လူနာ၏အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများ


လူနာအခွင့်အရေး

သင်နှင့်သင့်မိသားစုသည် ကျွန်ုပ်တို့၏ဝန်ထမ်းများနှင့် အတူတကွပူးပေါင်းလက်တွဲနိုင်ပါက ပိုမိုကောင်းမွန်သောစောင့်ရှောက်မှုအား ပေးနိုင်မည်ဖြစ်ပါသည်။ လူနာတစ်ယောက်အနေဖြင့် သင့်တွင်ရှိသောအခွင့်အရေးများကို သင့်အားအသိပေးရန်မှာ ကျွန်ုပ်တို့၏တာဝန်ဖြစ်ပြီး သင့်၏ကုသမှုတွင်လည်း သင့်တွင်တာဝန်များရှိပါသည်။ မေးခွန်းများမေးရန်၊ ကြိုတင်အသိရှိပြီး သင့်၏ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်တွင် တက်ကြွစွာပါဝင်ရန် မေတ္တာရပ်ခံပါသည်။ မေးမြန်းစရာများ၊ သိလိုသည်များရှိပါက ဝန်ထမ်းတစ်ဦးဦး သို့မဟုတ် မန်နေဂျာတစ်ယောက်ယောက်နှင့် မေးမြန်းတိုင်ပင်ပါ။ 

သင်ဆေးရုံတွင်ရှိနေစဉ် လူနာတစ်ယောက်အနေဖြင့် အချို့သောအခွင့်အရေးများရှိပါသည်။ 
 
၁။    ထိုင်းဥပဒေတွင်ဖော်ပြထားသည့်အတိုင်း လူနာတိုင်းတွင် ခွဲခြားဆက်ဆံခံရခြင်းမရှိပဲ ကျန်းမာရေးစောင့်ရှောက်သူထံမှ ကျန်းမာရေးစောင့်ရှောက်မှုစံနှုန်းများနှင့်အညီ ကျန်းမာရေးဝန်ဆောင်မှုများရရှိရန် အခြေခံအခွင့်အရေးရှိသည်။ 

၂။    လူနာအနေဖြင့် ၎င်း၏ရောဂါအခြေအနေ၊ ကုသမှု၏အကျိုး၊ အပြစ်များကို ပြည့်စုံစွာသိရှိရန် အခွင့်အရေးရှိပါသည်။ အရေးပေါ်ကုသမှု လိုအပ်သော အသက်ဘေးနီးအခြေအနေများမှလွဲ၍ လူနာအနေဖြင့် ကုသမှုပြု၊ မပြုဆုံးဖြတ်နိုင်ရန် မိမိနားလည်သောဘာသာစကားဖြင့် ကျန်းမာရေးစောင့်ရှောက်သူမှ ကျန်းမာရေးဝန်ဆောင်မှုကိုပေးရမည်။ 

၃။    အရေးပေါ်အခြေအနေတွင်ရှိသောလူနာများသည် သင့်တော်သောအရေးပေါ်ကုသမှုကို ကျန်းမာရေးစောင့်ရှောက်သူများထံမှ မတောင်းဆိုသည့်တိုင် ချက်ခြင်းရရှိရမည်။ 

၄။    လူနာအနေဖြင့် မိမိအားစောင့်ရှောက်ပေးသော ကျန်းမာရေးစောင့်ရှောက်သူသည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် ၎င်း၏အထူးပြုနယ်ပယ်ကို သိရှိပိုင်ခွင့်ရှိသည်။ 

၅။    လူနာအနေဖြင့် မိမိအားကောင်းကောင်းမစောင့်ရှောက်တော့မည်ကို စိုးရိမ်စရာမလိုပဲ အခြားသောကျန်းမာရေးစောင့်ရှောက်သူများထံမှ ဒုတိယအကြံဉာဏ်တောင်းဆိုပိုင်ခွင့်ရှိပြီး ဆန္ဒရှိပါက အခြားဆေးရုံဆေးခန်းသို့လည်း ပြောင်းရွှေ့နိုင်ရမည်။ 

၆။    လူနာတွင် လျှို့ဝှက်ထားရန်လည်းအခွင့်အရေးရှိသည်။ လူနာအချက်အလက်များအား လူနာသဘောတူညီမှသာ သို့မဟုတ် ဥပဒေအရလိုအပ်မှသာ ထုတ်ပြန်နိုင်သည်။

၇။    လူနာအနေဖြင့် ကျန်းမာရေးစောင့်ရှောက်သူများမှပြုလုပ်မည့် မည်သည့်စမ်းသပ်မှုများတွင်မဆို ပါဝင်လိုခြင်းရှိမရှိဆုံးဖြတ်နိုင်ရေးအတွက် အလုံးစုံ သိရှိနားလည်ထားရန် အခွင့်အရေးရှိသည်။ 

၈။    ဆေးမှတ်တမ်းများတွင် မှတ်တမ်းတင်ထားသည့်အတိုင်း လူနာအချက်အလက်များထုတ်ပြန်ခြင်းသည် အခြားသူများ၏အခွင့်အရေးကို မထိခိုက်ပါက လူနာအနေဖြင့် ၎င်းတို့၏ကုသမှုကို သိရှိပိုင်ခွင့်ရှိသည်။

၉။    အသက် ၁၈ နှစ်အောက်ကလေး သို့မဟုတ် ရုပ် နှင့်/သို့မဟုတ် စိတ်ပိုင်းဆိုင်ရာချို့ယွင်းပြီး မိမိကိုယ်ကိုဆုံးဖြတ်နိုင်စွမ်းမရှိသော သူများအတွက် မိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူတွင် အထက်ပါအခွင့်အရေးများရှိသည်။ 

သင့်တွင်မေးမြန်းစရာများ၊ အကြံပြုစရာများရှိပါက 
အောက်ပါနည်းလမ်းတစ်ခုခုဖြင့် ဆက်သွယ်နိုင်ပါသည်။ 

၁။    ကျွန်ုပ်တို့၏ဝန်ထမ်းကို တိုက်ရိုက်ပြောခြင်း (စောင့်ရှောက်နေသော သူနာပြု သို့မဟုတ် ဆရာဝန်)
၂။    လူနာ၏အကြံပြုချက်ကဒ်တွင် ရေးသားပြီး ဝန်ထမ်းတစ်ယောက်ယောက်အားပေးခြင်း သို့မဟုတ် ဆေးရုံအနှံ့တွင်ထားရှိထားသော အကြံပြုစာပုံးအတွင်းထည့်ခြင်း
၃။    ဆေးရုံဆက်သွယ်ရေးဌာနသို့ ဖုန်းခေါ်ဆိုခြင်း (ဆေးရုံတွင်းဖုန်းမှခေါ်ပါက “ဝ၀” ကိုနှိပ်ပါ သို့မဟုတ် ပြင်ပဖုန်းမှဆိုပါက ဝ၂-၆၆၇-၁၀ဝ၀ ကိုခေါ်ပါ။)
၄။    [email protected] သို့ အီးမေးလ်ပို့ခြင်း

 

လူနာ၏ တာဝန္ဝတၱရားမ်ား

၁။    လူနာများသည် မိမိအား ကုသမည့် သို့မဟုတ် ရောဂါရှာဖွေမည့်လုပ်ဆောင်ချက်များနှင့်ပတ်သက်သော အချက်အလက်များနှင့် ဖြစ်တတ်သောအန္တရာယ်များကို သဘောတူညီကြောင်းလက်မှတ်မထိုးခင် မေးမြန်းထားရန်တာဝန်ရှိပါသည်။ 

၂။    လူနာအနေဖြင့် မိမိအားကုသမည့် ကျန်းမာရေးစောင့်ရှောက်သူများအား မိမိကျန်းမာရေးအခြေအနေနှင့် အခြားသက်ဆိုင်သော အကြောင်းအရာများအတွက် ပြည့်စုံမှန်ကန်သည့် အချက်အလက်များပေးရန် တာဝန်ရှိပါသည်။ 

၃။    လူနာများသည် မိမိအားကုသပေးသည့် ကျန်းမာရေးစောင့်ရှောက်သူ၏ ကုသမှုဆိုင်ရာညွှန်ကြားချက်များအား ပူးပေါင်းပါဝင်လိုက်နာရန် တာဝန်ရှိပါသည်။ လိုက်နာရန်မဖြစ်နိုင်ပါက ကျန်းမာရေးစောင့်ရှောက်သူအား အသိပေးသင့်ပါသည်။ 

၄။    လူနာများသည် ဆေးရုံ၏စည်းမျဉ်း၊ စည်းကမ်းများကို အောက်ပါအတိုင်း ပူးပေါင်းပါဝင်လိုက်နာရန် တာဝန်ရှိပါသည်။
​    ၄.၁    လူနာများသည် အာမခံကုမ္ပဏီမှငွေပြန်လည်တောင်းဆိုရန်အတွက် ဆေးရုံမှပြေစာရရှိပြီးနောက် တတ်နိုင်သမျှမြန်မြန် ပြည့်စုံမှန်ကန်သောအချက်အလက်များပေးရန် တာဝန်ရှိပါသည်။ 
    ၄.၂    လူနာများသည် မိမိခံယူလိုသောကုသမှုနှင့်ပတ်သက်ပြီး ကြိုတင်ပေးလိုသောညွှန်ကြားချက်များ၊ မိမိအလိုရှိသည်များ၊ ကြိုတင်ရေးသားထားသော ဖြစ်လိုသည့်ဆန္ဒများ၊ ဆုံးဖြတ်ချက်များအတွက် စာရွက်စာတမ်းမိတ္တူပေးထားရန် တာဝန်ရှိပါသည်။ 
    ၄.၃    လူနာများသည် ရက်ချိန်းများအတိုင်းလာရောက်ရန်တာဝန်ရှိပြီး ရက်ပြောင်းရွှေ့လိုပါက ဆေးရုံသို့အကြောင်းကြားရန် တာဝန်ရှိပါသည်။ 
    ၄.၄    လူနာများသည် မကျေနပ်ချက်အားဖြေရှင်းနိုင်ရေးအတွက် ဆေးရုံစီမံခန့်ခွဲရေးဝန်ထမ်းနှင့် တိုက်ရိုက်ပြောဆိုရန် တာဝန်ရှိပါသည်။
    ၄.၅    လူနာများသည် မရှိမဖြစ်လိုအပ်သော တစ်ကိုယ်ရည်သုံးပစ္စည်းများကိုသာ ဆေးရုံသို့ယူဆောင်လာရန် တာဝန်ရှိပါသည်။ တန်ဖိုးရှိပစ္စည်းများအား ယူဆောင်မလာရ။ 
    ၄.၆    လူနာ၏အန္တရာယ်ကင်းလုံခြုံရေးအတွက် လူနာများသည် ဆရာဝန် သို့မဟုတ် သူနာပြု၏ခွင့်ပြုချက်မပါပဲ ဆေးရုံမှထွက်ခွာခြင်း မပြုလုပ်ရန် တာဝန်ရှိပါသည်။
    ၄.၇    လူနာများသည် ဆေးရုံမှပေးသော ဆေးကုသမှုနှင့် သူနာပြုစောင့်ရှောက်မှုများကိုသာ လက်ခံရန်တာဝန်ရှိပါသည်။ ဆေးရုံမှ လူနာစောင့်များအား သို့မဟုတ် လူနာကိုယ်တိုင်အား မိမိဘာသာပြုလုပ်ရန် ညွှန်ကြားထားသည့် အခြေအနေများမှလွှဲ၍ ဖြစ်ပါသည်။   

၅။    လူနာများသည် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၊ အခြားလူနာများနှင့်ဧည့်သည်များအား ယဉ်ကျေး၊ လေးစားစွာဆက်ဆံရန် တာဝန်ရှိပါသည်။ 

၆။    လူနာများသည် ကျန်းမာရေးအာမခံဆိုင်ရာ ခံစားခွင့်များအတွက် မှန်ကန်သောစာရွက်စာတမ်းများအား ဆေးရုံသို့ပေးအပ် အကြောင်းကြားထားရန် တာဝန်ရှိပါသည်။ 

၇။    လူနာများသည် အောက်ပါတို့အား သိရှိထားရန် တာဝန်ရှိပါသည်။ 
   ၇.၁    ကျင့်ဝတ်နှင့်အညီဆောင်ရွက်သော ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအား ဥပဒေအရအကာအကွယ်ပေးထားပြီး တရားမျှတမှုမရှိသော စွပ်စွဲချက်များမှလည်းကာကွယ်နိုင်သည့် အခွင့်အရေးရှိသည်။
    ၇.၂    ဆေးကုသမှုဆိုသည်မှာ သိပံ္ပပညာအထောက်အထားများကိုအခြေခံပြီး ဆိုးကျိုးထက်ကောင်းကျိုးပိုပေးနိုင်သော လက်ရှိကုသချက်များကိုဆိုလိုသည်။ 
    ၇.၃    ဆေးကုသမှုသည် ရောဂါအားလုံးအတွက် ရောဂါဖော်ထုတ်ခြင်း၊ ကာကွယ်ခြင်း၊ ကုသခြင်း ပြုလုပ်နိုင်မည်မဟုတ်ပါ။
    ၇.၄    ကျန်းမာရေးစောင့်ရှောက်မှုပေးသူမှ အစွမ်းကုန်ဂရုပြုသော်လည်း မည်သည့်ဆေးကုသမှုတွင်မဆို မမျှော်လင့်သော နောက်ဆက်တွဲပြဿနာများ ရှိတတ်သည်။ 
    ၇.၅    ရောဂါစစ်ဆေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသမှုထိရောက်ခြင်းရှိမရှိစောင့်ကြည့်ခြင်းတို့အတွက်ပြုလုပ်သော မည်သည့်စစ်ဆေးမှုတွင်မဆို နည်းပညာကန့်သတ်ချက်ကြောင့်သော်လည်းကောင်း၊ စံနှုန်းများဖြင့်ထိန်းချုပ်မရသော အခြားအခြေအနေများကြောင့်သော်လည်းကောင်း တိကျသောအဖြေမရရှိခြင်းများဖြစ်နိုင်သည်။ 
    ၇.၆    ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် ကောင်းကျိုးပေးသည်ဟုလေ့လာတွေ့ရှိထားသော ကုသမှုနည်းလမ်းအားရွေးချယ်ခြင်း၊ အခြားသူများနှင့်ဆွေးနွေးတိုင်ပင်ခြင်း၊ လူနာအားအခြားသို့လွှဲပြောင်းခြင်းတို့အား ပြုလုပ်ပိုင်ခွင့်ရှိသည်။ 
    ၇.၇    ကျန်းမာရေးစောင့်ရှောက်သူများမှ လူနာသည် အရေးပေါ်အခြေအနေ သို့မဟုတ် အသက်ဘေးနီးအခြေအနေမဟုတ်ပါက အခြားသူများနှင့်ဆွေးနွေးတိုင်ပင်ခြင်း သို့မဟုတ် အခြားသို့လွှဲပြောင်းခြင်းများ ပြုလုပ်နိုင်သည်။
    ၇.၈    လူနာအနေဖြင့် ကျန်းမာရေးရာဇဝင် သို့မဟုတ် အခြေအနေမှန်ကို အသိမပေးပါက ကျန်းမာရေးစောင့်ရှောက်သူများမှပေးသော ဆေးကုသမှုသည် ထိရောက်မှုနည်းနိုင်သည်။ 
    ၇.၉    အရေးပေါ်ဌာနသည် အရေးပေါ်လူနာများနှင့် အသက်ဘေးနီးလူနာများအတွက်သာ ဖြစ်ပါသည်။
 
ဆေးရုံဝန်ထမ်းများအား ကိုယ်ထိလက်ရောက်စော်ကားခြင်း၊ နှုတ်ဖြင့်ခြိမ်းခြောက်စကားများ ပြောဆိုခြင်းအား ခွင့်ပြုမည်မဟုတ်ပါ။ ဆေးရုံဝန်ထမ်းများအား အကြမ်းဖက်သော မည်သူ့ကိုမဆို တရားစွဲဆိုနိုင်ပြီး ဆေးရုံ၏ဝန်ဆောင်မှုများမရနိုင်တော့ရန် တားမြစ်ခြင်းများပြုလုပ်နိုင်သည်။ 

 

ကငြွ့ဝတပြိုငြးနှငြ့ပတသြကြ၍ ဆှေးနှေးတိုငပြငခြှငြး
ကျွန်ုပ်တို့ဆေးရုံ၏ ကျင့်ဝတ်ဆိုင်ရာကော်မတီသည် ကျင့်ဝတ်ဆိုင်ရာပြဿနာကြုံတွေ့ရသော သို့မဟုတ် မိမိတို့ရွေးချယ်သော ကုသမှုများနှင့်ပတ်သက်ပြီး မေးခွန်းထုတ်စရာရှိသော လူနာနှင့်မိသားစုများအတွက် တိုင်ပင်ဆွေးနွေးနိုင်ရန် အသင့်ရှိနေပါသည်။ တိုင်ပင်ဆွေးနွေးနိုင်ရန်အတွက် ဆေးရုံ၏ဆက်သွယ်ရေးဌာနသို့ ဆေးရုံတွင်းဖုန်းဖြင့်ဆိုလျှင် “ဝ၀” နှိပ်၍လည်းကောင်း၊ အပြင်ဖုန်းမှခေါ်လျှင် ဝ၂-၆၆၇-၁၀ဝ၀ သို့လည်းကောင်း ခေါ်ဆိုပြီး ကျင့်ဝတ်ဆိုင်ရာကော်မတီအဖွဲ့ဝင်တစ်ဦးဦးနှင့် စကားပြောဆိုလိုကြောင်း ပြောပါ။