ရင်သားကုသမှုဌာနသည် ရင်သားရောဂါရှိသော အမျိုးသမီးများအတွက် စောင့်ရှောက်ကုသမှုပေးရန် အထူးဆေးခန်းဖြစ်ပါသည်။ ရင်သားကင်ဆာသာမက ကင်ဆာမဟုတ်သော အကျိတ်အလုံးများ၊ ရင်သားနာကျင်မှု၊ အမျှင်ကြမ်းထွက်သောရောဂါနှင့် အခြားရင်သားရောဂါများကိုပါ ကုသပေးနေပါသည်။
ရောဂါရှာဖွေခြင်း
ခေတ်အမှီဆုံးနည်းပညာများကို အသုံးပြု၍ စစ်ဆေးခြင်းနှင့် ရောဂါရှာဖွေခြင်း - ရင်သားကုသမှုဌာနသည် လက်ဖြင့်စမ်းသပ်သိရှိနိုင်သော ပုံမှန်မဟုတ်သည့်အခြေအနေများကို စမ်းသပ်စစ်ဆေးပေးရုံသာမက မျက်စိဖြင့်မမြင်နိုင်၊ လက်ဖြင့်မစမ်းသပ်နိုင်သော ပြဿနာများကို ရှာဖွေရန် ဆန်းပြားသော ပုံရိပ်ရိုက်နည်းပညာများကိုလည်း အသုံးပြုပါသည်။
ဤဌာနသည် ဖြစ်နိုင်ခြေရှိသော ရင်သားပြဿနာများကိုရှာဖွေရန် မြောက်များစွာသော နည်းလမ်းများကို အသုံးပြုပါသည်။
- ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်း
- ဒစ်ဂျစ်တယ်ရင်သားဓာတ်မှန်ရိုက်ခြင်းနှင့် အာထရာဆောင်း
- အမ်အာအိုင်
- ဆဲလ်စစ်ဆေးရန် အပ်ဖြင့်စုပ်ယူခြင်း
- ဓာတ်မှန်အထောက်အကူဖြင့် အသားစယူခြင်း
ဒစ်ဂျစ်တယ်ရင်သားဓာတ်မှန်
ဒီဂျီတယ်ရင်သားဓာတ်မှန်ရိုက်ခြင်းသည် သမရိုးကျရင်သားဓာတ်မှန်ရိုက်ခြင်းထက် ပိုမိုအဆင့်မြင့်သော နည်းပညာ ဖြစ်သည်။ ၎င်းသည် သမရိုးကျရင်သားဓာတ်မှန်ရိုက်ခြင်းထက် ပိုမိုမြန်ဆန်ကာ ပိုမိုသက်တောင့်သက်သာရှိစေပြီး ဆရာဝန်ကိုလည်း ပိုမိုကောင်းမွန်ပြတ်သားသော ပုံရိပ်များကို ပေးစွမ်းနိုင်ပါသည်။ ၎င်းသည် ဓာတ်မှန်အထောက်အကူဖြင့် အသားစယူရန်လိုအပ်သည့် လူနာများအတွက် ကောင်းကျိုးဖြစ်စေပါသည်။
ကုသမှု
ရင်သားကုသမှုဌာနသည် ခွဲစိတ်ကုသမှု၊ ဓာတ်ရောင်ခြည်ပေးကုသမှုနှင့် ကီမိုဆေးကုသမှုစသည်ဖြင့် အလုံးစုံပြည့်ဝသော ကုသမှုများ ပေးအပ်နေပါသည်။ ဟော်ရီဇွန်ကင်ဆာဌာနရှိ အထူးကုဆရာဝန်များသည် လူနာတစ်ဦးခြင်းစီအတွက် အသင့်တော်ဆုံးသောကုသမှုများကိုပေးနိုင်ရန် လူနာများနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ရင်သားထိန်းသိမ်းကုသမှု
ရင်သားရောဂါသည် စိတ်ထိခိုက်လွယ်သောရောဂါဖြစ်သဖြင့် ကျွန်ုပ်တို့၏ ရည်မှန်းချက်သည် အမျိုးသမီးတစ်ဦးစီအတွက် ၎င်းတို့ခန္ဓာကိုယ်၏ သဘာဝပုံပန်းအနေအထားကို ထိန်းသိမ်းထားနိုင်ရန် ကူညီထောက်ပံ့ရေးဖြစ်သည်။ ဤဌာနမှ ကနဦးအဆင့်ကင်ဆာရောဂါ ဖြစ်ပွားနေသော အမျိုးသမီးများအတွက် ရင်သားထိန်းသိမ်းကုသမှုကို ပြုလုပ်ပေးလျက်ရှိပါသည်။ ထိန်းသိမ်းထားရန် သင့်တော်သောအခြေအနေရှိသည့် လူနာများအတွက် ခွဲစိတ်မှုမပြုပဲ ဓာတ်ကင်ခြင်းဖြင့် အလေးထားကုသပါသည်။