bih.button.backtotop.text

သီချင်းချစ်သောသူမအတွက် : ကင်ဆာကို ရိုက်ခတ်သော သီချင်း

Nguyen Thi Man သည် စဉ်ဆက်မပြတ် အမြဲကြိုးစားလုပ်ရမည့်အရာတစ်ခုကို ရွေးချယ်ရမည်ဆိုပါက ၄င်းအရာသည် သီချင်းဆိုခြင်း ဖြစ်လိမ့်မည်။ ဗီယက်နမ်နိုင်ငံမှ အသက် ၅၃ နှစ်အရွယ် အိမ်ခြံမြေအကျိုးဆောင်သည် အဆုတ်ကင်ဆာမှ ပျော်ရွှင်မှုကို ခြိမ်းခြောက်နေသော်လည်း စင်မြင့်ပေါ်သို့ တက်သည့်အချိန်တိုင်း ပြုံးရွှင်ရယ်မောခြင်း မရှိဘဲ မနေနိုင်ပါ။
 
သူမ၏ကင်ဆာတိုက်ဖျက်ရေးစိတ်ပိုင်းဖြတ်သည့်ဇာတ်လမ်းသည် သူမ၏ခန္ဓာကိုယ်တွင် တစ်ခုခုထူးထူးဆန်းဆန်းဖြစ်ပွားမှု သတိထားမိချိန်မှ စတင်ခဲ့သည်။ သူမသည် ဟိုချိမင်းမြို့ရှိ ဆေးရုံတစ်ရုံသို့ သွားခဲ့သည်။ “ကျမ နေမကောင်းသလို ခံစားရတယ်။ ကျမ အဖျားတက်နေတယ်။ တချိန်တည်းမှာဘဲ အေးပြီးတုန်နေတယ်။ ဒါ့ကြောင့် ကျမ ဆရာဝန်သွားပြတယ်။ ကျမမှာ အသဲရောင်ရောဂါ ရှိကြောင်း တွေ့တယ်။ တစ်လကျော်အကြာ ပဋိဇီဝဆေးပုလင်းပေါင်း ၂၀ဝ ကျော်ကုန်ပြီးတဲ့နောက်ပိုင်းမှာ ကျမရဲ့ကုသမှုက မပြီးဆုံးသေးပါဘူး။ ကျမ ကြံရာမရ ဖြစ်လာတယ်။ အဲဒီနောက် Bumrungrad ဆေးရုံတက်ဘူးတဲ့ သူငယ်ချင်းတစ်ယောက်က အလွန်ကောင်းတဲ့ဆေးရုံလို့ ကျမကို ထောက်ခံချက်ပေးတယ်။ ဒါ့ကြောင့် ကျမ အချက်အလက် သုတေသန ဆက်လုပ်ကြည့်တယ်။ ကျမ Bumrungrad ဆေးရုံမှ VITALLIFE သိပ္ပံပညာကျန်းမာရေးဌာနကို ရှာတွေ့ခဲ့တယ်။ အဲဒီမှာရနိုင်တဲ့ Chelation ကုထုံးနဲ့ အဆိပ်အတောက်ချရေးပရိုဂရမ်အကြောင်း လေ့လာတွေ့ရှိခဲ့တယ်။ အဲဒါက ကျမရဲ့ ခန္ဓာကိုယ်က လိုအပ်တဲ့အရာတစ်ခု သေချာပေါက် ဖြစ်တယ်လို့ ခံစားမိတယ်။ ဒါ့ကြောင့် ကျမ ချက်ချင်းဘဲ အဲဒီပရိုဂရမ်ကို ကျမကိုယ်တိုင် စာရင်းပေးခဲ့တယ်။” 


သူမ၏ပျော်ရွှင်မှုကို ဖုံးလွှမ်းသော မုန်တိုင်းတိမ်လွှာများ 


Thi Man သည် Bumrungrad ဆေးရုံအကြောင်း သူမ၏ပထမဆုံးထင်မြင်ချက်ကို ပြောပြသည်။ “ကျမ ဒီကို မလာမီ စင်္ကာပူက ဆေးရုံများအကြောင်းသာ ကြားဖူးပါတယ်။ ဒီလိုအဆင့်ဆေးရုံမျိုး ထိုင်းနိုင်ငံမှာ ရှိမယ်လို့ လုံးဝ မထင်ခဲ့ဘူး။ ဒါပေမဲ့ Bumrungrad မှာ Chelation ကုထုံး ခံယူပြီးနောက် ကျမ အတော်လေး သဘောကျခဲ့ပါတယ်။ ကျမရရှိခဲ့တဲ့ ပြုစုစောင့်ရှောက်မှုကနေ ဆေးကုသရေးအထိ အစစအရာရာ အထူးကောင်းမွန်ပါတယ်။” Bumrungrad ဆေးရုံတွင် ပထမဆုံးအတွေ့အကြုံရှိပြီးကတည်းက တစ်နှစ်ခန့်အကြာ သူမ၏ ကိုယ်ခန္ဓာတွင် ထူးထူးဆန်းဆန်းဖြစ်ပွားမှု ထပ်မံ ကြုံတွေ့ရသည်။ သူမသည် ဘာဖြစ်နေသည်ကို သိရှိရန် Bumrungrad ဆေးရုံသို့ မဆိုင်းမတွ ချက်ချင်း သွားရောက်ခဲ့သည်။ 
 
“ပထမတော့ အစစအရာရာ ပုံမှန်ထင်ရပါတယ်။ ဒါပေမဲ့ ကျမရဲ့နောက်ကျော ပခုံးကနေ နောက်ကျောအလယ်ပိုင်းအထိ စတင် နာကျင်လာပါတယ်။ ကျမ အခါတိုင်းထက် ချွေးထွက်လွယ်တယ်။ ကျမရဲ့ ကိုယ်ခန္ဓာအပူချိန်က ပုံမှန်ထက် ပိုများတယ်။ Bumrungrad မှာ ကျရဲ့ဆရာဝန်က ရှင်းလင်းပြတ်သားတဲ့ CT စကင်ရိုက်ဖို့ ညွှန်ကြားခဲ့ပါတယ်။ ကျမကို အထူးအရောင်ဆိုးဆေး တစ်လုံး ထိုးခဲ့ပါတယ်။ နောက်ဆုံးမှာ ကျမကို ကျမရဲ့အဆုတ်မှာ ကင်ဆာအသားပိုအရွယ်အစားအမျိုးမျိုးမြင်နိုင်တဲ့ PET ရိုက်ခဲ့ပါတယ်။”
 
LDCT.JPG

Horizon ဒေသဆိုင်ရာကင်ဆာဌာနရှိ PET/CT (Positron Emission Tomography / Computed Tomography) စက်သည် ထိုင်းနိုင်ငံတွင် ပထမဆုံး ဖြစ်သည်။ Thi Man ၏အဆုတ်တွင် ကင်ဆာရောဂါ စစ်ဆေးနိုင်သည့် ဤစက်များ၏ အသေးစိတ်နှင့် တိကျမှုအဆင့်အတန်းကို ကျေးဇူးတင်ရှိပါသည်။ “ကင်ဆာတွေ့ရှိချိန်မှာ ကျမ အတော်ကြောက်လန့်သွားပါတယ်။ အတော်လေး နေမထိ ထိုင်မသာ ဖြစ်ပွားပါတယ်။ အသားပိုတွေကို တနည်းနည်းနဲ့ အနှောက်အယှက်ပြုရင် ကျမရဲ့ ခန္ဓာကိ်ုယ် တစ်ခုလုံးကို ပြန့်နှံ့သွားလိမ့်မယ်လို့ ကျမ ကြားဖူးပါတယ်။ ဒါ့ကြောင့် ကျမ ကုသမှုကို ချက်ချင်းရပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။” သူမ၏ရောဂါစစ်ဆေးမှု စိုးရိမ်ပူပန်မှုမှာ Thi Man မှ ရောဂါစစ်ဆေးတွေ့ရှိသည့်နေ့တွင်ပင် ဗီယက်နမ်ရှိ အဆုတ်ကင်ဆာရောဂါ ရင်ဆိုင်နေရသော သူမ၏မိခင်သေဆုံးကြောင်း သတင်းနှင့်နှိုင်းယှဉ်ပါက အသေးအမွှားသာ ဖြစ်သွားသည်။ 
 
“အဲဒါ အလွန်ဆိုးဝါးတဲ့သတင်းပါ။ ကျမမိခင်ရဲ့ဈာပန ကြီးကြပ်လုပ်ဆောင်ဖို့ အဲဒီနေ့မှာဘဲ ကျမ ဗီယက်နမ်ကို ကမန်းကတန်း ပြန်သွားခဲ့ပါတယ်။ ဈာပနပွဲပြီးပြီးချင်း ကျမ Horizon ဒေသဆိုင်ရာကင်ဆာဌာနကို ဆေးကုသဖို့ ချက်ချင်းပြန်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ ကျမကိုယ်ကျမ အမေဖြစ်သလိုမျိုး ကင်ဆာရောဂါကြောင့် သေဆုံးသူ မဖြစ်ချင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကျမစောင့်ရှောက်ကြည့်ရှုရမဲ့ မိသားစု ရှိနေလို့ပါ။ အဆုံးရှုံးမခံနိုင်တဲ့ နောက်တစ်ချက်က ကျမရဲ့သီချင်းသီဆိုမှု ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သီချင်းဆိုတာက ကျမဘဝရဲ့ အချစ်စစ်တစ်ခု ဖြစ်လို့ပါ။ သီချင်းဆိုပြိုင်ပွဲတွေမှာ ကျမ ဆုတွေ ရရှိခဲ့ပါတယ်။ ကျမ စင်မြင့်ပေါ်မှာ သီချင်းဆိုရန် တက်ရတဲ့အချိန်တိုင်းမှာ အလွန် ပျော်ပါတယ်။ ကျမရဲ့ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်ခဲ့ပါတယ်။” ဟု Thi Man သည် မျက်တောင်ခတ်လျှက် ရှင်းပြသည်။  
 
မကို ခွဲစိတ်ပေးတဲ့ ခွဲစိတ်ကုဆရာဝန် ဒေါက်တာ Pattanasak Lertpradit တို့က ကျမကို ဘာဘဲလုပ်ခိုင်းလုပ်ခိုင်း ကျမ လုပ်တယ်။” ဟု Thi Man မှ ပြောပြသည်။ “ကျမရဲ့ဆရာဝန်တွေက ကျမရဲ့ ကုသချိန်အတွင်း အထူး ဂရုစိုက်ခဲ့ပါတယ်။ သူတိုက ကျမရဲ့သွေးပေါင်ချိန်တိုင်းတာတို့ ဆေးကုသမှုခံယူဖို့ ကျမရဲ့ကိုယ်ခန္ဓာကို ဝိုင်းဝန်းစီစဉ်ပေးတာတို့နဲ့ အလုပ်ရှုပ်ခဲ့ပါတယ်။ CCU ခန်းမှာ သူနာပြုတွေကလည်း အထူးဂရုစိုက်ကြပါတယ်။ သူတို့အားလုံး ချစ်စရာအလွန်ကောင်းပါတယ်။ အမြဲတမ်းပြုံးရွှင်နေပြီး အားပေးစကားပြောကြပါတယ်။ ဘာသာစကားအခက်အခဲအတွက် ဘာပြသနာမျှ မရှိပါဘူး။ ဗီယက်နမ်က ဆေးဘက်ဆိုင်ရာစကားပြန်က ကျမနဲ့ အချိန်တိုင်း ရှိနေပါတယ်။ ဒါ တကယ်ကို အားတက်ရပါတယ်။” ဟု နှစ်ပါတ်အချိန်ကာလအတွင်း ခွဲစိတ်မှု ၄ ကြိမ်ထက်မနဲ ခံယူရသည့် Thi Man မှ သူမ၏ ကုသမှုအကြောင်းကို ပြေပြသည်။ 


သင် မြန်မြန် သိရှိလေ ကုသမှု ပိုမိုသေချာလေလေ 

 
Sooner-you-know.jpg 

ကျမရဲ့ အဆုတ်ကင်ဆာကို ရောဂါနုစဉ်အချိန်မှာ တွေ့ရှိရတာ ကျမ အလွန်ကံကောင်းပါတယ်။ ဒါ့ကြောင့် ကျမ ဓာတုကုထုံး ဓာတ်ရောင်ခြည်ကုထုံးတွေခံယူဖို့ မလိုအပ်ပါဘူး။ စောစီးစွာကုသခြင်းက ကျမဘဝဟာ ပျော်ရွှင်မှုကို အမြန်ဆုံးပြန်ရဖို့ အခွင့်အလမ်း ရှိပါတယ်။ Horizon ဒေသဆိုင်ရာကင်ဆာဌာနမှာရှိတဲ့သူတိုင်းကို ကျမ တကယ့်ကို ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။” ဤအင်တာဗျူးပြုလုပ်သည့်အချိန်တွင် Thi Man သည် နောက်တကြိမ်သီချင်းဆိုပြိုင်ပွဲမတိုင်မီ တစ်ပါတ်အလို ဖြစ်ပြီး ကင်ဆာရောဂါ ပျောက်ကင်းမှုသည် သူမ၏ဝမ်းသာမှုကို ပိုဖြည့်စွက်ပေးသည်။ .


ကင်ဆာမှပေးသော သင်္ခန်းစာများ 


Stage-Congrats-1000.jpg 
“ဖြစ်ပွားတဲ့ အဖြစ်အပျက်အားလုံးက ကျမရဲ့ကျန်းမာရေးကို ဂရုစိုက်ဖို့ ပြန်လည်အာရုံစိုက်စေပါတယ်။ ကျမမိသားစုရဲ့ ကျန်းမာရေးကိုလဲ အရင်ကထက် ပိုဂရုစိုက်ပါတယ်။ ကျမရဲ့အိမ်က အရင်ကထက် ပိုသန့်ရှင်းနေဖို့ သေချာစွာ လုပ်ပါတယ်။ ကျမရဲ့ အစားအသောက်ကို အရင်ကထက် ပိုဂရုစိုက်ပါတယ်။ ကျမ ရေကိုစစ်သောက်ပါတယ်။ ကျမရဲ့အိမ်မှာ အခု လေသန့်စင်စက် ရှိနေပါပြီ။ ကျမအစားအသောက်မှာ အသားကြီးသားတွေ အကင်အစားအစာတွေ ဖြတ်ခဲ့ပါတယ်။ အဆီပါတဲ့အစားအစာတွေလဲ မစားတော့ပါဘူး။ အကင်နဲ့ သီချင်းဆိုတာ ဘယ်ဟာရွေးမလဲမေးရင် ပြိုင်စရာတောင် မလိုပါဘူး။ ကျမ သီချင်းဆိုရပ်တာထက်ကို ဘာဘီကျူးကိုဘဲ မကြာခင်မှာ စွန့်လွှတ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲဒါက ကျမကို အပျော်ဆုံး ဖြစ်စေလို့ပါ” ဟု Thi Man မှ အပြုံးနှင့်အတူ နိဂုံးချုပ်ပြောပြခဲ့သည်။ 


 
For more information please contact:
  • ဟော်ရီဇွန် ဒေသဆိုင်ရာကင်ဆာဌာန
    Tel. +66 (0) 2011 2222 : Horizon Cancer Center
    Tel. +66 (0) 2011 5999 : Clinical Nurse Coordinator – Cancer
    Tel. +66 (0) 2011 2881 : Clinical Nurse Coordinator – Bone Marrow Transplant
    Tel. +9595105105 : မြန်မာပြည်ရှိ ကျွန်ုပ်တို့၏ကိုယ်စားလှယ်ရုံးသို့ ခေါ်ဆိုရန်။

Related Packages

Related Health Blogs