bih.button.backtotop.text

Horizon အကြောင်း : Horizon ကင်ဆာဌာနလာရောက်ပြီးနောက် ဘဝသစ်

դեկտեմբերի 18, 2019
လက်တလှမ်းအမှီ ရယူနိုင်သော အဓွန့်ရှည်စွာ တည်တံ့သော မျှော်လင့်ချက်ဟု အဓိပ္ပါယ်ဖော်ဆောင်သည့် Horizon ၏သင်္ကေတ အကြောင်းကို Horizon ကင်ဆာဌာန၏တံဆိပ်အသစ်အကြောင်း ဖော်ပြခြင်းမရှိဘဲ ပြောပြရန် အလွန်ခက်ခဲသည်။

အဆင့်မြင့်နည်းပညာ၊ အထူးကုဆေးဘက်ဆိုင်ရာအဖွဲ့များထက် အောင်မြင်သောကင်ဆာရောဂါကုသမှုသည် သာလွန်ကြောင်း ကျွန်ုပ်တို့အားလုံး သိရှိပါသည်။ လူနာ၏ ကိုယ်ပိုင်မျှော်လင့်ချက်၊ စိတ်ဓာတ်၊ ကောင်းမွန်သောစိတ်ဓာတ်တို့သည် ကင်ဆာရောဂါ တိုက်ဖျက်ရေးတွင် မရှိမဖြစ် လိုအပ်သည်။ ၄င်းသည် Horizon ကင်ဆာဌာန၏ လမ်းပြအတွေးအခေါ် ဖြစ်သည်။

 
Doctor1040x1040.jpg

 
သွေးပါရဂူ-ကင်ဆာအထူးကုဆရာဝန်နှင့် Horizon ကင်ဆာဌာန တွဲဖက်ဒါရိုက်တာ Dr. Narongsak Kiatkhajonthada မှ Horizon တံဆိပ်၏ လျှို့ဝှက်သောအဓိပ္ပါယ်ကို ရှင်းပြသည်။ “ကင်ဆာရောဂါလူနာတွေဟာ အခြားသောရောဂါလူများထက် အလွန်စိတ်ဖိစီးမှု ပိုများပါတယ်။ ဘာလို့လဲဆိုတော့ ကင်ဆာရောဂါက သူတို့ရဲ့ဘဝတခုလုံးနဲ့ မိသားစုအားလုံးကို အကြီးအကျယ် အကျိုးသက်ရောက်လို့ ဖြစ်ပါတယ်။ ဒီရောဂါကို တခါတလေ ရှောင်လွှဲမရနိုင်တဲ့ အသက်အန္တရာယ်ရှိတဲ့ရောဂါလို့ မြင်ကြတယ်။ တချိန်တည်းမှာဘဲ လူတိုင်းက သူတို့ရဲ့ မျှော်လင့်ချက်တွေ အိမ်မက်တွေ ဆန္ဒတွေကို အဓိပ္ပါယ်ရှိတဲ့ဘဝ ကြာနိုင်သမျှ ကြာအောင် ဆက်လက်နေထိုင်လိုကြပါတယ်။ ဒါ့ကြောင့် မိုးကုတ်စက်ဝိုင်းမှာရှိတဲ့ အဓွန့်ရှည် တည်တည့်စွာ ရယူနိုင်တဲ့ မျှော်လင့်ချက်သင်္ကေတ ဖော်ညွှန်းလျှက်  Horizon ကင်ဆာဌာနရဲ့တံဆိပ်အသစ် ရရှိလာခြင်း ဖြစ်ပါတယ်။ ၄င်းက အသက်ရှင်သန်လိုတဲ့ဆန္ဒကို ဆိုလိုပါတယ်။ ဘာလို့လဲဆိုတော့ အရည်အသွေးမြင့်မားတဲ့ ဆေးဘက်ဆိုင်ရာဂရုစိုက်မှု ရရှိတဲ့အပြင် လူနာရဲ့စိတ်ဓာတ် အခြေအနေကလဲ ထိရောက်တဲ့ကင်ဆာရောဂါကုသရေးမှာ အလွန်အရေးပါတယ်။”
 
logo-cancer.png
 

ထူးချွန်မှုဖြင့် ဘယ်အရာမဆို ဖြစ်နိုင်ခြင်း 

“ထူးချွန်မှုက ဖြစ်နိုင်မှု စွမ်းဆောင်ပေးတယ် (Excellence Made Possible) ဆိုတဲ့စကားက Horizon ကင်ဆာဌာန၏ စိတ်ကူးစိတ်သန်းကို ခြုံငုံမိစေတဲ့ လှုံ့ဆော်အားပေးစကား ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ စည်းကမ်းမျိုးစံလိုက်နာမှုရှိတဲ့အဖွဲ့က အားလုံးမှာ ရည်ရွယ်ချက်တခုရှိတယ် : သူတို့ရဲ့အကောင်းဆုံးစွမ်းရည်နဲ့ လူနာကို အောင်မြင်စွာ ဆေးကုသပေးရန် ဖြစ်ပါတယ်။ ကြိမ်ဖန်များစွာဘဲ သူတို့ဟာ ဆေးကုသချိန်အတွင်း သူတို့ရဲ့လူနာတွေကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို အောင်မြင်စွာ ကျော်လွှားဖို့ အတူအကွ လုပ်ဆောင်တယ်။ သူတို့ဟာ သူတို့ရဲ့အကောင်းဆုံး တကယ် လုပ်ဆောင်နေကြတယ်။ ဆေးကုသရေး ဝန်ထမ်းတွေလဲဘဲ ပင်ပန်းမှု ခံစားရပါတယ်။ ဘာလို့လဲဆိုတော့ အကောင်းဆုံးပြုစုစောင့်ရှောက်မှု ပေးနိုင်ရန် သူတို့ရဲ့ကိုယ်ပိုင် နှလုံးသားထဲကို နက်ရှိုင်းစွာ မြှုပ်နှံထားလို့ပါ။ ဒါက စိတ်ကူးယဉ်ဆောင်ပုဒ် မဟုတ်ပါဘူး။ ကျနော်တို့အလုပ်ရဲ့ လက်တွေ့ဘဝ ဖြစ်ပါတယ်။” 


လှုံ့ဆော်အားပေးမှု လွှဲပြောင်းခြင်း 

Horizon ကင်ဆာဌာန၏ တံဆိပ်အသစ်အတွက် လှုံ့ဆော်အားပေးမှုသည် အရစ်မပါဘဲ Bumrungrad ဆေးရုံ၏ တံဆိပ်မှ အဓိကယူဆောင်ထားသည်။ ကင်ဆာလူနာတိုင်း၏ မျှောလင့်ချက်များနှင့် ဆန္ဒများသည် သင်္ကေတအတွင်း ထည့်သွင်းထားသည်။ အပြင်ဘက်စက်ဝိုင်းသည် ဆေးရုံကို ကိုယ်စားပြုသည်။ H တလျှောက် အနီရောင်မျဉ်းသည် horizon ကို ကိုယ်စားပြုပြီး မျှော်လင့်ချက်သည် ကင်ဆာရောဂါကို ကြက်ခြေခတ် တည်ရှိနေသည်။ အထူးစိတ်ဝင်စားဖွယ်ကောင်းသည့်အချက်မှာ “ကင်ဆာ” စကားလုံးအတွက် အသုံးပြုသည့်ဖောင့်(font) ဖြစ်သည်။ ၄င်းသည် စပိန်နိုင်ငံ Arrels Foundation ၏ Homelessfonts စီမံကိန်းမှ အိုးအိမ်မဲ့ပြည်သူလူထု ရေးသားသောအက္ခရာတစ်လုံးစီအား ဂရပ်ဖစ်ဒီဇိုင်းနာ၏ အကူအညီဖြင့် ဒစ်ဂျစ်တယ်ဖောင့်ပြောင်းလဲ ထားသည့် Anna Maria Homeless font ဖြစ်သည်။ ဤဖောင့်ရောင်းချရသည့်ငွေများအား ဘာစီလိုးနားရှိ အိုးအိမ်မဲ့ ပြည်သူလူထုအား ကူညီရန် ဖြစ်ပါသည်။ 
 

ပြုစုစောင့်ရှောက်မှုနှင့်နားလည်မှု၏ အရောင် 

ဤတွင်အသုံးပြုသည့်ဆေးစပ်အပြားသည် အနှစ်သာရအားဖြင့် ထိုင်းဘာသာစကားဖြစ်သည်။ ၄င်းတို့အား ရှေးရိုးရာထိုင်းပန်းချီ၊ လက်မှုပညာနှင့် စာပေတို့တွင် တွေ့ရှိရသည့် အရောင်များမှ ယူဆောင်ထားသည်။ ၄င်းအရောင်များသည် ရှေးရိုးရာလက်မှု ပညာရှင်အမျိုးသားနှင့် လက်မှုပညာရှင်အမျိုးသမီးမှ သဘာဝတွင် တွေ့ရှိရသည့်အရောင်အား ၄င်းတို့၏ တမူထူးခြားသော အရောင်ပြောင်းလဲမှု ရှေးရိုးရာ အသိပညာကို ကိုယ်စားပြုသည်။ ဤစေ့စေ့စပ်စပ်လုပ်ကိုင်သောပြုစုစောင့်ရှောက်မှုနှင့် အသေးစိတ်ဂရုစိုက်မှုသည် Horizon ကင်ဆာဌာန၏ ဝိသေသလက္ခဏာဖြစ်ပြီး နွေးထွေးစွာ ပြုစုစောင့်ရှောက်မှုနှင့် နိုင်ငံတကာကျော်ကြားသော ထိုင်းဆေးရုံများအတွက် နိုင်ငံတကာဂုဏ်သတင်းကို ဖော်ဆောင်ပေးသည်။
 

1Horizon-1200x315.jpg

2Horizon-1200x315.jpg

အဖြူရောင်သည် သန့်ရှင်း၍ အကျိုးရှိသည့် ဆန်းသစ်သောကုသမှုကို ကိုယ်စားပြုသည်။ အမှန်အားဖြင့် ၄င်းသည် စေ့စေ့စပ်စပ်ရှိပြီး ပြုလုပ်ရန်ရှုပ်ထွေးသော သို့သော်လည်း နောက်ဆုံးတွင် နှစ်သက်ဖွယ်ကောင်း၍ ကြေနပ်သည့်ရလာဒ်ရရှိသော Khraam သစ်ပင် မဲနယ်ရောင်စစ်စစ်မှ ရရှိသည့် သဘာဝဆေးရောင် ဖြစ်သည်။ အနီရောင်သည် ဘဝ-စွမ်းအား ပြည့်လျှံခြင်း၏ အရောင် ဖြစ်သည်။ ၄င်းသည် Horizon ကင်ဆာဌာန၏ ကင်ဆာကုသရေး နောက်ဆုံးတိုးတက်ဖွံ့ဖြိုးမှုအပေါ် ပွင့်လင်းမြင်သာမှု ခေတ်မီမှုကို ဖော်ညွှန်းသည်။ အနီရောင်သည် ရှေးရိုးရာထိုင်းအနုပညာအဓိကအရောင်နှင့် အာရှယဉ်ကျေးမှုတွင် အလွန်နာမည်ကျော်ကြားသောအရောင် Cinnabar မှ လာသည်။ ၄င်းသည် Ramayana မော်ကွန်းမှ ရာမ၏ ယုံကြည်စိတ်ရသော ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူ Sugriva ၏စရိုက်အရောင်အဖြစ်လည်း အသုံးပြုသည်။ နောက်ဆုံးအရောင်မှာ စိမ်းပြာရောင် ဖြစ်ပြီး ကင်ဆာလူနာ၏ ဘဝရာဇဝင်၊ မျှော်လင့်ချက်၊ အားပေးမှုနှင့် ဆေးကုသရေးခရီးစဉ်ကို ဖော်ညွှန်းသည်။ ရှေးရိုးရာအားဖြင့် ဤအရောင်သည် စစ်မှန်သောမဲနယ်ရောင်မှ ဆင်းသက်လာပြီး အဖြူရောင်နည်းငယ်နှင့် အဝါရောင်အနည်းငယ် ရောစပ်ထားသည်။ ၄င်းကို ထိုင်းအရောင်စနစ်တွင် “ရေစီးဆင်း” ဟုခေါ်ဆိုပြီး ၄င်းသည် ကောင်းကင်၏ ရောင်ပြန်ဟပ်သည့် ရေအရောင်နှင့် ဆင်တူသည်။+
 
“ကင်ဆာရောဂါပျောက်ကင်းရန် လူနာရဲ့မျှော်လင့်ချက်က Horizon လက်ထဲမှာ ရှိသော်လည်းဘဲ လက်တလှမ်းအတွင်းမှာ ရှိပါတယ်။ လက်လှမ်းမီတဲ့ အနာဂါတ် ဖြစ်ပါတယ်။ ထူးချွန်မှုက ဖြစ်နိုင်မှု စွမ်းဆောင်ပေးတယ်” ဟု Dr. Narongsak Kiatkhajonthada မှ Horizon ကင်ဆာဌာန၏ တံဆိပ်အသစ်အကြောင်း နောက်ဆုံးအသေးစိတ် အဓိပ္ပါယ်ကို ရှင်းပြပါသည်။
For more information please contact:
  • ဟော်ရီဇွန် ဒေသဆိုင်ရာကင်ဆာဌာန
    Tel. +66 (0) 2011 2222 : Horizon Cancer Center
    Tel. +66 (0) 2011 5999 : Clinical Nurse Coordinator – Cancer
    Tel. +66 (0) 2011 2881 : Clinical Nurse Coordinator – Bone Marrow Transplant
    Tel. +9595105105 : မြန်မာပြည်ရှိ ကျွန်ုပ်တို့၏ကိုယ်စားလှယ်ရုံးသို့ ခေါ်ဆိုရန်။

Related Packages

Related Health Blogs