bih.button.backtotop.text

ကျွန်ုပ်တို့၏ မျှော်မှန်းချက်၊ရည်မှန်းချက်နှင့်တန်ဖိုး

 

ကျွန်ုပ်တို့၏ မျှော်မှန်းချက်၊ရည်မှန်းချက်နှင့်တန်ဖိုး

မျှော်မှန်းချက်

ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီးသည် အယုံကြည်ရဆုံးသော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာသန်စွမ်းမှုပေးရာဌာန ဖြစ်စေရပါမည်။
 

စွမ်းဆောင်ချက်

ကုသရေးဝန်ဆောင်မှုများတွင် အကောင်းဆုံးပေးစွမ်းခြင်း
ဆေးရုံလုပ်ငန်းလည်ပတ်မှုအား ဆန်းသစ်တီထွင်မှုနှင့်အတူ အဆင့်မြင့်နည်းပညာများဖြင့် ပြုပြင်ပြောင်းလဲခြင်း
တိုးတက်မှုနှင့် တည်မြဲမှုအတွက် ခိုင်ခံ့သောအခြေခံအုတ်မြစ် တည်ဆောက်ခြင်း
 

အဓိကတန်ဖိုးများ

  • ပူးပေါင်းပါဝင်ခြင်း
  • သွက်လက်တက်ကြွခြင်း
  • ဆန်းသစ်တီထွင်ခြင်း 
  • ဂရုစိုက်ခြင်း
 

လူနာနှင့်ဝန်ထမ်းအတွက် ဘေးကင်းရန်လမ်းညွန်

ဘမ်ရွန်ဂရက်ဆေးရုံ PCLမှာ လူတိုင်းတွင် လူနာနှင့်ဝန်ထမ်းများ ဘေးကင်းရန် တာဝန်ရှိသည်။ဆေးရုံကို အုပ်ချုပ်သော ဘုတ်အဖွဲ့သည် ဘေးကင်းဖို့ ညွှန်ကြားရန် တာဝန်အပြည့်အဝရှိသည်။ဘမ်ရွန်ဂရက်ဆေးရုံတွင် ဝန်ထမ်းများကို ကြည့်ကြပ်ရန်၊ညွှန်ကြားရန်နှင့် ဘေးကင်းစေသောအစီစဉ်ကို ပြီးမြောက်အောင် ဆောင်ရွက်စေရန် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့များက တာဝန်ယူပါသည်။. အဖွဲ့၏ ဘေးကင်းလုံခြုံအောင် ကြိုးစားမှုသည် ကျွန်ုပ်တို့လုပ်ငန်း၏ အဓိကဖြစ်ပြီး ကျွန်ုပ်တို့အောင်မြင်မှုနှင့် အပြိုင်အဆိုင်အတွက် မဖြစ်မနေလိုအပ်ပါသည်။

 
ကျွန်ုပ်တို့ ယုံကြည်ထားသည်မှာ
  1. ဘေးကင်းလုံခြုံခြင်းကို ဘယ်တော့မှ မဆင်မခြင် ပေးဖြစ်မည်မဟုတ်ပါ။
  2. အမှားအယွင်းများ အားလုံးကို ကာကွယ်နိုင်သည်။
  3. ဘမ်ရွန်ဂရက်ဆေးရုံတွင် လူနာများနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုထက် ပို၍ အရေးကြီးသောအရာမရှိပါ။

Bumrungrad_MissionVission.jpg

အရည်အသွေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်

ဘမ်ရွန်ဂရက်ဆေးရုံ PCLသည် ကျွန်ုပ်တို့၏ အဖွဲ့အစည်းရည်ရွယ်ချက်များကို ဖြည့်ဆည်းနိုင်ရန် Malcolm Baldrige National Quality and Magnet၏ စံနှုန်းကို အခြေခံ၍ ကမ္ဘာ့အဆင့်မီဝန်ဆောင်မှုများကို ပေးပါသည်။လူနာကိုစောင့်ရှောက်ရာတွင် ဘေးကင်း၍ အရည်အသွေးပြည့်ဝစေရန် ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများကို နိုင်ငံတကာမှ အသိအမှတ်ပြု၍ .လက်မှတ်ပေးသည့် Joint Commission International (JCI)၊Hospital Accreditation(A-HA)နှင့် The College of American Pathologist(CAP) အဖွဲ့အစည်းများ၏ စံနှုန်းကို အခြေခံကာ လုပ်ဆောင်ပါသည်။

သဘာဝဘေးပတ်ဝန်းကျင်ဆိုင်ရာ ထုတ်ပြန်ကြေညာချက်

အပြည်ပြည်ဆိုင်ရာ ဘမ်ရွန်ဂရက်ဆေးရုံကြီးသည် ကမ္ဘာ့ဘေးပတ်ဝန်းကျင်ကို ကာကွယ်၍ စွမ်းအင်ကိုနှင့်သဘာဝအရင်းမြစ်များကို ထိန်းသိမ်းပါသည်။လူ့အဖွဲ့စည်း၏ ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံရေးကို ထိန်းသိမ်းပေးသည့်အပြင် ထိုအခြေခံမူကို ပံ့ပိုးသော လုပ်ငန်းဆောင်တာများတွင်လည်း ပါဝင်ပါသည်။

သဘာဝဘေးပတ်ဝန်းကျင် ထုတ်ပြန်ကြေညာချက်နှင့် အခြေခံမူညွှန်ကြားချက်

  1. ဆေးရုံသည် သဘာဝပတ်ဝန်းကျင်၊ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံသောမူများကို အစိုးရစည်းမျဉ်းနှင့်ကမ္ဘာ့အဆင့်မီစံနှုန်းဖြင့် လိုက်လုပ်ထားပြီး ထိုမူများကို ဝန်ထမ်းနှင့်ကန်ထရိုက်တာများ အသေအချာနားလည်အောင်လုပ်ပေးပြီး လေ့ကျင့်ပေးထားပါသည်။
  2. ဆေးရုံတွင်းရှိ ဝန်ထမ်းများအားလုံးနှင့် ကွန်ထရက်တာများသည် ဆေးရုံ၏ သဘာဝဘေးပတ်ဝန်းကျင်မူများကို လိုက်နာကြရပြီး သဘာဝပတ်ဝန်းကျင်၊ကျန်းမာရေး သို့မဟုတ် ဘေးကင်းလုံခြုံရေးအတွက် ပြုပြင်စရာများရှိပါက စီမံခန့်ခွဲရေးကို အကြောင်းကြားရပါသည်။
  3. ဘေးဒုက္ခရောက်စေသော ရောဂါကူးစက်တတ်သည့် ရေအညစ်အကြေးအပါအဝင် ဘေးပတ်ဝန်းကျင် လူ့အဖွဲ့အစည်းတွင် ဆေးရုံလုပ်ငန်းလည်ပတ်မှုကြောင့် ထိခိုက်မှု လျှော့နည်းစေရန် လုပ်ဆောင်ပါသည်။
  4. သဘာဝအရင်းအမြစ်များကို သုံးရာတွင် လေးစားသောအားဖြင့် စွမ်းအင်ထိန်းသိမ်းခြင်း၊သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း၊စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုခြင်းတို့ကို လုပ်ပါသည်။
  5. သဘာဝဘေးပတ်ဝန်းကျင်ထိန်းသိမ်းရေးမူနှင့် ဆေးရုံ၏အသုံးဆောင်များကို တင်းကြပ်သော စစ်ဆေးရေးများနှင့် စစ်ဆေးခြင်းနှင့် ဆက်လက်၍လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို ပိုမိုကောင်းမွန်စေရန် ကြိုးစားပါမည်။
Bumrungrad_Environmental-(1).jpg