bih.button.backtotop.text

၂၀၁၉ ခုနှစ် ဆေးဝါးဆိုင်ရာနိုဘယ်ဆု : အောက်ဆီဂျင်ခံစားသိရှိခြင်းနှင့် ကင်ဆာရောဂါ “ပိတ်ပင်မှု” သဲလွန်စ

դեկտեմբերի 02, 2019
အောက်ဆီဂျင်သည် လူသားများ အသက်ရှင်သန်မှုနှင့် သုခချမ်းသာရှိမှုအတွက် အဓိကဖြစ်ကြောင်း လူတိုင်း သိရှိပြီး ဖြစ်ပါသည်။ သို့သော်လည်း ကျွန်ုပ်တို့၏ဆဲလ်များ မည်သို့ ခံစားသိရှိပြီး အောက်ဆီဂျင်အဆင့် ပြောင်းလဲမှုကို မည်သို့ လိုက်လျောညီထွေ ရှိပါသလဲ? ၂၀၁၉ ခုနှစ် ဆေးဝါးဆိုင်ရာနိုဘယ်ဆုကို anti-VEGF ကုထုံး ကင်ဆာရောဂါ၏ခက်ခဲနက်နဲမှု ဖြေရှင်းရာတွင် သဲလွန်စသစ် ရှာဖွေတွေ့ရှိမှုအတွက် ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။

နိုဘယ်ဆုအား ဟားဗတ်တက္ကသိုလ်မှ William Kaelin Jr. အောက်(စ)ဖို့တက္ကသိုလ်မှ Sir Peter Ratcliffe နှင့် ဟော့(ပ်)ကင်(စ်) တက္ကသိုလ်မှ Gregg Semenza တို့ကို “ဆဲလ်များမှ အောက်ဆီဂျင်ရရှိနိုင်မှုကို မည်သို့ ခံစားသိရှိပြီး လိုက်လျောညီထွေရှိကြောင်း ၄င်းတို့၏ ရှာဖွေတွေချက်မှုများအတွက်” ပူးတွဲပေးအပ်ခဲ့ပါသည်။
 
အောက်ဆီဂျင်သည် အစားအစာမှ စွမ်းအင်အဖြစ်ပြောင်းလဲမှုအတွက် လိုအပ်ပြီး ကျွန်ုပ်တို့အတွက် မရှိမဖြစ် လိုအပ်ကြောင်း သိရှိ နားလည်ပြီး ဖြစ်ပါသည်။ ဆဲလ်တစ်ခုချင်းစီမှ အောက်ဆီဂျင်ကို မည်သို့ ခံစားသိရှိပြီး လိုက်လျောညီထွေရှိကြောင်း တိတိကျကျ နားလည်ရန်မှာ ယခုအချိန်ထိ ခက်ခဲဆဲ ဖြစ်သည်။ ဆဲလ်များသည် အောက်ဆီဂျင်နှင့် မည်သို့ လိုက်လျောညီထွေရှိသည်ဆိုသည့် ဤအခြေခံတွေ့ရှိချက်သည် အလွန်ဆန်းသစ်သည့်တွေ့ရှိချက် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လူ့ခန္ဓာကိုယ်၏ အောက်ဆီဂျင် အဆင့်သည် အကြောင်းရင်းအများအပြား ဥပမာ မည်သည့်အချိန်တွင်မဆို ကျွန်ုပ်တို့၏လှုပ်ရှားမှုများနှင့် ကျန်းမာရေး အခြေအနေများအပေါ် မူတည်ပြောင်းလဲနေသောကြောင့် ဖြစ်သည်။ 
 
ဤသိပ္ပံပညာရှင်သုံးယောက်၏ ရှာဖွေတွေ့ရှိချက်သည် အောက်ဆီဂျင်မှ ကျွန်ုပ်တို့ခန္ဓာကိုယ်၏ ဆဲလ်အဆင့်တွင် မည်သို့ အကျိုး သက်ရောက်မှုရှိသည်ဆိုသည့် ကျွန်ုပ်တို့၏ရှုထောင့်ကို အထူးတိုးတက်ကောင်းမွန်စေသည်။ ခန္ဓာကိုယ်တွင် အောက်ဆီဂျင်ပေးပို့ရန် တာဝန်ယူရသည့် သွေးနီဥဆဲလ်များ ဖြစ်ပွားအောင် erythropoietin (EPO) ဟော်မုန်းမှ ကိုယ်ခန္ဓာအား မည်သို့ လှုံ့ဆော်ခြင်းဖြင့် စတင်သည်။ အောက်ဆီဂျင်အဆင့် ကျဆင်းပါက ခန္ဓာကိုယ်မှ သွေးနီဥဆဲလ်များ ပိုမိုထုတ်ပေးသည်။ EPO ဟော်မုန်းကို ၄င်းကိုယ်တိုင် hypoxia-inducing-factor (HIF) ပရိုတိန်းဖြင့် တစိတ်တပိုင်း ယူဆောင်လာသည်။ 
 
ပုံမှန်အားဖြင့် HIF ပရိုတိန်းသည် VHL ပရိုတန်း (pVHL) မှ လျှင်မြန်စွာ ရယူပြီး အောက်ဆီဂျင်ကြွယ်ဝသောအခြေအနေသို့ ပြောင်းလဲ ပေးသည်။ သို့သော်လည်း Von Hippel Lindau (VHL) ရောဂါလက္ခဏာရှိပြီး ကင်ဆာရောဂါအန္တရာယ် အလွန်များပြားသည့် မျိုးရိုးဗီဇရှိသူများအကြားတွင် ၄င်းတို့၏ pVHL သည် HIF နှင့် ပေါင်းစည်းနိုင်ခြင်း မရှိပါ။ ထို့အပြင် အလားတူဂုဏ်သတ္တိများကို သက်ရှိ VHL မျိုးရိုးဗီဇမရှိသည့် ကင်ဆာရောဂါဆဲလ်များတွင် တွေ့ရှိရသည်။ ဤကင်ဆာဆဲလ်များသည် အောက်ဆီဂျင်ပြတ်သည့် မျိုးရိုးဗီဇ မူမမှန်စွာ မြင့်မားမှုကို ဖော်ပြသည်။ VHL မျိုးရိုးဗီဇ ပုံမှန်အလုပ်လုပ်ကိုင်မှု ပြန်ဖြစ်ပွားစေပါက အဆင့်သည် ပုံမှန်ပြန်ဖြစ်သွားသည်။
 
HIF သည် အောက်ဆီဂျင်အဆင့်ကို EPO မျိုးရိုးဗီဇဖော်ပြမှု ထိမ်းညှိခြင်းဖြင့် တိုးမြှင့်ပေးသည့်အပြင် သွေးကြောသစ်များ သို့မဟုတ် “angiogenesis” ဖြစ်ပွားအောင် လှုံ့ဆောင်ပေးသည့် သွေးကြောနံရံပျက်စီးမှုကြီးထားမှုအကြောင်းရင်း (VEGF) ဖော်ပြမှုကိုလည်း ထိမ်းညှိပေးသည်။ ကင်ဆာဆဲလ်အမျိုးအစားအများအပြားသည် သွေးကြောသစ် (angiogenesis) ကြီးထွားမှုတွင် ကင်ဆာဆဲလ်များသို့ အောက်ဆီဂျင်နှင့် အာဟာရပေးပို့နိုင်ရန်နှင့် တချိန်တည်းတွင် ၄င်းတို့အား ဆက်လက်ပြန့်ပွားမှု ခွင့်ပြုရန်အတွက် ကိုယ်ခန္ဓာ၏ “လှည့်စားမှု” လုပ်ငန်းစဉ်ကို အကျိုးရှိရှိအသုံးချရန် ကိုယ်ပိုင် VEGF ထုတ်ပေးနိုင်သည်။ 
 
 
အောက်ဆီဂျင်မှ မည်သို့ထိန်းညှိသည်ကို ကျွန်ုပ်တို့နားလည်သဘောပေါက်ပုံ ရှာဖွေတွေ့ရှိချက်သည် ကင်ဆာတိုက်ဖျက်ရေး နည်းဗျူဟာသစ် “angiogenesis” ရပ်ဆိုင်းမှုလုပ်ငန်းစဉ် ဖြစ်ပွားစေသည်။ ဤ “သွေးကြောသစ်ဖြစ်ပွားမှုဟန့်တားပေးသည့်ဒြပ် (anti-angiogenesis agents)” အတွက် သုတေသနလုပ်ငန်းသည် အကျိုးဖြစ်ထွန်းမှုရှိပြီး အမေရိကန်နိုင်ငံ FDA မှ အဆိုပါမော်လီကျူး ၁၀ ခု ထက်မက ခွင့်ပြုခဲ့ကာ ယခုအချိန်တွင် ကျယ်ပြန့်စွာ အသုံးပြုလျှက်ရှိသည်။  ဤပစ်မှတ်ထားကုထုံးသည် သွေးကြောသစ် ဖြစ်ပွားမှု လုပ်ငန်းစဉ်မှတဆင့် အထူးသဖြင့် VEGF များနှင့်ပေါင်းစည်းပြီး VEGF လက်ခံသည့်အရာနှင့်ဓာတ်ပြုမှု တားဆီးခြင်းဖြင့်ဖြစ်စေ သို့မဟုတ် VEGF လက်ခံသည့်အရာများ နှင့်/သို့မဟုတ် ဖြစ်ပျက်စဉ်ကာလနှင့် ၄င်းတို့၏လှုပ်ရှားမှုတားဆီးချိန်တွင်ရှိသော အခြား ပရိုတိန်းများနှင့် ပေါင်းစည်း၍ဖြစ်စေ ကင်ဆာဆဲလ်များ အောက်ဆီဂျင်နှင့် အာဟာရ ရရှိနိုင်မှုကို ကာကွယ်ပေးသည်။ တနည်းအားဖြင့် အချို့သော သွေးကြောသစ်ဖြစ်ပွားမှု တားဆီးပေးသည့် ဒြပ်များသည် သွေးကြောသစ်ဖြစ်ပွားမှု ကာကွယ်ရေးအရည်အသွေးရှိသည့် ကိုယ်ခံစွမ်းအား ကာကွယ်ရေးဆေးဝါးများ ဖြစ်သည်။ အခြေခံအားဖြင့် ဤဆေးဝါးများသည် သွေးကြောသစ်ဖြစ်ပွားမှုကို နှေးကွေးအောင် သို့မဟုတ် အကျိတ်ကြီးထွားမှုရပ်တန့်အောင် လုပ်ဆောင်သည့် “ပိတ်ပင်မှု” ဖြစ်သည်။ 
 

 
သွေးကြောသစ်ဖြစ်ပွားမှုဟန့်တားပေးသည့်ဒြပ်များသည် ရောဂါအဆင်မြင့်အချိန့် နှင့်/သို့မဟုတ် ပြန့်ပွားမှုအဆင့်အချိန်တွင် ကင်ဆာရောဂါအမျိုးအစားအများအပြား ကုသရာတွင် အလွန် အသုံးဝင်သည်။ ဥပမာ bevacizumab (VEGF ဟန့်တားပေးသည့် မိုနိုကလိုနယ်ပဋိပစ္စည်း) ကို အချို့သော အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ သားအိမ်ကင်ဆာနှင့် ဦးဏှောက်ကင်ဆာအတွက် အသုံးပြုရန် ခွင့်ပြုခဲ့သည်။ Sunitinib (VEGF လက်ခံသည့်အရာအတွက် ရည်ရွယ်သည့်စားဆေး) ကို ပန်ကရိယကင်ဆာ၊ အချို့သောကျောက်ကပ်ကင်ဆာနှင့် GIST (အစာအိမ်လမ်းကြောင်းဆိုင်ရာကင်ဆာ) အတွက် ခွင့်ပြုခဲ့သည်။ Sorafenib (VEGF လက်ခံသည့်အရာအတွက် ရည်ရွယ်သည့်အခြားစားဆေး) ကို အချို့သောအသည်းနှင့်ကျောက်ကပ်ကင်ဆာများနှင့် ကြီးထွားမှုရှိသောသိုင်းရွိုက်ကင်ဆာအတွက် ခွင့်ပြုခဲ့သည်။ Pazopanib (tyrosine kinase တားဆီးမှုလုပ်ငန်းစဉ်မှတဆင့် VEGF လက်ခံသည့်အရာအတွက် ရည်ရွယ်သည့် စားဆေး) ကို ကျောက်ကပ်ဆဲလ်ကင်ဆာနှင့် ပျော့ပြောင်းသောတစ်သျှူးအကျိတ်ကုသမှု အတွက် ခွင့်ပြုခဲ့သည်။ အဆင့်မြင့် ရင်သားကင်ဆာအတွက် ER positive နှင့် HER2 negative တွင် အသုံးများသော Everolimus (mTOR တားဆေး) သည် သွေးကြောသစ်ဖြစ်ပွားမှု တားဆီးသည့်ဂုဏ်သတ္တိ ပြသပြီး ပန်ကရိယကင်ဆာ၊ အစာအိမ်ကင်ဆာနှင့် အချို့သော အဆုတ်ကင်ဆာအတွက် ခွင့်ပြုခြင်း ခံရသည်။
 
အထက်ပါစာရင်းများသည် တဖြည်းဖြည်းများပြားလာလျှက် ရှိပြီး သွေးကြောသစ်ဖြစ်ပွားမှုတားဆီးဆေး၏ ဖြစ်နိုင်ခြေသည် မဆုံးနိုင်ပါ။ ၄င်းသည် အခြားရောဂါများ ဥပမာ အသက်အရွယ်ဆိုင်ရာမျက်စိအာရုံကြောချို့ယွင်းမှု (အသက်အရွယ်ဆိုင်ရာမျက်စိအခြေအနေ) တွင်လည်း ထိရောက်မှု ရှိသည်။  ၄င်းသည် “ဆဲလ်များသည် အောက်ဆီဂျင်ရရှိမှုနှင့် မည်သို့ ခံစားသိရှိပြီး မည်သို့ လိုက်လျောညီထွေ ရှိသည်ဆိုသည့် ရှာဖွေတွေ့ရှိချက်များ” ဖြစ်သော ဆေးဝါးဆိုင်ရာ နိုဘယ်ဆုအတွက် အလွန်အကျိုးရှိသည့် တွေ့ရှိချက် ဖြစ်သည်။ ၄င်းသည် ကင်ဆာကုသရေးတွင် လမ်းစသစ်အများအပြား ဖွင့်ပေးသည့် သော့ချက်တစ်ခု ဖြစ်သည်။

Related Health Blogs