bih.button.backtotop.text

နှစ် ၁၀၀ အင်ဆူလင် : ဆီးချိုရောဂါလူနာတွေအတွက် ဆန်းသစ်တီထွင်မှုရာစုနှစ်

հունվարի 04, 2021


ဆီးချိုရောဂါသည် နှစ်ပေါင်း တစ်ထောင်ကျော် မှတ်တမ်းတင်ရာဇဝင်ဖြင့် လူသားများအပေါ် အကျိုးသက်ရောက်မှု ရှိသည်။ ယခုတိုင် ဆီးချိုရောဂါ၏ အကြောင်းရင်းမှန် ဖြစ်သည့် အင်ဆူလင် ကို တွေ့ရှိခဲ့သည်မှာ လွန်ခဲ့သော နှစ်တစ်ရာက ဖြစ်သည်။ သို့သော်လည်း လွန်ခဲ့သော ရာစုနှစ်များအတွင်း ဆီးချိုရောဂါကုသမှုတွင် တီထွင်ဆန်းသစ်မှုများသည် အင်ဆူလင်တွင်သာ ရပ်တန့်ခဲ့သည် မဟုတ်ပါ။ ရောဂါနှင့်ပတ်သက်၍ နားလည်သဘောပေါက်မှုအသစ်အဆန်းများလည်း တွေ့ရှိခဲ့သည်။ ဆေးဝါးအသစ်များအား တီထွင်ထုတ်လုပ်ခဲ့ပြီး သွေးထဲရှိ သကြားဓာတ်အဆင့်များကို ရည်မှန်းရုံသာမက နှလုံးနှင့် သက်ဆိုင်သည့် ပြဿနာများကိုလည်း ဖြေရှင်းပေးခဲ့ပြီး နောက်ဆုံးတွင် ဆီးချိုရောဂါလူနာများ၏ သေပျောက်မှုနှုန်းကို လျှော့ချပေးသည်။

 
ဆီးချိုရောဂါအကြောင်း ပြောမည်ဆိုပါက ယခုအခါ လူများစုအတွက် သတိထားမိသည့် ပထမဆုံးအရာမှာ စားဆေး ဖြစ်သည်။ သို့သော်လည်း ဆီးချိုရောဂါလူနာများ၏ အသက်ကို အောင်မြင်စွာ အချိန်ဆွဲပေးနိုင်သည့် ပထမဆုံး ဆီးချိုရောဂါ ဆေးဝါးမှာ အညတရ အင်ဆူလင်ထိုးခြင်း ဖြစ်သည်ကို သင် သိပါသလား? ဆီးချိုရောဂါကုသရေးတွင် နောက်ဆုံး တိုးတက်မှုများမှာ ၎င်းတို့၏တီထွင်မှုတွင် တန်ဖိုးမဖြတ်နိုင်သောအချိန်အတွက် ကျေးဇူးတင်ရမည့် အင်ဆူလင် ရှိခြင်း ဖြစ်သည်။


အင်ဆူလင်သည် ပန်ကရိယမှ ထုတ်ပေးသည့် ဟော်မုန်းတစ်ခု ဖြစ်သည်။ ၎င်းသည် ကိုယ်ခန္ဓာအတွက်အသုံးပြုရန် သကြားကို စွမ်းအင်သို့ ပြောင်းလဲပေးသည့်တန်ဆာပလာ ဖြစ်သည်။ အင်ဆူလင်နှင့် ပတ်သက်သောချို့ယွင်းချက်များသည် ခြားနားသော ဆီးချိုရောဂါအမျိုးအစားများ ဖြစ်ပွားစေသည်။

ဆီးချိုရောဂါအမျိုးအစား ၁ - ကလေးများတွင် အများအားဖြင့် တွေ့ရှိရပြီး ကိုယ်ခန္ဓာမှ အင်ဆူလင် ကိုယ်တိုင် ထုတ်မပေးနိုင်သည့်အချိန်တွင် ဖြစ်ပွားသည်။
ဆီးချိုရောဂါအမျိုးအစား ၂ - အဝလွန်လူကြီးများတွင် အများအားဖြင့် တွေ့ရှိရပြီး ကိုယ်ခန္ဓာမှ အင်ဆူလင် ကောင်းစွာ အသုံးမပြုနိုင်သည့်အချိန်တွင် ဖြစ်ပွားသည်။

ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါသည် ကိုယ်ခန္ဓာမှ အင်ဆူလင်ကို ထိရောက်စွာ အသုံးမပြုနိုင်သည့် အဆင့်ရောက်အောင် အချင်း၏ဟော်မုန်းမှ အင်ဆူလင်အဆင့် အကျိုးသက်ရောက်သည့် ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင် ဖြစ်ပွားသည်။
ဆီးချိုရောဂါအမျိုးအစားအားလုံးသည် အသည်းရောဂါ (အသည်းအဆီဖုံးခြင်း)၊ ကျောက်ကပ်ရောဂါ (သွေးထဲရှိ သကြားဓာတ်မြင့်မားခြင်းသည် ကျောက်ကပ်၏ စစ်ယူမှုလုပ်ငန်းကို အားစိုက်ရသည်) သို့မဟုတ် နှလုံးရောဂါ (သွေးထဲရှိ သကြားဓာတ်မြင့်မားခြင်းသည် သွေးလွှတ်ကြောများကိ ထိခိုက်စေသည်) အဖြစ် ဦးတည်သည့်ပြဿနာများ ဖြစ်ပွားနိုင်သည်။

အင်ဆူလင် ရှာဖွေတွေ့ရှိမှုနှင့် ဆီးချိုရောဂါအတွက် ၎င်း၏တာဝန်သည် သိပ္ပံပညာရှင်အဖွဲ့ အများအပြားအတွက် နိုဘယ်ဆု ရရှိခဲ့သည်အထိ ဆေးပညာဆိုင်ရာ အောင်မြင်မှုတစ်ခု ဖြစ်သည်။ ၎င်းတို့၏ သုတေသနစာတမ်းတွင် ပန်ကရိယ ထုတ်ယူထားသည့် ခွေးများသည် ဆီးချိုရောဂါ ဖြစ်ပွားကြောင်း Oskar Minkowski နှင့် Joseph von Mering တို့မှ တွေ့ရှိခဲ့သည်။ ဆီးချိုရောဂါရှိသည့်ခွေးကို ပန်ကရိယမှထုတ်ယူသောအဆီကို သွေးကြောသွင်းခြင်းဖြင့် အသက်ရှင်နိုင်သည့် ဤလေ့လာချက်ကို Frederick Banting နှင့် Charles Best တို့မှ အသေးစိတ်လေ့လာခဲ့သည်။ နောက်ဆုံးတွင် James Collip နှင့် John Macleod သည် နွားများ၏ ပန်ကရိယမှ ထုတ်ယူရရှိသည့် အင်ဆူလင်ကို လူများအတွက် အသုံးပြုနိုင်အောင် သန့်စင်ပေးသည့်နည်းလမ်း အကောင်းဆုံးဖြစ်အောင် ဖန်တီးခြင်းဖြင့် ဆေးဘက်ဆိုင်ရာ အောင်မြင်မှုကို အပြီးသတ်လုပ်ဆောင်ခဲ့သည်။

၁၉၂၂ ခုနှစ် ဇန္နဝါရီလတွင် ဤသိပွံပညာရှင်များ၏ မဆုတ်မနစ် ကြိုးစားမှုသည် ဆီးချိုရောဂါ ပြင်းထန်စွာခံစားနေရပြီး အရေးပေါ်အခြေအနေရောက်နေသည့် အသက် ၁၄ နှစ်အရွယ် Leonard Thompson ၏အသက်ကို ကယ်တင်နိုင်ခဲ့သည့် အံ့ဖွယ်တစ်ပါးအဖြစ် သက်သေပြခဲ့သည်။ သန့်စင်ထားသည့် အင်ဆူလင်ကို သူ့အား ပထမအကြိမ် ထိုးပြီးနောက် ၂၄ နာရီ အတွင်း သူ၏ မိုးတမျှမြင့်မားသော သွေးထဲရှိ သကြားဓာတ် ၅၂၀ မီလီဂရမ်/ဒက်ဆီလီတာ မှ ၁၂၀ မီလီဂရမ်/ဒက်ဆီလီတာသို့ တဟုန်ထိုး ကျဆင်းခဲ့သည်။ သူ၏အခြေအနေသည် သိသိသာသာ တိုးတက်ကောင်းမွန်လာပြီး အင်ဆူလင် ဆက်လက်ထိုး၍ အသက်ရှင်နေထိုင်ခဲ့သည်။ သေမင်းလက်မှ အင်ဆူလင်ဖြင့် Leonard Thompson ကို ကယ်တင်နိုင်ခြင်းသည် ကမ္ဘာတဝှမ်းမှ ဆီးချိုရောဂါလူနာအားလုံးအတွက် ပထမဆုံး မျှော်လင့်ချက်ရောင်ခြည် ဖြစ်လာသည်။

၁၉၈၂ နှစ်နောက်ပိုင်းမှ စတင်၍ အင်ဆူလင်ထုတ်လုပ်ခြင်းသည် တိရစ္ဆာန်များအပေါ် မှီခိုခြင်း မရှိတော့ပါ။ မျိုးရိုးဗီဇ အင်ဂျင်နီယာပညာ တိုးတက်မှုများသည် လူသားများအတွက် အင်ဆူလင်ကို ဘက်တီးရီးယားမှ ထုတ်လုပ်ပေးနိုင်ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် အင်ဆူလင်ဘောပင်ကို တီထွင်ခဲ့ပြီး ဆီးချိုလူနာများအတွက် လက်တွေ့အသုံးချနိုင်မှု၊ အဆင်ပြေမှု၊ အကောင်းဆုံးဘဝအရည်အသွေး သိသိသာသာ တိုးတက်လာသည်။ အနှေး သို့မဟုတ် အမြန်ထုတ်ပေးရန် ပြုပြင်ထားသည့် လူသားအတွက် အင်ဆူလင်ပုံစံတစ်မျိုးဖြစ်သော အင်ဆူလင်မိတ္တူတီထွင်မှုကို ၁၉၉၇ ခုနှစ်တွင် ပြုလုပ်နိုင်ခဲ့သည်။ ၎င်းသည် ဆီးချိုလူနာများနှင့် ၎င်းတို့၏မိသားစုများအတွက် ၎င်းတို့၏ နေ့တဓူဝ ကိုယ်ပိုင်လုပ်ငန်းအစီအစဉ်များနှင့် သင့်လျော်သည့် အင်ဆူလင်ပမာဏကို ထိမ်းညှိပေးနိုင်ခြင်းဖြင့် ဘဝအရည်အသွေးကို ပိုမိုတိုးတက်ကောင်းမွန်စေသည်။ စင်စစ်အားဖြင့် အင်ဆူလင်သည် ယခုအထိ နှစ် ၁၀၀ ရှည်လျားသောခရီးကို လျှောက်လှမ်းလာခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း အင်ဆူလင်အပြင် ဆီးချိုရောဂါလူနာများအတွက် သောက်သုံးနိုင်သည့် ဆီးချိုဆေးဝါး ဖြစ်သော အခြား ဆေးဘက်ဆိုင်ရာ အောင်မြင်မှု ရှိသည်။ ဤဆီးချိုဆေးဝါး ဆန်းသစ်တီထွင်မှုအသစ်တွင် အောက်ပါအကျိုးကျေးဇူးများစွာ ပါဝင်သည်။
  • အသည်းမှ သွေးထဲသို့ထုတ်လွှတ်လိုက်သော သကြားပမာဏ လျှော့ချခြင်း
  • အင်ဆူလင်သို့  ကိုယ်ခန္ဓာ၏ တုန့်ပြန်မှု မြှင့်တင်ခြင်း
  • အင်ဆူလင်ထုတ်လုပ်မှု လှုံ့ဆော်ခြင်း
  • ကိုယ်ခန္ဓာတွင် အင်ဆူလင်၏ထိရောက်မှု ကြာမြင့်စေခြင်း
  • ကျောက်ကပ်မှ ဂလူးကို့စ် ပြန်လည်စုပ်ယူမှု လျှော့ချခြင်း
ဤဆေးချိုပျောက်စားဆေးသည် အင်ဆူလင်ထက် သိမ်းဆည်းမှု၊ ပို့ဆောင်မှုနှင့် စီမံခန့်ခွဲမှု ပိုမိုအဆင်ပြေသည်။ အသုံးပြုမှုသည် အထူးသဖြင့် ဆီးချိုရောဂါမပြင်းထန်သည့် လူနာများအကြားတွင် လျှင်မြန်ပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲမှုရှိသည်။

ယခုတိုင် ဆီးချိုရောဂါအန္တရာယ်များသည် သွေးထဲရှိ သကြားဓာတ်အဆင့် မြင့်မားခြင်းပုံစံဖြင့်သာ ပြသခြင်း မဟုတ်ပါ။ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါနှင့် နှလုံးရောဂါများသည် ဆီးချိုရောဂါ၏ ပုံမှန်ခြိမ်းခြောက်မှုများ ဖြစ်သည်။ ထို့ကြောင့် ယခုအခါ ဆီးချိုရောဂါဆေးထုတ်လုပ်မှုကို သွေးထဲရှိ သကြားဓာတ်အဆင့်သာ ကိုင်တွယ်ရန် အာရုံမစိုက်တော့ပါ။ ၎င်းတို့သည် ဆီးချိုရောဂါလူနာများအတွက် အခြားစနစ်ကျသည့် ကျန်းမာရေးပြဿနာ ရှုထောင့်ပေါင်းစုံကို အာရုံစိုက်ပြီး ဤချဉ်းကပ်မှုအသစ်သည် အာဏာပိုင်များ၏ ဆေးဝါးမှတ်ပုံတင်ခွင့်ပြုချက်ဖြင့် မရှိမဖြစ် လိုအပ်သည်အထိ ပြောဆိုနေသည်။ နောက်ဆုံးဆေးဝါးမျိုးဆက်သစ်သည် ဘေးထွက်ဆိုးကျိုး အလွန်နဲပါးရုံသာမက ဆေးရုံတက်ရောက်မှု နည်းပါး တိုတောင်းခြင်း ဆီးချိုရောဂါနှင့် ဆက်နွှယ်သည့် နှလုံးရောဂါကြောင့် အသေအပျောက်နှုန်း နည်းပါးသည့် ထိရောက်မှုများကို သက်သေပြပြီး ဖြစ်သည်။

အင်ဆူလင်၏ နှစ် ၁၀၀ သက်တမ်းတွင် ထင်ရှားသည့်အချက်မှာ သိပ္ပံနှင့် ဆေးပညာတွင် အကြီးမားဆုံး စိတ်ဓာတ်ဖြင့် ဆီးချိုရောဂါတိုက်ဖျက်ရေးတွင် မဆုတ်မနစ်သောဇွဲသန္နိဌာန်နှင့် ကျွမ်းကျင်မှုများ ယူဆောင်ပေးခြင်း ဖြစ်သည်။ ဘမ်ရွန်ဂရက်အပြည်ပြည်ဆိုင်ရာဆေးရုံသည် ဆီးချိုရောဂါလူနာများ၏ ဘဝအရည်အသွေးတိုးတက်စေရန် ကြိုးပမ်း အားထုတ်မှုတွင် တစ်စိတ်တစ်ပိုင်းဖြစ်သည့်အတွက် အလွန်ဂုဏ်ယူမိပါသည်။ ဤသည်မှာ ကျွန်ုပ်တို့၏လူနာများအတွက် ဆေးကုသရေးတွင် နောက်ဆုံးတိုးတက်ထွန်းကားမှုများ ယူဆောင်ပေးရန် စဉ်ဆက်မပြတ်ကြိုးစားခြင်းဖြင့် အဆိုပါ ဆီးချိုရောဂါလူငယ်သို့ ပထမဆုံး အင်ဆူလင်ပေး၍ မီးထွန်းညှိခဲ့သည့် ရာစုနှစ်ကြာမြင့်သောမီးရှူးတိုင် ဆက်လက် သယ်ဆောင်ရန်အတွက် ပြုလုပ်ရခြင်း ဖြစ်ပါသည်။

 
For more information please contact: