ဘမ်ရွန်ဂရက်ဆေးရုံကြီးရှိ မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်သည် လမစေ့ပဲမွေးသော ကလေးများနှင့် မကျန်းမာသော မွေးကင်းစကလေးများအတွက် အထူးပြုစုစောင့်ရှောက်ပေးပါသည်။ ခေတ်အမှီဆုံး နည်းပညာများနှင့်အတူ အထူးလေ့ကျင့်ထားသော ဆေးပညာရှင်များနှင့်သူနာပြုများပါဝင်သည့်အဖွဲ့သည် အထူးကြပ်မတ်ကုသရန်လိုအပ်သော ကလေးငယ်များအတွက် အဆင့်အမြင့်ဆုံး စောင့်ရှောက်မှု၊ ဘေးကင်းလုံခြုံမှုများဖြင့် တစ်ရက် ၂၄ နာရီပတ်လုံး ဝန်ဆောင်မှုပေးနေပါသည်။
အထူစောင့်ရှောက်မှုပေးရန်လိုအပ်သောကလေးများ
မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်မှ အောက်ဖော်ပြပါခြေအနေများရှိသော မွေးကင်းစကလေးများကို အထူးစောင့်ရှောက်မှုများပေးနေပါသည်။
- လမစေ့ပဲမွေးခြင်း (၃၆ ပတ်မတိုင်မီမွေးခြင်း)
- ပေါင်ချိန်မပြည့်သောကလေး (၂၅၀၀ ဂရမ်အောက်)
- နှစ်မွှာပူး၊ သုံးမွှာပူး (သို့) အခြားအမွှာပူးများ
- အောက်ဖော်ပြပါအခြေအနေများဖြင့် မွေးဖွားလာသော မွေးကင်းစကလေးများ
- အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ
- နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ
- အစာခြေလမ်းကြောင်းဆိုင်ရာရောဂါများ
- အာရုံကြောဆိုင်ရာရောဂါများ
- ဝမ်းနှင့်ပတ်သက်သောပြဿနာများ
- မွေးရာပါချို့ယွင်းချက်များ
- ရောဂါပိုးကူးစက်ခြင်း
- သွေးထဲတွင်သကြားဓာတ်နည်းခြင်း
- အသက်ဘေးနီးအခြေအနေများ
ဆေးပညာရှင်များ
လမစေ့ပဲမွေးသောကလေးများနှင့် မကျန်းမာသော မွေးကင်းစကလေးများသည် ဘမ်ရွန်ဂရက်ဆေးရုံကြီး မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်တွင် အကောင်းဆုံးစောင့်ရှောက်မှုကို လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ အထူးလေ့ကျင့်ထားသော ဆေးပညာရှင်များအဖွဲ့တွင် အောက်ပါပညာရှင်များပါဝင်ပါသည်။
- ကိုယ်ဝန်ဆောင်စဉ်နှင့် မွေးဖွားပြီးနောက် ကလေးများကိုစောင့်ရှောက်မှုပေးရန် မွေးကင်းစကလေးအထူးကုများ
- သားဖွားအထူးကုများ
- ကလေးအထူးကုများ
- မွေးကင်းစကလေး၏ အသက်ဘေးနီးအခြေအနေများစောင့်ရှောက်ခြင်းတွင် အထူးကျွမ်းကျင်သော သူနာပြုများအပါအဝင် ကျွမ်းကျင်သူနာပြုများ
- မွေးလူနာနှင့်မွေးကင်းစကလေးငယ်စောင့်ရှောက်ရေးဌာန ရှိ သူနာပြုများနှင့် ဆေးဘက်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးအကြံပေးများ
- မိခင်နို့တိုက်ကျွေးပေးသည့်သူနာပြုများ
- ဆေးဝါးကျွမ်းကျင်များ
မွေးကင်းစကလေးအထူးကြပ်မတ်ကုသဆောင်ရှိ ဆေးပညာရှင်များအဖွဲ့သည် အကောင်းဆုံး ကုသမှုအစီအစဉ်အတွက် အတူတကွဆောင်ရွက်ကြပါသည်။
ဆေးကုသမှုဆိုင်ရာစက်ပစ္စည်းကိရိယာများ
မွေးကင်းစကလေးများအတွက် ဘေးကင်းမှုအရှိဆုံးနှင့် အကောင်းဆုံးစောင့်ရှောက်မှုကို ပေးနိုင်ရန် ဘမ်ရွန်ဂရက်ဆေးရုံကြီးရှိ မွေးကင်းစကလေးအထူးကြပ်မတ်ကုသဆောင်တွင် ခေတ်မှီသော ဆေးဘက်ဆိုင်ရာ နည်းပညာများပံ့ပိုးထားပါသည်။
- အသက်ရှုစက်
- အသက်မရှုနိုင်သည့်အခါတွင် အောက်စီဂျင် လဲလှယ်ရန်အတွက် ကြိမ်နှုန်းမြင့် အသက်ရှုစက်
- နှလုံးစောင့်ကြည့်စစ်ဆေးစက်
- မွေးကင်းစကလေးများအတွက် ခန္ဓာကိုယ်အပူချိန် ထိန်းညှိပေးရန် အပူပေးစက်
- မွေးကင်းစကလေးများကို အရွှေ့အပြောင်းတွင်သုံးသောတွန်းလှည်း
- နှလုံးနှင့်အဆုတ်လုပ်ဆောင်ချက်များ စောင့်ကြည့်စစ်ဆေးစက်
- အကြောဆေးသွင်းစက်
- မွေးကင်းစကလေးများ အသားဝါသောအခါ အလင်းရောင်ပေးကုသခြင်း
ဝန်ဆောင်မှုများ
- မွေးကင်းစကလေးများကို ပြုစုစောင့်ရှောက်ပေးခြင်း
- အသက် ၁ လ မကျော်သေးသော မွေးကင်းစကလေးများကို အခြားသောဆေးရုံများနှင့် အထူးကြပ်မတ်ကုသဆောင်များမှ လွှဲပြောင်းယူခြင်း
- ကလေးငယ်အားစောင့်ရှောက်ခြင်းနှင့် မိခင်နို့တိုက်ကျွေးခြင်းတို့အတွက် အကြံပေးခြင်း