဖွဲ့သည် ကုသရေးအတွက် အထူးအကျိုးရှိသည့် ယုံကြည်မှုသံယောဇဉ် ဖြစ်ပေါ်စေပြီး နောက်ဆုံးအဆင့်အထိ တိုးတက်မှု ရှိစေသည်။
 
“အဆိုပါအဆင့်သို့ မရောက်မီ ကျမတို့က လူနာနဲ့ မိသားစုကို အကြံဉာဏ်များ ပံ့ပိုးပေးပါတယ်။ ကျမတို့က သူတို့ရဲ့ဘဝမှာ ရင်ဆိုင်ရမဲ့ အကြောင်းအရာတွေ လုပ်ဆောင်ဖို့ ကူညီပေးပါတယ်။ သူတို့ဘဝရည်မှန်းချက်ကို ဆွေးနွေးပါတယ်။ ဒီပြင်းထန်တဲ့ဖျားနာမှု၊ သူတို့ရဲ့စိတ်ဖိစီးမှု၊ သူတို့ရဲ့နာကျင်မှုတွေအပေါ် ရင်ဆိုင်မှုတွေကို ဆွေးနွေးပါတယ်။ ကျမတို့က မျှော်လင့်ထားရမဲ့အရာအားလုံးကို အသိပေးပါတယ်။  ကျမတို့ ဒီမျှနဲ့လုံလောက်ပြီဆိုရင် လုံလောက်ကြောင်း ပြောပါတယ်။ ကျမတို့ဟာ မိသားစုမှ ဘဝဆက်လက်ရပ်တည်ရန်ဆုံးဖြတ်ချက်နဲ့ လူနာအတွက် ပြန်လည်ပြုစုပျိုးထောင်ရေးဆုံးဖြတ်ချက်ကို ကူညီဆုံးဖြတ်ပေးပါတယ်။ ကျမတို့က မိသားစုဝင်များမှ ကွဲပြားခြားနားနိုင်တဲ့ သူတို့ရဲ့ အမြင်ကို ပြောပြခွင့် ပေးပါတယ်။ ဒီလိုလုပ်ဆောင်ချက်ရဲ့အကောင်းဆုံးအရာကတော့ မိသားစုဝင်တွေအနေနဲ့ လူနာအတွက် သုတို့လုပ်ပေးနိုင်တဲ့အရာ အားလုံးကို လုပ်ဆောင်ပြီးဖြစ်ကြောင်း ခံစားမိပါတယ်။ နောက်ဆုံးအချိန်အထိ သူတို့ဟာ ကောင်းတဲ့အမှတ်တရတစ်ချို့ ဖြစ်ပွားစေပါတယ်။”

“ကျမတို့ဟာ ဒီရောဂါနောက်ဆုံးအဆင့်ပြုစုစောင့်ရှောက်မှုကို ဂရုဏာမေတ္တာကြီးမားသောပြုစုစောင့်ရှောက်မှု ဟု နာမည်အသစ်ပေးရန် ဆုံးဖြတ်လိုက်ပါတယ်” ဟု ဒေါက်တာဂျင်ဒါမှ ပြောသည်။ “ကျမတို့ဟာ လူနာရဲ့ မိသားစုဝင်များအားလုံး သိအောင်လုပ်ပါတယ်။ သူတို့နဲ့ ပုံမှန် တွေ့ဆုံဆွေးနွေးပါတယ်။ ကျမတို့ဟာ အလွန်အတိမ်းအစောင်းမခံတဲ့အရာဖြစ်တဲ့ လူနာဆေးကုသမှု၊ ကျမတို့နဲ့ တစ်ဦးချင်းနေထိုင်မှု တွေနဲ့ပတ်သက်လို့ သူတို့ရဲ့အမြင်ကို ရင်ဖွင့်ဖို့ သူတို့ကို အခွင့်အရေး ပေးပါတယ်။”

အချို့မိသားစုများသည် ၄င်းတို့၏ခံစားချက်ကို အခြားသူများသို့ မပြောပြပါ။ အချို့ရိုးရာယဉ်ကျေးမှုများ ဥပမာ တရုတ်ရိုးရာယဉ်ကျေးမှုတွင် သေဆုံးမှုအကြောင်းပြောဆိုခြင်းသည် မကောင်းသောအရာဟု ယုံကြည်ကြသည်။ အချို့သူများသည် လူနာ၏အခြေအနေ ဖြစ်ရပ်မှန်ကို လူနာကိုအသိမပေးဘဲ လျှို့ဝှက်ထားသင့်သည်ဟု ယုံကြည်ကြသည်။ တခါတရံ လူနာမှ ၄င်း၏မိသားစုဝင်များကို အသိမပေးလိုကြပါ။ အဆိုပါစိန်ခေါ်မှုများသည် ဒေါက်တာဂျင်ဒါ ကြုံတွေ့ရသည့် စိန်ခေါ်မှုများ ဖြစ်သည်။

“ကျမတို့ လူနာရဲ့စိတ်လှုပ်ရှားမှုအခြေအနေကို တည်ငြိမ်အောင်လုပ်ပေးပြီးတော့ ကျမတို့ဟာ မိသားစုဝင်တစ်ဦးချင်းစီအတွက် စိတ်လှုပ်ရှားဖွယ် ပြုစုစောင့်ရှောက်မှုအမျိုးအစားကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ဒါက အနုပညာကုထုံး၊ ဂီတကုထုံး၊ အသက်ရှူကုထုံးဖြစ်စေ ဒါမှမဟုတ် လုံးဝအနားယူခြင်းဖြစ်စေ ဒါတွေအားလုံးဟာ ကျမတို့ သက်ဆိုင်ရာအားလုံးအတွက် အဆိုးမြင်မှု မရှိစေဖို့ နည်းလမ်းတွေ ဖြစ်ပါတယ်။ ဒါက ဘာဖြစ်နေပါစေ အကောင်းမြင်အောင် သူတို့ကို ကူညီပေးပါတယ်။”


တူညီသောအချက်များဖြင့် ကိုယ်တွယ်ဖြေရှင်းခြင်း​

ရောဂါနောက်ဆုံးအဆင့်ပြုစုစောင့်ရှောက်ရေးသည် ကင်ဆာကုသရေး ပိုမိုဆိုးရွားမှုမဖြစ်အောင် ဖြေရှင်းပေးကြောင်း ထင်ရှားသည်။ ရောဂါနောက်ဆုံးအဆင့်ပြုစုစောင့်ရှောက်ရေးတွင် လူနာသည် ဘာဖြစ်နေကြောင်း မည်သည့်နေရာတွင်ဖြစ်ကြောင်း မှန်ကန်စွာ ပြောဆိုသည်။ ၄င်းသည် တစ်ဦးချင်းစီ၏ဘဝအခြေအနေများနှင့် ရည်မှန်းချက်များ၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာခံယူချက်များနှင့် ပူးပေါင်းနိုင်ပြီး တဉီ်းချင်းစီ၏ယုံကြည်ချက်အတွက် လိုအပ်ပါက လူနာများ၊ လူနာ၏မိသားစုများအား မည်သည့် ဓမ္မကထိကဝင်ကို ဖိတ်ခေါ်ပြောဆိုသင့်သည်ကို သိရှိနိုင်သည်။

နောက်ဆုံးအနေဖြင့် ကွဲပြားခြားနားသောအဖွဲ့အစည်းများအကြား နက်ရှိုင်းစွာ ပူးဆောင်ပါဝင်ဆောင်ရွက်ခြင်းသည် ၄င်းတို့၏ဘဝသက်တမ်းအား လှပစွာပြီးမြောက်ရေးအတွက် လိုအပ်ကြောင်း သိထားရမည်။ လူနာတစ်ယောက်၏ အလိုအပ်ဆုံးအရာတစ်ခုဖြစ်သည့် ဤအချိန်တွင် လူတိုင်းအတွက် ၄င်းတို့၏စစ်မှန်သည့်ပင်ကိုယ်ဖြစ်စေရန် ၄င်းတို့၏ မိသားစုများအကြားနှင့် ဆေးရုံရှိ ဆေးဘက်ဆိုင်ရာဝန်ထမ်း အားလုံးအကြားတွင် ယုံကြည်မှု ရှိရမည်။

“နမိတ်ဆိုး ဒါမှမဟုတ် ကျိန်စာအပြင် နောက်ဆုံးနေ့များအကြောင်း ပွင့်ပွင့်လင်းလင်းပြောဆိုခြင်းသည် လူတိုင်းအတွက် အကောင်းဆုံး အစီအစဉ်များပြုလုပ်နိုင်စေပါတယ်။ သိမ်မွေ့တဲ့အကြောင်းအရာများဆွေးနွေးဖို့ အချိန်နဲ့နေရာပေးခြင်း နှစ်ဦးသဘောတူနားလည်မှု ရရှိခြင်းဟာ နောက်ဆုံးမိနစ်ပိုင်းမှာ စိတ်လှုပ်ရှားဖွယ်လေပွေထက် ပိုကောင်းပါတယ်။ သင်ကြိုတင်စီစဉ်နိုင်လေလေ ပိုကောင်းလေလေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအစီအစဉ်ဟာ ရောဂါနောက်ဆုံးအဆင့်မတိုင်မီမှာ ကောင်းစွာ စတင်သင့်ပါတယ်။ ကျမတို့ဟာ လူနာတွေကို သူတို့ရဲ့အဆုံးစွန် ထိမ်းချုပ်မှုအောက်မှာ သိပ်မရှိတော့ဘူးလို့ မြင်ရပေမဲ့လဲ သူတို့ဆန္ဒရှိသလို အကောင်းဆုံး နေထိုင်သွားနိုင်ဖို့ လူနာတွေကို စေတနာအပြည့်နဲ့ အားပေးချင်ပါတယ်။ ကျမတို့ ကောင်းမွန်လှပတဲ့ ပြီးမြောက်မှုကို အတူတကွ လုပ်နိုင်ပါတယ်”
For more information please contact:
  • ဟော်ရီဇွန် ဒေသဆိုင်ရာကင်ဆာဌာန
    Tel. +66 (0) 2011 2222 : Horizon Cancer Center
    Tel. +66 (0) 2011 5999 : Clinical Nurse Coordinator – Cancer
    Tel. +66 (0) 2011 2881 : Clinical Nurse Coordinator – Bone Marrow Transplant
    Tel. +9595105105 : မြန်မာပြည်ရှိ ကျွန်ုပ်တို့၏ကိုယ်စားလှယ်ရုံးသို့ ခေါ်ဆိုရန်။

Related Packages

Related Health Blogs