bih.button.backtotop.text

ကင်ဆာရောဂါအတွက် ဓာတ်ရောင်ခြည်ကုထုံး : ကြောက်ရွံ့မှု မတွေ့ရှိခြင်း

նոյեմբերի 15, 2019
“ဓာတ်ရောင်ခြည်ကုထုံးသည် နာကျင်မှု မရှိပါ၊ x-ray ရိုက်ခြင်းနှင့် ခြားနားမှု မရှိပါ။ ကုသမှုအချိန်ကာလသည် လူနာ၏အခြေအနေ အပေါ်မူတည်၍ ကွဲပြားသည်။ ဆီးကျိတ်ကင်ဆာသည် ၈ ပါတ်၊ ရင်သားကင်ဆာသည် ၆ ပါတ်နှင့် အဆုတ်ကင်ဆာသည် ၆-၇ ပါတ် ကြာမြင့်နိုင်သည်။ ဓာတ်ရောင်ခြည်ဖြင့် လူနာ၏ကောင်းမွန်နေသောဆဲလ်များကို ထိခိုက်မှု အနဲဆုံးရှိကြောင်း သေချာမှုရှိစေရန် ဓာတ်ရောင်ခြည်ကုထုံးကို အချိန်ကြာမြင့်စွာ ခြား၍ ပြုလုပ်သည်။” ဤပြောကြားချက်သည် လူနာများအား ဘေးထွက်ဆိုးကျိုး အနည်းဆုံးရှိစေရန်နှင့် ကင်ဆာရောဂါပျောက်ကင်းပြီး ဆက်လက်နေထိုင်သွားလာနိုင်စေရန် သေချာအောင် အမြဲတမ်းကြိုးစားသူ တွဲဖက်ပေါမောက္ခ Dr. Sunantha Srisubut-Ploysongsang ၏စကားများ ဖြစ်သည်။


လူနာအတွက် အကောင်းဆုံးနည်းလမ်းရှာဖွေခြင်း

 
ဓာတ်ရောင်ခြည်ကုထုံးကြာမြင့်စွာကုသမှုခံယူခြင်းသည် လူနာအပေါ် ထိခိုက်မှုနဲသည်ဟု ဆိုလိုသည်။ ကုသမှုအချိန်ကာလသည် ကင်ဆာ အမျိုးအစားအပေါ် မူတည်ဆုံးဖြတ်သည်။ ဘမ်ရုံရပ်ဆေးရုံ Horizon ဒေသဆိုင်ရာကင်ဆာကုသရေးဌာန၏ ကင်ဆာရောဂါနှင့် ဓာတ်ရောင်ခြည်အထူးကုပါရဂူဆရာဝန် Dr. Sunantha မှ ကျွန်ုပ်တို့အား ပြောပြသည်မှာ “ဓာတ်ရောင်ခြည်ကုထုံးက နာကျင်မှု မရှိပါဘူး။ x-ray အရိုက်ခံရတာနဲ့ မခြားနားပါဘူး။ ဓာတ်ရောင်ခြည်ကုထုံးကုသချိန်ကာလက လူနာရဲ့အခြေအခြေအနေအပေါ် မူတည်ပြီး ကွဲပြားပါတယ်။ ဆီးကျိတ်ကင်ဆာက ၈ ပါတ်လိုအပ်နိုင်ပြီး ရင်သားကင်ဆာက ၆ ပါတ်၊ အဆုတ်ကင်ဆာက ၆ - ၇ ပါတ် ကြာမြင့်နိုင်ပါတယ်။ ဓာတ်ရောင်ခြည်ကြောင့် လူနာရဲ့ကောင်းမွန်နေတဲ့ဆဲလ်များကို ထိခိုက်မှု အနဲဆုံးရှိစေရေး သေချာမှုရှိစေရန် ဓာတ်ရောင်ခြည်ကုထုံးကို အချိန်ကြာမြင့်စွာ ခြား၍ ပြုလုပ်ပါတယ်။”
 
 
 

ဓာတ်ရောင်ခြည်ကုထုံးသည် ပြင်းထန်သောဓာတ်ရောင်ခြည်တန်းသုံးပြီး ကိုယ်ခန္ဓာရှိ ကင်ဆာဆဲများသို့ ပို့လွှတ်သည်။ Horizon ကင်ဆာဌာနတွင် အတွေ့အကြုံ 23 နှစ်ရှိပြီးဖြစ်သော Dr. Sunantha မှ သူမ၏အစီအစဉ်ကို ရှင်းပြသည်။ “ကျမ အမြဲတမ်း လူနာကို အင်တာဗျူးခြင်း နောက်ကြောင်းမေးမြန်းခြင်းနဲ့ စတင်ပါတယ်။ ဥပမာ အဆုတ်ကင်ဆာလူနာအတွက် သူတို့ အသက်ရှူကြပ်သလား ချောင်းဆိုးသလား အဖျားရှိသလား ကျမ မေးပါတယ်။ ဘာလို့လဲဆိုတော့ ဒီလက္ခဏာတွေအားလုံး ဆက်စပ်မှုရှိပြီး ရောဂါကူးစက်မှု ဒါမှမဟုတ် ရောင်ရမ်းမှု ဖြစ်ပွားနိုင်ပါတယ်။”
 
“ဒါ့အပြင် ကျမတို့က အသားပို ရှိတဲ့နေရာနဲ့ အရွယ်အစား အတိအကျ သိရမယ်။ သွေးထွက်မှု ရှိမရှိ သိရမယ်။ ဥပမာ ရင်သားကင်ဆာလူနာအများစုက သူတို့ရဲ့ ဆေးကုသမှုမှာ ရင်သားကို ဆက်လက်ထိမ်းသိမ်းထားရှိဖို့ ရွေးချယ်ကြပါတယ်။ ဒီရည်ရွယ်ချက်အောင်မြင်ဖို့အတွက် အသားပိုထုတ်ခြင်း သွေးဖြူဂလင်းများကို ဓာတ်ရောင်ခြည်ကုထုံးနဲ့ ပုံမှန်ဆက်လက် ကုသရမယ်။ ကျမတို့ ကင်ဆာရောဂါဖြစ်ပွားမှုအဆင့်ကို သတ်မှတ်နိုင်ဖို့ လိုပါတယ်။ ဖြစ်ပွားလာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးများ အတွက် ဆက်နွယ်နေတဲ့ အခြားကုသမှုများကိုလည်း ပြင်ဆင်ထားရမယ်။”


ဆေးကုသမှုအပြင် ပြုစုစောင့်ရှောက်မှု

 
ကင်ဆာရောဂါစစ်ဆေးမှုနှင့် ဓာတ်ရောင်ခြည်ကုထုံး အတွေ့အကြုံရင့်ကျင့်သူ ပညာရှင်တစ်ယောက်အနေဖြင့် အကောင်းဆုံး နည်းလမ်းမှာ လူနာနှင့် ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ခြင်းဖြစ်ကြောင်း Dr. Sunantha တွေ့ရှိရသည်။ “ကျမက ဆေးဘက်ဆိုင်ရာကင်ဆာအထူးကုပါရဂူနဲ့ လူနာရှေ့မှာ ဓာတ်မှန်ဖလင်အတူကြည့်ရှူသုံးသပ်ဖို့ ခေါ်လေ့ရှိပါတယ်။ ကျမတို့ လူနာအခြေအနေကို လူနာရဲ့အပြည့်အ၀ ပါဝင်မှုနှင့်အတူ ပွင့်ပွင့်လင်းလင်း ဆွေးနွေး စစ်ဆေးပါတယ်။ လူနာက ကျမတို့ရဲ့ အကျိုးအကြောင်းဆီလျော်မှုကို မေးခွန်းထုတ်ပြီး လေ့လာကြည့်နိုင်ပါတယ်။ ဒါက လူနာအတွက် ဆေးကုသမှုအတွက် ကြောက်ရွံ့မှု စိုးရိမ်ပူပန်မှု လျှော့ချပေးရာမှာ အံ့မခန်း ထိရောက်ပါတယ်။”
 
ဓာတ်ရောင်ခြည်ကုထုံးနှင့်ပတ်သက်၍ လူနာများ နားလည်မှုလွဲမှားချက်အချို့ကို Dr. Sunantha မှ ရှင်းပြရာတွင် “ဓာတ်ရောင်ခြည်ကုထုံးက နျူကလီးယားပေါက်ကွဲခြင်းလိုမျိုးဖြစ်တယ်ကို အချို့က တကယ်ယုံကြည်ကြတယ်။” Dr. Sunantha မှ ရယ်လိုက်သည်။ “သူတို့ တကယ်ထင်တာက ပေါက်ကွဲမှုကြီး ရှိလိမ့်မယ်။ ပြီးတော့ တကယ် နာကျင်လိမ့်မယ်။ အဲဒီလိုမျိုး လုံးဝ မဟုတ်ပါဘူး။ ကျမ သူတို့ရဲ့ ဆွေမျိုးတွေကို ဓာတ်ရောင်ခြည်ကုထုံးနေရာသို့ ခေါ်လေ့ရှိပါတယ်။ ကျမက လူနာကို ဘာတွေပြောတယ်ဆိုတာ မှတ်မိနိုင်အောင်လို့ပါ။ လူနာတွေက အသေးစိတ်အချက်အလက်အားလုံး မှတ်မိနိုင်စွမ်း သိပ်မရှိလို့ လူနာက အလွန် အသေးစိတ် မေးမြန်းပါတယ်” Dr. Sunantha သည် လူနာတွင် ဘာဖြစ်နေကြောင်း ၄င်းတို့ကိုယ်တိုင် အထူးသတိပြုနိုင်စေရန် ၄င်းတို့၏ခံစားချက်များ၊ ၄င်းတို့၏ စိုးရိမ်ပူပန်မှုများကို လူနာအား အမြဲတမ်း မေးမြန်းခြင်းဖြင့်လည်း ဂရုစိုက်သည်။ “ဒါက ကျမတို့ရဲ့ ဂရုစိုက်မှု၊ ကျမတို့က သူတို့ကို ဂရုစိုက်လျှက်ရှိကြောင်းပြောတဲ့ ကျမရဲ့ နည်းလမ်းဖြစ်ပါတယ်။”
 

အကျိုးသက်ရောက်မှုအနဲဆုံးဖြင့် ကင်ဆာရောဂါကုသခြင်း

 
 “ကောင်းမွန်တဲ့ကင်ဆာရောဂါကုသခြင်းမှာ နည်းပညာအပါအဝင် အစစအရာရာ အားလုံးအတူတကွ ပါဝင်ပါတယ်။ ဥပမာ အသားပိုက မူမမှန်တဲ့အရွယ်အစား ရှိတတ်လို့ ကျမတို့ VMAT အသုံးပြုခြင်းက ဓာတ်ရောင်ခြည်ပမာဏ အလွန်တိကျစွာ ရှိစေပါတယ်။ စက်က လူနာပေါ်ကို ဝဲပြီး ကင်ဆာတွေ့ရှိရပါက အဲဒီနေရာကို ဓာတ်ရောင်ခြည်ပြင်းပြင်း ပို့လွှတ်ပါလိမ့်မယ်။ အခြားနေရာများအတွက် ဓာတ်ရောင်ခြည်ဟာ အလွန်နဲပြီး လုံးဝမလွှတ်တာလဲ ရှိပါလိမ့်မယ်။ ဒါက ဓာတ်ရောင်ခြည်ကို အနည်းဆုံးဖြစ်အောင် ထိမ်းချုပ်ပေးပါတယ်။”
 
“လူနာရဲ့ စိတ်နေသဘောထားအခြေအနေကလဲ အလွန် အဓိက ကျပါတယ်။ စိတ်ဖိစီးမှု စိုးရိမ်ပူပန်မှု မရှိအောင် ထိမ်းသိမ်းခြင်း ကလဲ အောင်မြင်တဲ့ကုသမှုအတွက် အလွန် အရေးကြီးပါတယ်။ ဘမ်ရုံရပ်ဆေးရုံဝန်ထမ်းတွေက နေရာတိုင်းမှာ အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြပါတယ်။ Horizon တွငာ် လူနာဘေးမှာ အောင်မြင်ရေးအဖွဲ့ ရှိနေတာကို လူနာတွေ ယုံကြည်စိတ်ချနိုင်ပါတယ်။”
 
ထို့အပြင် လက်ထောက်ပါမောက္ခ Dr. Sunantha Srisubut-Ploysongsang ၏ ကင်ဆာကုသရေး ခံယူချက်သဘောတရားမှာ - လူနာများ၏ဘဝတွင် ကုသရေး အနှုတ်လက္ခဏာရှိသော အကျိုးသက်ရောက်မှုများ လျှော့ချရန်နှင့် အရည်အသွေးပြည့်ဝသည့်ဘဝ ပြန်ရောက်အောင် အမြန်ဆုံး ပို့ဆောင်ပေးရန် ဖြစ်သည်။
 
For more information please contact:

Related Packages

Related Health Blogs