bih.button.backtotop.text

ပစ်မှတ်ထားရေဒီယိုရောင်ခြည်ကုထုံး : ဆီးကျိတ်ကင်ဆာကုသရေးအတွက် နည်းပညာဆိုင်ရာတိုးတက်ထွန်းကားမှု

հոկտեմբերի 09, 2019
ဆီးကျိတ်ကင်ဆာသည် အမျိုးသားများတွင် အဆုတ်ကင်ဆာပြီးနောက် ဒုတိယအများဆုံးဖြစ်ပွားသောကင်ဆာ ဖြစ်သည်။လူနာများသည် အစပိုင်းတွင် ဆီးပြသနာများအတွက် ဆေးကုသမှု ရယူသည်။ စမ်းသပ်စစ်ဆေးမှုသည် အဓိကအားဖြင့် သွေးတွင် ပရိုတိန်းအမျိုးအစား PSA ပါဝင်မှုကို စမ်းသပ်သည်။ PSA တန်ဖိုးသည် သတ်မှတ်ချက်ထက် ကျော်လွန်ပါက ဆရာဝန်သည် ကင်ဆာရောဂါဖြစ်ပွားမှုကို အခြားနည်းများဖြင့် အတည်ပြုမည်။

အစပိုင်းအဆင့် ဆီးကျိတ်ကင်ဆာလူနာများအတွက် အများဆုံးကုသမှုနည်းလမ်းမှာ ဆီးကျိတ်ဂလင်း ဖယ်ရှားခြင်း ဖြစ်သည်။ အကြောင်းမှာ ဆီးကျိတ်ကင်ဆာသည် ယောကျာ်းဟော်မုန်း (အင်ဒရိုဂျင်) ကြီးထွားမှုအပေါ် မူတည်သောကြောင့် ဆရာဝန်များသည် ကိုယ်ခန္ဓာတွင် အင်ဒရိုဂျင်ပမာဏ လျော့ကျစေရန် ယောကျာ်းဝှေးစေ့ (အင်ဒရိုဂျင်ထုတ်ပေးသည့်အင်္ဂါအစိတ်အပိုင်း) လုံးဝဖယ်ရှားပစ်ရန် အကြံပြုနိုင်သည်။ လူနာသည် ဟော်မုန်းကုထုံး၊ ကီမိုကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံး နှင့်/သို့မဟုတ် တစ်သျှူးအတွင်းရေဒီယိုသတ္တိကြွှသွင်းကုထုံးများ ခံယူရရှိမည်။

ဟော်မုန်းကုထုံးသည် ဆီးကျိတ်ကင်ဆာအတွက် အများဆုံးကုသမှုနည်းလမ်းဖြစ်သော်လည်း အင်ဒရိုဂျင်ပြန့်ပွားခြင်းမရှိသည့် သို့မဟုတ် အင်ဒရိုဂျင် လုံးဝနီးပါးပြန့်ပွားခြင်းမရှိသည့်အခြေအနေတွင် ဆက်လက်ပြန့်ပွားနိုင်သော “သင်းကွပ်ခံနိုင်ရည်ရှိဆီးကျိတ်ကင်ဆာ” (CRPC) အခြေအနေတွင် လုံးဝ မထိရောက်ပါ။ ဤကင်ဆာအမျိုးအစားရှိ လူနာများအတွက် အသက်ရှင်သန်မှုအခွင့်အလမ်းသည် အလွန်နဲသည်။ သို့သော်လည်း စဉ်ဆက်မပြတ် သုတေသန ပြုလုပ်မှုရလာဒ်အနေဖြင့် ဆီးကျိတ်ကင်ဆာအတွက် ပစ်မှတ်ထားရေဒီယိုရောင်ခြည်ကုထုံးသစ် ထွက်ပေါ်လာပြီး ၄င်းသည် စိတ်လှုပ်ရှားဖွယ် ရလာဒ်များဖြင့် ကြာမြင့်စွာကပင် အသုံးပြုလာသည့် ရေဒီယိုရောင်ခြည်ကုထုံး၏လက်ခံမှုတစ်ခု ဖြစ်သည်။

ဤလေ့လာမှုတွင် အသုံးပြုသည့် ရေဒီယိုသတ္တိကြွပစ္စည်းကို lutetium-177 (177Lu) -PSMA-617 (Endocyte) ဟုခေါ်ပြီး ဆီးကျိတ်ကင်ဆာဆဲလ်များ  တွင်ရှိသည့် ပရိုတိန်းအမျိုးအစားနှင့်ပေါင်းစပ်သော သေးငယ်သည့်ရေဒီယိုအမည်တပ်မော်လီကျူး ဖြစ်သည်။ ပေါင်းစပ်ပြီးပါက Lu-177 မှ ဓာတ်ရောင်ခြည်သည် ဆီးကျိတ်ကင်ဆာဆဲလ်ကို ဖျက်ဆီးသည်။ ထို့ကြောင့် ကင်ဆာအရွယ်အစားကို တိုက်ရိုက်လျှော့ချပေးပြီး ကင်ဆာဆဲလ် ပြန့်ပွားမှုကို ထိမ်းချုပ်ပေးသည်။ ဤကုသမှုအမျိုးအစားသည် အခြားဆဲလ်များကို ထိခိုက်မှု အလွန်နဲပါးသည်။ ဤသုတေသနလေ့လာမှု ခေါင်းဆောင်ဖြစ်သူ   သြစတြေးလျနိုင်ငံ Peter MacCallum Cancer Center မှ ဒေါက်တာ Hoffman ပြောပြသည်မှာ “ဒီစမ်းသပ်မှုမှာ ကျနော်တို့ တနည်းအားဖြင့် ရောဂါနောက်ဆုံးအဆင့််ကုသစောင့်ရှောက်မှု ရရှိတဲ့ အမျိုးသားများကို ကုသခဲ့ပါတယ်” ဟု ပြောပြသည်။

လောလောဆည်စမ်းသပ်ဆဲ ပစ်မှတ်ထားရေဒီယိုရောင်ခြည်ကုထုံးအပြင် ကျွန်ုပ်တို့တွင် enzalutamide နှင့် apalutamide အမျိုးအစားဖြင့် အခြားသော ပစ်မှတ်ထားကုထုံးအမျိုးအစားလည်း ရှိပြီး နှစ်မျိုးစလုံးသည် ဟော်မုန်းနှင့်မတည့်သော ဆီးကျိတ်ကင်ဆာ (HSPC) နှင့် သင်းကွပ်ခံနိုင်ရည်ရှိ ဆီးကျိတ်ကင်ဆာ (CRPC) အပေါ်တွင် ထိရောက်မှုရှိသည့် ဆီးကျိတ်ကင်ဆာလူနာများအတွက် ပစ်မှတ်ထားကုထုံး ဆေးကုသမှုအဖြစ် မကြာသေးမီက အတည်ပြုပေးခဲ့သည်။ အဆိုပါပစ်မှတ်ထားဆေးဝါးမော်လီကျူးများသည် ဆီးကျိတ်ကင်ဆာဆဲလ်များ၏မျက်နှာပြင်ပေါ်တွင် အင်ဒရိုဂျင်လက်ခံသည့် အရာနှင့် ပေါင်းစည်းပြီး ၄င်းတို့အား အင်ဒရိုဂျင်နှင့်ဓာတ်ပြုခြင်းမှ ကာကွယ်ပေးသည်။ ဟော်မုန်းနှင့်ထိတွေ့မှုမရှိပါက ကင်ဆာဆဲလ်များသည်လည်း နောက်ဆုံးတွင် သေဆုံးသွားမည်။ လေ့လာမှုများအရ အဆိုပါကုသမှုနှစ်မျိုးအသုံးပြုခြင်းသည် ဓာတုကုထုံးလိုအပ်ချက်ကို ဖယ်ရှားပေးနိုင်ပြီး လူနာ၏သက်တမ်းကို သိသာထင်ရှားစွာ ပိုမိုကြာမြင့်စေသည်။

ဤနောက်ဆုံးတိုးတက်မှုများမှ ပြန့်ပွားမှုအဆင့်ဆီးကျိတ်ကင်ဆာသည် လူနာအများအပြားအတွက် လမ်းဆုံးမဟုတ်တော့ကြောင်း ပြသသည်။ ​ဆေးပညာတိုးတက်ထွန်းကားမှုသည် horizon သို့ မျှော်လင့်ချက်သစ်များ ဆက်လက်ယူဆောင်ပေးသည်။ 
 
For more information please contact:
  • ဟော်ရီဇွန် ဒေသဆိုင်ရာကင်ဆာဌာန
    Tel. +66 (0) 2011 2222 : Horizon Cancer Center
    Tel. +66 (0) 2011 5999 : Clinical Nurse Coordinator – Cancer
    Tel. +66 (0) 2011 2881 : Clinical Nurse Coordinator – Bone Marrow Transplant
    Tel. +9595105105 : မြန်မာပြည်ရှိ ကျွန်ုပ်တို့၏ကိုယ်စားလှယ်ရုံးသို့ ခေါ်ဆိုရန်။

Related Packages

Related Health Blogs