အမျိုးသမီးရောဂါကုဌာန

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာဆေးရုံကြီး၏ အမျိုးသမီးရောဂါကုဌာန သည် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးခြင်း၊ စမ်းသပ်စစ်ဆေးခြင်းတို့အတွက် သက်တောင့်သက်သာရှိကာ သီးသီးသန့်သန့် ဖြစ်သောပတ်ဝန်းကျင်ကို ဖန်တီးထားပါသည်။ ဤဌာနမှ ဆရာဝန်ပေါင်း ၄၀ ကျော်သည် ရောဂါရှာဖွေခြင်း၊ ဆေးကုသခြင်း၊ ခွဲစိတ်ကုသခြင်းစသည်ဖြင့် ပြည့်စုံကျယ်ပြန့်သော အထူးကုပညာရပ်များဖြင့် အမျိုးသမီးများ၏ အထူးလိုအပ်ချက်များကို ဖြည့်ဆည်းပေးအပ်လျက်ရှိပါသည်။


သားဖွားမီးယပ်ဝန်ဆောင်မှုများ

  • ကလေးမမွေးဖွားမီ စောင့်ရှောက်မှု
  • ကလေးမွေးပြီးနောက် စောင့်ရှောက်မှု
  • သန္ဓေသားစစ်ဆေးခြင်း
  • သွေးဆုံးခြင်း ဆိုင်ရာဆေးခန်း
  • သားဖွားမီးယပ်ဆိုင်ရာ ခွဲစိတ်မှုများ
  • အန္တရာယ်များသော ကိုယ်ဝန်ဆောင်ခြင်း
  • မှန်ပြောင်းသုံးခွဲစိတ်ကုသခြင်း
  • ကလေးမမွေးမီ မျိုးရိုးဗီဇစစ်ဆေးခြင်း
  • အမျိုးသမီးအင်္ဂါပိုင်းဆိုင်ရာ ကင်ဆာရောဂါများ
  • မျိုးပွားခြင်းဆိုင်ရာဆေးပညာနှင့် သန္ဓေအောင်စေသည့် ကုသမှုများ
  • ဆက်စပ်ကုသမှုများ
  • အရေပြားလေဆာကုဌာန
  • အလှအပဆိုင်ရာခွဲစိတ်ကုဌာန
  • ရင်သားကုသမှုဌာန


သားဖွားမီးရပ်ဌာနအတွက်
 ပံ့ပိုးမှုများ

အမျိုးသမီးရောဂါကုဌာန တွင် သီးသန့်စမ်းသပ်ခန်းများ၊ လူနာများအသုံးပြုရန် အိမ်သာများနှင့်အတူ ရည်ရွယ်ထားရှိသော သီးသန့်တိုင်ပင်ဆွေးနွေးခန်း ၁၀ ခန်းရှိပါသည်။ အောက်ပါစင်တာများ ပါဝင်ပါသည်။

အမျိုးသမီးများအတွက် ပြည့်စုံသောရောဂါရှာဖွေရေးစင်တာ

  • အာလ်ထရာဆောင်းဖြင့် ရောဂါရှာဖွေခြင်း
  • ဓာတ်မှန်အထောက်အကူဖြင့် အသားစယူခြင်းအပါအဝင် ဒစ်ဂျစ်တယ်ရင်သားဓာတ်မှန်ရိုက်ခြင်း
  • ပိုမိုတိကျပြီး ကင်ဆာကိုစောစီးစွာတွေ့ရှိနိုင်သည့် အထူးသားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း
  • အရိုးသိပ်သည်းဆနှင့် အရိုးပွရောဂါ စစ်ဆေးခြင်း
  • မှန်ပြောင်းသုံး ခွဲစိတ်ကုသခြင်း
  • မျိုးပွားအင်္ဂါတွင်းမှန်ပြောင်းကြည့်ခြင်း

ဘမ်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံကြီး၏ သန္ဓေသားစင်တာ

သန္ဓေတည်ရန် အကူအညီလိုအပ်သော စုံတွဲများအတွက် ခေတ်အမှီဆုံး နည်းပညာများနှင့် ကျွမ်းကျင်မှုများကို အသုံးပြုကုသရန် ရည်ရွယ်ဖွင့်လှစ်ထားပါသည်။

  • သမားတော်များ၊ ခွဲစိတ်ဆရာဝန်များနှင့် သန္ဓေတည်ခြင်းအထူးပြု သန္ဓေသားဗေဒပညာရှင်များ
  • သန္ဓေသား ဓာတ်ခွဲခန်း

သားဖွားစင်တာ

သားဖွားခန်း ၆ ခန်းရှိပြီး မိခင်များမွေးဖွားသည့်အခါတွင် တည်တည်ငြိမ်ငြိမ်၊ သက်တောင့်သက်သာရှိသော အတွေ့အကြုံကိုပေးစွမ်းနိုင်ရန် ထားရှိထားခြင်းဖြစ်သည်။

  • မိခင်များ မွေးဖွားခြင်းအတွေ့အကြုံကို မိသားစုနှင့်မျှဝေနိုင်ရန် အထူးထားရှိထားသော သားဖွားခန်း၊ သားဖွားရေကန်နှင့် သားဖွားကုတင်များရှိသော သဘာဝသားဖွားစင်တာ
  • ခွဲစိတ်သားဖွားခန်း ၄ ခန်း
  • နိုင်ငံတကာအဆင့်မီ သန္ဓေသားစောင့်ရှောက်ခြင်း
  • မိခင်နို့တိုက်ကျွေးခြင်းအတွက် အထောက်အပံ့ပေးသည့်အဖွဲ့
  • ရင်သွေးကြည့်ရှုစောင့်ရှောက်ခြင်း

မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင် (NICU)

IIID အဆင့် NICU သည် အထူးကြပ်မတ်စောင့်ရှောက်ရန် လိုအပ်သော ရင်သွေးငယ်များအတွက် ၂၄ နာရီ စောင့်ရှောက်မှုများ ပေးအပ်နေပါသည်။ အမေရိကားတွင် လေ့ကျင့်သင်ကြားထားသော မွေးကင်းစကလေးငယ်အထူးကုများနှင့် သူနာပြုများပါဝင်သောအဖွဲ့မှ စောင့်ရှောက်မှုပေးနေပါသည်။


ဝန်ဆောင်မှုပေးသည့်အချိန်များ

တနင်္လာ မှ သောကြာ - နံနက် ၇ နာရီ မှ ည ၈ နာရီ အထိ

စနေ - နံနက် ၇ နာရီ မှ ည ၇ နာရီ ၃၀ မိနစ် အထိ

တနင်္ဂနွေ - နံနက် ၈ နာရီ မှ ည ၈ နာရီ အထိ 

Contact
Phone:
Fax: +66 (0) 2011 2160
Service Hours
Monday through Friday:
7:00 am to 8:00 pm
Saturday:
7:00 am to 7:30 pm
Sunday:
8:00 am to 8:00 pm
Location
Women's Center:
Bumrungrad International Hospital (BIH) Building, 2nd floor, North Wing of Main Building
Bumrungrad International Hospital, Bangkok, Thailand
Easiest Way:
Take the Main Lobby escalators to the 2nd floor (which is above M Floor), turn left. The Women's Center is about 15 meters on the left.