bih.button.backtotop.text

စက်ရုပ်အကူဖြင့်ခွဲစိတ်ခြင်းသည် ဆီးလမ်းကြောင်းဆိုင်ရာကင်ဆာများ ကုသရာတွင် ပိုမိုကျယ်ပြန့်စွာ အသုံးပြုလာပါသည်

 

စက်ရုပ်အကူဖြင့်ခွဲစိတ်ခြင်းသည် ဆီးလမ်းကြောင်းဆိုင်ရာကင်ဆာများ ကုသရာတွင် ပိုမိုကျယ်ပြန့်စွာ အသုံးပြုလာပါသည်


ဆီးလမ်းကြောင်းစနစ်ဖွဲ့စည်းပုံသည်  ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများစွာပါဝင်ပြီး အတူတကွအလုပ်လုပ်ကာ ခန္ဓာကိုယ်မှ ဆီးများကို ထုတ်လုပ်၊စွန့်ထုတ်ပေးပါသည်။

#ဆီးကြိတ်ကင်ဆာ
#ကျောက်ကပ်ကင်ဆာ
#အမျိုးသားကျန်းမာရေး
#စက်ရုပ်အကူသုံးခွဲစိတ်ခြင်း
#ထိုးတွင်းဝင်ရောက်မှုအသေးစားခွဲစိတ်မှု

ဆီးလမ်းကြောင်းစနစ်ဖွဲ့စည်းပုံသည်  ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများစွာပါဝင်ပြီး အတူတကွအလုပ်လုပ်ကာ ခန္ဓာကိုယ်မှ ဆီးများကို ထုတ်လုပ်၊စွန့်ထုတ်ပေးပါသည်။ ဆီးလမ်းကြောင်းလုပ်ဆောင်ချက်တွင် ပါဝင်သော အဓိက အင်္ဂါအစိတ်အပိုင်းများမှာ ကျောက်ကပ်၊ ဆီးပြွန်၊ ဆီးအိမ်၊ ဆီးသွားပြွန်(ကျင်ချောင်း) နှင့် အမျိုးသားများတွင် ဆီးကြိတ်ဂလင်းသည် ဆီးအိမ်၏ အောက်ဖက်တွင်ရှိပါသည်။ 

ဆီးလမ်းကြောင်းတွင် အဖြစ်များဆုံးသောရောဂါများမှာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ကျောက်ကပ်၊ ဆီးပြွန်၊ ဆီးကျောက်၊ နာတာရှည်ကျောက်ကပ်ရောဂါနှင့် ဆီးလမ်းကြောင်းကင်ဆာများ၊ အထူးသဖြင့် ကျောက်ကပ်ကင်ဆာနှင့် ဆီးကြိတ်ကင်ဆာ တို့သည် ဤအင်္ဂါအစိတ်အပိုင်းများနှင့် မကြာခဏဆက်စပ်လျက်ရှိပါသည်။ 

 
ကျောက်ကပ်နှင့် ဆီးကြိတ်ကင်ဆာ ခွဲစိတ်မှုများ
ကျောက်ကပ်ကင်ဆာသည် စက်ရုပ်အကူခွဲစိတ်မှုဖြင့်အသုံးပြုပြီး ကုသရာတွင် များစွာကောင်းကျိုး ရရှိသော ဆီးလမ်းကြောင်းရောဂါတစ်မျိုးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကင်ဆာဆဲလ်များ ကျောက်ကပ်အတွင်းတွင်ရှိနေသေးစဉ်တွင် ခွဲစိတ်မှုသည် အဓိက ကုသမှုဖြစ်ပါသည်၊ ထို့အပြင် ကျောက်ကပ်သည် ခန္ဓာကိုယ်၏ အနောက်ဖက်ရှိဝမ်းတွင်းအမြေးပါးအနား၊ အနောက်ဖက်ရှိကြွက်သား အနားတွင် ရှိပါသဖြင့် ဝင်ရောက်ရန် ခက်ခဲမှုရှိတတ်ပါသည်။ ကျောက်ကပ်ကင်ဆာခွဲစိတ်ခြင်းသည်  ခွဲစိတ်ဆရာဝန်သည် ခွဲစိတ်မှုပြုလုပ်နေစဉ်တွင် ကျောက်ကပ်များကို အလွန်တိကျသော မှန်ကန်သော ခွဲစိတ်မှုပြုလုပ်ရန် လိုအပ်ပါသည်။

စက်ရုပ်အကူဖြင့် ဆီးကြိတ်ကင်ဆာ ခွဲစိတ်ခြင်းနည်းလမ်းသည် ကမ္ဘာတဝန်းရှိ ခွဲစိတ်ဆရာဝန်များ ကျယ်ပြန့်စွာလက်ခံအသိအမှတ်ပြုသည်မှာ နှစ်ပေါင်း ၂၀ ကျော်ပြီဖြစ်ပါသည်။ ဤခွဲစိတ်မှုတွင် ဆီးကြိတ်ဂလင်းသည်လည်း ဝင်ရောက်ရန်ခက်ခဲမှုရှိသော ကိုယ်တွင်းအစိတ် အပိုင်းတစ်ခုဖြစ်သောကြောင့် သမာရိုးကျ ခွဲစိတ်မှု၏ အခက်အခဲများဖြစ်သော ဆီးကြိတ်ဝန်းကျင်ရိ်ှ အာရုံကြောများ၊ သွေးကြောများ မူလအခြေအနေမပျက်အောင်ထိန်းသိမ်းခြင်း၊ ဆီးထိန်းခြင်းနှင့် အမျိုးသားအင်္ဂါ လုပ်ဆောင်ချက်အတွက် လိုအပ်သောကြွက်သားများ မပျက်စီးအောင် ထိန်သိမ်းခြင်းများ လိုအပ်သည့်အတွက် ရူပ်ထွေးသောခွဲစိပ်မှုအဖြစ်ယူဆနိုင်ပါသည်၊ 

စက်ရုပ်အကူအညီသည် ခွဲစိတ်မှု၏ အလိုအပ်ဆုံး အခြေအနေတွင်ခွဲစိတ်ဆရာဝန် အားအကောင်းဆုံး ခွဲစိတ်နိုင်ရန် ကူညီပေးပါသည်၊ စက်ရုပ်တွင် တပ်ဆင်အသုံးပြုထားသောပစ္စည်းသည် လူ၏လက်ဖြင့်ဝင်ရောက်ရန်ခက်ခဲသော ကျဉ်းမြောင်း၍ နက်ရိူင်းသောနေရာများတွင် လွတ်လပ် လွယ်ကူစွာ ရွေ့လျားနိုင်စေပါသည်။ ဆီးကြိတ်အပါအဝင်၊ ရှုံ့ကြွက်သားနှင့် အာရုံကြောများ တွင်ပိုမိုတိကျသော ခွဲစိတ်ရာများဖြင့် ခွဲစိတ်နိုင်ပြီး ဆီးထိန်းနိုင်ခြင်းနှင့် အိမ်ထောင်ရေးစွမ်းဆောင်ရည်များကို ခွဲစိတ်မှု ပြုလုပ်ပြီးနောက်လူူနာအတွက် ပိုမိုကောင်းမွန်သော ရလဒ်ရရှိစေပါသည်။ 

 
ခွဲစိတ်မှုဖြစ်စဉ်
မေ့ဆေးနှင့် အသက်ရူပိုက်အား မေ့ဆေးအထူးကုဆရာဝန်မှ ထည့်ပြီးသည်နှင့် လူနာအားဘေးတဖက် သို့စောင်းထားပါသည်။ လူနာကုတင်ဘေးရှိ စက်ရုပ်လက်မောင်းများသည် သေးငယ်သော ကင်မရာနှင့် ခွဲစိတ်ကိရိယာများကို ဝမ်းဗိုက်နံရံရှိ သေးငယ်သောခွဲရာ ၄ ခုအတွင်းသို့ ထည့်သွင်း အသုံးပြုပါသည်။ ခွဲစိတ်မှုပြုလုပ်နေစဉ် ဝမ်းဗိုက်အတွင်းပိုမိုရှင်းလင်းမြင်သာစေရန် နှင့် နေရာလွတ် ပိုရရှိစေရန် ကာဗွန်ဒိုင်အောက်ဆိုဒ်ဖြင့် ဖြည့်ထားလိုက်ပါသည်။

စက်ရုပ်အကူဖြင့်ခွဲစိတ်နေစဉ် ဆရာဝန်သည် ခွဲစိတ်ခန်းရှိ စက်ခလုတ်တပ်ဆင်ထားသော ထိုင်ခုံပေါ်တွင် ထိုင်ပြီး ၊ လူနာအား ခွဲစိတ်မှု ပြုလုပ်နေစဉ်အတွင်း ခွဲစိတ်ဆရာဝန်၏လက်၊ လက်ကောက်ဝတ်၊ လက်ချောင်းများလူပ်ရှားမှုသည် စက်ရုပ်လက်မောင်းရှိ ခွဲစိတ်ကိရိယာများနှင့် ဆက်သွယ်ထားပြီး လူပ်ရှားမှုများကို ကွန်ပြူတာအချက်ပြ ပုံရိပ်မှတဆင့် တဆက်တည်း ခွဲစိတ်မှုပြုလုပ်ပါသည်။ 

အရည်အသွေးမြင့်သော ကင်မရာသည် ခွဲွစိတ်ဆရာဝန်အား အတွင်းအင်္ဂါအစိတ်အပိုင်းများ၊ တစ်သျှူးများ၊ နှင့်အာရုံကြောများကို အရှိအတိုင်း 3D ပုံရိပ် မြင်စေပါသည်၊ ထို့ကြောင့် သမာရိုးကျ မှန်ပြောင်းခွဲစိတ်မှုတွင် ဤုုုုုုုုုုုုုုုုုုုုုုုုုုုုုုုုုုုုုုုုုုုုုုုုုုုုုုုုသို့နက်ရှိုင်းသောအမြင်မရနိုင်ပါ။ 

       
ကျောက်ကပ်ခွဲစိတ်မှု၏ ထူးခြားသောစိန်ခေါ်မှုများ  
ကျောက်ကပ်ကင်ဆာခွဲစိတ်ရာတွင်၊  ကင်ဆာအကြိတ်ဖယ်ထုတ်ခြင်းနှင့် ကျန်ရှိသော  ကျောက်ကပ်တစ်သျှူးအားချူပ်ခြင်းကို ကျောက်ကပ်အတွင်းသို့သွေးစီးဆင်းမှုမရှိချိန်အတွင်းတွင်ပြုလုပ်ရမည်ဖြစ်ပါသည်။  ထိုသို့လုပ်ဆောင်ရန်အတွက် ခွဲစိတ်ဆရာဝန်သည် ကျောက်ကပ်အတွင်း ယာယီသွေးမစီးဆင်းရန် ညပ်သည့်ကိရိယာဖြင့် အသုံးပြု ရပါသည်။ ကျောက်ကပ်မပျက်စီးစေရန်အတွက်၊ ကျောက်ကပ်အတွင်းသို့  သွေးစီးဆင်းမှုကို ရပ်တန့်ထားခြင်းလုပ်ဆောင်မှုကို ၂၅မိနစ်မှ ၃ဝမိနစ်ထက် မပိုရပါ။

ကျောက်ကပ်တစိတ်တဒေသဖြတ်ထုတ်ခြင်း- ကျောက်ကပ်၏ တစိတ်တပိုင်းအား ခွဲစိတ်မှုဖြင့် ဖယ်ထုတ်ခြင်း- သည် အချိန်နှင့်အပြိုင်ပြုလုပ်ရပြီး၊ ခွဲစိတ်မှုနှင့် ချူပ်ရိုးသည် မှန်ကန်တိကျရမည် ဖြစ်ပါသည်။ ခွဲစိတ်မှုပြီးသည့်နောက် ဆရာဝန်သည် ဝမ်းဗိုက်ရှိခွဲရာမှ အရည်များ၊ ဆီးနှင့် သွေးကို စစ်ထုတ်ရန် ပိုက်ကို ထည့်ထားပေးပါသည်၊ ထိုပိုက်ကို နောက် ၂ရက်မှ ၃ရက််ထိထားပြီးနောက် ဖယ်ရှားမည်ဖြစ်ပြီး၊ ဆရာဝန်သည် ခွဲစိတ်အနာမှ ဆီးစိမ့်ယိုမှုရှိမရှိစစ်ဆေးပါလိမ့်မည်။  

ကျောက်ကပ်တစိတ်တဒေသဖြတ်ထုတ်ခြင်းသည် ပုံမှန်အားဖြင့် ၃ နာရီခန့်ကြာမြင့်ပါသည်။


စက်ရုပ်အကူဖြင့် ဆီးကြိတ်ဖြတ်ထုတ်ခြင်း
ဆီးကြိတ်ကင်ဆာခွဲစိတ်ရာတွင် (ဆီးကြိတ်ဖြတ်ထုတ်ခြင်း) ၊ ခွဲစိတ်ဆရာဝန်သည် ဆီးကြိတ်ဂလင်းနှင့် ဆီးကြိတ်ပတ်လည်ရှိ တစ်သျှူးများ၊ သုတ်ပို့ပြွန်၊ သုတ်ရည်အိတ်နှင့် အချို့ပြန်ရည်ကြိတ်များ အပါအဝင် တို့ကို ဖယ်ထုတ်ခြင်းဖြစ်ပါသည်။ ထိုမှတဆင့် ဆီးလမ်းကြောင်းဆက်လက်အလုပ်လုပ်
နိုင်ရန်အတွက် ဆီးအိတ်ကို ဆီးသွားပြွန်ဖက်သို့ ချူပ်လိုက်ပါသည်။ 
 ခွဲစိတ်မှုပြီးသည့်နောက် ဆရာဝန်သည် ခွဲစိတ်ရာနေရာမှ ဆီးစိမ့်ယိုမှုရှိမရှိ စစ်ဆေးရန် ဝမ်းဗိုက်နံရံမှ ခွဲရာအတွင်းသို့ အရည်စစ်ထုတ်သည့်ပြွန်များထည့်ထားပေးပါသည်။ ထိုပြွန်များကို  ၃ရက်မှ ၄ရက်အထိ ထားပါလိမ့်မည်။ ဆီးပိုက်ကိုလည်း ခန္ဓာကိုယ်မှဆီးထုတ်ရန် ၇ ရက်ခန့်ထားပါမည်။
ဆီးကြိတ်ဖြတ်ထုတ်ခွဲစိတ်ခြင်းသည် ပျမ်းမျှအားဖြင့် ၂နာရီမှ ၃နာရီကြာမြင့်ပါသည်။


စက်ရုပ်အကူဖြင့်ခွဲစိတ်ခြင်းကောင်းကျိုးများ
စက်ရုပ်အကူဖြင့်ခွဲစိတ်ခြင်းသည် ဆီးလမ်းကြောင်းကင်ဆာလူနာများကုသရာတွင် ပို၍အသုံးများ လာပါသည်၊ စက်ရုပ်၏ တိုးတက်လာသောနည်းပညာကို တစိတ်တဒေသအားဖြင့်ကျေးဇူးတင် ရပေမည်၊ နည်းပညာသည် ဆရာဝန်များအား သမာရိုးကျ ခွဲစိတ်ခြင်းနှင့်နှိုင်းယှဉ်လျှင် မှန်ပြောင်းအသုံးပြုခွဲစိတ်ခြင်းသည် အရည်အသွေးမြင့်ကင်မရာဖြင့် ၃ ဖက်မြင် ပုံရိပ်အား အရှိတိုင်း မြင်စေသည့်အတွက် အထောက်အကူဖြစ်စေပါသည်၊ ဤခွဲစိတ်မှု နည်းပညာ၏ အားသာချက်များသည် ကျွမ်းကျင်မှု တိကျသေချာမှုရှိခြင်းကြောင့် ကျောက်ကပ်နှင့် ဆီးကြိတ်ခွဲစိပ်မှု ပြုလုပ်သောအခါ အောင်မြင်မှု အတွက် အဓိကတွန်းအားဖြစ်ပါသည်။ 
 
  Dr Teerapon Amornvesukit ဆီးလမ်းကြောင်းအထူးကု ၊ မှန်ပြောင်းအသုံးပြုခွဲစိတ်၊ စက်ရုပ်အကူဖြင့် ဆီးလမ်းကြောင်းခွဲစိတ်၊ ဘမ်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံ
 
For more information please contact:
  • Bumrungrad Robotic Surgery Center
    Tel: +66 2011 5999